Google ကုမ္ပဏီရဲ့ ကြီးမားတဲ့ရင်းနှီးမြှပ်နှံမှုက အိန္ဒိယနိုင်ငံရဲ့ ဒီဂျစ်တယ်စီပွားရေးထဲသို့ တိုးဝင်လိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဖေန်ချက်အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေးသတင်းထောက် G. Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “Google ကုမ္ပဏီရဲ့ ကြီးမားတဲ့ရင်းနှီးမြှပ်နှံမှုက အိန္ဒိယနိုင်ငံရဲ့ ဒီဂျစ်တယ်စီပွားရေးထဲသို့ တိုးဝင်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ လာမယ့် ၅ နှစ်မှ ၇ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ (ရူပီးငွေ ကုဋေပေါင်း ၇၅,၀၀၀) ရင်းနှီးမြှပ်နှံသွားဖို့ အမေရိကန် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Google ရဲ့ ကမ်းလှမ်းမှုနှင့်အတူ အိန္ဒိယနိုင်ငံရဲ့ ဒီဂျစ်တယ်ဂေဟစနစ်ဟာ အမှန်တကယ်ပြောင်းလဲမှုလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ ရင်းနှီးမြှပ်နှံခြင်းရဲ့ အဓိရည်မှန်းချက်မှာ အိန္ဒိယနိုင်ငံ၏စီးပွားရေးအား ဒီဂျစ်တယ်စနစ်တို့ပြောင်းလဲရေး ရည်မှန်းချက်မှာ အရေးကြီးတဲ့ ကဏ္ဍ ၄ ခုတို့ကို အဓိကထား အာရုံစိုက်ပြီး အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးထုတ်ကုန်များကို ဖော်ထုတ်သွားဖို့နဲ့ ဝန်ဆောင်မှုများပေးအပ်သွားဖို့ စတာတွေဘဲဖြစ်ပါတယ်။ အဲသည့်ရည်မှန်းချက်တွေမှာ၊ အိန္ဒိယနိုင်ငံသူ နိုင်ငံသားတိုင်း ၎င်းတို့ရဲ့ မိခင်ဘာသာစကားဖြင့် သတင်းအချက်အလက်များကို လွယ်ကူစွာ ရရှိစေရေး၊ အိန္ဒိယနိုင်ငံ၏ တမူထူခြားသည့် လိုအပ်မှုနှင့်အညီ ထုတ်ကုန်များများ ဝန်ဆောင်မှုများကို တည်ဆောက်သွားရေး၊ အသေးစားနှင့်အလတ်စား (SMEs) ကဲ့သို့သော စီးပွားရေးလုပ်ငန်းများကို ၎င်းတို့ရဲ့ ဒီဂျစ်တယ်အခြေခံ ပြောင်လဲလုပ်ဆောင်မှုမှာ ကူညီပေးကာ မြင့်တင်ပေးရေးနှင့် ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေးစတဲ့ လူမှုရေးရာကဏ္ဍများမှာ ကွန်ပျူတာဖြင့် ဖန်တီးထားတဲ့ အတုအယောင်ဉာဏ်ပညာ AI ကို ကျယ်ပြန့်စွာ ဖြန့်ဝေပေးသွားရေးတို့ အပါအဝင်ဖြစ်ပါတယ်။

ရင်းနှီးမြှပ်နှံမှုငွေကြေးများကို ရောနှောထားသည့် တန်းတူညီမှုသည့် ရင်းနှီးမြှပ်နှံမှုများ၊ ဖက်စပ်လုပ်ကိုင်မှုများ၊ လုပ်ငန်းလည်ပတ်မှုများ၊ အခြေခံအဆောက်အအုံနှင့် ဂဟစနစ်ရင်းနှီးမြှပ်နှံမှုတို့ကတဆင့် Google ရဲ့ ဆက်သွယ်ရေးနဲ့ ဒီဂျစ်တယ်နည်းပညာတည်ဆောက်မှုတို့ကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း အွန်လိုင်းကတဆင့်ပြုလုပ်ခဲ့တဲ့ အိန္ဒိယအတွက် Google နှစ်ပါတ်လည် အစည်းအဝေးပွဲမှာ၊ Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet Inc., ရဲ့ အမူဆောင်အရာရှိချုပ်ဖြစ်တဲ့ Sundar Pichai က ပြောကြားခဲ့ပါတယ်။ လက်ရှိ အင်တာနက်သုံးစွဲသူပေါင်း သန်း ၅၀၀ ရှိတဲ့ အိန္ဒိယနိုင်ငံမှာ နောက်ထပ်သုံးစွဲသူပေါင်း သန်း ၅၀၀ ကို ထပ်ပြီးထွက်ပေါ်လာအောင် လုပ်ဆောင်သွားနိုင်ဖို့ ကုမ္ပဏီမှာ ယုံကြည်မှုအပြည့်ရှိနေပါတယ်။ Mr Pichai နဲ့ အင်မတန် အကျိုးအမြတ်ဖြစ်စေမယ့် ပြောဆိုဆွေးနွေးမှုကို ပြုလုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi က Google ရဲ့ နှစ်ပတ်လည်အခမ်းအနားမစတင်မီ ပြောကြားခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးအကြား အဓိကအားဖြင့် အိန္ဒိယနိုင်ငံက လယ်ယာလုပ်သားများ၊ လူငယ်များနဲ့ စီးပွားရေးလုပ်ငန်းရှင်များရဲ့ ဘဝတွေကို ပြောင်းလဲစေမယ့် နည်းပညာတွေကို ဖြန့်ဝေပေးသွားဖို့အတွက် ကျယ်ပြန့်စွာဆွေးနွေးပြောဆိုခဲ့ကြောင်း ဝန်ကြီးချုပ်က ၎င်းရဲ့ twitter စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အွန်လိုင်းပေါ်က ပြောဆိုဆွေးနွေးမှုမှာ ဝန်ကြီးချုပ်ဟာ ဒေတာလုံခြုံရေးနဲ့ ဒေတာကိုယ်ပိုင် သီးသန့်ရှိမှုအခွင့်များနှင့်ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးသွားခဲ့ပါတယ်။ နည်းပညာကုမ္ပဏီများအနေဖြင့် ယုံကြည်မှုများ တိုးတက်ဖွံ့ဖြိုးလာဖို့ တည်ဆောက်သွားရန် Mr Modi က တိုက်တွန်းပြောကြားခဲ့ပါတယ်။ အစိုးရ သတင်းနှင့် နည်းပညာဆိုင်ရာဝန်ကြီး Ravi Shankar Prasad က Google ကုမ္ပဏီက တင်ပြထားသည့် AI အနေဖြင့် လယ်ယားစိုက်ပျိုးရေး၊ ရာသီဥတုကာကွယ်ရေး၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုနှင့် ခေတ်မီပညာရေးများတွင် လုပ်ကိုင်သွားနိုင်မည့် ကြီးမားကျယ်ပြန့်သည့် အတိုင်းအတာများကို Google ကုမ္ပဏီအား ချပြသွားခဲ့ပါတယ်။

Google ကုမ္ပဏီဟာ အစိုးရ အလယ်တန်းပညာရေးဗဟိုဘုတ်အဖွဲ့ (CBSE) နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် အဆိုပြုခဲ့ပြီး၊ ကျောင်းခန်းများကို ဒီဂျစ်တယ်ပြောင်းလဲရေးနဲ့ ကျွမ်းကျင်မှု ပညာရေးအတွက် CBSE နှင့် ပူးပေါင်းလုပ်ဆောင်ကာ၊ ၂၀၂၀ နှစ်ကုန်ပိုင်းမှစပြီး တနိုင်ငံလုံးရှိ ကျောင်းပေါင်း ၂၂,၀၀၀ မှ ကျောင်းဆရာ ဆရာမပေါင်း ၁ သန်းနီးပါးအား အွန်လိုင်းမှတဆင့် သင်ကြားပေးနိုင်မည့် သင်တန်းများကို ပေးပို့သွားရန်အတွက် တင်ပြခဲ့ပါတယ်။ Google ကုမ္ပဏီဟာ ပညာရေးအတွက် G-Suite ၊ Google ကျောင်းခန်းနှင့် You Tube အပါအဝင် ဒီဂျစ်တယ်သို့ပြောင်းလဲလုပ်ဆောင်ရေးကို အကောင်အထည်ဖော်နိုင်ရန် ၎င်းရဲ့ Software တွေကို တိုးမြင့်သွားမှာဖြစ်ပါတယ်။ Google ကုမ္ပဏီဟာ ကျောင်းဆရာ ဆရာမများမှ အွန်လိုင်းမှတဆင့် ကျောင်းသူ ကျောင်းသားများကို သင်ကြားပြသမှုများ လုပ်ဆောင်နိုင်ဖို့အတွက် Kaivalya ပညာရေးဖောင်ဒေးရှင်းသို့ ကမ္ဘာလုံးဆိုင်ရာ အဝေးသင် ပညာရေးရန်ပုံငွေမှတဆ င့် ဒေါ်လာ ၁ သန်း လှူဒါန်ပေးဖို့ အပူတပြင်း လုပ်ဆောင်နေပါတယ်။ Google ကုမ္ပဏီဟာ ရေဒီယိုနဲ့ ရုပ်မြင်သံကြား လိုင်းများကတဆင့် လုပ်ဆောင်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ အများပြည်သူ အသံလွှင့်ဌာနဖြစ်တဲ့ Prasar Bharati နဲ့လည်း ပူးပေါင်းလုပ်ကိုင်သွားဖို့ ကြိုးပမ်းနေပါတယ်။

Google ကုမ္ပဏီ၏ အိန္ဒိယနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံသွားဖို့ဆုံးဖြတ်ချက်ကို စီးပွားရေးလေ့လာဆန်းစစ်သူများက ကြိုစားခဲ့ကြပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံကို ထူးချွန်ထက်မျက်တဲ့ အင်ဂျင်နီယာအများဆုံး ထွက်ရှိတဲ့နိုင်ငံအဖြစ်ဆက်လက်တည်ရှိနေတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပြီး၊ ကုမ္ပဏီရဲ့ အဓိကအာရုံစိုက်မှုတခုဖြစ်တဲ့ ထူးချွန်တဲ့ လူငယ်အများအပြားရှိတဲ့နိုင်ငံဖြစ်တာနှင့်အညီ ၎င်းရဲ့ ရင်းနှီးမြှပ်နှံမှုဟာ ကုမ္ပဏီနှင့် အိန္ဒိယ နှစ်ဖက်စလုံးအတွက် အနိုင်-အနိုင် အကျိုးရလဒ်ကို ရရှိစေမှာဖြစ်ပါတယ်။ AI လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာမှာလည်း အိန္ဒိယနိုင်ငံမှာ ထူးချွန်ထက်မျက်သူ အများအပြားရှိတဲ့အတွက် အကြိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

Google ရဲ့ ရင်းနှီးမြှပ်နှံမှုဟာ ၎င်းရဲ့ ပြိုင်ဖက်ကုမ္ပဏီဖြစ်တဲ့ Facebook ကုမ္ပဏီက အိန္ဒိယနိုင်ငံအတွင်း ဒေတာသုံးစွဲမှု မြင့်တက်လာတာကို Facebook နဲ့အတူ ရယူသွားဖို့ Mukesh Ambani ရဲ့ Jio ဆက်သွယ်ရေးအခြေခံမှတဆင့် လုပ်ဆောင်သွားဖို့အတွက် အမေရိကန်ဒေါ်လာပေါင်း ၆ ဘီလီယံ (ရူပီးငွေ ကုဋေပေါင်း ၄၃,၅၇၄) ရင်းနှီးမြှပ်နှံခဲ့ပြီးနောက် လအနည်းအကြာမှာ ပေါ်ထွက်လာခြင်းလဲဖြစ်ပါတယ်။ Amazon ကုမ္ပဏီကလည်း နောက်ထပ် ဒေါ်လာ ၁ ဘီလီယံရင်းနှီးမြှပ်နှံမှုကို ယခုနှစ်အတွင်း ကြေညာခဲ့ပြီး၊ အစောပိုင်းကလည်း ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှပ်နှံကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။ Google ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံအတွင်း ထုတ်လုပ်တဲ့ ထုတ်ကုန်အနည်ဆုံး ၈ မျိုးကို ကြေညာခဲ့ပြီး၊ အဲသည့် ထုတ်ကုန်တွေကို တကမ္ဘာလုံး ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ရင်းနှီးမြှပ်နှံမှုတွေထဲမှာ ဆက်သွယ်ရေးကုမ္ပဏီတခုရဲ့ စီးပွားရေးတွက်ချက်မှုအရ အကုန်အကျသက်သာစေမည့် အခြေခံအဆောက်အအုံ တည်ဆောက်မှုတို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း Mr Pichai က ပြောဆိုသွားခဲ့ပါတယ်။ အချုပ်အားဖြင့် နှစ်ပတ်လည်အခမ်းအနားသို့ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်မှုကြောင့် လာရောက်ပါဝင်သူ လျော့ကျခဲ့ရင်လဲ၊ Google ကုမ္ပဏီရဲ့ ကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှုဟာ ကြံ့ကြံ့ခံနိုင်ရည်ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးထဲကို တိုးဝင်လာခြင်းဘဲဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”