ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာ ကောင်စီအဖွဲ့ထံသို့ ဝန်ကြီးချုပ်၏ ပန်ကြားလွှာ - ပြုပြင်မွမ်းမံထားသည့် နိုင်ငံပေါင်းစုံဝါဒသည်သာလျှင် ရှေ့သို့ချီရန် တခုတည်းသောနည်းလမ်း
ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် သံအမတ် Asoke Kumar Mukerji ရေးသားပေးပို့ထားတဲ့ ‘ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာ ကောင်စီအဖွဲ့ထံသို့ ဝန်ကြီးချုပ်၏ ပန်ကြားလွှာ - ပြုပြင်မွမ်းမံထားသည့် နိုင်ငံပေါင်းစုံဝါဒသည်သာလျှင် ရှေ့သို့ချီရန် တခုတည်းသောနည်းလမ်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ ECOSOC ရဲ့ အဆင့်မြင့် ညီလာခံသို့ ဝန်ကြီးချုပ် Narendra Modi ရဲ့ အွန်လိုင်းမှ အမှာစကားပြောကြားချက်ဟာ ပြုပြင်မွမ်းမံထားတဲ့ နိုင်ငံပေါင်းစုံဝါဒအတွက် အိန္ဒိယနိုင်ငံရဲ့ တောင်းဆိုချက်နောက်မှ ပေါ်ထွက်နေတဲ့ ပုံပန်းသဏ္ဍာန်ကို သတိပြုမိစေပါတယ်။
ကုလသမဂ္ဂ အဖွဲ့အစည်းကြီးဟာ ဒုတိယကမ္ဘာစစ်ရဲ့ ဒေါသူပုန်ထမှုကနေ ပေါ်ထွက်လာခဲ့တာကို ပြန်ပြောင်းဖော်ပြလျှက် ဝန်ကြီးချုပ်ဟာ ပြန်လည်ဆန်းသစ်မွမ်းမံမှုရှိတဲ့ နိုင်ငံပေါင်းစုံဝါဒ ဖြစ်စေဖို့အတွက် Covid-19 ကပ်ရောဂါကြောင့်ပေါ်ပေါက်နေတဲ့ လက်ရှိအကျပ်အတည်းတွေကို အသုံးပြုသွားဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
ဒီကိစ္စနှင့်ပတ်သက်ပြီး Mr. Modi ရဲ့ အမှာစကားဟာ SDG ခေါ် ထိန်းသိမ်းမှုရှိတဲ့ ဖွံ့ဖြိုးရေး မျှော်မှန်းချက်ဆိုင်ရာ အဓိက အခန်းကဏ္ဍကို အလေးပေးခဲ့တာဖြစ်ပါတယ်။ မျှော်မှန်းချက်တွေ ဖော်ဆောင်ရာမှာ လူသားမျိုးနွယ်ရဲ့ ၆ ပုံ ၁ ပုံကို ကိုယ်စားပြုထားတဲ့ အိန္ဒိယနိုင်ငံရဲ့ အောင်မြင်မှုဟာ အဲဒီ SDG တွေ ကမ္ဘာ့အတိုင်းအတာနှင့် ဖော်ဆောင်နိုင်ဖို့ သိသိသာသာ ပါဝင်ထမ်းရွက်သွားမှာဖြစ်ပါတယ်။ ဒါဟာဆိုရင် ဘယ်သူမှ နောက်ကျ မကျန်ရစ်ရေးဆိုတဲ့ SDG ရဲ့ အခရာ စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီတဲ့ လူ့ဘောင်အဖွဲ့အစည်းကြီးတခုလုံးပါဝင်တဲ့ လူထုဗဟိုပြု ပုံစံအပေါ်အခြေခံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသန္နိဋ္ဌာန်နှင့် အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။
ဝန်ကြီးချုပ်ဟာ ကုလသမဂ္ဂရဲ့ လုပ်ငန်းစဉ်တွေကို အပြည့်အဝ ပံ့ပိုးဖို့အတွက် လုံခြုံရေးကောင်စီရဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအဖြစ် အိန္ဒိယနိုင်ငံရဲ့ ကဏ္ဍကိုအသုံးပြုသွားဖို့ ကတိပြုခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေအနေနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးရဲ့ ဗဟိုမဏ္ဍိုင်မှာ ပြုပြင်မွမ်းမံမှုနှင့်အတူ နိုင်ငံပေါင်းစုံဝါဒ လိုအပ်ကြောင်း ဇောင်းပေးဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေး သောချက်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပိုမိုထိရောက်ပြီး ကိုယ်စားပြုမှုရှိစေဖို့အတွက် အဲဒီကောင်စီအဖွဲ့ မွမ်းမံဖွဲ့စည်းရေးမှာ မူတည်လျှက်ရှိပါတယ်။ SDG ဖွံ့ဖြိုးရေး မျှော်မှန်းချက် ၁၆ ချက်တို့ဟာ သီးသန့်အားဖြင့် ကမ္ဘာ့အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပါဝင်မှု တိုးချဲ့အားကောင်းရေးကို ရည်စူးထားတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပါဝင်ပြီး G20 အဖွဲ့ကို ဥက္ကဌ နာယကပြုမယ့် ကုလသမဂ္ဂရဲ့ ယခုနှစ် ၇၅ ကြိမ်မြောက် နှစ်ပတ်လည်ကာလနှင့် ၂၀၂၂ ခုနှစ်တို့အကြားကာလဟာ ဝန်ကြီးချုပ်ဖော်ပြလိုက်တဲ့ ကမ္ဘာသူ ကမ္ဘာသားထုကိုအခြေခံတဲ့ ကမ္ဘာ့ရွာဖြစ်တည်မှု ပုံစံသစ်တရပ်ဖန်တီးဖို့ အခွင့်အလမ်းတရပ် တည်ရှိနေပါတယ်။ ဒီလို ကမ္ဘာ့ဦးဆောင် အဖွဲ့အစည်းပိုင်း ပြောင်းလဲမှုဟာ ကမ္ဘာ့စီးပွားရေးနှင့်ပေါင်းစပ်လျှက် ကိုယ်တိုင်မီခိုအားထားနိုင်တဲ့ အိန္ဒိယနိုင်ငံအနေနှင့် လူသားမျိုးနွယ်စုရဲ့ မျှော်မှန်းချက်ဆန္ဒတွေပြည့်မီဖို့ နိုင်ငံပေါင်းစုံဝါဒကို ဘယ်လို ပြုပြင် မွမ်းမံသွားနိုင်မလဲဆိုတာကို ထင်ဟပ်သွားမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Asoke Kumar Mukerji ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment