ခေတ်သစ်လမ်းကြောင်းဆီသို့ လျဉ်မြန်စွာရွှေ့လျားနေတဲ့ အိန္ဒိယမီးရထား
သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဆောင်းပါးရှင် သတင်းထောက် Yogesh Sood ဝေဖန်ရေးသားပေးပို့ထားတဲ့ “ခေတ်သစ်လမ်းကြောင်းဆီသို့ လျဉ်မြန်စွာရွှေ့လျားနေတဲ့ အိန္ဒိယမီးရထား” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
အိန္ဒိယမီးရထားဟာ ၂၀၃၀ ခုနှစ်အရောက်မှာ ကာဘွန်ထုတ်လွှင့်မှု သုညအမှတ်နဲ့ ပြည့်ဝတဲ့ စိမ်းလမ်းစိုပြေရေးကို သံလမ်းနှစ်ခုအကွာအား လျှပ်စစ်ဓာတ်အားသုံးစနစ်ကို ပြောင်းလဲခြင်း၊ စွမ်းအင်လုံလောက်မှုကို သက်သေပြခြင်းနဲ့ ပြန်လည်ဆန်းသစ်နိုင်တဲ့ စွမ်းအင်ကို ပြောင်းလဲအသုံးပြုခြင်းအပါအဝင် စီးမံကိန်းအများအပြားတို့ကတဆင့် ဖော်ဆောင်သွားနိုင်ဖို့အတွက် ရည်မှန်းထားပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအရောက်မှာ ရထားလမ်းအားလုံးရှိ သံလမ်းနှစ်ခု အကွာအဝေးမှာ လျှပ်စစ်ဓာတ်အားသုံးစနစ်ကို ပြောင်လဲသွားဖို့ကိုလည်း စီမံချမှတ်ထားပြီးဖြစ်ပါတယ်။ ရထားကို လျှပ်စစ်ဓာတ်အားသုံးစနစ်ကို ပြောင်လဲခြင်းမှာ၊ ရထားများနဲ့ ရထားစက်ခေါင်းများကို လုံလောက်တဲ့ စွမ်းအင်များရရှိအောင် လုပ်ဆောင်ခြင်း၊ တည်ဆောင်ပြုပြင်ခြင်း၊ တည်ဆောက်ခြင်းနဲ့ ဘူတာရုံများကို စိမ်းလမ်းစိုပြေမှုရစေခြင်း၊ ရထားတွဲများရှိ ရေအိမ်များကို ဇီဝအခြေပြု ရေအိမ်များ တည်ဆောက်ခြင်း၊ ကာဘွန်ထုတ်လုပ်မှု သုညအမှတ်ရှိရေး ရည်မှန်းချက်ပြည့်မီစေဖို့ ပြန်လည်ဆန်းသစ်စေနိုင်တဲ့ စွမ်းအင်အရင်းအမြစ်များကို ပြောင်းလဲအသုံးပြုခြင်းတို့ ဘဲဖြစ်ပါတယ်။
မကြာသေးတဲ့အချိန်ကဘဲ အိန္ဒိယစက်မှုလုပ်ငန်းရှင်များကို ရထားဝန်ကြီးဌာနဝန်ကြီး Piyush Goyal က အမှာစကားပြောကြားခဲ့ရာမှာ ယခုလိုပြောဆိုသွားခဲ့ပါတယ်၊ “မီးရထားဝန်ဆောင်မှုက လာမယ့် ၃ နှစ်ခွဲကာလမှာ ၁၀၀% လျှပ်စစ်ဓာတ်အားသုံးစနစ်ကို ပြောင်လဲ အသုံးပြုသွားမှာဖြစ်ပြီး၊ လာမယ့် ၉ နှစ်မှ ၁၀ နှစ်အတွင်း ကာဘွန်ဓာတ်ထုတ်လွှင့်မှု သုညအမှတ်ရောက်ရှိမှာဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ်အရောက်မှာတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး သန့်ရှင်းတဲ့ မီးရထားဝန်ဆောင်မှုကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်လာပြီး ကွန်ုပ်တို့အားလုံးဟာ ဝမ်းမြောက် ဂုဏ်ယူနေရတဲ့ နိုင်ငံသားတွေဖြစ်လာပါမယ်။ ဝန်ကြီးချုပ်က ‘နေတလုံး၊ ကမ္ဘာတခု၊ လျှပ်စစ်ကွန်ယက်တခု’ မူဝါဒကို မြင့်တင်နေပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြန်လည်ဆန်းသစ်နိုင်တဲ့ စွမ်းအင်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဦးဆောင်နေရာကို ရယူထားပါတယ်။ နိုင်ငံတကာ နေရောက်ခြည်သုံး လျှပ်စစ်စွမ်းအားကွန်ယက်ကို ပြောင်းလဲသွားဖို့ဟာ ကျွန်ုပ်တို့ကြိုးပမ်းလုပ်ဆောင်နေတဲ့ အရာဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
များပြားလှတဲ့ အရင်းအမြစ်တွေနဲ့ စွမ်းဆောင်နိုင်မှု၊ စည်းကမ်းပြည့်ဝတဲ့ လုပ်သားအင်အားကိုပိုင်ဆိုင်ထားတဲ့ မီးရထားကဏ္ဍဟာ အိန္ဒိယနိုင်ငံအတွင်း COVID-19 တိုက်ဖျက်ရေးမှာ လိုအပ်နေတဲ့ အရာတွေကို လျဉ်မြန်မှု၊ လိမ္မာပါးနပ်မှုများနဲ့ အဆင်ပြေအောင် ပံ့ပေးလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ရထားကဏ္ဍမှ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်လုပ်ဆောင်နေပြီး၊ လယ်ယာစိုက်ပျိုးရေးသီးနှံမျိုးစေ့များ၊ နွားနို့နှင့် နို့ထွက်ပစ္စည်းများ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ တကိုယ်ရေကာကွယ်ပေးသည့် ဝတ်စုံ (PPE) အပါအဝင် ဆေးဝါးပစ္စည်းများအစရှိတဲ့ ကုန်ပစ္စည်းများကို သယ်ပို့ပေးပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ကူညီပေးခဲ့ပါတယ်။ အိန္ဒိယမီးရထားဟာ ၎င်းရဲ့ များပြားလှတဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး၊ PPE တွေ၊ အသက်ရူစက်တွေ၊ ဆေးရုံကုတင်တွေနဲ့ COVID-19 သီးသန့် ရထားတွဲတွေကို ထုတ်လုပ်ခဲ့ပါတယ်။ ဝေးလံခေါင်သီတဲ့ နယ်မြေဒေသများသို့ စားသောက်ကုန်များနဲ့ စာနပ်ရိက္ခာများကိုလည် သယ်ယူပို့ဆောင်ပေးနေပါတယ်။ SETU မစ်ရှင်ဖော်ဆောင်မှုအောက် Anaconda ရထားဟု အမည်ပေးကာ ခုတ်မောင်းပြေးဆွဲသည့် ရထားမှာ သာမှန်ရထားထက် ၃ ဆမျှ ပိုမိုရှည်လျားပြီး၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုကဏ္ဍတွင် လစ်ဟာသွားမှုကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါဟာ အိန္ဒိယရထားဝန်ဆောင်မှုကို အခြားသော နည်းပညာအခြေခံ အွန်လိုင်းမှ ဝန်ဆောင်မှုတွေထက် သပန်းသာအောင် လုပ်ဆောင်စေနိုင်ခဲ့ပါတယ်။
နိုင်ငံအတွင်းက လည်ပတ်လုပ်ဆောင်နေသည့် လုပ်ငန်းများတွင် အကြီးမားဆုံးဖြစ်သည့် အိန္ဒိယမီးရထားသည်၊ ခရီးသည်များနှင့် ကုန်များကိုသာ သယ်ယူပို့ဆောင်ပေးနေတဲ့ ရထားမဟုတ်တော့ဘဲ၊ ဆေးရုံများနှင့် ကျောင်းများ ကဲ့သို့သော လူမှုအဖွဲ့အစည်းများအတွက် ဝန်ဆောင်မှုပေးနေတဲ့ ရထားဖြစ်လာပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၈ ခုနှစ်ဆိုင်ရာ စစ်တမ်းထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံမှာ မီးရထားလမ်းအရှည်ဟာ ၆၈,၄၄၃ ကီလိုမီတာရှိကြောင်း ပြောဆိုထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မီရထားကွန်ယက်ဟာ အမေရိကန်၊ တရုတ်၊ ရုရှားနိုင်ငံတို့နဲ့အတူ ကမ္ဘာ့ပေါ်မှာ အကြီးမှားဆုံး မီးရထားကွန်ယက် ၄ ခုမှာ ပါဝင်နေပါတယ်။ အိန္ဒိယမီးရထားဝန်ကြီးဌာနရဲ့ ရထားဝန်ဆောင်မှုမှာ အလွှာပေါင်းစုံက ခရီးသည်များအတွက် စီမံထားပြီး၊ ဝေးလံခေါင်သီတဲ့ နေရာတွေအထိ ဆက်သွယ်ရောက်ရှိပါတယ်။ အိန္ဒိယမီးရထားဟာ ရထားဆက်သွယ်မှုကွန်ယက် ကီလိုမီတာပေါင်း ၄၀,၀၀၀ ကျော်ကို လျှပ်စစ်ဓာတ်အားသုံးစနစ်သို့ ပြောင်းလဲသုံးစွဲနိုင်အောင် တည်ဆောက်ထားပြီးဖြစ်ပါတယ်။ ရထားတွဲ ခေါင်မိုးတွေပေါ်မှာတပ်ဆင်ထားတဲ့ နေရောင်ခြည်သုံး လျှပ်စစ်ပြားမှတဆင့် လျှပ်စစ်ဓာတ်အား ဖြစ်နိုင်ခြေရှိတဲ့ မီဂါဝပ် ၅၀၀ အထိ ထုတ်လုပ်သုံးစွဲသွားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အိန္ဒိယမီးရထားဝန်ကြီးဌာနဟာ နောက်ထပ်ရထားပေါင်းများစွာကို ထပ်မံပြေးဆွဲသွားနိုင်ဖို့ ခေတ်မီနည်းပညာကို တိုးမြင့်အသုံးပြုသွားဆို့ ဆုံးဖြတ်ထားပါတယ်။ ယင်းကဲ့သို့သော စီမံကိန်းတွေထဲမှာ Real Time Train Information System (RTIS) လည်းပါဝင်ပြီး၊ အဲဒါက ရထားစက်ခေါင်းမှာ တပ်ဆင်ထားတဲ့ GPS ကိရိယာမှတဆင့် ရထားရောက်ရှိနေတဲ့ နေရာကို သိရှိနိုင်မှာဖြစ်ပါတယ်။ မကြာသေးခင်ကဘဲ အိန္ဒိယမီးရထားဝန်ကြီးဌာနဟာ ခရီးသည်တင် ရထားဝန်ဆောင်မှုကို လုပ်ကိုင်ရာမှာပါဝင်လုပ်ဆောင်ဖို့ ပုဂ္ဂလိက လုပ်ငန်းတွေကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရထားဝန်ဆောင်မှုမှာ ပုဂ္ဂလိကလုပ်ငန်းတွေ ပါဝင်လုပ်ဆောင်နိုင်ဖို့ ခေတ်မီရထားအစင်းပေါင်း ၁၅၁ စင်းတို့ကိုအသုံးပြုပြီး ဘူတာရုံပေါင်း ၁၀၉ ခုတို့ကို ပြေးဆွဲသွားနိုင်မယ့် ဝန်ဆောင်မှုကို ဝင်ရောက်လုပ်ကိုင်နိုင်ဖို့အတွက် အိန္ဒိယရထားဝန်ကြီးဌာနက လမ်းဖွင့်ပေးလိုက်ပါတယ်။ ရှိနေပြီးသား မီးရထားအခြေခံအဆောက်အအုံပေါ်မှာ ပြေးဆွဲနိုင်မယ့် ခေတ်မီရထားကို ယူဆောင် ချပေးနိုင်မယ့် သူများကိုလည်း အရည်အသွေးပြည့်မီတဲ့ တောင်းဆိုတင်ပြမှုတွေ လုပ်ဆောင်သွားဖို့ ရထားဝန်ကြီးဌာနက ဖိတ်ခေါ်ခဲ့ပါတယ်။ လက်ရှိဖော်ဆောင်လိုက်တဲ့ ခရီးသည်တင်ရထားဝန်ဆောင်မှုအတွက် ယှဉ်ပြိုင်စေမှုတွေဟာ မီးရထားအသစ်တွေကို ယူဆောင်လာစေမည်ဖြစ်ပြီး၊ ခန့်မှန်းခြေ ရင်းနှီးမြှပ်နှံမှုတန်ဖိုး ရူပီးငွေ ၃၀ ဘီလီယံလောက်အထိကို စွဲဆောင်သွားနိုင်မှာဖြစ်ပါကြောင်း ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment