လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှုဆီကို ချဉ်းကပ်သွားနေတဲ့ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံ
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဥရောပသမဂ္ဂအရေးဆိုင်ရာ နည်းဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားပေးပို့ထားတဲ့ “လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှုဆီကို ချဉ်းကပ်သွားနေတဲ့ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် (FTA) ကို စေ့စပ်ညှိနှိုင်းဖို့ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတို့က ကြေငြာလိုက်တာနဲ့အတူ နှစ်နိုင်ငံအကြားစီးပွားရေး ဆက်ဆံမှုများဟာ တိုးမြှင့်ကြီးထွားလာဖို့ အလားအလာရှိကြောင်း ပြသခဲ့ပါတယ်။ ယင်းသဘောတူညီချက်နှင့် ပတ်သက်ပြီး၊ နှစ်နိုင်ငံတို့အကြား အွန်လိုင်ပေါ်မှတဆင့် ကျင်းပခဲ့တဲ့ ၁၄ ကြိမ်မြောက် စီးပွားရေးနဲ့ ကုန်သွယ်ရေးကော်မတီ (JETCO) အစည်းအဝေးပွဲတွင် ပြောဆိုဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲသည့် ဆွေးနွေးပွဲကို အိန္ဒိယ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး Piyush Goyal နဲ့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ အတွင်းဝန် Elizabeth Truss တို့က ပူးတွဲ သာဘာပတိအဖြစ်ဆောင်ရွက်ကာ ကျင်းပခဲ့တာဖြစ်ပါတယ်။ နောက်ဆက်တွဲလုပ်ဆောင်ချက် အနေနဲ့ ယင်းရည်မှန်းချက်ပြည့်မီဖို့အတွက် အားထုတ်မှုတွေကို တိုးမြှင့်သွားဖို့ အလုပ်အဖွဲ့များက သဘောတူညီချက်မှ အချို့ကို အကျိုးရလဒ်တွေ စောစီးစွာ အကောင်အထည်ဖော် ရရှိသွားနိုင်ဖို့အတွက် မကြာခဏ ကြားဖြတ်တွေ့ဆုံပွဲတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်ဝန်ကြီးများရဲ့ လစဉ်အစည်းအဝေးပွဲများနဲ့ Mr Goyal နှင့် Ms. Truss တို့အကြား အစည်းအဝေးပွဲကိုလည်း ဒီနှစ်အတွင်း နယူးဒေလီမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
အစည်းအဝေးပွဲကနေ ထုတ်ပြန်လိုက်တဲ့ကြေညာချက်ထဲမှာ နှစ်နိုင်ငံ ပူးတွဲကုန်သွယ်ရေး သုံးသပ်ချက်မှတဆင့် ဖော်ထုတ်ထားတဲ့ အဓိကဦးစားပေး ကုန်သွယ်ရေးတွေကို ဖော်ပြလိုက်ပါတယ်။ အဓိကဦးစားပေး လုပ်ဆောင်သွားမဲ့ ကုန်သွယ်ရေး နယ်ပယ်တွေကတော့ သက်ရှိ သိပ္ပံပညာနှင့် ကျန်းမာရေး၊ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ၊ အစားအသောက်၊ ဓာတုပစ္စည်းများနှင့် ဝန်ဆောင်မှုများဖြစ်သည်။
ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရဲ့ ကုန်သွယ်မှု စစ်တမ်းများအရ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ဗြိတိန်နိုင်ငံနဲ့ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄.၄၉၇ ဘီလီယံရှိကြောင်း ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုဟာ ၂၇% တိုးမြှင့်ခဲ့ကြောင်း နှစ်ဖက်စလုံးက မှတ်သားခဲ့ကြရင်လည်း၊ နှစ်နိုင်ငံကုန်သွယ်မှုဟာ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၆.၈၇ ဘီလီယံရှိရာမှ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဒေါ်လာ ၁၅.၅ ဘီလီယံသို့ လျော့ကျသွားခဲ့ကြောင်း မှတ်သားသင့်ပါတယ်။ အခုလိုလျော့ကျသွားတာက COVID-19 ကူးစက်ပျံ့နှံ့မှု ဂယက်ကြောင့်ဘဲဖြစ်ပါတယ်။ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့အတူ ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်တော့တဲ့ ဗြိတိန်နိုင်ငံဟာ ဘယ်နိုင်ငံနဲ့မဆို အတားအဆီးမရှိ သီးသန့်ဆွေးနွေးညှိနှိုင်းနိုင်ခွင့်ရရှိခဲ့ပြီးဖြစ်ကာ၊ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုတွေကို အောင်မြင်စွာ စတင်အကောင်အထည်ဖော်နေနိုင်ပြီဖြစ်ပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်က ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ဟာ သူရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာ ကတိပြုပြောကြားခဲ့တာကတော့ ‘စစ်မှန်တဲ့ အထူး ဗြိတိန်-အိန္ဒိယ ဆက်ဆံရေးရဲ့ အစိတ်အပိုင်းအဖြစ် သစ်လွင်မှုနဲ့ တိုးတက်တဲ့ နှစ်နိုင်ငံကုန်သွယ်ရေး ဆက်ဆံမှုကို’ ဖော်ဆောင်သွားဖို့ ပြောကြားခဲ့ပါတယ်။ Brexit အလွန်ကာလမှာ ကုန်သွယ်ရေးတိုးချဲ့ဖို့နဲ့ မိတ်ဖက်ကဏ္ဍအသစ်များ ရှာဖွေသွားဖို့အတွက် ကြိုးပမ်းရှာဖွေနေတဲ့ ဗြိတိန်နိုင်ငံအတွက် အိန္ဒိယစျေးကွက်ဟာ ကြီးမားတဲ့အခွင့်အလမ်းတခုအဖြစ် ကိုယ်စားပြုနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ဗြိတိန်နိုင်ငံအတွက် Brexit အလွန်ကာလ စီးပွားရေးလုပ်ငန်းများကို အကောင်းဆုံးလုပ်ဆောင်နိုင်မယ့် နေရာဖြစ်ပြီး၊ နိုင်ငံအတွင်းလည်ပတ်နေတဲ့ ကုမ္ပဏီပေါင်း ၈၀၀ ကျော်ဟာ ကုမ္ပဏီအမြတ်ခွန် ပေါင် ၄၆၀ သန်းကျော် ပေးဆောင်နေပါတယ်။ အဲဒါကြောင့် ကတိကဝတ်တွေဟာ FTA က လမ်းကြောင်းမှန်ပေါ်ကိုရောက်ဖို့ ခြေလှမ်းတစ်ခုဖြစ်ကြောင်း သဘောပေါက်ပြီး ချင်းကပ်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် သဘောတူညီချက်ရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝ နားလည်သဘောပေါက်ဖို့အတွက် အိန္ဒိယနိုင်ငံဖက်က ကုမ္ပဏီအမြတ်ခွန်နှုန်းထားများ လျှော့ချခြင်း၊ ဒေတာ သီးခြားလွတ်လပ်ခွင့်နဲ့ စီးပွားရေးလုပ်ဆောင်မှုများကို လွယ်ကူစေခြင်း စတာတွေကို လုပ်ဆောင်သွားဖို့ မျှော်လင့်ထားပါတယ်။ ရင်းနှီးမြှပ်နှံသူများကို မျက်နှာသာပေးတဲ့ ပေါ်လစီ မူဝါဒများဟာ ရင်းနှီးမြှပ်နှံသူအသစ်များနှင့် နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံသူများကို နိုင်ငံသို့ ပြန်ဝင်လာဖို့ စွဲဆောင်နိုင်မည်ဖြစ်ပြီး၊ လွန်ခဲ့သောနှစ်များအတွင်း ထွက်ခွာသွားခဲ့ကြသော ကြီးမားတဲ့အရင်းအနှီးပိုင်ရှင် တသီးပုဂ္ဂလတွေကို ပြန်လည်စွဲဆောင်သွားနိုင်မှာဖြစ်ပါတယ်။ အခြားတဖက်မှာတော့ အိန္ဒိယနိုင်ငံဟာ ဆရာဝန်များ၊ အင်ဂျင်နီယာများနဲ့ အိုင်စီတီ ပညာရှင်များကဲ့သို့သော ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ ပညာရှင်များ ဝင်ရောက်လုပ်ကိုင်ခွင့်များအတွက် ဗြိတိန်နိုင်ငံနဲ့ FTA ဆွေးနွေးညှိနှိုင်းမှုမှာ ငြင်းခုံနေရပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဗြိတိန်နိုင်ငံက ဆုံးဖြတ်ကြေညာခဲ့တဲ့ ကျောင်းပြီးသွားတဲ့ နိုင်ငံတကာ ကျောင်းသူကျောင်းသားများအတွက် အလုပ်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ၂ နှစ်နဲ့ ကျွမ်းကျင်မှု အချက်အလက်များကို အခြေခံတဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်အသစ်တွေက အဆိုပါချိတ်ဆက်မှုမှာ တိုးတက်ဖွံ့ဖြိုးလာဖို့အတွက် အားတက်စရာတွေဘဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဗြိတိန်နိုင်ငံအတွင်း ၎င်းလိုဘဲ အလားတူ လုပ်ကိုင်နေတဲ့ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက၊ လုပ်သားအင်အားသုံးတဲ့ အထည်အလိပ်နဲ့ အဝတ်အထည်လုပ်ငန်းများအတွက် အရှုံးမဖြစ်စေဘဲ အကောင်းဆုံးအနေအထားရှိကြောင်း ပြောဆိုနေပါတယ်။
ဘုံအားသာချက်များကို ဖော်ထုတ်ခြင်း၊ စီးပွားရေးအပြန်အလှန်ချိတ်ဆက်မှုများ လုပ်ဆောင်ခြင်း၊ ကုန်သွယ်မှုကို တိုးချဲ့ခြင်းနဲ့ FTA ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ အတားအဆီးတွေကို လျှော့ချခြင်းတို့ဟာ အိန္ဒိယ-ဗြိတိန် စီးပွားရေးဆက်ဆံမှုကို အဆင့်သစ်တခုသို့ မြှင့်တင်ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ခြေလှမ်းတွေဘဲဖြစ်ပါတယ်။ Brexit အလွန်ကာလမှာ အိန္ဒိယနိုင်ငံဟာ သိသာထင်ရှားတဲ့ ကုန်သွယ်ဖက်နိုင်ငံဖြစ်လာကြောင်း ဗြိတိန်နိုင်ငံက ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson သည် Brexit အလွန်ကာလ ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို နောက်ဆုံးရက်သတ်မှတ်ထား တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီအတွင်း ရရှိသွားဖို့ မျှော်လင့်ထားပါတယ်။ ထည့်သွင်းစဉ်းစားထားတဲ့ အချက်များအရ FTA အတွက် ပြင်ဆင်မှုမှာ အမှန်တကယ်အကောင်အထည်မဖော်မီ ဆွေးနွေးဖို့နဲ့ ဖြေရှင်းဖို့ အကြောင်းအရာများစွာ ရှိနေပါတယ်။ ဒါပေမယ့် ထိရောက်စွာအကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် အဲဒါဟာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေမှာဖြစ်ပြီး၊ အဆင့်သစ်တနေရာကို ခေါ်ဆောင်သွားနိုင်မှာဘဲဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment