Trump သည် တာလီဘန်တို့နှင့် ဆွေးနွေးမှုများကို ဖျက်သိမ်းလိုက်ပြီးနောက် အာဖကန်နစ္စတန်နိုင်ငံသည် သောင်မတင် ရေမကျဖြစ်နေခြင်း
သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Kallol Bhattacherjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “Trump သည် တာလီဘန်တို့နှင့် ဆွေးနွေးမှုများကို ဖျက်သိမ်းလိုက်ပြီးနောက် အာဖကန်နစ္စတန်နိုင်ငံသည် သောင်မတင် ရေမကျဖြစ်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ဒီနှစ်စောစောပိုင်းက တာလီဘန်တို့ အဖွဲ့ဝင် ၁၄ ဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ၁ ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ ခက်ခဲသော တာဝန်တစ်ရပ်ကို ပေးဆောင်ခဲ့ပါတယ်။ အာဖကန်အစိုးရနှင့် တာလီဘန်တို့အကြား စစ်ဖြစ်ပွားနေဆဲ စေ့စပ်ညှိနှိုင်းမှု ဆက်လက်ဖြစ်ပွားဖို့ရှိရာ တာလီဘန်တို့ရဲ့ အရပ်သားများအပေါ် မကြာခဏ တိုက်ခိုက်မှုကြောင့် အစမှပင် ဆွေးနွေးမှုဖြစ်ပွားဖို့ ခက်ခဲခဲ့ပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်မှာ ကျယ်ပြန့် အခြေစိုက် နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းပုံတည်ဆောက်ရေး ၎င်းက တာလီဘန်တို့ရဲ့ မျှော်မှန်းချက်များနှင့် အခြားကဏ္ဍများဖြစ်ကြသော Kabul မြို့ရှိ အဓိက နိုင်ငံရေးစနစ်တို့အကြား လိုက်လျောညီထွေမည်လို့ ထင်ကြပါတယ်။ ဆွေးနွေးပွဲရဲ့ အဓိကအချက်ဟာ တာလီဘန်ခေါင်းဆောင်များက အကြမ်းဖက် နှိမ်နင်းမှု အာမခံချက်ကို အမေရိကန်တို့အားပေးပြီး ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းတွေလို အာဖကန်နစ္စတန်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု ကွန်ယက်ကို ဦးဆောင်သူ မဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ အာဖကန်နစ္စတန်နိုင်ငံမှ အမေရိကန်ဦးဆောင်သော စစ်တပ် ဆုတ်ခွာပြီးနောက် တာလီဘန်တို့ မိမိတို့ ထောက်လှမ်းရေးကွန်ယက်ကို အသုံးပြုပြီး သံတမန်ရေးအရ ဖိအားပေးမှုဖြင့် အကြမ်းဖက်နှိမ်နင်းခြင်းကို ဆောင်ရွက်လိမ့်မယ်ဟု အာမခံချက်ပေးရန် အမေရိကန်က တောင်းဆိုခဲ့ပါတယ်။ သို့သော် အာဖကန် တာလီဘန်တို့က အမေရိကန်စစ်တပ် လုံးဝ ဆုတ်ခွာဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလိုအချိန်မျိုးတွင် Kabul မြို့ရှိ စစ်တပ် သင်တန်းပေးဌာနကို သေနတ်၊ ဗုံးဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အမေရိကန် တပ်သား ၁ ဦးအပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ရပါတယ်။
တာလီဘန်တို့က အဆိုပါတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ဖော်ပြခဲ့ရာ အမေရိကန်သမ္မတ Mr. Donald Trump က တာလီဘန်တို့နှင့် ဆွေးနွေးမှု ဖျက်သိမ်းလိုက်ပြီး တာလီဘန်တို့ရဲ့ လုပ်ဆောင်မှုကို ရှုတ်ချခဲ့ပါတယ်။ အာဖကန်နစ္စတန်နိုင်ငံတွင် နှစ်ပေါင်း ၂၀ နီးပါး စစ်ဖြစ်ပွားခဲ့ပြီး ယခုလို နိုင်ငံရေးဆွေးနွေးမှု စတင်ခဲ့ရာ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ဖြစ်ထွန်းခဲ့ပြီး ယခုဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ကြောင့် အာဖကန်နစ္စတန်အစိုးရကို ဆန့်ကျင်တိုက်ခိုက်လာသူများနှင့် ဆွေးနွေးမှုပြုလုပ်ဖို့ မည်မျှ ခက်ခဲမယ်ဆိုသောအချက် ပေါ်ထွက်ခဲ့ပါတယ်။
တာလီဘန်တို့ရဲ့နောက်ကွယ်ရှိ ပါကစ္စတန်အား ထိန်းသိမ်းရန်လိုအပ်ပြီး အမေရိကန်စစ်တပ် အာဖကန်နစ္စတန်နိုင်ငံမှ ဆုတ်ခွာမှုကြောင့် ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အုပ်စုများ အာဖကန်နစ္စတန်နိုင်ငံ၌ ပြန်လည်အခြေစိုက်လာပြီး အရှေ့တောင်အာရှ ဒေသများကိုလည်း လှုပ်ရှားလာဖို့ လမ်းဖွင့်ပေးလိမ့်မယ်ဖြစ်ပါတယ်။ သို့သော် မကြာသေးမီ ရက်သတ္တပတ်များအတွင်း တာလီဘန်တို့က ဒေသပိုင်းရှိ အခြားသော အကြမ်းဖက်အုပ်စုများနှင့် ထိတွေ့ဆက်ဆံလာကြောင်း ထင်ရှားခဲ့ပါတယ်။
အဆိုပါအုပ်စုက တရုပ်၊ ရုရှား၊ အီရန်နှင့် ပင်လယ်ကွေ့နိုင်ငံများဖြစ်ကြသော ဆော်ဒီ အာရေးဗီးယားနှင့် ကာတာနိုင်ငံတို့နှင့် စေ့စပ်ခဲ့စဉ် အိန္ဒိယနှင့် တွေ့ဆုံဆွေးနွေးမှုများကို မပြုလုပ်ခဲ့ပေ။ သို့သော် ဩဂုတ်လအတွင်း တာလီဘန်တို့က အိန္ဒိယနိုင်ငံနှင့်လည်း တွေ့ဆုံညှိနှိုင်းဖို့ စိတ်ဆန္ဒရှိကြောင်း အချက်ပြခဲ့ပါတယ်။ သို့သော် အမေရိကန်နိုင်ငံနှင့် ၎င်းတို့ရဲ့ ဆွေးနွေးမှု ပျက်ပြားခဲ့ပြီးနောက် ထိုကဲ့သို့ သက်ဆိုင်ရာနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးမှု အဓိပ္ပါယ် မဲ့သွားခဲ့ပါတယ်။
အမေရိကန် အထူးကိုယ်စားလှယ် Mr. Zalmay Khalilzad နှင့် တာလီဘန်အဖွဲ့တို့အကြား ဆွေးနွေးမှုကို အမေရိကန် သမ္မတ Mr. Trump က ဖျက်သိမ်းခဲ့ပြီးနောက် အာဖကန်နစ္စတန်နိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော ဆူပူမှုကိုအဆုံးသတ်ရန် နော်ဝေ၊ ဂျာမဏီနှင့် ကာတာနိုင်ငံများက အမေရိကန်နှင့် တာလီဘန်တို့အကြား ပြန်လည်ဆက်သွယ်မှု တည်ထောင်ပြီး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြပါတယ်။
တာလီဘန်တို့က ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ကြေညာခဲ့မှုကြောင့် ဆူပူမှုဖြစ်ပွားဖို့ အလားအလာ ရှိခဲ့ပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၄၀ အထိ ပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် ယခုနိုင်ငံခြား ဖိအားပေးမှုကို ခံနေရသော အာဖကန်နစ္စတန်နိုင်ငံရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေဆဲ ဖြစ်နေပါတယ်။
အကယ်၍ နိုင်ငံရေးဆွေးနွေးမှု ပြန်လည်မစတင်လျှင် တာလီဘန်တို့က အမေရိကန်စစ်တပ်နှင့် အာဖကန်နစ္စတန်အစိုးရတို့နှင့် ဆက်သွယ် တိုက်ခိုက်မှုဖြစ်ပွားဖို့ အလားအလာ ရှိခဲ့ပါတယ်။ အချို့က ရွေးကောက်ပွဲအပြီး အခြေအနေ ပုံမှန်ဖြစ်ဖို့ မျှော်လင့်ခဲ့သော်လည်း တာလီဘန်တို့က အကြမ်းဖက် နှိမ်နင်းမှုဆိုင်ရာ အမေရိကန်ရဲ့ တောင်းဆိုချက်ကို လက်ခံခဲ့လျှင် ဆွေးနွေးမှု ပြန်လည်စတင်နိုင်ကြောင်း… စသဖြင့် ဆောင်းပါးရှင် Kallol Bhattacherjee ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။
Comments
Post a Comment