ပါရီသဘောတူညီချက်အရ ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ဆက်လက်တိုးမြင့်သွားရန် ချမ်းသားသည့်နိုင်ငံများအား အိန္ဒိယက တိုက်တွန်းလိုင်းခြင်း
သောတရှင်များခင်ဗျား သည်ကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်သတင်းထောက် ဆောင်းပါးရှင် K V Venkatasubramanian ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါရီသဘောတူညီချက်အရ ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ဆက်လက်တိုးမြင့်သွားရန် ချမ်းသားသည့်နိုင်ငံများအား အိန္ဒိယက တိုက်တွန်းလိုင်းခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်တင်ပြသွားမှာဖြစ်ပါတယ်။
ယခုအချိန်ကစပြီး ၅ လအကြား ဒီဇင်ဘာလအရောက်မှာတော့ နိုင်ပေါင်း ၁၉၇ နိုင်ငံက ညှိနှိုင်းဆွေးနွေးပြီး သဘောတူခဲ့ကြတဲ့ သမိုင်းဝင် ပါရီသဘောတူညီချက် ဖော်ဆောင်ခဲ့တဲ့ ၅ နှစ်ပြည့်မြောက်သည့် နှစ်ဖြစ်လာပါမယ်။ အဲသည့် သဘောတူညီချက်ဟာ ကမ္ဘာ့လုံးဆိုင်ရာ အပူချိန်မြင့်တက်မှုကို စက်မှုလုပ်ငန်းခေတ်မတိုင်မီ အချိန်က အဆင့်အတိုင်း ၂ ဒီဂရီဆဲလ်စီးယပ် ထက်ရော့နည်းအောင်လုပ်ဆောင်ရေးနှင့် ၁.၅ ဒီဂရီ ဆဲလ်စီးယပ်ထက်မပိုအောင် လုပ်ဆောင်ရေးကို ပစ်မှတ်ထားပါတယ်။ အဲသည့် ရည်မှန်းချက်ပြည့်မီနိုင်ဖို့အတွက် ယင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတိုင်းဟာ ၎င်းတို့တနိုင်ငံချင်းစီရဲ့ လုပ်ငန်းအစီအစဉ်များကို တင်ပြရမှာဖြစ်ပြီး၊ လေထုညစ်ညမ်းမှုကို လျော့ချခြင်းနဲ့ ရည်မှန်းထားတဲ့ အဆင့်ကိုရောက်ရှိဖို့အတွက် အသေးစိတ်အချက်အလက်များကို လိုက်နာလုပ်ဆောင်သွားရေးဘဲ ဖြစ်ပါတယ်။
အဲသည့်သဘောတူညီချက်အောက် ချမ်းသာတဲ့နိုင်ငံတွေဟာ ဖွံ့ဖြိုးစဲနိုင်ငံတွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အသုံးပြုဖို့အတွက် ငွေကြေးနဲ့ နည်းပညာထောက်ပံ့ကူညီသွားဖို့ဘဲ ဖြစ်ပါတယ်။
ပါရီသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော် လုပ်ဆောင်ရေးအတွက် နှစ်စဉ်နှစ်တိုင်း အစည်းအဝေးပွဲ ပြုလုပ်ပြီး၊ လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရေးတို့မှာ နိုင်ငံရေးကတိကဝတ်တွေကို ချပြခြင်းဘဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကျရောက်နေတဲ့ ယခုနှစ် အစည်းအဝေးပွဲရဲ့ အပိုင်း ၄ ကိုတော့ အွန်းလိုင်းကဆင့် လုပ်ဆောင်သွားတာဖြစ်ပြီး၊ ဥရောပသမဂ္ဂအဖွဲ့၊ တရုတ်နှင့် ကနေဒါနိုင်ငံတို့က ပူးတွဲကာ ကြီးမှူးကျင်းပခဲ့တာဖြစ်ပါတယ်။
စတုတ္ထအကြိမ်မြောက်ပြုလုပ်တဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးများအစည်းဝေးပွဲ (MoCA) တို့ တက်ရောက်ပါဝင်မည်သူများတွင် နိုင်ငံပေါင်း ၃၀ မှ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ G-20 အဖွဲ့အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းမှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညှိနှိုင်းလုပ်ဆောင်ရေး အဓိကအဖွဲ့တို့မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြပါတတယ်။ အစည်းအဝေးပွဲမှာ နိုင်ငံတွေအနေနဲ့ ပါရီသဘောတူညီချက်အတိုင်း ၎င်းတို့နိုင်ငံအတွင်းက စီးပွားပြန်လည်ထူထောင်ရေး စီမံကိန်းတွေကို ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအား မပျက်မကွက်လုပ်ဆောင်မှုနှင့်အတူ မည်သို့ ဖော်ဆောင်နေကြောင်း အမြင်ချင်းဖလှယ်တာတွေကို ကြားနာသွားတာဖြစ်ပါတယ်။ အစည်းအဝေးပွဲမှာ စိမ်းလမ်းစိုးပြေရေး ဖော်ဆောင်မှုဟာ အဓိကအခန်းကဏ္ဍတခုအဖြစ် ရှိခဲ့ပါတယ်။
အစည်းအဝေးပွဲသို့ အိန္ဒိယနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် ဗဟိုအစိုးရ သဘာဝပတ်ဝန်းကျင် သစ်တောနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဝန်ကြီး Prakash Javadekar က တက်ရောက်ပါဝင်ခဲ့ပါတယ်။ UNFCCC နှင့် ပါရီသဘောတူညီချက်အရ ဖွံ့ဖြိုးပြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများကို ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ဆက်လက်တိုးမြင့်ပေးအပ်သွားဖို့ အိန္ဒိယက တိုက်တွန်းပြောကြားခဲ့ပါတယ်။ ကတိပေးထားတဲ့ ၂၀၂၀ ခုနှစ်အရောက် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ထည့်ဝင်ကြရန် ပြောဆိုထားမှု ပြည့်မီခြင်းမရှိသေးကြောင်းကို အိန္ဒိယနိုင်ငံက ထောက်ပြပြောဆိုခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်ပြီး အင်တိုက်အားတိုက်လုပ်ဆောင်နိုင်ဖို့ ယခုနှစ်ကုန်ပိုင်းမှာ ကတိပေးထားတဲ့ ငွေကြေးပမာဏကို ထောက်ပံ့ပေးသွားဖို့ အိန္ဒိယနိုင်ငံက မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက မိမိရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေကို ချပြခဲ့ပြီး၊ တခြားနိုင်ငံများကိုလည်း သဘောတူညီချက်အတိုင်း လိုက်နာလုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ နယူးဒေလီအစိုးရဟာ ကမ္ဘာ့ဖိုရမ်ရှေ့မှောက် မိမိရဲ့ စိမ်းလမ်းစိုပြေရေး လုပ်ဆောင်မှုတွေကို ချပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ မိမိရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၀ ခုနှစ်မတိုင်မီ ဓာတ်ငွေ့ထုတ်လွှတ်မှုအား ၂၁ % လျော့ချသွားရေးကို လွန်ခဲ့သော ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ပြည့်မီအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း လောင်စာဆီမသုံးတဲ့ လျှပ်စစ်ဓာတ်အားပေးစနစ် တပ်ဆင်အသုံးပြုခြင်းမှာ ၇.၂ % တိုးတက်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြန်လည်ဆန်းသစ်စေနိုင်တဲ့ စွမ်းအင်ကဏ္ဍမှာ ကမ္ဘာ့လုံးဆိုင်ရာ ဦးဆောင်သူအဖြစ် ရှိလာနေပြီး၊ ယင်းကဏ္ဍမှာ ပိုမိုရင်းနှီးမြှပ်နှံ့လျှက်ရှိပါတယ်။ လွန်ခဲ့သော ၅ နှစ်ကာလအတွင်း အိန္ဒိယနိုင်ငံရဲ့ ပြန်လည်ဆန်းသစ်စေနိုင်တဲ့ စွမ်းအင်ကဏ္ဍဟာ စွမ်းအင်သိုလှောင်နိုင်မှု ၂၂၆% အထိ တိုးမြင့်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဂျီဂါဝပ် ၈၇ ကျော်ရှိပြီး၊ နိုင်ငံရဲ့ ပြန်လည်ဆန်းသစ်စေနိုင်တဲ့ စွမ်းအင်ကဏ္ဍမှ စွမ်းအင်ထုတ်လုပ်မှုကို ဂျီဂါဝပ် ၄၅၀ အထိ တိုးမြင့်ထုတ်လုပ်သွားဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။
အစိုးရဟာ ပြည်သူများကို သန့်ရှင်းသည့် ချက်ပြုတ်ရေး လောင်စာဆီများထောက်ပံ့ပေးခြင်းနဲ့ ကျန်းမာသန်စွမ်းတဲ့ ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စုစုပေါင်း သစ်ပင်နှင့် သစ်တောဖုံးလွှမ်းတဲ့ ဧရိယာဟာ ၈၀၇,၀၀၀ စတုရန်း ကီလိုမီတာရှိပါတယ်။ ဒါဟာ အိန္ဒိယတနိုင်ငံလုံး ပထဝီအနေအထားရဲ့ ၂၅% နယ်မြေ အနေအထားဘဲဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ Unnat Jyoti by Affordable LEDs for All (UJALA) စီမံကိန်းအောက် LEDs လျှပ်စစ်မီးသီး သန်းပေါင်း ၃၆၀ ကို ပေးဝေခဲ့ပါတယ်။ ဒါဟာ တနှစ်လျှင် လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း ၄၇ ဘီလီယံကို သက်သာစေပြီး၊ တနှစ်လျင် ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှင့်မှု တန်ပေါင်း ၃၈ သန်းကို လျော့ချစေနိုင်ခဲ့ခြင်းဘဲဖြစ်ပါတယ်။ DBTL စီမံကိန်းအောက် ကျေးလက်တောရွာဒေသများသို့ LPG ဓာတ်ငွေ့အရည် ဆလင်ဒါပေါင်း သန်း ၈၀ ကို ဖြန့်ဝေပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ကျောက်မီးသွေးဆိုင်ရာ အခွန်ငွေကို ရူပီးငွေ ၄၀၀ ပေးဆောင်ရန် သတ်မှတ်ခဲ့ပြီး ဒါဟာ စိမ်းလမ်းစိုးပြေရေးညှိနှိုင်းလုပ်ဆောင်မှုများက ရှင်းလင်းပြတ်သားစွာ လုပ်ဆောင်မှုတခုဖြစ်ပါတယ်။ အဲသည့်အခွန်ငွေသတ်မှတ်ချက်ဟာ ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် (GST) အောက် ထည့်သွင်းထားပါတယ်။
အိန္ဒိယနိုင်ငံဟာ ပိုမိုသန့်ရှင်းတဲ့ လောင်စာဆီအသုံးပြုဖို့ ကြိုးပမ်းအားထုတ်မှုကိုလည်း မီးမောင်းထိုး ပြသခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ Bharat Stage-IV (BS-IV) မှ Bharat Stage-VI (BS-VI) ဓာတ်ငွေ့ထုတ်လွှင့်မှု စံနှုန်းတို့ ၂၀၂၀ ခုနှစ် ဧပြီလအရောက်မှာ ခုန်တက်သွားခဲ့ပါတယ်။ အစောပိုင်းကာလက ယခုရည်မှန်းချက်ဟာ ၂၀၂၄ ခုနှစ်အရောက်မှာ ရည်မှန်းထားတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ Smart Cities တည်ဆောက်ရေး မစ်ရှင်အောက် ရာသီဥတု Smart Cities Assessment Framework ကိုလည်း ၂၀၁၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ယင်းဖော်ဆောင်မှုရဲ့ ရည်ရွယ်ချက်ကတော့ မြို့ကြီးများနဲ့ မြို့ပြဒေသများမှာ ရာသီဥတုပြောင်းလဲမှုတွေကို လျှော့ချရေးနဲ့ လိုက်လျောညီထွေဖြစ်အောင် စီမံချမှတ်နိုင်ဖို့အတွက် ရှင်းလင်းတဲ့ လမ်းပြမြေပုံကို ချပြရေးဘဲဖြစ်ပါတယ်။
အစည်းအဝေးပွဲဟာ ပါရီသဘောတူညီချက်နှင့်အညီ ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ထူထောင်ရေး အစီအမံကို ဖော်ဆောင်သွားဖို့ နဲ့ အနာဂါတ်မှာဖြစ်ပေါ်လာမဲ့ ကပ်ဘေးကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းသွားနိုင်ရေးတို့ကို အဓိကအာရုံစိုက်ခဲ့တာဖြစ်ပါကြောင်း ဆောင်းပါးရှင် K V Venkatasubramanian ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment