ဝန်ကြီးချုပ်သည် Garib Kalyan Anna Yojana စီမံကိန်း ဆက်လက်တိုးချဲ့မှုကို ကြေညာလိုက်ခြင်း

ဒီနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတဲ့ ‘ဝန်ကြီးချုပ်သည် Garib Kalyan Anna Yojana စီမံကိန်း ဆက်လက်တိုးချဲ့မှုကို ကြေညာလိုက်ခြင်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ဒုတိယအကြိမ် လော့ဒေါင်းပိတ်ဆို့မှု ဖွင့်လှစ်ချက်အစမတိုင်မီလေးမှာတင်ပဲ ဝန်ကြီးချုပ် Narendra Modi ဟာ နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံအတွင်း မုတ်သုံရာသီ စတင်နေပြီဖြစ်ကာ ဒီရာသီနှင့်အတူ နာမကျန်းဖြစ်မှုတွေ ဖြစ်ပေါ်လာနိုင်ပြီး ဒီကာလအတွင်းမှာ ကိုယ်တိုင် အထူးဂရုစိုက်မှုတွေပြုလုပ်ကြဖို့ အိန္ဒိယနိုင်ငံသားအားလုံးကို ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ကိုရိုနာကြောင့် သေဆုံးမှုနှုန်းကိုအကဲဖြတ်လျှက် အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့နိုင်ငံအများအပြားနှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့အနေအထားမှာရှိကြောင်း ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ လော့ဒေါင်းပိတ်ဆို့မှုတွေနှင့် တခြားဆုံးဖြတ်ချက်တွေ အချိန်မီ ချမှတ်မှုတို့ဟာ ပြည်သူတွေ သန်းပေါင်းများစွာတို့ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပြီး အစောပိုင်းကလည်း မျက်နှာဖုံးစွပ်ခြင်း၊ တယောက်နှင့်တယောက် ခတ်ခွာခွာနေခြင်းတို့အပြင် လက်တွေကို စက္ကန့် ၂၀ ကြာ ဆေးကြောခြင်းတို့နှင့် ဂရုတစိုက် လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့ကာလမှာတော့ သတိမမူ လျစ်လျူရှုမှုတွေဟာ စိုးရိမ်ဖွယ်အချက် ဖြစ်လာနေတာကြောင့် ပိုပြီး ဂရုပြုသွားကြဖို့ လိုအပ်ပါတယ်။

မုတ်သုံမိုး ရွာသွန်းမှုအပြီးမှာပဲ အိန္ဒိယနိုင်ငံအတွင်း ပွဲတော်ရာသီတွေ ရောက်လာမှာဖြစ်ပြီး အသုံးစရိတ်လို လိုအပ်ချက်တွေ တိုးများလာမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ ဒါတွေကို စိတ်မှာရည်သန်ပြီး Pradhan Mantri Garib Kalyan Anna Yojana စီမရိကန်းကို နိုဝင်ဘာလကုန်ပိုင်း ဒေဝါလီနှင့် Chhath Puja ပွဲတော်ကာအထိ တိုးမြှင့်သွားဖို့ ဆုံးဖြတ်ကြောင်း ဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။

PM Garib Kalyan Anna Yojana တိုးမြှင့်မှုနှင့်အတူ ရူပီးငွေ ကုဋေပေါင်း ၉ သောင်းကျော်ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီကနေ့ အစိုးရဟာ လိုအပ်နေသူတွေနှင့် ဆင်းရဲချို့တဲ့သူတွေအတွက် အခမဲ့ ရိက္ခာတွေ ပေးအပ်နိုင်မယ်ဆိုရင် ဒီအတွက် ပေးမှတ်တွေဟာ ကဏ္ဍ ၂ ခုစီကို သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ တခုကတော့ အလုပ်ကြိုးစားကြတဲ့ တောင်သူလယ်သမားတွေဖြစ်ပြီး ဒုတိယအနေနှင့်ကတော့ မိမိတို့နိုင်ငံရဲ့ အခွန်အခပေးဆောင်နေတဲ့ ရိုးသားစွာကြိုးစားနေကြသူတွေ ဖြစ်ကြပါတယ်။ န်ိုင်ငံတော်အနေနှင့် ဒီလိုလုပ်ဆောင်နိုင်တာဟာ ၎င်းတို့ရဲ့ ကြိုးပမ်းမှု၊ ပေးဆပ်မှုတွေကြောင့် ဖြစ်ပါတယ်။ တောင်သူတွေဟာ နိုင်ငံတော်ရဲ့ ဂိုဒေါင်တွေကို ဖြည့်ဆည်းနေကြတာကြောင့် ဆင်ရဲသားတွေရဲ့ မီးဖိုမှာ စားစရာတွေ ရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အနေနှင့် ယခုလို အကျပ်အတည်းကြီးမျိုးကို အောင်မြင်စွာနှင့် ကိုင်တွယ်နေနိုင်တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟာ တောင်သူလယ်သမားတွေနှင့် အခွန်ပေးဆောင်ကြသူတွေကို နက်ရှိုင်းစွာ လေးစားအသိအမှတ်ပြုကြောင်း ဖော်ပြခဲ့ပါတယ်။

လာမယ့်ရက်တွေမှာလည်း အိန္ဒိယနိုင်ငံဟာ ဆင်းရဲချို့တဲ့သူတွေ၊ မတိုးတက်သေးသူတွေနှင့် လူ့ဘောင်အဖွဲ့အစည်းရဲ့ နောက်ကျကျန်နေသူတွေကို အခွင့်အာဏာပေးဖို့ ကြိုးပမ်းချက်တွေ နောက်ထပ် တိုးတက်မြှင့်တင်သွားမှာဖြစ်ပါတယ်။ လိုအပ်တဲ့ ကြိုတင်သတိပြုချက်တွေအားလုံး လုပ်ဆောင်ပြီး အိန္ဒိယဟာ နိုင်ငံရဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေကို ထပ်မံတိုးမြှင့်သွားရမှာဖြစ်ပါတယ်။ မိမိတို့လုပ်ရမှာက Atmanirbhar Bharat အတွက် မနားတမ်းလုပ်သွားရမှာဖြစ်ပြီး ဒေသခံတွေ သဟဇာတကျစေဖို့ ဖြစ်ပါတယ်။ ဒီမျှော်မှန်းချက်နှင့် စိတ်ပိုင်းဖြတ်ချက်တို့ဖြင့် နိုင်ငံရဲ့ သန်းပေါင်း ၁ ထောင့်၊ ၃ ရာရှိသော ပြည်သူလူထုတို့ဟာ အတူတကွထမ်းဆောင် ချီတက်သွားရမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Kaushik Roy ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”