တိုးတက်ကြီးပွားရေးကို ပြန်လည်ဖော်ဆောင်ပေးမယ့် လမ်းကြောင်းပေါ်က တဖန်ပြန်လည်နှိုးထလာတဲ့ စီးပွားရေး
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေး သတင်းထောက်ဖြစ်သူ ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “တိုးတက်ကြီးပွားရေးကို ပြန်လည်ဖော်ဆောင်ပေးမယ့် လမ်းကြောင်းပေါ်က တဖန်ပြန်လည်နှိုးထလာတဲ့ စီးပွားရေး” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
ဆောင်းဦးရာသီဝင်ရောက်လာချိန်မှာ ပြည်တွင်းစီးပွားရေးဟာ တချို့ကဏ္ဍတွေမှာ တဖန်ပြန်လည် ခေါင်းထောင်လာတာနဲ့အတူ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ လက္ခဏာတွေ ပြသလာပါတယ်။ အဲသည့် လေ့လာဆန်းစစ်ချက် မှတ်တမ်းဟာ စီးပွားရေးရာ ဦးစီးဌာနက နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ လေ့လာသုံးသပ်ချက်ဖြစ်ပြီး၊ ဘဏ္ဍာရေးဝန်ကြီးက လတ်တလောထုတ်ပြန် လိုက်တာဖြစ်ပါတယ်။
COVID-19 နဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေနဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရတဲ့အချိန်မှာ၊ ထိခိုက်မှုအကြီးမားဆုံးဖြစ်ပေါ်စေခဲ့တဲ့ စီးပွားရေးကဏ္ဍတွေနဲ့ အပိုင်းတွေကို အရေးပေါ်အကူအညီများပေးအပ်ဖို့ စိန်ခေါ်မှုကြီးကိုလည်း ကြံ့ကြံ့ခံ လုပ်ကိုင်နေရပြီး၊ အစိုးရဟာ တင်ကြပ်းတဲ့ lockdown အမိန့်ကို ချမှတ်ခဲ့ရပါတယ်။ ရလဒ်ကတော့ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ဧပြီလကနေ ဇွန်လအထိ သုံးလပတ်အတွင်း ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) ဟာ ၂၃.၉% အထိ ကျဆင်း ကျုံ့သွားခဲ့ပါတယ်။ ဒါပေမယ့် အဲသည်လိုတင်းကြပ်မှုတွေလုပ်ဆောင်ခဲ့လို့လဲ ကပ်ရောဂါကူးစက်ပျံ့ပွားမှုကို ရပ်တန့်ထားနိုင်ခဲ့ပြီး လူဦးရေထူထပ်များပြားတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ အနည်းဆုံး နိုင်ငံများထဲမှာ ပါဝင်ခဲ့ပါတယ်။ ကြောင်းကျိုးဆက်စပ်သည့် ကြိုတင်ကာကွယ်လုပ်ဆောင်မှု လုပ်ငန်းစဉ်တွေကြောင့် စီးပွားရေးဟာ V ပုံသဏ္ဍာန် ပြန်ပြီးနာလန်ထူလာခဲ့တာကို မြင်တွေ့ကြရပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ဝေါဟာရလို ပြောရမယ်ဆိုရင်၊ စီးပွားရေးထိခိုက်ကျဆင်းမှုဟာ အခိုက်အတန့်သာဖြစ်ပြီး၊ အားကောင်းတဲ့ နာလန်ထူမှုက ပြန်ပြီးလိုက်လာတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
လေ့လာသုံးသပ်ချက် မှတ်တမ်းမှာ ကမ္ဘာတဝှမ်းလုံးက နိုင်ငံအများပိုင်းဟာ ဇူလိုင်လအစပိုင်း အချိန်လောက်ကစပြီး၊ နိုင်ငံအတွင်း တင်းကြပ်ပိတ်ပင်ထားတာတွေကို ပြန်ဖွင့်ပေးခဲ့တာကို ဖော်ပြထားပြီး၊ ကမ္ဘာတဝှမ်းလုံးဆိုင်ရာ စီးပွားဟာလည်း ပြန်တက်လာခဲ့ပြီး အိန္ဒိယနိုင်ငံက စီးပွားရေးအခြေအနေဟာလည်း V ပုံသဏ္ဍာန်ဖြစ်လာခဲ့ပါတယ်။ V ပုံသဏ္ဍာန် စီးပွားရေးအညွှန်းကိန်း ပြသမှုမှာ၊ ကားရောင်းချခြင်း၊ ထွန်စက်ရောင်းချရခြင်း၊ ဓာတ်မြေသြဇာရောင်းချခြင်း၊ အအေးခန်းပါ ကုန်တင်ရထားတွဲ၊ သံမဏိသုံးစွဲမှု ထုတ်လုပ်ရေး၊ e-way bill ၊ GST စည်းကြပ်ခွန် ကောက်ခံရရှိမှု၊ အဝေးပြေးလမ်းမပေါ်မှ ကောက်ခံရရှိငွေ၊ လက်လီ ငွေကြေးလွှဲပြောင်းမှုများ၊ manufacturing Producers’ Manufacturing Index (PMI) ၊ အဓိကလုပ်ငန်းများရဲ့ စွမ်းဆောင်မှု၊ အရင်းအနှီးစီးဆင်းမှုနဲ့ ပို့ကုန်များ စတဲ့ ကဏ္ဍတွေ ပြန်ပြီး တိုးတက်အားကောင်းလာခဲ့တာကို ညွှန်းဆိုထားခြင်းဘဲဖြစ်ပါတယ်။ အစောပိုင်းကာလက နိုင်ငံရဲ့ ပို့ကုန်နဲ့ သွင်းကုန်ပမာဏဟာ လွန်ခဲ့တဲ့နှစ်ကအဆင့်ကို ရောက်ရှိခဲ့ပြီး ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုကြောင့် ဧပြီလကစပြီး အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့တာဖြစ်ကြောင်း ဗဟိုအစိုးရက ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်း ဝန်ကြီး Mr Piyush Goyal က ပို့ကုန်မြှင့်တင်ရေးကောင်စီများ (EPCs) ရဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ သုံးသပ်ချက်အရ အဆိုးဝါးဆုံးအခြေအနေတွေကနေ လွတ်မြောက်နိုင်ခဲ့တဲ့ အခြေအနေရှိနေပြီး၊ စီးပွားရေးအညွှန်းပြကိန်းတွေမှာ ဇွန်လကစပြီး အတက်ဘက်ကို ပြသနေခဲ့ပါတယ်။ အသေးစား စီးပွားရေးအတွက် အညွှန်းပြကိန်းတွေတောင်မှ V ပုံသဏ္ဍာန် ပြန်လည်နာလန်ထူလာတာကို ပြသလာနေသော်လည်း၊ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုအခြေအနေနဲ့ ဝယ်လိုအားအပေါ် တစ်ပြိုင်နက်တည်းသက်ရောက်မှုတွေကြောင့် မသေချာ မရေရာမှုတွေ ဆက်လက်တည်ရှိနေပြီး၊ ဝန်ကြီးဌာနက ၎င်းတို့ရဲ့ လေ့လာသုံးသပ်ချက်ကို သတိကြီးစွာထားပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါတွေအားလုံးကို စုပေါင်းပြီးချုံကြည့်မယ်ဆိုရင်၊ စီးပွားရေးပြဿနာတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ အရင်က အကြပ်အတည်းတွေနဲ့မတူဘဲ၊ လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းရဲ့ မရေရာမသေချာမှုတွေဟာ ကပ်ရောဂါကူးစက်ပျံ့ပွားမှုကနေ အခြေခံပြီးစတင်လာခဲ့တဲ့ ကျန်းမာရေးအခြေအနေကြောင့်ဘဲဖြစ်ပါတယ်။ ရလဒ်အနေဖြင့် လိုအပ်တဲ့ကုန်ပစ္စည်းများအပေါ် မသေချာမရေရာမှုများဟာ စီးပွားရေး ပြန်လည်နာလန်ထူလာမှုကို လွှမ်းမိုးနိုင်ကြောင်း လေ့လာသုံးသပ်ချက်က ညွှန်ပြနေပါတယ်။ ဒါပေမယ့် COVID-19 ကာကွယ်ဆေးထွက်ပေါ်လာပါက မသေချာ မရေရာမှုတွေ အဆုံးသတ်သွားဖို့ အချက်ပြလိုက်သလို ဖြစ်ပေါ်စေမှာဖြစ်ပြီး၊ ကုန်ပစ္စည်းသုံးစွဲမှုပမာဏာကိုလည်း COVID-19 ကူးစက်ပျံ့ပွားမှု မဖြစ်ခင် ကာလအဆင့်ကို ပြန်လည်ရောက်ရှိစေမှာဘဲဖြစ်ပါတယ်။
သုံးသပ်လေ့လာချက်အရ၊ COVID မတိုင်မီအချိန်က ရှိခဲ့တဲ့အမြင့်ဆုံးအခြေအနေနဲ့ ဆုံးရှုံးမှုတွေကို ပြန်လည်ရယူသွားဖို့အတွက် ကုစားပေးနိုင်မည့် ပြန်လည်ထူထောင်ရေးလမ်းကြောင်းပေါ်တို့ ကမ္ဘာလုံးဆိုုင်ရာနှင့် ပြည်တွင်းရှယ်ယားစျေးကွက်များဟာ စွန့်စားသည့်စိတ်ဓာတ်လုပ်ဆောင်မှုများနှင့်အတူ ပြန်လှည်လာနေကြောင်း ပြောဆိုထားသည်။ အိန္ဒိယကုမ္ပဏီများဟာ ၂၀၂၀ ခုနှစ်မှာ စံချိန်တင်အဖြစ် ရှယ်ယာအရင်းအနှီး အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ မြင့်တင်ပေးနိုင်ခဲ့ပြီး၊ ဘဏ်များအနေဖြင့် အနာဂတ်မှာ စီးပွားရေးမသေချာ မရေရာမှုတွေအတွက် ကြိုတင်ပြင်ဆင်ခြင်းနဲ့ ငွေအမြောက်အမြား ထုတ်ချေမှုအဆင့်အတွက် ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံသူများဟာ အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလီယံတန်ဖိုး အစုရှယ်ယာသစ်များကို ၃ လအတွင်း (ဇွန်လမှ သြဂုတ်လ) ဝယ်ယူခဲ့ခြင်းနဲ့အတူ အိန္ဒိယနိုင်ငံရဲ့ အစုရှယ်ယာတန်ဖိုးတွေ မြှင့်တက်လာဖို့အတွက် နိုင်ငံခြားက ဝယ်လိုအား သိသိသာသာ တက်လာခဲ့ပါတယ်။
GDP ကျဆင်းခဲ့သည့်ကဏ္ဍများအားလုံးတွင် ခြွင်းချက်အဖြစ် ကျန်ရှိနေသည့် စိုက်ပျိုးရေးကဏ္ဍသည် ဧပြီလမှ ဇွန်လအတွင်း ဖွံ့ဖြိုးတိုးတက်မှု ၃.၄% ရှိပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာ ကုန်စျေးနှုန်းဖောင်းပွမှုကို အပြုသဘောဆောင်တဲ့ နယ်ပယ်ထဲမှာ ဆက်ပြီးတည်ရှိနေစေခဲ့ပါတယ်။ အဲဒါဟာ ပြည်တွင်းက လယ်သမားများအတွက် အကျိုးဖြစ်ထွန်းစေမဲ့ တိုးတက်မှုတခုဘဲဖြစ်ပြီး၊ ဆောင်းဦးမတိုင်မှီ မုတ်သုန်ရာသီ ကောက်ပဲသီးနှံရိတ်သိမ်းချိန်မှာ ၎င်းတို့အတွက် အကျိုးအမြတ်ရရှိစေမယ့် ကုန်သွယ်ရေးကို ဆောင်ကြဉ်းပေးမှာဘဲဖြစ်ပါတယ်။
နှေးကွေးမှုရှိနေရင်လည်း ပြန်ပြီးစတင်လည်ပတ်နေတဲ့ စီးပွားရေးယန္တယားနဲ့အတူ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေကြတဲ့သူတွေဟာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ ကတိကဝတ်များနဲ့ သင့်လျော်စွာ ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရရဲ့ လိုအပ်သောအထောက်အကူပြု မူဝါဒများကို ချမှတ်သွားလိမ့်မယ်လို့ ယုံကြည်မှုအပြည့်အဝ ရှိနေကြပါတယ် စသည်ဖြင့် ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment