အိန္ဒိယ-တရုတ် နယ်စပ်ဒေသများမှာ တင်းမာမှုများကို လျော့စေခြင်း
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ၊ Jawaharlal Nehru တက္ကသိုလ်မှ ပါမောက္ခဖြစ်သူနဲ့ တရုတ်အရေးလေ့လာဆန်းစစ်ရေး ဗဟိုဌာနမှ Srikanth Kondapalli ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-တရုတ် နယ်စပ်ဒေသများမှာ တင်းမာမှုများကို လျော့စေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
မေလ ၅ ရက်နေ့မှစပြီး ကြီးထွားလာခဲ့တဲ့ Ladakh ဒေသ နယ်စပ်စည်းမျဉ်းနေရာက အိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ တင်းမာမှုတွေဟာ နှစ်နိုင်ငံ အထူးကိုယ်စားလှယ်နှစ်ဦးအကြား ၂ နာရီကြာ နယ်စပ်အရေးကိစ္စကို ပြောဆိုဆွေးနွေးခဲ့ပြီး၊ တင်းမာမှုတွေကို လျော့ချသွားဖို့ သဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာ ကြီးမားတဲ့ သက်သာရာရမှုကို ပေးအပ်ခဲ့ပါတယ်။
အိန္ဒိယ နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ Ajit Doval နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ဟာ နယ်မြေအငြင်းပွားမှုကို ဖြေရှင်းနိုင်ဖို့အတွက်အပါအဝင် နှစ်နိုင်ငံလုံခြုံရေး အရေးကိစ္စအဝဝတို့ကို အွန်လိုင်းပေါ်ကတဆင့် ဆွေးနွေးခဲ့ကြပြီး၊ အဲသည့်ဆွေးနွေးပွဲဟာ အနောက်ပိုင်း နယ်စပ်ဒေသက နှစ်နိုင်ငံ စစ်တပ်ဖွဲ့များအကြား ထိပ်တိုက်ရင်ဆိုင်မှုများကို အစောဆုံးလုံးဝရပ်တန့်ရေးအတွက် နိုင်ငံရေးဆိုင်ရာ လမ်းညွှန်မှုတရပ်ကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဆိုပါကြေညာချက်ဟာ နယ်စပ်ဒေသအတွင်း ထိပ်တိုက်ရင်ဆိုင်မှုကိုရပ်တန့်ချင်းနှင့် တင်းမာမှုကိုလျှော့ချချင်းတို့အား တဆင့်ချင်း ဉာဏ်အမျော်အမြင်ကြီးစွာနဲ့ လုပ်ဆောင်ပြီး ငြိမ်းချမ်းရေးကို အပြည့်အဝအကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဆိုပါကြေညာချက်မှာ နောက်ထပ် ပြောဆိုထားတာကတော့ အမှန်တကယ်ထိန်းချုပ်ရေးနယ်ခြားစည်း (LAC) တလျှောက် နှစ်ဖက်အပြန်အလှန် လေးစားမှုရှိကြရန်နဲ့ ပိုနေမြဲ ကျားနေမြဲအနေအထားကို ပျက်ပြားစေမယ့် တဖက်သပ်ဆုံးဖြတ်လှုပ်ရှားမှုတို့ကို ရှောင်ရှားသွားရေးပဲဖြစ်ပါတယ်။
ဆွေးနွေးပွဲပြီးဆုံးခဲ့တာနဲ့ တပြိုင်နက် မြေပြင်မှာလည်း ထိပ်တိုက်ရင်ဆိုင်မှုရပ်ဆိုင်းရေးကို အမှန်တကယ် ချက်ချင်းအကောင်အထည်ဖော်ဆောင်သွားကြောင်း အစီအရင်ခံ ထုတ်ပြန်ခဲ့ပါတယ်။ အခုလိုဖြစ်ပေါ်တိုးတက်မှုက လွန်ခဲ့သောလအနည်းကစပြီး နယ်စပ်ဒေသအတွင်း နှစ်နိုင်ငံစလုံး စစ်အင်အားတိုးချဲ့ချထားမှုနှင့် စစ်လက်နက်ပစ္စည်းများ ဖြန့်ချထားမှုကို တိုးမြင့်လုပ်ဆောင်နေတဲ့ မြင့်တက်လျှက်ရှိသော အခြေအနေတင်းမားနေမှုမှ သက်သာရာရရှိစေခဲ့ပါတယ်။
ထိပ်တိုက်ရင်ဆိုင်မှုများကို ရပ်ဆိုင်းခြင်းနှင့် တင်းမာမှုတွေကို လျော့ချခြင်း လုပ်ငန်းစဉ်တို့ကို ဖော်ဆောင်ရာမှာ လွန်ခဲ့သော ဧပြီလအတွင်းမြေပြင်အနေအထားမှာ တင်းမာမှုများဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယပိုင်နယ်မြေများကိုထိန်းချုပ်ရေး အနေအထားကို ပြန်လည်ရယူရန် အနီးကပ် လေ့လာစောင့်ကြည့်မှုတွေကို လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ တရုတ်တပ်ဖွဲ့များမှ အငြင်းပွားနယ်မြေဖြစ်တဲ့ မီးခိုးရောင်နယ်မြေထဲသို့ ဝင်ရောက်ရန်ကြိုးပမ်းမှုကို အိန္ဒိယစစ်တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတွန်းလှန်ခဲ့ခြင်းနဲ့အတူ လွန်ခဲ့တဲ့မေလ ၅ ရက်နေ့မှစပြီး LAC နယ်မြေမှာ ကျောက်ခဲနှင့် ပစ်ပေါက်ခြင်းနဲ့ ထိုးသတ်ခြင်းတို့ဟာ စံတခုလိုဖြစ်လာခဲ့ပါတယ်။
ပိုနေမြဲ ကျားနေမြဲအနေအထားကို ပြန်လည်ဖော်ဆောင်ရာမှာ တရုတ်စစ်တပ်ဖွဲ့များအနေနဲ့ Pangong Tso နဲ့ အမှတ် ၄ ကနေ ၈ အထိ၊ နောက်ပြီး Galwan ချိုင့်ဝှမ်းက ကင်းလှည့်နေရာ အမှတ်စဉ် ၁၄၊ ၁၅ နဲ့ ၁၇ ၊ Gogra-Hot Springs နဲ့ မကြာသေမီသောကာလကဘဲ ကျူးကျော်ဝင်ရောက်ပြီး နေရာယူထားတဲ့ Daulat Beg Oldi အနီး၊ Depsang မြေပြန့်ဒေသ နဲ့ Galwan ကုန်းမြင့်တွေကနေ ပြန်လည်ဆုတ်ခွာသွားဖို့ လိုအပ်ပါတယ်။ Karakoram ဒေသမှစပြီး Ladakh ဒေသ အရှေ့တောင်ပိုင်းအထိရှည်လျားတဲ့ အနောက်ပိုင်း နယ်စပ်ဒေသရှိ ကင်းလှည့်နယ်မြေ အမှတ်စဉ် ၆၀ ထဲမှ တချို့နေရာများမှာ လတ်တလောအချိန်အတွင်း တင်းမာမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။
ထိပ်တိုက်ရင်ဆိုင်မှုများကို ရပ်တန့်ရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်နိုင်ရန် နှစ်ဖက်တပ်ဖွဲ့အကြား လွန်ခဲ့သော ၁၉၉၀ ကာလအတွင်း တည်ဆောက်ထားသည့် ယုံကြည်မှုတည်ဆောက်ရေးအစီမံ (CBMs) ယန္တရားမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ယင်းတွေ့ဆုံဆွေးနွေးမှုကို ဇွန်လ ၆ ရက်နေ့နဲ့ ၂၂ ရက်နေ့တို့မှာ ဒေသခံ နှစ်ဖက်တပ်မှူးများအကြား လုပ်ဆောင်ခဲ့ပေမယ့်၊ ဇွန်လ ၁၅ ရက်နေ့ည Galwan ချိုင့်ဝှမ်းက ကင်းလှည့်နယ်မြေ အမှတ်စဉ် ၁၄ မှာဖြစ်ပွားခဲ့တဲ့ အိန္ဒိယတပ်ဖွဲ့ ၂၀ ဦးနှင့် တရုတ်တပ်ဖွဲ့ဝင် ၄၃ ဦးခန့် သေဆုံးစေခဲ့တဲ့ ပဋိပက္ခက နှစ်ဖက်ဆက်ဆံရေးကို ရှုပ်ထွေး ပျက်ပြားစေခဲ့ပါတယ်။
နှစ်နိုင်ငံ အထူးကိုယ်စားလှယ် ၂ ဦးအကြား ဆွေးနွေးမှုဟာ ဝန်ကြီးချုပ် Narendra Modi ရဲ့ ဇူလိုင်လ ၃ ရက်နေ့က Ladakh တို့ သွားရောက်လည်ပတ်အပြီးမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ၎င်းရဲ့ လည်ပတ်မှုအတွင်း စစ်တပ်ဖွဲ့ကို အပြည့်အဝထောက်ပံ့မှုပေးရန် ကတိပြုပြောကြားခဲ့ပြီး၊ အဲဒါက ဖြေရှင်းဆောင်ရွက်ရေးမှာ အင်အားကြီးတဲ့ အချက်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။
နှစ်နိုင်ငံအကြား ၁၉၉၃ ခုနှစ်က ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး သဘောတူညီချက်၊ စစ်ရေးဆိုင်ရာ ၁၉၉၆ ခုနှစ် CBMs၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် က နှစ်ဖက်နိုင်ငံရဲ့ ကင်းလှည့်တပ်ဖွဲ့များကို လိုက်လံစောင့်ကြည့်ခြင်းမပြုလုပ်ရေးအတွက် နယ်စပ်ဒေသကာကွယ်ရေး ပူးပေါင်းလုပ်ဆောင်ရေး သဘောတူညီချက် အစရှိတဲ့ IBMs ယန္တရား ဖော်ဆောင်မှုတွေကို ဖော်ထုတ်ကာ ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Dokhlam အရေးနဲ့ လက်ရှိဖြစ်ပွားနေတဲ့ အနောက်ပိုင်းနယ်စပ်ဒေသအရေးသာမက Sikkim ပြည်နယ်မှာရှိတဲ့ Naku La နယ်မြေအတွင်းက ပဋိပက္ခတွေက ပီကင်းအစိုးရအနေဖြင့် CMBs ကို လိုက်နာမှု အလေးထားမှုမရှိကြောင်း သံသယဝင်စရာဖြစ်လာပါတယ်။
အာရှတိုက်ရဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်းရေးအတွက် ဖော်ဆောင်သွားဖို့ သဘောတူညီမှုများရရှိလာတာကို ကြိုဆိုနေစဉ်အတွင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌနက အဆိုပါ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တရပ်ကို ထုတ်ပြန်ခဲ့ပြီး၊ မတူညီတဲ့ အဓိကလုပ်ဆောင်ရမယ့် အရာတွေကို တင်ပြခဲ့ပါတယ်။ အဲသည့် ထုတ်ပြန်ချက်မှာ အခုလိုရေးသား ဖော်ပြထားပါတယ်၊ တရုတ်နိုင်ငံဟာ နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးရှိရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ပြီး၊ ၎င်းရဲ့ အချုပ်အခြာပိုင် နယ်မြေကို အပြည့်အဝကာကွယ်သွာမှာဖြစ်ကြောင်း ပြောပါတယ်။ သည့်ထက်ပိုပြီး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးကို ရှေးရှုတဲ့ စည်းရုံးညီညွှတ်စွာ လုပ်ဆောင်ရေးကို လက်ကိုင်ထားကြောင်း ပြောပါတယ်။ နှစ်နိုင်ငံအကြား မတူညီမှုတွေကိုရှောင်ရှားနိုင်ရန် ပြည်သူလူထုရဲ့ အမြင်တွေကို မှန်ကန်သည့်ဘက်သို့ လမ်းညွှန်ပေးဖို့လိုအပ်ကြောင်းကိုလည်း ထူးခြားစွာဘဲ တရုတ်နိုင်ငံက တင်ပြထားပါတယ်။
လွန်ခဲ့တဲ့အချိန်များက တရုတ်နိုင်ငံရဲ့ နယ်စပ်ဒေသအတွင်း စစ်ရေးဆိုင်ရာ ပြင်ဆင်မှုများ၊ တည်ဆောက်မှုများ၊ ၎င်းရဲ့ အခြေအနေများကို ပြန်လည်သုံးသပ်ပြီး အိန္ဒိယနိုင်ငံအနေနဲ့ လာမယ့်ရက်သတ္တပတ်များအတွင်း နယ်စပ်ဒေသလုံခြုံရေးနဲ့ စီမံကွပ်ကဲရေးတို့မှာ ဆက်လက်ပြီး နိုးနိုးကြားကြားရှိရန်လိုအပ်ပါကြောင်း ဆောင်းပါးရှင် ပါမောက္ခ Srikanth Kondapalli ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment