Kulbhushan Jadhav အမှုကိစ္စနှင့် ပါကစ္စတန်နိုင်ငံ၏ ဟန်ဆောင်မှု
ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Ashok Behuria ရေးသားပေးပို့ထားတဲ့ ‘Kulbhushan Jadhav အမှုကိစ္စနှင့် ပါကစ္စတန်နိုင်ငံ၏ ဟန်ဆောင်မှု’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံဟာ Kulbhushan Jadhav ကို ကောင်စစ်ဝန် တွေ့ဆုံခွင့်ရရှိဖို့ တောင်းဆိုချက် ၁၂ ကြိမ် ပြုလုပ်ပြီးတဲ့နောက် လွန်ခဲ့တဲ့သီတင်းပတ်က ပါကစ္စတန်နိုင်ငံဟာ ကောင်စစ်ဝန်တွေ့ဆုံဖို့ ဒုတိယအကြိမ်မြောက် ပြုလုပ်ခဲ့ပါတယ်။ ဒီတခါတွေ့ဆုံမှုဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ယခင်တွေ့ဆုံခွင့်ရရှိခဲ့တာထက် ပိုပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ မေတ္တာ ရပ်ခံချက်ကို တုံ့ပြန်ရာမှာ လူသိများလှတဲ့ ပါကစ္စတန်နိုင်ငံအတွင်း သူလျှိုလုပ်မှုနှင့် အဖျက်အမှောင့် လုပ်မှုကိစ္စတို့ကြောင့် Jadhav ကို ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ စစ်ခုံရုံတခုကချမှတ်ခဲ့တဲ့ စီရင်ချက်ကို ပြန်လည်သုံးသပ်စဉ်းစားရေးအတွက် ထိရောက်တဲ့ ယန္တယားအဖွဲ့ ၁ ခု ဖွဲ့စည်းပေးဖို့ဖြစ်တဲ့ နိုင်ငံတကာ တရားရုံး ICJ ထံမှ ၂၀၁၉ ခုနှစ် ဇူလိုင်လ အမိန့်ညွှန်ကြားချက်နှင့်အညီဖြစ်စေဖို့ ၂၀၂၀ ခုနှစ်၊ မေလမှာ အပြင်ပန်းအားဖြင့် အမိန့်တရပ် ချမှန်ခဲ့ပြီးတဲ့နောက် ပါကစ္စတန်နိုင်ငံဟာ ပိတ်ဆီးမှုမရှိ၊ အတားအဆီးမရှိနှင့် ချွင်းချက်မရှီ လက်ခံတွေ့ဆုံခွင့်ကို အာမခံပေးခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံဟာ သူ့ရဲ့ အာမခံချက်အတိုင်း ကတိတည်လိမ့်မယ်လို့ မျှော်လင့်နေခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဖက်မှ ဆန္ဒပြသမှုတွေရှိပေမယ့်လည်း ခြိမ်းခြောက်မှုမရှိတဲ့ပုံစံတရပ်နှင့် ပါကစ္စတန်အရာရှိတွေရဲ့ ရှေ့မှောက်မှာ အိန္ဒိယ သံအရာရှိ ၂ ဦးကို တွေ့ဆုံခွင့် အာမခံပေးခဲ့ပါတယ်။
တရားရုံးဟာ အိန္ဒိယ ကောင်စစ်ဝန် လက်ခံရရှိမှုပေးဖို့နှင့် Jadhav ကို သူ့ရဲ့ အခွင့်အရေးတွေနှင့်ပတ်သက်ပြီး အသိပေးဖို့အတွက် ပါကစ္စတန်နိုင်ငံကို ညွှန်ကြားခဲ့ပါတယ်။ ဒီအပြင် တရားရုံးဟာ Jadhav ရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပုံစံမျိုးနှင့် သူ့ပြစ်မှုနှင့်စီရင်ချက် ထိရောက်စွာ ပြန်လည် စစ်ဆေးသုံးသပ်ဖို့အတွက် တောင်းလျှောက်ဖို့ဖြစ်တဲ့ ရရှိပိုင်ခွင့်ကိုလေးစားဖို့လည်း ပါကစ္စတန်နိုင်ငံကို ညွှန်ကြားခဲ့ပါတယ်။
သက်ဆိုင်ရာ အချက်အလက် အထောက်အထားတွေနှင့် အတားအဆီး၊ အပိတ်အဆီးမရှိ ကောင်စစ်ဝန် တွေ့ဆုံခွင့်မရရှိတာကြောင့် အိန္ဒိယနိုင်ငံဟာ ဇူလိုင်လ ၁၈ ရက်နေ့မှာ တောင်းလျှောက်လွှာတစောင် တင်ဖို့ကြိုးပမ်းခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း စိစစ်ပြီး တောင်းလျှောင်လွှာတစောင်ကို Jadhav ရဲ့ အမှုနှင့်ပတ်သက်တဲ့ ထောက်ကူမှတ်တမ်းတွေနှင့် အစိုးရရှေ့နေရဲ့ လုပ်ပိုင်ခွင့်မရှိတာကြောင့် တင်သွင်းလို့မရနိုင်ဘူးလို့ အိန္ဒိယနိုင်ငံရဲ့ ပါကစ္စတန် ရှေ့နေက အသိပေး အကြောင်းကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံဟာ ဗီယင်နာ သဘောတူစာချုပ်နှင့် ပတ်သက်ဆက်နွယ်မှုရှိနေလေတော့ ကောင်းမွန်စွာ ပြုမူဖို့ဖြစ်တဲ့ သူ့ရဲ့ ကတိပြုချက်ကိုတည်ဖို့အရေး ရိုးသားကြောင်းသက်သေပြဖို့ အခွင့်အလမ်းတရပ်ကို အချီးနှီး လက်လွှတ်ဆုံးရှုံးခံမှာမဟုတ်ဘူးလို့ပဲ မျှော်လင့်ရပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Ashok Behuria ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment