အိန္ဒိယ-အမေရိကန်ပြည်ထောင်စု ရေကြောင်းစစ်ရေးလေ့ကျင့်မှုများ

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Stuti Banerjee ရေးသားပေးပို့ထားတဲ့ ‘အိန္ဒိယ-အမေရိကန်ပြည်ထောင်စု ရေကြောင်းစစ်ရေးလေ့ကျင့်မှုများ’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။




အိန္ဒိယနိုင်ငံဟာ Andaman နှင့် Nicobar ကျွန်းစုဒေသရဲ့ ကမ်းလွန်မှာ အမေရိကန် ရေတပ်မတော်နှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုနှင့် ဒီလေ့ကျင့်မှုတွေဟာ PASSEX သို့မဟုတ် ဖြတ်ကျော် လေ့ကျင့်မှုတွေပါဝင်ပြီး မြေပြင်လေ့ကျင်ရေး၊ ထောက်လှမ်းရေးနှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်မှုတွေလို ပူးပေါင်းဆောင်ရွက်ရတဲ့ လေ့ကျင့်မှု အသီးသီးတို့ ပါဝင်ကြပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ တရုပ်နိုင်ငံက အိန္ဒိယ သမုဒ္ဒရာဒေသအတွင်းမှာ တည်ရှိမှုတိုးများလာနေတာတွေနှင့် ထူးခြားလျှက်ရှိပါတယ်။

တရုပ်နိုင်ငံဟာ စနစ်တကျ စည်းမျဉ်းထိန်းချုပ်မှု ချိုးဖောက်ဖို့နှင့် အနိုင်ကျင့်မှုတွေ အားပေး လုပ်ဆောင်နေချိန်မျိုးမှာ အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယနိုင်ငံနှင့်အတူ ကြီးထွားတိုးတက်နေတဲ့ လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေကို၂၁ ရာစုရဲ့ အလုံးစုံအရေးပါတဲ့ ကာကွယ်ရေးရာ ဆက်ဆံဖော်အဖြစ် ရှုမြင်နေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ဖော်ပြခဲ့ပါတယ်။




အိန္ဒိယနှင့် အမေရိကန် USS Nimitz ဦးဆောင်တဲ့ ရေတပ်ဖွဲ့တို့အကြား အိန္ဒိယသမုဒ္ဒရာဒေသအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ အင်ဒို-ပစိဖိတ် ဒေသ လွတ်လပ်ကင်းလွတ်ရေး ပံ့ပိုးရာမှာ ရေတပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ၂ နိုင်ငံတို့ရဲ့ ဘုံကတိပြုချက်တွေကို ထင်ဟပ်လျှက်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ IISS ခေါ် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနမှ အွန်လိုင်းမှတဆင့် ဦးဆောင်ကျင်းပသည့် အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စု၏ နည်းဗျူဟာနှင့် သဘောထားများနှင့်ပတ်သက်၍ အတွင်းဝန် Esper က ဖော်ပြခဲ့သည်။

Mr. Esper သည် အရှေ့တောင်အာရှနိုင်ငံများ အာဆီယံအဖွဲ့ဝင်များနှင့် ဆန့်ကျင်လျှက် အထူးသဖြင့် တောင်တရုပ်ပင်လယ်အတွင်း ပီကျင်းအစိုးရ၏ စည်းမျဉ်းချိုးဖောက်မှုနှင့် အနိုင်ကျင့်မှုများအဖြစ် ကိုးကားချက် အညွှန်းများစွာတို့ကို ဖော်ပြခဲ့သည်… စသဖြင့် ဆောင်းပါးရှင် Dr. Stuti Banerjee ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”