အိန္ဒိယနိုင်ငံသည် ပြောင်းလဲပြင်ဆင်ရေး၊ စွမ်းဆောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့ကို လုပ်ဆောင်အရန်အသင့်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်း



သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် ပြောင်းလဲပြင်ဆင်ရေး၊ စွမ်းဆောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့ကို လုပ်ဆောင်အရန်အသင့်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Narendra Modi ဟာ ၂၀၂၀ ခုနှစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အိန္ဒိယ ရက်သတ္တပတ် အခမ်းအနားမှာ ဗီဒီယိုအစည်းအဝေးကတဆင့် အမှာစကားပြောကြားခဲ့ပါတယ်။ အခမ်းအနားသို့ ပါဝင်သူများမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Rabb ၊ ဗြိတိန်ပြည်ထဲရေးဝန်ကြီး Priti Patel ၊ စွန့်ဦးတီထွင်စီးပွားရေးသမားများ အစရှိတဲ့ ထင်ရှားသော ဂုဏ်သရေရှိလူကြီးများ ပါဝင်ခဲ့ပါတယ်။ အခမ်းအနားဖြစ်မြောက်ရေးကို စည်းရုံးလုပ်ကိုင်ပေးခဲ့တဲ့ India Inc အဖွဲ့ကို ဝန်ကြီးချုပ်က ကျေးဇူတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ယခုအခမ်းအနားဟာ ကမ္ဘာတဝှမ်းလုံးက ပရိသတ်များအား အိန္ဒိယနိုင်ငံအတွင်း အခွင့်အလမ်းများကို သယ်ဆောင်လာပေးဖို့ ကူညီပေးကြောင်း Mr Modi က ပြောပါတယ်။ အိန္ဒိယနိုင်ငံနှင့် ဗြိတိန်နိုင်ငံအကြား ဆက်နွယ်မှုများ အားကောင်းလာခြင်းကို ဝန်ကြီးချုပ်က ချီးကျူးပြောဆိုခဲ့ပါတယ်။

ယခုအချိန် အခါသမယတွင် ပြန်လည်ဆန်းသစ်နှိုးထလာမှုနှင့် စပ်လျဉ်းပြီး ပြောဆိုခြင်းမှာ သဘာဝကျကြောင်းနဲ့ တကမ္ဘာလုံးအတိုင်းအတာ ပြန်လည်နှိုးထခြင်းနှင့် အိန္ဒိယအကြား ဆက်နွယ်မှုအား ပြောဆိုခြင်းမှာလည်း အလားတူ သဘာဝကျသည့်အရာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ဆန်းသစ်နှိုးထလာမှုမှာ အိန္ဒိယနိုင်ငံအနေဖြင့် အဓိကကျတဲ့ ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်လုပ်ဆောင်သွားဖို့ ယုံကြည်ချက်များလည်း ရှိနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကျွမ်းကျင်နှံ့စပ်သူများအား ဝေမျှပေးကမ်းမှုကို ကမ္ဘာကြီးက တွေ့မြင်ထားပြီးဖြစ်ကြောင်း Mr Modi က ပြောပါတယ်။

အိန္ဒိယနိုင်ငံသူ နိုင်ငံသား ပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဘဏ်အမှုထမ်းများ၊ ရှေ့နေများ၊ သိပ္ပံပညာရှင်များ၊ ပါမောက္ခများ၊ အလုပ်ကြမ်းသမားများမှာ ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်လုပ်ရှားနေကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နည်းပညာဆိုင်ရာ လုပ်ငန်းများနဲ့ နည်းပညာရှင်များကို ဘယ်သူမှ မေ့လျော့ထားနိုင်ကြမှာ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံရဲ့ ပြန်လည်ပြင်ဆင်မှုနဲ့ ပြန်လည်သစ်လွင်လာစေနိုင်တဲ့ အစွမ်းအစဟာ ကြီးမားပါတယ်။ အိန္ဒိယနိုင်ငံသူ နိုင်ငံသားများဟာ သဘာဝအလျောက် ပြုပြင်ပြောင်းလဲသူများဖြစ်ပါတယ်။ သမိုင်းကို နောက်ပြန်လှန်ကြည့်မယ်ဆိုရင်လည်း အိန္ဒိယနိုင်ငံဟာ လူမှုရေးနဲ့ စီးပွားရေး စိန်းခေါ်မှုတိုင်းကို ကျော်လွှားနိုင်ခဲ့တာကို တွေ့မြင်ရပါမယ်။ အိန္ဒိယနိုင်ငံဟာ ပြင်လည်ပြင်ဆင်ရေးနှင့် ပြန်လည်သစ်လွင်စေရေး စိတ်ဓာတ်ဖြင့် ကိစ္စအမြောက်အများကို လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အလားတူစိတ်ဓာတ်ဟာ ယခုအချိန်မှာ ဆက်လက်တည်ရှိနေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြည်သူများ၏ ကျန်းမာရေးနှင့် စီးပွားရေးကို အာရုံစိုက်ထားပြီး တပြိုင်နက်တည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကျရောက်မှုကို အင်အားကြီးမားစွာနဲ့ တိုက်ဖျက်နေပါတယ်။ အိန္ဒိယနိုင်ငံက ပြန်လည်ဆန်းသစ်နှိုးထခြင်းလို့ ပြောဆိုရာမှာ၊ ဖေးမစောင့်ရှောက်မှုရှိခြင်း၊ သနားဂရုဏာရှိခြင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးနှစ်ခုစလုံးကို ပြန်လည်သစ်ဆန်းနိုင်မှုရှိခြင်းတို့ပါဝင်တဲ့ နှိုးထခြင်းကို ပြောဆိုခြင်းပဲဖြစ်ကြောင်း Mr Modi က ပြောပါတယ်။

လွန်ခဲ့သော ၆ နှစ်အတွင်း အိန္ဒိယနိုင်ငံဟာ ငွေကြေးဆိုင်ရာ တန်းတူအခွင့်အရေး၊ လူနေအိမ်များတည်ဆောက်ပေးမှုနှင့် အခြေခံအဆောက်အအုံတည်ဆောက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် လွယ်ကူစေခြင်း၊ စည်းကြပ်ခွန် (GST) အပါအဝင် ထင်ရှားတဲ့ အခွန်ပြုပြင်ပြောင်းလဲရေး၊ ကမ္ဘာ့အကြီးမားဆုံး ကျန်းမာရေးပြုစုစောင့်ရှောက်မှုစီမံကိန်းဖြစ်သည့် Ayushman Bharat စီမံကိန်း စသည့်ကဏ္ဍများတွင် ကြီးမားသည့် အကျိုးကျေးဇူးများကို ခံစားရရှိခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ ခံစားရရှိခဲ့တဲ့ အဆိုပါ အကျိုးကျေးဇူးများဟာ တိုးတက်ဖွံ့ဖြိုးရေးအတွက် နောက်ထပ်လုပ်ဆောင်မှုများမှာ အခြေခံအုတ်မြစ်တွေဖြစ်လာပါတယ်။

စီးပွားရေးပြန်လည် နလန်ထူလာရေးမှာ အိန္ဒိယနိုင်ငံဟာ တိုးတက်ကြီးထွားလာမယ့် လက္ခဏာတွေကို မြင်ထားခဲ့ပြီးဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဆိုးကြီး ကျရောက်နေချိန်မှာ အိန္ဒိယအစိုးရဟာ ပြည်သူလူထုကို ကူညီကယ်ဆယ်ရေး ထောက်ပံ့ကူညီပေးနေပြီး၊ ဖွဲ့စည်းပုံအား ပြင်ဆင်ပြောင်းလဲမှုကို နက်ရှိုင်းစွာ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ အစိုးရဟာ စီးပွားရေးကို ပိုမိုထုတ်လုပ်နိုင်စွမ်းရှိခြင်း၊ လွယ်ကူစွာ ရင်းနှီးမြှပ်နိုင်ခြင်းနှင့် ပြိုင်ဆိုင်မှုရှိတဲ့ စီးပွားရေးဖြစ်လာစေဖို့ ဖော်ဆောင်နေပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အစိုးရရဲ့ ကူညီကယ်ဆယ်ရေး အထောက်အပံ့စီမံကိန်းဟာ အဆင်းရဲဆုံးနဲ့ အကူအညီ အလိုအပ်ဆုံး ဖြစ်နေသူတွေကို ဦးတည်ပေးကမ်းခြင်းပဲဖြစ်ပါတယ်။ အသုံးပြုသွားတဲ့ ငွေကြေးတိုင်းဟာ တကယ်လိုအပ်နေသူတွေဆီကို တိုက်ရိုက်ရောက်ရှိစေခဲ့တာက နည်းပညာပိုင်းကို ကျေးဇူတင်ရမှာဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေထဲမှာ ချက်ပြုတ်ရေးသုံး သဘာဝဓာတ်ငွေ အခမဲ့ပေးဝေခြင်း၊ ငွေကြေးများကို ဘဏ်အကောင့်များထဲတွင် ထည့်ပေးခြင်း၊ အစားအသောက်များကို သန်းနှင့်ချီရှိသော ပြည်သူများအား ပေးဝေမှုနှင့် အခြားအကူအညီများ ပါဝင်ပါတယ်။ ပိတ်ဆို့မှုကို ပြန်လည်လျော့ချလိုက်သည်နှင့် တပြိုင်နက်တည်း အစိုးရဟာ သန်းပေါင်းများစွာသော ပြည်သူများကို အလုပ်အကိုင်ရရှိစေမယ့် ကမ္ဘာ့အကြီးမားဆုံး အများပြည်သူဆိုင်ရာ အလုပ်စီမံကိန်းကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲသည့်စီမံကိန်းက ကျေးလက်တောရွာဒေသများက စီးပွားရေးကို ပြန်လည်အားကောင်းလာစေမှာ ဖြစ်ရုံမက ကျေးလက်ဒေသများမှာ ခိုင်ခံ့တဲ့ အခြေခံအဆောက်အအုံများကိုလည်း ဖန်းတီးပေးမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပွင့်လင့်မှုအရှိဆုံး စီးပွားရေးလုပ်ဆောင်နိုင်သည့်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး၊ နိုင်ငံထဲကို ကမ္ဘာတဝှမ်းလုံးမှ ကုမ္ပဏီများ လာရောက်ရင်းနှီးမြှပ်နှံပြီး၊ စီးပွားရေးလုပ်ကိုင်ကြဖို့ အနီရောက် ကော်ဇောခင်းပေးထားပြီး ကြိုဆိုနေပါတယ်။ ယနေ့ ကမ္ဘာပေါ်မှာ အိန္ဒိယနိုင်ငံလို အခွင့်အလှမ်းများကို ပေးကမ်းထားတဲ့ နိုင်ငံအနည်းငယ်သာ ရှိပါတယ်။ အိန္ဒိယနိုင်ငံထဲက ကဏ္ဍပေါင်းစုံတွေမှာ အခွင့်အလှမ်းအမျိုးမျိုးရရှိဖို့ လမ်းရှိနေပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ကျွန်ုပ်တို့ရဲ့ ပြုပြင်ပြောင်းလဲလိုက်မှုက ၊ သိုလှောင်ရုံနှင့် ပို့ဆောင်ရေးတို့မှာ ရင်းနှီးမြှပ်နှံနိုင်မဲ့ လွန်စွာစွဲဆောင်နိုင်တဲ့ အခွင့်အရေးများကို ပေးကမ်းထားပါတယ်။ အိန္ဒိယနိုင်ငံဟာ အလုပ်အင်မတန်ကြိုးစားတဲ့ ကျွန်ုပ်တို့ရဲ့ လယ်သမားတွေအပေါ် တိုက်ရိုက်ရင်းနှီးမြှပ်နှံဖို့အတွက် ရင်းနှီးမြှပ်နှံသူများကို တံခါးဖွင့်ထားပေးပါတယ်။

မိုက်ခရို၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ (MSME) ကဏ္ဍတွင်လည်း ပြင်ဆင်ပြောင်းလဲမှုများကို လုပ်ဆောင်ထားကြောင်း ဝန်ကြီးချုပ် Modi က ပြောပါတယ်။ ကာကွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှပ်နှံဖို့ အခွင့်အလှမ်းရှိပါတယ်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှပ်နှံမှု (FDI) စံနှုန်းသတ်မှတ်ချက်ကို လျော့ချပေးထားပြီး၊ ကမ္ဘာပေါ်ရှိ အကြီးမားဆုံး စစ်တပ်တွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ကာကွယ်ရေးတပ်ဟာ အိန္ဒိယနိုင်ငံသို့ လာရောက်ပြီး၊ ကာကွယ်ရေးပစ္စည်းများကို ထုတ်လုပ်ကြပါရန် ကမ္ဘာအရပ်ရပ်ရှိ ကုမ္ပဏီများကို ဖိတ်ခေါ်ထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နည်းပညာနဲ့ အစပြုလုပ်ငန်းကဏ္ဍတွေဟာ တက်ကြွလှုပ်ရှားနေပါတယ်။ အိန္ဒိယနိုင်ငံထဲမှာ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ သန်းနှင့်ချီတဲ့ စျေးကွက်ရှိနေပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဆေးဝါးထုတ်လုပ်ရေးလုပ်းငန်းဟာ အိန္ဒိယနိုင်ငံအတွက်သာမက ကမ္ဘာတခုလုံးအတွက်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဆိုးကြီးကျရောက်မှုအတွင်း ပြန်လည်ပြသလိုက်ပါတယ်။ ကာကွယ်ဆေးထိုးရန် လိုအပ်နေတဲ့ ကမ္ဘာပေါ်ရှိ ကလေးငယ်များအတွက် ကာကွယ်ဆေးရဲ့ ၃ ပုံ ၂ ပုံကို အိန္ဒိယနိုင်ငံက ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ ယခုအချိန်တွင်လည်း ကျွန်ုပ်တို့ရဲ့ ဆေးဝါးကုမ္ပဏီတွေဟာ COVID-19 ကာကွယ် ကုသဆေး ဖော်စပ်ထုတ်လုပ်နိုင်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေမှာ တက်ကြွစွာ ပါဝင်လုပ်ဆောင်နေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ကိုယ့်အားကိုယ်ကိုး အိန္ဒိယ (Atmanirbhar Bharat) အားဖော်ဆောင်နိုင်ရန် ၁.၃ ဘီလီယံရှိ နိုင်ငံသူ နိုင်ငံသားများအား တောင်းဆိုလိုက်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ Atmanirbhar Bharat ဟာ ပြည်တွင်းထုတ်လုပ်မှုနှင့် စားသုံးမှုအား ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်နဲ့ ပေါင်းစည်းခြင်းဖြစ်ပါတယ်။ အဲသည့်ရည်မှန်းချက်ဟာ ကိုယ်တိုင် ထုတ်လုပ်ခြင်းနဲ့ ကိုယ်တိုင်ထောက်ပံ့ခြင်းတို့ပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ လုံလောက်မှုရှိခြင်း၊ သာတူညီမျှနှင့် ခံနိုင်ရည်ရှိခြင်းတို့ မြင့်တင်ပေးတဲ့ မူဝါဒကို လက်ကိုင်ထား ကျင့်သုံးသွားမှာပဲဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းလုံး ကောင်စားရေးနဲ့ သာယာဝပြောရေးအတွက် အစွမ်းကုန် ကြိုးပမ်းလုပ်ကိုင်သွားဖို့ အိန္ဒိယနိုင်ငံဟာ အဆင်သင့်ဖြစ်နေပါတယ်။ အဲသည့် အိန္ဒိယဟာ ပြင်ဆင်ပြောင်းလဲနေတဲ့၊ စွမ်းဆောင်နေတဲ့၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ အိန္ဒိယဘဲ ဖြစ်ပါတယ်။ အဲသည့် အိန္ဒိယဟာ စီးပွားရေးအခွင့်အလှမ်းသစ်တွေကို ပေးကမ်းနေတဲ့ အိန္ဒိယဘဲဖြစ်ပါတယ်။ အဲသည့် အိန္ဒိယဟာ လူသားထုအခြေပြုပြီး၊ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးမူကို လက်ကိုင်ထားကာ ရှေ့ဆက်ရှောက်လမ်းနေတဲ့ အိန္ဒိယဘဲဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”