ပါကစ္စတန်နိုင်ငံသည် အမုန်းအာဃာတ တရားအတွက် လက်ခံလိုသူမရှိဖြစ်နေခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ AIR ရေဒီယိုသတင်းဌာနမှ သီတင်းသုတေသီ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံသည် အမုန်းအာဃာတ တရားအတွက် လက်ခံလိုသူမရှိဖြစ်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

၇၄ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ Kashmir အရေးကိစ္စကို နိုင်ငံတကာအရေးဖြစ်ဖို့ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Mr. Imran Khan ရဲ့ ကြိုးပမ်းချက်ဟာ အလုံးစုံ ကျဆုံးသွားခဲ့ရပါတယ်။ သူဟာ သူ့အဆိုအရတော့ အိန္ဒိယနိုင်ငံရဲ့ Jammu နှင့် Kashmir ပြည်နယ်ဒေသမှ ပြည်သူတွေရဲ့ ဘဝအခြေအနေနှင့်ပတ်သက်ပြီး ဆူပူကြိမ်းမောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ညီလာခံဟာ ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို အရေးမစိုက်ခဲ့ကြပါတယ်။ အဲဒီနောက် Mr. Imran Khan ဟာ စစ်မက်ဖြစ်ပွားမှု အရေးကိစ္စကို ဖော်ပြခဲ့ပြီး အနုမြူ ဆိုတဲ့စကားလုံးကိုတောင် သုံးနှုန်းခဲ့ပါတယ်။ ဒါဟာ အာရုံပြု အရေးစိုက်မှုရရှိဖို့ ပါကစ္စတန်ခေါင်းဆောင်တွေရဲ့ ဖော်ပြချက် တစိတ်တပိုင်း ဖြစ်လာခဲ့ပါတယ်။

ပါကစ္စတန်ခေါင်းဆောင်ဟာ အမေရိကန်ပြည်ထောင်စု အုပ်ချုပ်ရေးအဖွဲ့ထံမှလည်း ထောက်ခံချက် မရရှိခဲ့ပါဘူး။ တကယ်တော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ Kashmir ဒေသနေ ပြည်သူတွေအကြောင်း ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် ပြောဆိုခဲ့တဲ့အတိုင်း Uyghur မူဆလင်တွေရဲ့ ဘဝအခြေအနေတွေနှင့်ပတ်သက်ပြီး ဖော်ပြခဲ့ခြင်းမရှိတဲ့အတွက် သူ့ကို ဝေဖန်ဖော်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ တောင်အာရှနှင့် အာရှအလယ်ပိုင်းဒေသဆိုင်ရာ ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ် Alice Wells ဟာ Kashmir ဒေသနှင့်ပတ်သက်ပြီး Mr. Khan ရဲ့ ဝေဖန်ဖော်ပြချက်ကို အထောက်အကူမပြုကြောင်း ဖော်ပြခဲ့ပါတယ်။

သူမက အထူးသဖြင့် အနုမြူ စွမ်းအားရှိတဲ့ ၂ နိုင်ငံတို့အကြား စကားအပြောအဆို လျှော့သွားကြမယ်ဆိုရင် ကြိုဆိုသွားရလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ခန့်မှန်းခြေအားဖြင့် Uyghur မူဆလင် ၁ သန်းခန့်တို့ကို ဟန် တရုတ်တို့ရဲ့ ရိုးရာအစဉ်အလာအတွင်း ပါဝင်စေဖို့ ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံကို ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်က ဘာကြောင့် မပြောတာလဲဆိုပြီး Ms. Wells က မေးခွန်းထုတ်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံနှင့် အထူး ဆက်ဆံရေးတစ်ရပ် ထားရှိနေတယ်လို့ Mr. Khan က ဖော်ပြခဲ့တာကြောင့် Uyghur မူဆလင်တွေရဲ့ ဘဝအခြေအနေနှင့်ပတ်သက်ပြီး ပါကစ္စတန်ဝန်ကြီးချုပ်က ဝေဖန်ဖို့ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ၇၄ ကြိမ်မြောက် ညီလာခံမှာ ပါကစ္စတန်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ကို အချက်ကျကျနှင့် ရင့်ကျက်မှုရှိစွာ တုံ့ပြန်ခဲ့ပါတယ်။ အနုမြူကပ်ဘေး ပေါ်ပေါက်လာနိုင်တယ်လို့ ပါကစ္စတန်ခေါင်းဆောင်ရဲ့ ဖွင့်ဆိုခြိမ်းခြောက်မှုကို နိုင်ငံခေါင်းဆောင်ရဲ့ အရည်အသွေးမဟုတ်ဘဲ စစ်မက်ဖြစ်ပွားနိုင်ဖွယ် အခြေအနေကိုသိလို့ ဖော်ပြချက်အဖြစ် အိန္ဒိယနိုင်ငံက သုံးနှုန်းဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂမှာ Mr. Khan ရဲ့ ပြောဆိုချက်ဟာ သွေးဝမ်းကွဲမှုတွေ များပြားစေဖို့ ကွဲလွဲမှုတွေ ပိုများဖို့နှင့် အာဃာတ အမုန်းတရားတွေ မွေနှောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံက ဖော်ပြခဲ့ပါတယ်။ အကြမ်းဖက်ဝါဒဆိုင်ရာ ကွင်းဆက်တခုလုံးကို ဆုပ်ကိုင်ထားတဲ့ နိုင်ငံခေါင်းဆောင်ထံမှ လာရောက်တဲ့ ဝန်ကြီးချုပ် Mr. Khan ရဲ့ အကြမ်းဖက်ဝါဒအရေး အကျိုးအကြောင်း ဖော်ပြချက်ဟာ မျက်နှာပြောင်တိုက်ပြီး ဆူပူမှု လှုံ့ဆော်ချက်ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ ပထမ အတွင်းဝန် Ms. Vidisha Maitra က ဖော်ပြခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွ အဖွဲ့အစည်းတွေမရှိဘူးဆိုတာ စစ်ဆေးအတည်ပြုနိုင်ဖို့ ကုလသမဂ္ဂမှ လေ့လာသုံးသပ်သူတွေကို ပါကစ္စတန်နိုင်ငံသို့ ဖိတ်ကြားခဲ့တဲ့ Mr. Khan ကို အဲဒီကတိစကားကို ကမ္ဘာ့နိုင်ငံတွေက မှတ်သားသွားလိမ့်မယ်လို့ သူမက သတိပေးခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အကြမ်းဖက်သမား ၁၅၀ ယောက်တို့နှင့် ကုလသမဂ္ဂက စာရင်းသွင်းထားတဲ့ အကြမ်းဖက်အဖွဲ့အစည်း ၂၅ ဖွဲ့တို့တည်ရှိရာ နိုင်ငံဆိုတဲ့အချက်ကို အတည်ပြုသွားနိုင်မလားလို့လည်း အိန္ဒိယ ကိုယ်စားလှယ်က မေးမြန်းခဲ့ပါတယ်။ ငွေကြေးဆိုင်ရာ အရေးယူလုပ်ဆောင်ရေး အထူးတပ်ဖွဲ့က အဓိက သတ်မှတ်ချက်မူ ၂၇ ချက်အနက် ၂၀ ကျော်တို့ ချိုးဖောက်တဲ့အတွက် ဒီနိုင်ငံအပေါ် သတိပေးခဲ့တာကို ပါကစ္စတန်နိုင်ငံအနေနှင့် ငြင်းဆိုသွားဦးမလား။

ပါကစ္စတန်နိုင်ငံဟာ လူ့အခွင့်အရေးကိစ္စနှင့်ပတ်သက်ပြီး ဖော်ပြဖို့ ကြိုးပမ်းနေပါတယ်။ ဒီနိုင်ငံအတွင်း လူနည်းစုဦးရေဟာ ၁၉၄၇ ခုနှစ်မှာ ၂၃% ရှိခဲ့ရာကနေ ဒီကနေ့ ၃% သာရှိနေပြီး ဘာသာရေးဆိုင်ရာ ပြင်းထန်ရက်စက်တဲ့ ဥပဒေတွေ၊ စနစ်တကျ ဖိနှိပ်ညှဉ်းပန်းမှုတွေ၊ ပေါ်တင် နှိပ်စက်မှုတွေနှင့် အတင်းအဓမ္မ ဘာသာပြောင်းဒေမှုတွေလုပ်ဖို့ ခရစ်ယာန်၊ Sikh၊ Ahmadiya၊ Hindus၊ Shia၊ Pashtun၊ Sindhi နှင့် Baloch ဘာသာဝင် မျိုးနွယ်စုတွေကို ပစ်မှတ်ထားခဲ့တယ်လို့ အိန္ဒိယနိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံတို့ကို သတိပေးဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ Jammu နှင့် Kashmir ပြည်နယ်ဒေသ ဖွံ့ဖြိုးရေးနှင့် စည်းလုံးညီညွတ်ရေးကို အဟန့်အတားဖြစ်စေတဲ့ ခေတ်နောက်ကျနေပြီဖြစ်တဲ့ ပုဒ်မ ၃၇၀ ရုပ်သိမ်းမှုအတွက် ပါကစ္စတန်နိုင်ငံရဲ့ အပြင်းအထန် တုံ့ပြန်လုပ်ဆောင်ချက်ဟာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားစေဖို့ ရှင်သန်နေသူတွေအနေနှင့် ငြိမ်းချမ်းရေးအလင်းတန်းကို ဘယ်တော့မှာ ကြိုဆိုမှာမဟုတ်ဘူး ဆိုတဲ့အချက်ကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။ အိန္ဒိယ ပြည်သူထုတို့ဟာ ၎င်းတို့ကိုယ်စား ပြောဆိုဖို့ ဘယ်သူ့ကိုမှ မလိုအပ်ကြပါဘူး။ အနည်းဆုံးအဆင့် အမုန်းပွားရေး အတွေးအခေါ်ကနေ အကြမ်းဖက်ဝါဒ ထွန်းကားဖို့ တည်ဆောက်နေသူ အားလုံးတို့ကို မလိုအပ်ပါဘူး။ ပါကစ္စတန်နိုင်ငံမှ အတိုက်အခံ ပါတီတွေကလည်း ကုလသမဂ္ဂမှာ Mr. Khan ရဲ့ ဖော်ပြချက်ကို ဝေဖန်လိုက်ကြပြီး သူဟာ Kashmir အရေးနှင့်ပတ်သက်လို့ ဘာထောက်ခံချက်မှ မရရှိဘဲ လက်ဗလာနှင့် ပြန်လာခဲ့ရတယ်လို့ ဖော်ပြခဲ့ကြပါတယ်… စသဖြင့် ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”