နိုင်ငံများသည် မြေဆီလွှာ လျော့နည်းပျက်စီးမှု လျှော့ချရန် တောင်းဆိုလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် K V Venkatasubramanian ဝေဖန်ရေးသားပေးပို့ထားတဲ့ “နိုင်ငံများသည် မြေဆီလွှာ လျော့နည်းပျက်စီးမှု လျှော့ချရန် တောင်းဆိုလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ကမ္ဘာ့ပထဝီ မြေကြီးဟာ အရေးပါလှတဲ့ ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ ပထဝီမြေကြီးဟာ လူသားတွေ နေ့စဉ်နေထိုင်ရပ်တည်ရေးအပြင် အစားအစာ၊ ရေသန့်နှင့် အပင်နှင့် သဘာဝဝန်းကျင် အပြန်အလှန် မှီတည်နေထိုင်မှုအပြင် ဂေဟစနစ်တို့လို တခြားအရာတွေအတွက် အခြေခံ ရင်းမြစ် ဖြစ်ပါတယ်။

လူဦးရေ တိုးပွားလာမှုကြောင့် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် မြေနှင့် ရေသန့် အလွန်အကျွံ အသုံးပြုမှုဟာ မြေကြီးရဲ့ မြေဆီလွှာအရည်အသွေးကို လျော့ကျစေခဲ့ပါတယ်။ စိုက်ပျိုးမွေးမြူရေးနှင့် သားငါးထုတ်လုပ်ရေး၊ မြို့ပြဆန်လာခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ရာသီဥတု ဆိုးဝါးပြင်းထန်လာခြင်း၊ သီးသန့်အားဖြင့် မိုးခေါင်ရေးရှားခြင်းတို့ဟာ အရှိန်အဟုန် တိုးမြင့် ဖြစ်ပေါ်လျှက်ရှိပါတယ်။ လူသားတွေဟာ ရေခဲမရှိတဲ့ နယ်မြေ ၇၀% ကျော်တို့ကို သက်ရောက်စေပါတယ်။ မြေဆီလွှာ လျော့ပါးလာခြင်းနှင့် သဲကန္တာရ ဆန်လာခြင်းတို့ဟာ နိုင်ငံ အများစုတို့အတွက် အဓိက စီးပွားရေး၊ လူမှုရေးနှင့် သဘာဝဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး သဲကန္တာရဆန်လာခြင်းဆိုတာကတော့ မြေဆီမြေဩဇာ ကောင်းမွန်တဲ့ နေရာဒေသတွေ သဲကန္တာရ ဖြစ်လာပြီး မြေကြီးရဲ့ မြေဆီအရည်အသွေး လျော့ကျသွားတာ ဖြစ်ပါတယ်။


ဒီလိုပြောင်းလဲလာမှုတွေကို အာရုံပြုပြီး စိန်ခေါ်ချက်တွေ ကျော်လွှားနိုင်ရေး နည်းလမ်း ရှာဖွေကြဖို့အတွက် ၁၉၇ နိုင်ငံတို့မှ ကိုယ်စားလှယ် ၉ ထောင် ဝန်းကျင်တို့ဟာ ဒေလီမြို့အနီးမှာ စက်တင်ဘာလ ၂ ရက်နေ့ကစပြီး အဓိက ညီလာခံကြီးမှာ ပါဝင်ခဲ့ကြပါတယ်။ ကုလသမဂ္ဂရဲ့ ကဲကန္တာရဆန်လာမှု တိုက်ဖျက်ရေး ညီလာခံအတွက် ၁၄ ကြိမ်မြောက် COP 14 ညီလာခံ ဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံက လက်ခံ ကျင်းပခဲ့ပါတယ်။ ညီလာခံ တက်ရောက်လာကြသူတွေဟာ မြေဆီလွှာ စီမံခန့်ခွဲရေး၊ မြေဆီလွှာ လျော့နည်းမှု၊ မိုးခေါင်ရေရှားမှု၊ ရာသီဥတု ပြောင်းလဲလာမှု ပြန်လည်ထိန်းသိမ်းရေး၊ ပြည့်ဖြိုးမြဲ စွမ်းအင်၊ အမျိုးသမီးများ လုပ်ပိုင်ခွင့် အခွင့်အာဏာ အပ်နှင်းရေး၊ လိင်ကွဲပြားမှု တန်းတူညီမျှရေး၊ ရေ သန့်ရှင်းရေးနှင့် တခြားရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

၁၂ ရက်ကြာ ဆွေးနွေးကြပြီးနောက်မှာတော့ ညီလာခံဟာ ကမ္ဘာမြေကြီးကို နောက်ထပ် မြေဆီလွှာ လျော့ပါးဆုံးရှုံးမှုမှ ကယ်တင်သွားဖို့ စီမံကိန်းဖြစ်တဲ့ နယူးဒေလီ ကြေညာစာတမ်းကို ချမှတ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလကရရှိခဲ့တဲ့ ပဲရစ် သဘောတူစာချုပ်ရဲ့ ရေရှည် မျှော်မှန်းချက်တွေ ဖော်ဆောင်ဖို့ ရာသီဥတုနှင့် အပင်နှင့် သတ္တဝါ ကွဲပြားတည်ရှိမှုတို့အတွက် ပထဝီ မြေကြီးအခြေခံ ဖြေရှင်းချက်တွေ သုံးသပ်သွားဖို့ လိုအပ်လိမ့်မယ်လို့ ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။


ကြေညာစာတမ်းမှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေဟာ မြေဆီလွှာ လျော့နည်းလာမှု၊ ကန္တာရ ဆန်လာမှုနှင့် မိုးခေါင်ရေရှားမှုတို့ တိုက်ဖျက်ရေး သန္နိဋ္ဌာန်ပြုချက်တွေအပါအဝင် ဆုံးဖြတ်ချက် ၃၅ ခုတို့ကို ချမှတ်ခဲ့ကြပါတယ်။ ၎င်းတို့တွေဟာ မိုးခေါင်ရေရှားပါးမှုအန္တရာယ်ကို ထိန်းချုပ်စီမံသွားဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းချက်တွေ မြှင့်တင်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။


နိုင်ငံတွေဟာ ၂၀၃၀ ခုနှစ်အရောက်မှာ LDN ခေါ် မြေဆီလွှာ လျော့နည်းပျက်စီမှု ကင်းရှင်းရေး ဖော်ဆောင်နိုင်ဖို့ တောင့်တင်းခိုင်မာတဲ့ ဖွံ့ဖြိုးရေး မျှော်မှန်းချက်ထားရှိကြဖို့အတွကလည်း သဘောတူညီခဲ့ကြပါတယ်။ LDN ဆိုတာကတော့ မြေရင်းမြစ်တွေရဲ့ ပမာဏနှင့် အရည်အသွေးတွေ သတ်မှတ်ထားတဲ့ အချိန်၊ ပမာဏနှင့် ဂေဟစနစ်တို့အတွင်း တည်ငြိမ် ဒါမှမဟုတ် တိုးတက်လာတဲ့ အခြေအနေကို ပြောတာဖြစ်ပါတယ်။ မြေဆီလွှာ လျော့နည်းမှုဟာ ကမ္ဘာတစ်ဝှမ်းမှ လူသားတွေအတွက် သီးသန့်အားဖြင့် ကျေးလက်ဒေသတွေ၊ တောင်သူလယ်သမားတွေနှင့် ဆင်းရဲချို့တဲ့မှု အဆင့်အောက်မှာ ရှိသူတွေ ၃.၂ ဘီလျံဝန်းကျင်တို့ကို ထိခိုက်စေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Mr. Narendra Modi ဟာ ကမ္ဘာမြေကြီးဆိုင်ရာ လုပ်ငန်းစဉ်အတွက် အိန္ဒိယနိုင်ငံရဲ့ ကတိပြုချက်ကို ထပ်မံဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ COP 14 ရဲ့ လက်ရှိ ဥက္ကဌနိုင်ငံဖြစ်ပြီး နောက်ထပ် ၂ နှစ်အထိ ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

နိုင်ငံအားလုံးတို့ဟာ ဒေသအားလုံးတို့အတွင်း သဲကန္တာရဆန်လာခြင်းဟာ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေးတို့ကို အခက်တွေ့စေတယ်လို့ လက်ခံခဲ့ကြပါတယ်။

မြေဆီလွှာ ပြန်လည်ထိန်းသိမ်းရေးဟာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အကျပ်အတည်းနှင့် အပင်နှင့် သတ္တဝါ မီခိုတည်ရှိမှု ဆုံးရှုံးရမှုတွေ အာရုံပြုသွားဖို့ ကျန်ကျစရိတ် အသက်သာဆုံး ဖြေရှင်းချက်တစ်ရပ်ဖြစ်တယ်လို့ UNCCD ရဲ့ အမှုဆောင် အတွင်းရေးမှုး Ibrahim Thiaw က ဖော်ပြခဲ့ပါတယ်။ မြေဆီလွှာ ထိန်းသိမ်းရေး၊ ရာသီဥတုနှင့် အပင်နှင့် ဇီဝမျိုးစိတ်တို့ မီတည်မှုတို့အကြား ရှင်းလင်းတဲ့ ဆက်စပ်မှုရှိနေတယ်လို့လည်း ၎င်းက ဖော်ပြခဲ့ပါတယ်… စသဖြင့် ဆောင်းပါးရှင် K V Venkatasubramanian ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”