အိန္ဒိယ-အာဖရိက ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ ၁၅ ကြိမ်မြောက် ဒီဂျစ်တယ် ဆွေးနွေးပွဲ

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Prof. Aparajita Biswas ရေးသားပေးပို့ထားတဲ့ ‘အိန္ဒိယ-အာဖရိက ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ ၁၅ ကြိမ်မြောက် ဒီဂျစ်တယ် ဆွေးနွေးပွဲ’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယ-အာဖရိက ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ အိန္ဒိယ စက်မှုလုပ်ငန်းနှင့် Exim Bank ဘဏ်လုပ်ငန်းဆိုင်ရာ ဒီဂျစ်တယ် ညီလာခံ ၁၅ ကြိမ်မြောက် ဆွေးနွေးပွဲကို နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးဌာနတို့ရဲ့ ပံ့ပိုးမှုတို့ဖြင့် ဒေလီမြို့တွင် ပြုလုပ်ခဲ့ပါတယ်။ ဒီညီလာခံကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေတွေနှင့် ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသပိုင်း ၂ ခုတို့အကြား ပူးပေါင်းလုပ်ဆောင်မှု တိုးတက်အားကောင်းစေဖို့ တက်ကြွစွာ ပေါင်းကူးတံတား တည်ဆောက်ခဲ့ကြသူ အာဖရိကနှင့် အိန္ဒိယနိုင်ငံတို့မှ ထင်ရှားတဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေ ပါဝင်တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

ဒီညီလာခံဟာ လာမယ့်ပူးပေါင်းလုပ်ဆောင်မှုအဆင့်မှာ အရေးပါနေတဲ့ ဒေသပိုင်းတို့အကြား စီးပွားရေး စေ့စပ်လုပ်ဆောင်မှု တိုးတက်အေားကောင်းရေးအတွက် နည်းဗျူဟာသစ်တရပ် ဖော်ထုတ်ဖို့ အာဖရိကနှင့် အိန္ဒိယနိုင်ငံတဝှမ်းမှာ ကဏ္ဍပိုင်းတွေမှာ ထိပ်တန်း ဝန်ကြီးတွေ၊ မူဝါဒ ချမှတ်သူတွေနှင့် စီးပွားရေးလုပ်ငန်း ခေါင်းဆောင်တွေ အသိုင်းအဝိုင်းဆိုင်ရာ စင်္ကြံတရပ် ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်က အာဂန္ဒာနိုင်ငံရဲ့ ပါလီမန်လွှတ်တော်အတွင်း အမှာစကားပြောကြားစဉ် ဝန်ကြီးချုပ် Narendra Modi ထုတ်ဖော်ခဲ့တဲ့ အိန္ဒိယ-အာဖရိက ဆက်ဆံရေးများဆိုင်ရာ စည်းမျဉ်းလမ်းညွှန်ချက် ၁၀ ရပ်နှင့်အညီ ဖြစ်ပါတယ်။

အဲဒီညီလာခံမှာ အာဖရိကဒေသမှ ကိုယ်စားလှယ် ၅၀၀ ကျော်တို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ညီလာခံ ဖွင့်ပွဲအခမ်းအနားရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တွေကတော့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Sylvestre Ilunga၊ မော်ရေးသျှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dr. Mohammad Anwar Husnoo၊ ကင်ညာနိုင်ငံ နိုင်ငံခြားရေးဆိုင်ရာ ကတ်ဘိနက် အတွင်းဝန် Ms. Raychelle Awour Omamo နှင့် နိုင်ဂျီးရီးယားနိုင်ငံ စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ကြီး Otunba Niyi Adebayo တို့ ဖြစ်ကြပါတယ်။

ညီလာခံဟာ၊ စိုက်ပျိုးမွေးမြူရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါး၊ လျှစ်စစ်ဓာတ်အားနှင့် စွမ်အား၊္တွအခြေခံအဆောက်အဦ။ ကုန်ထုတ်လုပ်ရေး၊ ဘဏ္ဍာရေး၊ ပညာရေးနှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးတိုလို နယ်ပယ်တွေ ပါဝင်ကြပါတ်တယ်။

အိန္ဒိယ-အာဖရိက ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ ၁၅ ကြိမ်မြောက် ဒီဂျစ်တယ် ညီလာခံဟာ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုအသစ်များ တိုးတက်ရေးအတွက် အခြေခံအုတ်မြစ်တွေ ချမှတ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ စတင်ခဲ့ကတည်းက ဒီညီလာခံဟာ အိန္ဒိယနှင့် အာဖရိကဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မူ တည်ဆောင်ရေးနှင့် စီးပွားရေး စေ့စပ်လုပ်ဆောင်မှု တိုးတက်ရေးတို့မှာ အရေးပါတဲ့ကဏ္ဍအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်… စသဖြင့် ဆောင်းပါးရှင် Prof. Aparajita Biswas ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာတွင် အခိုင်အမာ လက်တွဲမည့် အိန္ဒိယ-နယူးဇီလန် ဆက်ဆံရေး

စိတ်နှလုံးမှ ပြောသော စကားများ (အပိုင်း-၉)

“အိန္ဒိယနိုင်ငံရဲ့ တူရကီနိုင်ငံရဲ့ဝင်ရောက်စွက်ဖက်မှုအား ရှုတ်ချခြင်း”