ကုလသမဂ္ဂ၏ သမိုင်းဝင် ၇၅ ကြိမ်မြောက် နှစ်ပတ်လည်ထိပ်သီးညီလာခံသို့ ဝန်ကြီးချုပ်၏ မိန့်ခွန်း
ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Amb. Asoke Kumar Mukerji ရေးသားပေးပို့ထားတဲ့ ‘ကုလသမဂ္ဂ၏ သမိုင်းဝင် ၇၅ ကြိမ်မြောက် နှစ်ပတ်လည်ထိပ်သီးညီလာခံသို့ ဝန်ကြီးချုပ်၏ မိန့်ခွန်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
တနင်္လာနေ့က ဝန်ကြီးချုပ် Narendra Modi ဟာ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂရဲ့ သမိုင်းဝင် ၇၅ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံ အထိမ်းအမှတ်အခမ်းအနားမှာ ကမ္ဘာ့ခေါင်းဆောင်တွေနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။ လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ရှိနေတယ်ဆိုပေမယ့် ကမ္ဘာ့ခေါင်းဆောင်တွေဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ အဖွဲ့အစည်းကြီးတခုအဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ပုံပန်းသဏ္ဍာန်ကို ထုတ်ဖော်တွေ့ဆုံပွဲမှာဆုံတွေ့ကြဖို့ အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်လာခဲ့ကြတာဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီးနှင့် ၎င်းရဲ့ အထူးအဖွဲ့အစည်းများဖြစ်တဲ့ နိုင်ငံတကာ ငွေကြေးဆိုင်ရာ ရံပုံငွေအဖွဲ့နှင့် ဘမ္ဘာ့ဘဏ်တို့ကို ဒုတိယ ကမ္ဘာစစ်အပြီးမှာ အနိုင်ရရှိတဲ့ မဟာမိတ်နိုင်ငံတွေက ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှ ပရဟိတ တပ်သား ၂.၅ သန်းပါဝင်တဲ့ တပ်သားတွေဟာ အလားတူ မဟာမိတ် တပ်မတော်တွေအနက် အကြီးမားဆုံးဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းကြီး ဖွဲ့စည်းပုံဖော်မှုနှင့် ၎င်းရဲ့ ၇၅ နှစ်အကြာက တည်ဆောက်မှုတို့မှာ အိန္ဒိယနိုင်ငံရဲ့ ပါဝင်လုပ်ဆောင်မှုဟာ ကဏ္ဍကြီးတရပ်ကနေ ဖြစ်နေပါတယ်။
ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံက ကုလသမဂ္ဂ ပဋိညာဉ်ကို စတင်ထူထောင်တဲ့နိုင်ငံအဖြစ် လက်မှတ်ရေးထုးခဲ့တဲ့ ၁၉၄၅ ခုနှစ်၊ ဇွန်လအတွင်း ၁၉၄၅ ခုနှစ်၊ San Francisco ညီလာခံမှာ အိန္ဒိယနိုင်ငံရဲ့ ပါဝင်တက်ရောက်ခဲ့မှုကို ပြန်ပြောင်းဖော်ပြခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ ကုလသမဂ္ဂအဖွဲအစည်းကြီးရဲ့ ဒီကနေ့ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်ချက်တွေဟာ စုပေါင်းတုံ့ပြန်နိုင်မှုရှိစေဖို့အတွက် ကုလသမဂ္ဂရဲ့ ထိရောက်ပွင့်လင်းတဲ့ အကဲဖြတ်မှု လိုအပ်နေကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်။ ဒီအတွက် ဝန်ကြီးချုပ်ဟာ ကုလသမဂ္ဂ အဖွဲ့အစည်းကြီးကို ယုံကြည်အားထားလောက်တဲ့ ဂုဏ်ပုဒ်တွေနှင့် ဘက်စုံ ပြုပြင်မွမ်းမံရေးအတွက် တောင်းဆိုခဲ့ပါတယ်။တောင့်တင်းခိုင်မာတဲ့ ငြိမ်းချမ်းသာယာဝပြောရေးဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့လမ်းကြောင်းမှသာလျှင်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံရဲ့ယုံကြည်ချက်ကို ဝန်ကြီးချုပ်က အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ ဒီကနေ့လို အချင်းချင်း ချိတ်ဆက်နေတဲ့ ကမ္ဘာကြီးအတွက် ပြုပြင်ပြောင်းလဲရေး နိုင်ငံစုံဝါဒ လိုအပ်ပါတယ်။ ဒါဟာ လူသားတွေ ပြုစုစောင့်ရှောက်မှုအပေါ် အာရုံပြုလျှက် ဘုံစိန်ခေါ်ချက်တွေဖြေရှင်းဖို့အတွက် သက်ဆိုင်သူအားလုံးကို လက်ရှိပကတိတွေ ထင်ဟပ်စေဖို့နှင့် လုပ်ပိုင်ခွင့်ပေးသွားဖို့ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Amb. Asoke Kumar Mukerji ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment