နိုင်ငံတိုးတက်မှုရဲ့မောင်းနှင်အား ဆန်းသစ်တီထွင်မှု
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အိန္ဒိယသိပ္ပံဂျာနယ်မှ အမှုဆောင်အယ်ဒီတာဖြစ်သူ N. Bhadran Nair ဝေဖန်ရေးသားပေးပို့ထားတဲ့ “နိုင်ငံတိုးတက်မှုရဲ့မောင်းနှင်အား ဆန်းသစ်တီထွင်မှု” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်ပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်းရဲ့ ဆန်းသစ်တီထွင်တဲ့ နိုင်ငံများအတွက် နှစ်ပါတ်လည် အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်းနိုင်ငံ ၅၀ ထဲမှာပါဝင်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ကမ္ဘာတဝှမ်းလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုအဆင့်သတ်မှတ်ချက်မှာ အိန္ဒိယနိုင်ငံဟာအဆင့် ၄၈ နေရာကို ရောက်ရှိခဲ့ပြီး၊ အဆင့် ၄ ဆင့်ခုန်တက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဆွစ်ဇာလန်၊ ဆွီဒင်၊ အမေရိကန်၊ ယူကေနှင့် နယ်သာလန်နိုင်ငံတို့ဟာ အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာတွေက အသီးသီးရပ်တည်နေပြီး၊ အိန္ဒိယနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ အဆင့်သတ်မှတ်ချက် ၈၁ ရှိနေရာကနေ၊ ၂၀၁၉ ခုနှစ်မှာ အဆင့် ၅၂ နဲ့ ၂၀၂၀ ခုနှစ်မှာ အဆင့် ၄၈ နေရာသို့ ရောက်ရှိလာခြင်းလည်းဖြစ်ပါတယ်။
အဆင့်သတ်မှတ်ချက်ဟာ ဉာဏ်ပညာဗဟုသုတအရင်းအနှီး၊ တက်ကြွတဲ့ အစပြုလုပ်ငန်း ဂေဟစနစ်နဲ့ အများပိုင်နဲ့ ပုဂ္ဂလိက သုတေသနအဖွဲ့များရဲ့ အံ့သြဖွယ်လုပ်ဆောင်ချက်တွေအပေါ်မှာ အခြေခံပြီး သတ်မှတ်ခြင်းဖြစ်ပါတယ်။
ဆန်းသစ်တီထွင်မှုကိုလုပ်ဆောင်ကြဖို့အတွက် ဝန်ကြီးချုပ် Narendra Modi က နေရာတိုင်းကို တွန်းအားပေးပြောကြားနေခဲ့တာဖြစ်ပါတယ်။ အပြိုင်အဆိုင်ဖြစ်တဲ့ ကမ္ဘာကြီးမှာ ယှဉ်ပြိုင်နိုင်ဖို့ အိန္ဒိယနိုင်ငံဟာ ဆန်းသစ်တီထွင်မှုကို လုပ်ဆောင်ကြရမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့စဉ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ “ရှေ့ဆက်တက်လှမ်းနိုင်ဖို့အတွက်၊ နိုင်ငံဟာ ဆန်းသစ်တီထွင်ရပါမယ်။ ဆန်းသစ်တီထွင်မှုနဲ့ သုတေသနလုပ်ငန်းတွေကို မြှင့်တင်နိုင်ရင်၊ အပြိုင်အဆိုင်များတဲ့ သည်ကနေ့ကမ္ဘာမှာ အိန္ဒိယနိုင်ငံကို ကြီးမားတဲ့ခွန်အားနဲ့ ရှေ့ဆက်တက်လှမ်းစေမှာဘဲဖြစ်ပါတယ်”လို့ ဝန်ကြီးချုပ် က ပြောကြားခဲ့ပါတယ်။
၂၀၂၀ ခုနှစ်ဆိုင်ရာ နိုင်ငံတော်ပညာရေးမူဝါဒဟာ ဉာဏ်ပညာဖန်တီးမှုနဲ့ ဆန်းသစ်တီထွင်မှုတွေ ပေးကမ်းနိုင်ဖို့အတွက် ပညာရေးစနစ်တခုလုံးကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပါတယ်။ “အဆင့်မြင့်ပညာရေးဟာ အသိဉာဏ်ပညာ ဖန်တီးမှုနဲ့ ဆန်းသစ်တီထွင်မှုတွေရဲ့ အခြေခံတွေကို တည်ဆောက်ပြီး၊ ကြီးထွားတိုးတက်လာနေတဲ့ နိုင်ငံရဲ့စီးပွားရေးကို ထောက်ကူမှုတွေ ပေးနိုင်ရပါမယ်။ အဲဒါကြောင့် အဆင့်မြင့်ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ တဦးချင်းအတွက် အလုပ်အကိုင်ရရှိဖို့ ဖန်တီးနိုင်မယ့် အခွင့်အရေးကြီး ဆိုတာထက် ပိုမိုသာလွန်ပါတယ်” လို့ မူဝါဒမှာ ရေးသားဖော်ပြထားပါတယ်။
NITI Aayog ဟာ အဖွဲ့အစည်းဆိုင်ရာ မူဘောင်ကိုပေးအပ်ပြီး၊ ဆန်းသစ်တီထွင်မှုကို Modi အစိုးရရဲ့ အဓိကဦးစားပေး အစီအစဉ်အဖြစ် သတ်မှတ်ဖော်ဆောင်ပေးခဲ့ပါတယ်။ အဲသည့် အစီအစဉ်ရဲ့အမည်ကို သိပ္ပံပညာ သို့မဟုတ် Vigyan ကို နိုင်ငံရဲ့ အဓိကဦးစားပေးအရာအဖြစ် သတ်မှတ်ဖော်ဆောင်ခဲ့ပြီး၊ ဆောင်ပုဒ်ဖြစ်တဲ့ Jai Kisan ၊ Jai Jawan ကို ပြုပြင်ကာ Jai Vigyan ကို ထပ်မံထည့်သွင်းခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Atal Behari Vajpayee ရဲ့ အမည်ကို ပေးခဲ့ပါတယ်။ Atal ဆန်းသစ်တီထွင်ရေး မစ်ရှင်ဟာ ရှေ့လာမယ့်နှစ်တွေမှာ အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး၊ တနိုင်ငံလုံးကို ဆန်းသစ်တီထွင်မှုနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို မြှင့်တင်ပေးမယ့် မောင်းနှင်အားဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။
Atal ဆန်းသစ်တီထွင်ရေး မစ်ရှင်ဟာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရကြားက ဆန်းသစ်တီးထွင်ရေး မူဝါဒတွေကို ချိတ်ဆက်ပေးရာမှာ အလွန်အရေးပါအရာရောက်မှာဖြစ်ပြီး၊ အထက်တန်းကျောင်းများ၊ သိပ္ပံ၊ အင်ဂျင်နီယာနဲ့ အခြားအဆင့်မြင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီကြီးများမှ တကိုယ်တည်းလုပ်ဆောင်သည့် စီးပွားရေးအဆင့်များအထိ မတူညီတဲ့ အဆင့်အမျိုးမျိုးတို့မှာ ဂေဟစနစ်အခြေခံ ဆန်းသစ်တီထွင်မှုနဲ့ စီးပွားရေးလုပ်ငန်းရှင်များကို မြှင့်တင်ပေးမှာဖြစ်ပါတယ်။
မစ်ရှင်ရဲ့ ရေရှည်အတွက် ရည်မှန်းချက်က နိုင်ငံအတွင်းက အဓိကသုတေသနပြုလုပ်တဲ့ နယ်ပယ်တွေထဲမှာ သိပ္ပံပညာနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ သုတေသန၊ စိုက်ပျိုးရေးဆိုင်ရာ သုတေသနနဲ့ ဆေးဝါသုတေသန တို့ကို ထည့်သွင်းပြီး နိုင်ငံရဲ့ လူမှု-စီးပွားရေး လိုအပ်ချက်တွေနဲ့ ချိတ်ဆက်ပေးသွားဖို့ဘဲဖြစ်ပါတယ်။ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုတွေ ဓာတ်ခွဲစမ်းသပ်ခန်းတွေထဲက ထွက်လာပြီး လူသားထုကို ဝန်ဆောင်မှုတွေပေးအပ်နိုင်တဲ့ အဆင့်မရောက်မချင်းတော့ အိန္ဒိယနိုင်ငံဟာ မိမိရဲ့ စိတ်ကူးအိမ်မက်ဖြစ်တဲ့ ကိုယ့်အားကိုယ်ကိုးဖူလုံရေး ရည်မှန်းချက်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ နှစ်ပေါင်း ၇၀ ကြာအောင် ကျွန်ုပ်တို့ဟာ ပြည်ပနိုင်ငံတွေကကုန်စည်ထုတ်လုပ်သူတွေနဲ့ ဖြန့်ဝေသူတွေရဲ့ စျေးကွက်အဖြစ် ရှိနေခဲ့တဲ့ အနေအထားကို ပြောင်းပြန်လှန်ရမယ့် အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။
ဆန်းသစ်တီထွင်မှုဟာ လွတ်လပ်တဲ့တွေးခေါ်မှု၊ လွတ်လပ်တဲ့ပတ်ဝန်းကျင်နဲ့ အစိုးရအုပ်ချုပ်ရေးအဖွဲ့ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတို့ကနေလွတ်လပ်မှု စတဲ့အခြေအနေမှာသာ ကြီးထွားရှင်သန်နိုင်ပါတယ်။ ဒါဟာ လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားဖြစ်လာစေဖို့ အိန္ဒိယနိုင်ငံရဲ့ သိပ္ပံပညာနဲ့ သုတေသနအဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယအစိုးရအတွက် စိန်ခေါ်မှုတရပ်ဘဲဖြစ်ပါတယ်။
အစိုးရဟာ ပုဂ္ဂလိက ကဏ္ဍတွေကိုလည်း နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာ တန်းတူလုပ်ဖော်ကိုင်ဖက် ဖြစ်လာဖို့ အလိုရှိတာကြောင့်၊ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေဟာ သုတေသန၊ ဖွံ့ဖြိုးရေးနဲ့ ဆန်းသစ်တီထွင်မှုတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။
အိန္ဒိယလူမျိုးတွေမှာ ရှေးခေတ်အချိန်ကတည်းက ဆန်းသစ်တီထွင်မှုကို တွန်းအားပေးတာတွေ ရှိခဲ့ပြီး၊ နိုင်ငံမှာတော့ ဆန်းသစ်တီထွင်တဲ့စိတ်ဓာတ်တွေ မရှိသလောက် နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ အဓိကစိန်ခေါ်မှုဟာ တခြားအရာတွေဖြစ်ပြီး၊ တည်ငြိမ်ပြီး၊ လွယ်ကူစွာရယူနိုင်မယ့် ငွေကြေးဆိုင်ရာ ယန္တရားဘဲဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဆန်းသစ်တီးထွင်ရေးကို ထောက်ပံ့ကူညီပေးဖို့အတွက် စီမံကိန်းအမြောက်အများကို မိတ်ဆက်ပေးခဲ့ရင်လည်း၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေဟာ စီးပွားဖြစ်တိုးချဲ့ခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ့် စီးပွားရေးအထိ လုပ်ဆောင်သွားမယ့် ဆန်းသစ်တီထွင်မှု လုပ်ကိုင်လည်ပတ်မှုတွေကို ငွေကြေးထောက်ပံ့ပေးဖို့အတွက် မဝံ့မရဲဖြစ်နေကြဆဲဖြစ်ပါတယ်။
လက်ရှိဆက်လက်ဖြစ်ပေါ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုက သင်ခန်းစာသစ်ကို ပေးခဲ့ပြီး၊ အင်မတန်အရေးကြီးတဲ့ နယ်ပယ်တွေတိုင်းမှာ ကိုယ့်အားကိုယ်ကိုးနိုင်ရေးကို လုပ်ဆောင်နိုင်ဖို့လိုအပ်ကြောင်း အရေးပေါ်အသိပေးမှုကို နိုင်ငံကို ပေးခဲ့ပြီး၊ အဲသည်လို လုပ်ဆောင်နိုင်ပါက အိန္ဒိယနိုင်ငံအနေနဲ့ ကပ်ရောဂါအချိန်အတွင်း နှောင့်ယှက်ဟန့်တားမှုတွေနဲ့တွေ့ကြုံနေရတဲ့ နိုင်ငံခြားက ကုန်စည်ဖြန့်ဖြူးမှုတွေအပေါ် အားထားမှီခိုစရာ လိုတော့မှာမဟုတ်ပါဘူး။
ပဋိပက္ခ ပြဿနာတိုင်းဟာ အခွင့်အရေးတွေနဲ့ ဖန်တီးမှုတွေကို လုပ်ဆောင်နိုင်ဖို့အတွက် အခွင့်တွေကို ဖန်တီးပေးပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါရဲ့ လှည့်ပတ်ထိခိုက်မှုဟာ ကျန်းမာရေးအတွက် ဖြေရှင်းဆောင်ရွက်နိုင်မယ့် ဆန်းသစ်တီထွင်မှုတွေအပေါ် စိတ်ဝင်စားမှုတွေ ဖြစ်စေခဲ့ပါတယ်။ ကပ်ရောဂါကူးစက်ပျံ့ပွားမှုပြဿနာက အဝေးကနေ အလုပ်လုပ်ခြင်း၊ အဝေးသင်ပညာရေး၊ အီလက်ထရောနစ် အခြေခံစီးပွားရေးနဲ့ သွားလာလှုပ်ရှားမှုအတွက် ဖြေရှင်းချက်များ အစရှိတဲ့ နယ်ပယ်တွေမှာ ဒီဂျစ်တယ်နည်းပညာနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ဆန်းသစ်တီထွင်မှုကို ပေါက်ဖွားကြီးထွားစေတဲ့ ဂေဟစနစ်ပါဝင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပြီး အခွင့်အရေးကို လက်လွှတ်မခံဘဲ ရယူသွားသင့်ကြောင်း အိန္ဒိယနိုင်ငံဟာ အခုအချိန်မှာ သဘောပေါက်လာခဲ့ပါတယ်။ အစိုးရကဖော်ဆောင်နေတဲ့ အစီအစဉ်တွေအားလုံး အောင်မြင် ဖြစ်ထွန်းလာစေဖို့အတွက်ဆိုရင် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်သွားရမှာဖြစ်ကြောင်း ဆောင်းပါးရှင် N.Bhadran Nair ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment