ကာကွယ်ရေးဝန်ကြီး၏ ရုရှားခရီးစဉ်
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်ဟောင်းဖြစ်သူ ဆောင်းပါးရှင် Amb. Asoke Kumar Mukerji ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကာကွယ်ရေးဝန်ကြီး၏ ရုရှားခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh ဟာ လွန်ခဲ့သောရက်သတ္တပတ်မှာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး (SCO) အဖွဲ့ဝင်နိုင်ငံများရဲ့ ကာကွယ်ရေးဝန်ကြီးများ၊ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) နဲ့ ၇၅ နှစ်ပြည့် ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းအထိမ်းအမှတ်မှာ ပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံ လွတ်လပ်သောဓနသဟာယနိုင်ငံများအဖွဲ့ (CIS) တို့ရဲ့ စုပေါင်းအစည်းအဝေးပွဲကို တက်ရောက်ပါဝင်ခဲ့ပါတယ်။ ၎င်းရဲ့ခရီးစဉ်အတွင်း ကာကွယ်ရေးဝန်ကြီးဟာ ရုရှားကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ် Sergei Shoigu နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ကာကွယ်ရေးဝန်ကြီးအတွက် မော်စကိုမြို့ကို ဒုတိယအကြိမ်သွားရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပြီး၊ COVID-19 ကာလအတွင်း အိန္ဒိယနိုင်ငံရဲ့ နက်ရှိုင်းတဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်မှာ ကာကွယ်ရေးအတွက် သံတမန်ဆက်ဆံရေးဟာ အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်ကြောင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ လွန်ခဲ့သော ဇွန်လမှာ Mr Singh ဟာ အိန္ဒိယနိုင်ငံကို ကိုယ်စားပြုပြီး ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်းအထိမ်းအမှတ် ရုရှားနိုင်ငံရဲ့ အောင်နိုင်ခြင်းစစ်ချီတက်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါဝင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကြီး၊ရေ၊ လေ တပ်ဖွဲ့သုံးခုစလုံးဟာ စစ်ရေးပြပွဲမှာချီတက်ပွဲမှာ ပါဝင်ခဲ့ကြပြီး၊ မဟာမိတ်တပ်ဖွဲ့မှ ဒုတိယကမ္ဘာစစ်မှာ အောင်ပွဲခံခဲ့ရာမှာ ဆိုဗီယက်ပြည်ထောင်စုအပါအဝင် မဟာမိတ်အဖွဲ့သို့ အိန္ဒိယနိုင်ငံက သန်းချီရှိတဲ့ စစ်သားတွေ ပေးပို့ပြီး ကူညီခဲ့တာတွေကို Mr Singh က ပြန်ပြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Mr Singh နဲ့ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့ရဲ့ နှစ်နိုင်ငံဆွေးနွေးပွဲဟာ ကာကွယ်ရေးနဲ့ မဟာဗျူဟာကျ ပူးပေါင်းလုပ်ဆောင်မှုတို့ကို နှစ်နိုင်ငံအကြား ဘယ်လိုပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်သွားကြမယ် ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အဲသည့် တွေ့ဆုံဆွေးနွေးပွဲဟာ ၂၀၂၀ စက်တင်ဘာလ ၄ ရက်နဲ့ ၅ ရက်အတွင်း Malacca ရေလက်ကြားမှာ ပြုလုပ်ခဲ့တဲ့ အိန္ဒိယနဲ့ ရုရှားရေတပ်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု Indra ရေတပ်လေ့ကျင့်မှု လုပ်ဆောင်နေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။ အဲသည့် စစ်ရေးပူးတွဲလေ့ကျင့်မှုဟာ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့မှာ တူညီတဲ့ ခံယူချက်တွေရှိကြောင်း ပြသနေခြင်းဖြစ်တယ်လို့ Mr Singh က ပြောကြားခဲ့ပါတယ်။
ပစ်မှတ်မလွှဲလက်နက် စနစ်များများကို သဘောတူညီထားသည့် အချိန်အတွင်း ဝယ်ယူရရှိနိုင်ရန် အိန္ဒိယနိုင်ငံ၏ တောင်းဆိုမှုကို ရုရှားနိုင်ငံက အပြည့်အဝထောက်ခံပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း Mr Singh က ပြောကြားခဲ့ပါတယ်။ ခြေလျင်တပ်များအတွက် ချေမှုန်းရေးရိုင်ဖယ် AK-203 များအား အိန္ဒိယနိုင်ငံတွင် ပူးပေါင်းထုတ်လုပ်ရေးအပေါ် အခြေခံပြီး ရုရှားနိုင်ငံမှ ကာကွယ်ရေးပစ္စည်းများ အိန္ဒိယနိုင်ငံတွင်ထုတ်လုပ်ရေး စီမံကိန်း Atmanirbhar Bharat တွင် ပါဝင်ရေးနဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း အိန္ဒိယနိုင်ငံမှာပြုလုပ်မယ့် အိန္ဒိယလေကြောင်းပြပွဲအခမ်းအနားမှာ ပါဝင်သွားဖို့ ရုရှားနိုင်ငံရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ နှစ်နိုင်ငံအစိုးရရဲ့ စစ်ရေးနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်၏ အစည်းအဝေးပွဲကို အိန္ဒိယနိုင်ငံမှာ ပြုလုပ်သွားဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ပွင့်လင်းမြင်သာမှုရှိပြီး၊ အားလုံးပါဝင်နိုင်ကာ၊ စည်းမျဉ်းအခြေခံပြီး၊ နိုင်ငံတကာ တရားဥပဒေကထိန်းချုပ်တဲ့ ကမ္ဘာတဝှမ်းလုံးဆိုင်ရာ လုံခြုံရေးတည်ဆောက်မှုကို ဖော်ဆောင် သွားနိုင်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ကာကွယ်ရေးဝန်ကြီး Rajnath Singh က SCO အစည်းအဝေးပွဲမှာ အလေးထားပြောကြားခဲ့ပါတယ်။ အဆိုပါဥပဒေများဟာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အချာအာဏာကို လေးစားပြီး၊ နိုင်ငံတနိုင်ငံက အခြားတနိုင်ငံအား တဖက်သတ်ကျုးကျူရန်စမှုတွေမရှိဖို့ တားဆီးပေးကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းရဲ့ မှတ်ချချက်ပြောဆိုမှုတွေမှာ Mr Singh ဟာ အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ အာဖဂန်နစ္စတန်နဲ့ ပင်လယ်ကွေ့ဒေသနှင့်ပတ်သက်ပြီး ပြောကြားခဲ့ရာမှာ အိန္ဒိယနိုင်ငံရဲ့ ကြီးမားတဲ့ ရည်မှန်းချက်နဲ့ လူမှုရေးဆက်စပ်ယှက်နွယ်မှုတွေကို ဝန်ကြီးက ထောက်ပြပြောဆိုခဲ့ပြီး၊ အဲသည့်ဒေသတွေမှာ မတူညီမှုတွေကို အပြန်အလှန်လေးစားမှု၊ အချုပ်အချာအာဏာနဲ့ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ရေးတို့အပေါ် အခြေခံပြီး၊ စေ့စပ်ဆွေးနွေး ညှိနှိုင်းခြင်းနဲ့ ဖြေရှင်းဆောင်ရွက်ဖို့အတွက် အိန္ဒိယနိုင်ငံက အလိုရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ SCO ကောင်စီက အတည်ပြုလိုက်တဲ့ အစွန်းရောက်ဝါဒ ဖြန့်ဝေမှုနဲ့ အစွန်းရောက်မှုကို တန်ပြန်စစ်ဆင်ရေး အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်ဝါဒ တန်ပြန်စစ်ဆင်ရေးအတွက် ဆိုင်ဘာဒိုမိန်းပြုလုပ်ရေးတို့ကို ကြိုဆိုကြောင်း Mr Singh က ပြောကြားခဲ့ပါတယ်။ Mr Singh ဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးတွေအတွက် ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ ကာဇက်စ္စတန်နိုင်ငံတို့က ကာကွယ်ရေးဝန်ကြီးတွေနဲ့လည်း နှစ်နိုင်ငံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
SCO အစည်းအဝေးပွဲဟာ တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Wei Fenghe နဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီး နှစ်ဦးတို့အကြား တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် တောင်းဆိုမှုပြုလုပ်ဖို့ တရုတ်နိုင်ငံကို အခွင့်အရေးပေးခဲ့ပါတယ်။ ဝန်ကြီးနှစ်ဦးတို့အကြား ပွင့်ပွင့်လင်းလင်းနဲ့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးပွဲမှာ Mr Singh က လွန်ခဲ့သောလအတွင်း အိန္ဒိယ-တရုတ်နယ်စပ်ဒေသ အနောက်ဖက်နယ်မြေအတွင်းရှိ Galwan ချိုင့်ဝှမ်းအပါအဝင် အမှန်တကယ်ထိန်းချုပ်ရေး နယ်ခြားစည်း (LAC) တလျှောက်ရှိ အိန္ဒိယတပ်ဖွဲ့များ၏ တည်ရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ နယ်စပ်ဒေသအရေးနှင့်ပတ်သက်လာရင် အိန္ဒိယစစ်တပ်ဖွဲ့များက အမြဲတမ်း တာဝန်ခံ တာဝန်ယူမှုနဲ့ ချဉ်းကပ်လုပ်ဆောင်လျက်ရှိသော်လည်း၊ နိုင်ငံရဲ့အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေကို ကာကွယ်မယ့် အိန္ဒိယနိုင်ငံရဲ့ဆုံးဖြတ်ချက်ကို ယုံမှားသံသယမရှိသင့်ကြောင်း Mr Singh က ပြောကြားခဲ့ပါတယ်။
နှစ်ဖက်တပ်ဖွဲ့များအကြား ထိပ်တိုက်ရင်ဆိုင်မှုများကို ချက်ချင်းရပ်ဆိုင်းသွားနိုင်စေရေးအတွက် နှစ်ဦးနှစ်ဖက် ပူးပေါင်းလုပ်ဆောင်သွားဖို့လိုအပ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးရဲ့ အမြင်ကို ပြန်လည်ဖြေကြားခဲ့ရာမှာ၊ Mr Singh က အခုလိုပြောကြားခဲ့ပါတယ်၊ တပ်ဖွဲ့နှစ်ဖွဲ့စလုံးဟာ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးတက်စေမှာဖြစ်တဲ့ အိန္ဒိယ-တရုတ်နယ်စပ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရရှိစေဖို့အတွက် နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပြီး၊ နှစ်ဦးနှစ်ဖက်အနေနဲ့ မတူညီတာတွေကို အငြင်းပွားမှုအခြေအနေသို့ ပြောင်းလဲမသွားစေသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက်အနေနဲ့ နယ်စပ်ဒေသမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း Mr Singh က ပြန်လည်ပြောကြားခဲ့ပါတယ်။
Mr Singh ဟာ အိန္ဒိယနိုင်ငံကို မရောက်မှီ လမ်းခုလပ်မှာ Tehran မြို့မှာ ရပ်နားခဲ့ပြီး အီရန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Amb. Asoke Kumar Mukerji ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။
Comments
Post a Comment