အိန္ဒိယနိုင်ငံသည် ကာရေဗီယန်နှင့် ပစိဖိတ် သမုဒ္ဒရာ ကျွန်းစုနိုင်ငံများနှင့်အတူ ဆက်ဆံရေးများ ထပ်မံတိုးမြှင့်လိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR ရေဒီယို သတင်းဌာနမှ သတင်းသုတေသီ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် ကာရေဗီယန်နှင့် ပစိဖိတ် သမုဒ္ဒရာ ကျွန်းစုနိုင်ငံများနှင့်အတူ ဆက်ဆံရေးများ ထပ်မံတိုးမြှင့်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကြားကာလတွေအတွင်း CARICOM ခေါ် ကာရေဗီယန်ဒေသမှ နိုင်ငံများအသိုင်းအဝိုင်း အုပ်စုခေါင်းဆောင်တွေနှင့် ဝန်ကြီးချုပ် Mr. Narendra Modi ရဲ့ တွေ့ဆုံဆွေးနွေးမှုနှင့်အတူ အဲဒီဒေသမှနိုင်ငံတွေနှင့် အိန္ဒိယနိုင်ငံတို့ရဲ့ သမိုင်းဝင် နွေထွေးတဲ့ ဆက်ဆံရေးတွေဟာ အရှိန်အဟုန်သစ်တွေ ရရှိခဲ့ပါတယ်။ စိန့် လူစီရာနိုင်ငံ ဝန်ကြီးချုပ်ဖြစ်သူ လက်ရှိ CARICOM အဖွဲ့ဥက္ကဌ Mr. Allen Chastenet က ဆွေးနွေးပွဲကို ပူးတွဲ ကြီးမှူးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို အန်တီဂွါနှင့် ဘာဘူဒါ၊ ဘာဘဒို့စ်၊ ဒိုမီနီကာ၊ ဂျမိုင်ကာ၊ St. Kitts နှင့် Nevis၊ စိန့် လူစီရာ၊ စိန့် ဗင်စင့်နှင့် ဂရီနာဒိန်းစ်၊ ထရီနီဒက်နှင့် တိုဘဂိုနိုင်ငံတို့မှ အစိုးရ အကြီးအကဲတွေ၊ ဆူရာနမ်နိုင်ငံ ဒုသမ္မတနှင့် ဘဟားမားစ်၊ ဘီလီဇီ၊ ဂရီနာဒါ၊ ဟိုင်တီနှင့် ဂူယာနာ နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲဟာ ဒေသပိုင်းပုံစံနှင့် CARICOM အုပ်စု ခေါင်းဆောင်တွေနှင့်အတူ ဝန်ကြီးချုပ် Mr. Modi ရဲ့ ပထမဆုံး တွေ့ဆုံပွဲဖြစ်ပြီး အိန္ဒိယနှင့် ကာရေဗီယန် ဒေသမှ မိတ်ဆွေနိုင်ငံများအကြား တဖြည်းဖြည်း တိုးတက်နက်ရှိုင်းလာနေတဲ့ ဆက်ဆံရေးတွေကို ပေါ်လွင်စေလျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ အဲဒီဒေသပိုင်းနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးတွေ တိုးတက်အားကောင်းစေဖို့ ကတိပြုထားပြီး ဒေသပိုင်းအတွင်း အိန္ဒိယအနွယ်ဝင် ရွှေ့ပြောင်း ပျံ့နှံ့နေထိုင်သူ ၁ သန်းကျော်တို့ ရှိနေကြပါတယ်။
ဆွေးနွေးမှုတွေမှာဆိုရင် နိုင်ငံရေးနှင့် ဌာနဆိုင်ရာ ဆွေးနွေးရေး လုပ်ငန်းများ တိုးတက်ရေး၊ စီးပွားရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ လူထုချင်း ဆက်ဆံရေးများ ပိုမိုအားကောင်းရေးတို့ ဖြစ်ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ Dorian ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် ဘဟာမာစ်နိုင်ငံကို အမေရိကန်ဒေါ်လာ ၁ သန်း ငွေကြေးအကူအညီ လက်ငင်း ပေးအပ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ CARICOM ဒေသအတွင်း ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ ၁၄ သန်းနှင့် နေရောက်ခြည်စွမ်းအင်၊ ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် ရာသီဥတု ပြောင်းလဲလာမှုဆိုင်ရာ စီမံကိန်းတွေအတွက် နောက်ထပ် ချေးမငွေ သန်း ၁၅၀ တို့ကို ကြေညာခဲ့ပါတယ်။
အိန္ဒိယ-ပစိဖိတ် ကျွန်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး PSIDS အဖွဲ့ ခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေါ်နွေးပွဲဟာ နယူးယောက်မြို့မှာ ကုလသမဂ္ဂရဲ့ ၇၄ ကြိမ်မြောက် အထွေထွေ ညီလာခံ ကြားကာလတွေမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ဖီဂျီ၊ ကီရီဘာတီ သမ္မတနိုင်ငံ၊ မာရှယ် ကျွန်းစုများ သမ္မတနိုင်ငံ၊ မိုက်ခရိုနီးရှား၊ နူရူ၊ ပါလာဥူ၊ ပါပူးဝါး နယူး ဂါနာ၊ ဆာမိုအာ၊ ဆောလိုမွန်၊ တွန်ဂို၊ တူဗာလူနှင့် ဗန်နူရာတူ နိုင်ငံတို့မှ ခေါင်းဆောင်အကြီးအကဲများ တက်ရောက်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံဟာ ပစိဖိတ် ကျွန်းစုနိုင်ငံတွေနှင့်အတူ ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပြီး အဲဒီရလဒ်အဖြစ် အိန္ဒိယ-ပစိဖိတ် ကျွန်းစုဒေသ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဖိုရမ်အဖွဲ့ FIPIC ဖွဲ့စည်းထားရှိခဲ့ပါတယ်။ ပထမဆုံး FIPIC ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်က ဖီဂျီနိုင်ငံနှင့် ဒုတိယအကြိမ်တို့ကို ၂၀၁၆ ခုနှစ်က Jaipur မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံနှင့် PSIDS အဖွဲ့ဟာ ဘုံတန်ဖိုးတွေနှင့် ဘုံအနာဂတ်တွေ ရှိနေကြပါတယ်။
ဝန်ကြီးချုပ်ဟာ ကပ်ဘေးအန္တရာယ် ဒဏ်ခံနိုင်ရေး အခြေခံအဆောက်အအုံဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်းပါဝင်ကြဖို့ PSIDS အဖွဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ထိရောက်မှုမြင့်မားမယ့် ဖွံ့ဖြိုးရေး စီမံကိန်းများစွာတို့ကို ၎င်းတို့ နှစ်သက်ရာ ကဏ္ဍတွေမှာ အကောင်အထည်ဖော်ဆောင်ဖို့အတွက် PSIDS အဖွဲ့ဝင် ၁ နိုင်ငံကို အမေရိကန်ဒေါ်လာ ၁ သန်းနှုန်းနှင့် ဒေါ်လာ ၁၂ သန်း ခွဲဝေပေးဖို့ ကြေညာဖော်ပြခဲ့ပါတယ်… စသဖြင့် ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment