SCO အစည်းအဝေးပွဲမှာ အိန္ဒိယ-တရုတ် တွေ့ဆုံဆွေးနွေမှု
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ တရုတ်နိုင်ငံအပေါ် မဟာဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. M S Prathibha ဝေဖန်ရေးသားပေးပို့ထားတဲ့ “SCO အစည်းအဝေးပွဲမှာ အိန္ဒိယ-တရုတ် တွေ့ဆုံဆွေးနွေးမှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) မှာ ပါဝင်လှုပ်ရှားမှုဟာ ၎င်းရဲ့ ပြင်းပြတဲ့ဆန္ဒဖြစ်တဲ့ Eurasia ဒေသအတွင်း ပူးပေါင်းလုပ်ဆောင်မှုတွေကို အားကောင်းခိုင်မာစေရေးအတွက် ပိုမိုလေးနက်စေခဲ့ပါတယ်။ ဒေသအတွင်း အဖွဲ့အစည်းဟာ အိန္ဒိယနိုင်ငံကို ကုန်လမ်းဆက်သွယ်မှုပြတ်တောက်နေတဲ့ အလယ်အာရှဒေသကနိုင်ငံတွေနဲ့ ဆက်သွယ်နိုင်အောင် အခွင့်အရေးတွေပေးခဲ့ပြီး၊ အပြန်အလှန်အနေဖြင့် စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းလုပ်ကိုင်သွားရေးကို ကြိုးပမ်းသွားဖို့ဘဲဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုကြောင့် နိုင်ငံတကာ စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေဟာ မသေချာ မရေရာဖြစ်စေတဲ့ စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံနေရပြီး၊ Ladakh ဒေသ တင်းမာမှုတွေဖြစ်ပွားနေတဲ့ အချိန်မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ ရုရှာနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်တဲ့ ၁၀ ကြိမ်မြောက် SCO အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများကောင်စီရဲ့ အစည်းအဝေးပွဲကို တက်ရောက်ပါဝင်ဖို့ မော်စကိုမြို့ကို သွားရှိသွားခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ လာမည့် နိုဝင်ဘာလ ၂၉ နဲ့ ၃၀ ရက်နေ့တို့မှာ ပထမဦးဆုံးအကြိမ်အဖြစ် SCO အဖွဲ့မှ အစိုးရခေါင်းဆောင်များရဲ့ အစည်းအဝေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ရှိပါတယ်။
အိန္ဒိယနိုင်ငံဟာ ဒေသအတွင်း လုံခြုံရေးဆိုင်ရာ ဘုံစိန်ခေါ်မှုများအတွက် အဖြေရှာနိုင်ဖို့၊ ၎င်းရဲ့ သမိုင်းဝင်ဆက်နွယ်မှုများနဲ့ ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကို အသုံးပြုဖို့ လုပ်ကိုင်သွားဖို့ စီစဉ်နေပါတယ်။ SCO အဖွဲ့ဟာ ဒေသအတွင်း ဆက်ဆံရေးတွေတည်ဆောက်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ တောင်-မြောက် ပို့ဆောင်ဆက်သွယ်ရေးစင်္ကြံန်လို စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးတာနဲ့အတူ အဲသည့်ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ နောက်ပြီးအဲဒါဟာ အိန္ဒိယနိုင်ငံရဲ့ အလယ်အာရှဒေသနဲ့ဆက်နွယ်ရေး မူဝါဒကို SCO ဒေသအတွင်းဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရေး အဖြစ်သို့ ပြောင်းလဲနိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင် စီမံကိန်း ပုံစံနမူနာပေါင်းများစွာဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေတိုးချဲ့ရေးအတွက် အဓိကလှုပ်ရှားမှုတခုလို ဖြစ်လာပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်း လုံခြုံရေးအခြေအနေများ ပျက်ပြားလာနေဒါက ဒေသအတွင်းသာမက တောင်အာရှဒေသအထိ လုံခြုံရေးတွေကို ထိခိုက်စေခဲ့ပါတယ်။ အဲဒါကြောင့် SCO အဖွဲ့ရဲ့ ဒေသတွင်းဆိုင်ရာ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့အစည်း (RATS) ဟာ အိန္ဒိယနိုင်ငံကို အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ၎င်းတို့ရဲ့ မှတ်တမ်းတွေကို ရယူ ကြည့်ရှုခွင့်ပေးရုံသာမကပါဘူး၊ အဖွဲ့ဝင်နိုင်ငံများနဲ့အတူ အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေး လေ့ကျင့်မှုမှာ ပါဝင်ဖို့အတွက် ခွင့်ပြုခဲ့ပါတယ်။
ကပ်ရောဂါရဲ့ ရိုက်ခတ်မှုက နိုင်ငံအများအပြားအပေါ် ကျရောက်ခဲ့တာနဲ့အတူ၊ စီးပွားရေးနဲ့ နိုင်ငံရေးပူးပေါင်းလုပ်ဆောင်မှု ကဏ္ဍသစ်ကို ဖော်ဆောင်သွားဖို့အတွက် အိန္ဒိယနိုင်ငံက တွန်းအားပေးခဲ့ပါတယ်။ COVID-19 တိုက်ဖျက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ တွန်းအားပေးလုပ်ဆောင်မှု ပျက်ကွက်နေချိန်မှာ၊ ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းတွေဟာ သင့်လျော်ပြီး တခြားရွေးချယ်စရာ နည်းလမ်းတစ်ခုအဖြစ်ရှိလာပြီး၊ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အရင်းအမြစ်များကို စုစည်းပြီး ကပ်ရောဂါ တိုက်ဖျက်ရေးကို လုပ်ဆောင်နိုင်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင်၊ အိန္ဒိယနိုင်ငံဟာ ရုရှားနိုင်ငံရဲ့ ‘Sputnik V’ ကာကွယ်ဆေးအပေါ် စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့ပြီး၊ နိုင်ငံအတွင်း စစ်ဆေးစမ်းသပ်ကုသမှု အဆင့် ၃ ကို လုပ်ဆောင်နေပြီး၊ ကာကွယ်ဆေးကို ထုတ်လုပ်နေပါတယ်။ ရုရှားနိုင်ငံဖက်ကလည်း အလားတူ စိတ်ဝင်စားမှုကိုပြသခဲ့ပြီး၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း SCO အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး Vladimir Norov မှ အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်ခဲ့စဉ်က ကာကွယ်ဆေး သုတေနသနဲ့ ဖွံ့ဖြိုးထုတ်လုပ်ရေးတို့မှာ ပါဝင်လုပ်ကိုင်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ အခန်းကဏ္ဍကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် Narendra Modi ကလည်း လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ကာဇက်စ္စတန်နိုင်ငံ Bishkek မြို့က ထိပ်သီးညီလာခံမှာ ပူးပေါင်းလုပ်ကိုင်အရေးအတွက် ချမှတ်ရေးဆွဲခဲ့တဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ပူးပေါင်းလုပ်ဆောင်ရေး၊ စီးပွားရေး ပူးပေါင်းလုပ်ကိုင်ရေး၊ အစားထိုးအသုံးပြုနိုင်တဲ့ စွမ်းအင်အရင်းအမြစ်၊ စာပေနဲ့ယဉ်ကျေးမှု၊ အကြမ်းဖက်ဝါဒကင်းစင်သည့် လူအဖွဲ့အစည်း၊ လူသားချင်းဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှု (HEALTH) ကို ပိုမိုအားကောင်ခိုင်မာအောင် လုပ်ဆောင်သွားဖို့ တောင်းဆိုတင်ပြခဲ့ပါတယ်။ စကားမစပ်ဆိုရရင်၊ Mr Modi ရဲ့ တောင်းဆိုတင်ပြမှုမှာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုကို ရှေ့ဆုံးက ဦးစားပေးကဏ္ဍအဖြစ် အချိန်ကိုက် ဖော်ပြထားတာဖြစ်ပါတယ်။
ဒေသအတွင်း လုံခြုံရေးကိစ္စများနဲ့ ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများအပြင်၊ Ladakh ဒေသအတွင်း စစ်ရေးတင်းမာမှုနဲ့ တင်းမာမှုတွေကိုဖြစ်ပေါ်စေတဲ့ ရန်လိုမှုတွေ လျှော့ချသွားဖို့ လိုအပ်နေချိန်မှာ အိန္ဒိယနိုင်ငံရဲ့ SCO နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးပွဲကို တက်ရောက်ပါဝင်ခဲ့တာဘဲဖြစ်ပါတယ်။
SCO အစည်းအဝေးပွဲရပ်နားထားချိန်အတွင်းမှာ Dr. Jaishankar ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသအတွင်း တင်းမာမှုကိုလျော့ချနိုင်မယ့် နည်းလမ်းများကိုရှာတွေ့ရှိနိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲအတွင်းမှာ နှစ်နိုင်ငံတို့အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ရပ်တန့်ရေးအတွက် သဘောတူညီမှုတွေရရှိဖို့ မျှော်လင့်ထားခဲ့ပါတယ်။ ဝန်ကြီးနှစ်ဦးတို့ဟာ၊ အိန္ဒိယ-တရုတ်နယ်စပ်ဒေသများနဲ့ အိန္ဒိယ-တရုတ်ဆက်ဆံရေး ကိစ္စများနဲ့ပတ်သက်ပြီး၊ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင် ဆွေးနွေးမှုကို ပြုလုပ်ခဲ့ပါတယ်။
မတူညီတာတွေကို အငြင်းပွားမှုအဖြစ်ကို မရောက်သွားဖို့လုပ်ဆောင်သွားရေးအပါအဝင် နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ သဘောတူညီချက်များနဲ့ လမ်းညွှန်မှုများကို နှစ်ဦးနှစ်ဖက် လိုက်နာလုပ်ဆောင်သွားဖို့ ဝန်ကြီးနှစ်ဦးအကြား သဘောတူညီခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နယ်စပ်ဒေသအတွင်းက အခြေအနေဟာ နှစ်ဖက်စလုံးက အလိုရှိတဲ့ အခြေအနေမဟုတ်ကြောင်း သဘောတူခဲ့ကြပါတယ်။ အဲဒါကြောင့် နယ်စပ်ဒေသမှာ နှစ်ဖက်တပ်ဖွဲ့တွေအကြား အပြန်အလှန်ဆွေးနွေးခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှုတွေကို လျင်မြန်စွာ ရုပ်သိမ်းခြင်း၊ သင့်လျော်တဲ့ အကွာအဝေးမှာ နေရာချထားရေးနဲ့ တင်းမာမှုတွေကို လျော့ချရေးတို့ လုပ်ဆောင်သွားဖို့ ဝန်ကြီးနှစ်ဦးအကြား သဘောတူခဲ့ကြပါတယ်။
အိန္ဒိယ-တရုတ် နယ်စပ်ဒေသအရေးနဲ့ပါတ်သက်ပြီး တည်ရှိနေပြီးဖြစ်တဲ့ သဘောတူညီမှုများနဲ့ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး၊ နယ်စပ်ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းမှုရှိဖို့နဲ့ ပဋိပက္ခဖြစ်ပွားစေမယ့် အပြုအမူတွေကို ရှောင်ရှားသွားဖို့အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။ နယူးဒေလီနဲ့ ပီကင်းအစိုးရတို့အကြား အိန္ဒိယ-တရုတ်နယ်စပ်အရေးနဲ့ပတ်သက်ပြီး၊ အထူးကိုယ်စားလှယ် ယန္တရားကတဆင့် အပြန်အလှန်ဆွေးနွေးပွဲတွေနဲ့ ဆက်သွယ်ရေးတွေ ဆက်လက်လုပ်ဆောင်သွားဖို့ သဘောတူကြပါတယ်။ ယခုလိုအခြေအနေမှာ နှစ်နိုင်ငံစလုံတို့ဟာ အိန္ဒိယ-တရုတ်နယ်စပ်ရေးရာ ညှိနှိုင်းဆွေးနွေးခြင်းနဲ့ တိုင်ပင်လုပ်ဆောင်ခြင်းဆိုင်ရာ ဖော်ဆောင်ရေးယန္တရား (WMCC) ၏ အစည်းအဝေးပွဲများကို ဆက်လက်ပြုလုပ်သွားဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။
အခြေအနေများ တည်ငြိမ်သွားပါက၊ နယ်စပ်ဒေသများအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းဖို့နဲ့ မြှင့်တင်ပေးနိုင်ဖို့အတွက် ယုံကြည်မူတည်ဆောက်ရေးကို နှစ်ဖက်စလုံးက လျင်မြန်စွာ လုပ်ဆောင်သွားသင့်ကြောင်း ဝန်ကြီးနှစ်ဦးအကြား သဘောတူခဲ့ကြကြောင်း ဆောင်းပါးရှင် Dr. M S Prathibha ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment