လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ Atmanirbhar ကိုလုပ်ဆောင်ရန်နှင့် ဆန်းသစ်တီထွင်ကြဖို့ရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားလိုက်ခြင်း 

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ Atmanirbhar ကိုလုပ်ဆောင်ရန်နှင့် ဆန်းသစ်တီထွင်ကြဖို့ရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍဟာ အိန္ဒိယနိုင်ငံရဲ့ အဓိကစီးပွားရေးအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ အိန္ဒိယလယ်ယာလုပ်သားများဟာ နိုင်ငံရဲ့ စားသောက်ကုန် ဖူလုံရေးအတွက် လုပ်ဆောင်ပေးနေကြသူတွေပဲဖြစ်ပါတယ်။ အဲဒါကြောင့်ဘဲ အိန္ဒိယနိုင်ငံသား ကုဋေ ၈၀ လောက်ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလအထိ Pradhan Mantri Garib Kalyan Anna Yojana စီမံကိန်းအောက် စားသောက်ကုန် အခမဲ့ပေးဝေသွားမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Narendra Modi ဟာ အိန္ဒိယနိုင်ငံအတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ သုတေသန၊ မြင့်တင်ရေးနဲ့ ပညာရေးဆိုင်ရာ တိုးတက်မှုအခြေအနေများကို ဗီဒီယိုအစည်းအဝေးကတဆင့် ပြန်လည်သုံးသပ်ခဲ့ပါတယ်။

အိန္ဒိယလယ်ယာစိုက်ပျိုးရေးသုတေသနကောင်စီ (ICAR) မှ အထွေထွေညွှန်ကြားရေးမှူး Dr. Trilochan Mohapatra နဲ့ လယ်ယာစိုက်ပျိုးရေးသုတေသနနှင့်မြင့်တင်ရေး ဝန်ကြီးဌာနမှ အတွင်းရေးမှူးတို့ဟာ အဓိကဦးစားပေးအရာများ၊ စွမ်းဆောင်မှုနှင့် စိန်ခေါ်မှုများအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်နိုင်ရန် ပြင်ဆင်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ လွန်ခဲ့သော ၂၀၁၄ ခုနှစ်မှစပြီး၊ ICAR သုတေသန ဗဟိုဌာနများမှာ အမျိုးအစားမတူညီတဲ့ လယ်ယာကောက်ပဲသီးနှံပေါင်း ၁၄၃၄ မျိုး ၊ ဟင်းသီးဟင်းရွက်သီးနှံပေါင်း ၄၆၂ မျိုးနှင့် ရာသီဥတုကြမ်းတမ်းမှုဒဏ်ခံနိုင်သည့် သီးနှံပေါင်း ၁၁၂၁ မျိုးတို့ကို ဖွံ့ဖြိုးထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဆိုပါ အမျိုးစုံတဲ့ ကောက်ပဲသီးနှံများဟာ ကြမ်းတမ်းတဲ့ ဖိအားဒဏ်တွေကို ခံနိုင်ရည်ရှိပြီး၊ မော်လီကျူးဆိုင်ရာ ပျိုးပင်ဖောက်ခြင်း နည်းပညာကို အသုံးပြုပြီး ဖန်တီးထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်။ HD ၃၂၂၆ ဂျုံမျိုးစေ့နဲ့ ခရမ်းချဉ်သီးတို့ဟာ ရောဂါအမျိုးအစား ၇ မျိုးနှင့် ၄ မျိုး အသီးသီးတို့ကို ခုခံနိုင်ရည် ရှိကြပါတယ်။

စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် လိုအပ်သည့်အရာများ ပြည့်မီနိုင်ဖို့အတွက် ArkVises, ArkAlesha နှင့် ArkYoji ကဲ့သို့သော ဗီဇပြုပြင်ပြောင်းလဲမှုများ ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ လယ်ယာလုပ်သားများ ကျိုးအမြတ်ရရှိဖို့၊ တိုးတက်ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်ဖို့နဲ့ စိုက်ပျိုးရေးရာသီဥတု နယ်မြေအတွက် အသေးစိတ်လိုအပ်ချက်များအပေါ် အာရုံစူးစိုက်မှု အမျိုးမျိုးတို့ကို ဖန်တီးနိုင်ရန် ကြိုးပမ်းအားထုတ် လုပ်ဆောင်ခဲ့ကြသည့်အတွက် ဝန်ကြီးချုပ်က ချီးကျူးပြောဆိုခဲ့ပါတယ်။ 

Karan-4 အမျိုးအစား ကြံပင်များမှာ သကြားထုတ်လုပ်မှုကို ပိုမိုပေးစွမ်းနိုင်ပြီး၊ Uttar Pradesh ပြည်နယ်က စိုက်နေကြကြံပင်အမျိုးအစားများကို အစားထိုးကာ အသုံးပြုလာခဲ့ပါတယ်။ ကြံနှင့် တခြားကောက်ပဲသီနှံတို့မှ ဇီဝအီသနောထုတ်လုပ်နိုင်မည့် လမ်းကြောင်းများကို ဖော်ထုတ်ရန်လိုအပ်ကြောင်းကို Mr Modi က မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

‘Kuposh Mukt Bharat’ ဟုခေါ်တဲ့ အဟာရဓာတ်ချို့တဲ့မှုကင်းစင်တဲ့အိန္ဒိယကို ဖန်တီးနိုင်ရန် သံဓာတ်၊ Zinc နှင့် ပရိုတိန်းဓာတ်တို့ကို ဖွံ့ဖြိုးစေမယ့် ဇီဝခိုင်ခံ့မျိုးပေါင်း ၇၀ တို့ကို ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ လယ်ယာ၊ သိပ္ပံ ဗဟိုဌာန (Krishi Vigyan Kendras) မှတဆင့် အဟာရကြွယ်ဝသည့် ထမင်းပန်းကန် (Poshan Thali) နှင့် အဟာရဓတ်ကြွယ်ဝသည့် ဥယာဉ်ခြံ (Nutria garden) တို့ကို တိုးတက်ဖွံ့ဖြိုးစေခဲ့ပါတယ်။ လယ်ယာ၊ သိပ္ပံဗဟိုဌာနပေါင်း ၇၆ ခုတို့မှ ပူးပေါင်းပါဝင်ကာ နမူနာလယ်ယာမြေ ၄၅၀ တို့ဖြင့် ရှေ့ပြေးစီမံကိန်းတို့ကို Madhya Pradesh နှင့် Chhattisgarh ပြည်နယ်တို့မှာ လုပ်ဆောင်ခဲ့ပါတယ်။ Anganwadi လုပ်သားများနှင့် ကျေးလက်ဒေသများမှ အမျိုးသမီးများကို အဟာရဓါတ်ကြွယ်ဝတဲ့ ဥယာဉ်ခြံများ စိုက်ပျိုးတတ်ရန် လေ့ကျင့်ပေးပါတယ်။ Poshan Thali ဟုဆိုရာမှာ ထမင်းပန်းကန်တွင် ထမင်း၊ ပဲဟင်းရည်၊ ရာသီထွက်သစ်သီး၊ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်၊ သစ်ဥသစ်ဖု၊ တခြား ဟင်းသီးဟင်းရွက်များ၊ နွားနို့၊ တခြားစားစရာများဖြစ်သည့် သကြား၊ သကြားပါဝင်သည့် အချိုပွဲနှင့် ဆီတို့ဖြစ်သည်။ ၂၀၂၂ ခုနှစ်အရောက်မှာ အဟာရဓာတ်ကြွယ်ဝတဲ့ စမတ်ကျေးရွာပေါင်း ၁၀၀ ကို ဖန်တီးသွားဖို့ ရည်ရွယ်ထားပါတယ်။

အစုအပြုံလိုက်စိုက်ပျိုးရေးအပေါ် အခြေခံပြီး ချဉ်းကပ်လုပ်ဆောင်ရာမှာ သဘာဝဓာတ်မြေသြဇာသုံးနှင့် သဘာဝအရ စိုက်ပျိုးသည့် နည်းလမ်းကို လုပ်ကိုင်ကြဖို့ လိုအပ်ကြောင်းကို ဝန်ကြီးချုပ်က မီးမောင်းထို ပြောကြားခဲပါတယ်။ ICAR သည် geo-referenced Organic Carbon Map of India ကို ဖန်တီးခဲ့ပြီး၊ သဘာဝမြေသြဇာသုံး လယ်ယာစိုက်ပျိုးရေးအား အထောက်အကူပြုစေမယ့် အေးဂျင့် ၈၈ မျိုးနဲ့ ဇီဝပိုးသတ်ဆေး ၂၂ မျိုးတို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အစပြုလုပ်ဆောင်သူများနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ စွန့်ဦးတီထွန်လုပ်ငန်းရှင်များအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ပူးပေါင်းလုပ်ဆောင်သည့် ကဏ္ဍများတွင် တီထွင်ဖန်တီးမှုနှင့် နည်းပညာများကို အသုံးပြုကြပါရန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ လယ်သမားများအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေပေးနိုင်ရန် ကြီးမားသည့် နည်းပညာအခြေခံ သတင်းဖြန့်ဝေမှုလိုအပ်နေကြောင်း ဝန်ကြီးချုပ်က ထောက်ပြပြောဆိုခဲ့ပါတယ်။

ပြဿနာများကို ဖော်ထုတ်ဖြေရှင်းရန်နှင့် လယ်ယာများတွင် အဆက်မပြတ်လုပ်ကိုင်ရမှုကို လျော့ချပေးနိုင်မယ့် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်း ပုံစံများကို Hackathons မှ တနှစ်လျင်နှစ်ကြိမ်မျှ စည်းရုံးလှုံ့ဆော်ပြီး လုပ်ကိုင်သွားရန် ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ပါတယ်။

ရေဖူလုံစွာ ရရှိအသုံးပြုနိုင်ရန်အတွက် အသိပညာပေးမှု အစီအစဉ်များကို ဖြန့်ဝေလုပ်ကိုင်သွားဖို့ Mr Modi က အလိုရှိပါတယ်။

အိန္ဒိယလူမှုအသိုင်းအဝိုင်းရဲ့ ထုံးတမ်းအစဉ်အလာ လယ်ယာစိုက်ပျိုးရေးအသိပညာကို ခေတ်သစ်နည်းပညာဖြင့် ပူးပေါင်းရန်လိုအပ်ပြီး၊ ကျွမ်းကျင်လူငယ်များနှင့် လယ်ယာစိုက်ပျိုးရေး ဘွဲ့ရပညာတတ်များအနေဖြင့် အိန္ဒိယနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍအားကောင်းလာဖို့ မြင့်တင်ပေးကာ ကျေးလက်ဒေသများကို ပြောင်းလဲလိုက်ရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားပါတယ်။

အိန္ဒိယနိုင်ငံသားများအကြား အသုံးပြုနေပြီဖြစ်ပြီး၊ သက်ဆိုင်ရာကဏ္ဍများမှာ ကမ္ဘာ့အဆင့်မီဖြစ်လာနိုင်မယ့် အကောင်းဆုံး အိန္ဒိယ Apps တွေကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် ဝန်ကြီးချုပ်ဟာ Aatmanirbhar Bharat ဆန်းသစ်တီထွင်ရေး စိန်ခေါ်မှု စီမံကိန်းကို စတင်ပေးခဲ့ပြီး၊ ‘နည်းပညာအသိုင်းအဝိုင်းက သူငယ်ချင်းများအားလုံး ပါဝင်ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ် တိုက်တွန်းလိုက်ပါတယ်’ လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှ သစ်ဆန်းသည့်နည်းပညာများနှင့် ဂေဟစနစ် အစပြုလုပ်ငန်းများအတွင်း လူငယ်များရဲ့ နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းဆောင်ရွက်မှုများမှာ ပါဝင်လုပ်ကိုင်ပေးနိုင်မှုများကို ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အစပြုလုပ်ငန်းများနှင့် နည်းပညာအခြေခံ ဂေဟစနစ် ဆန်းသစ်တီထွင်မှုများအကြား တက်ကြွလုပ်ကိုင်လိုမှု အများအပြားရှိပြီး၊ ပြည်တွင်းထဲမှာ ဖန်တီးထုတ်လုပ်တဲ့ Apps တွေကို ဖွံ့ဖြိုးမြင့်တင်ပေးရမည်ဖြစ်ကာ၊ နိုင်ငံအနေဖြင့် Aatmanirbhar Bharat ကို ဖန်တီးနိုင်ဖို့ ကြိုးပမ်းအားထုတ်နေစဉ်၊ ကျွန်ုပ်တို့၏ စျေးကွက်ကို ဆန္ဒပြဝစေပြီး၊ ကမ္ဘာနဲ့ ယဉ်ဘောင်တန်း ယှဉ်ပြိုင်နိုင်မဲ့ Apps တွေ တိုးတက်ဖြစ်ပေါ်လာဖို့၊ လမ်းပြပေးခြင်းနဲ့ အရှိန်အဟုန်ကို မြင့်တင်ပေးဖို့ ဒါဟာအခွင့်အရေးတရပ်ပင်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”