“ပါကစ္စတန် စံချိန်စံညွှန်း နှစ်မျိုးထားမှု”

သောတရှင်များရှင်၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR သတင်းထောက် Kaushik Roy ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန် စံချိန်စံညွှန်း နှစ်မျိုးထားမှု” ဆိုသော ဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနိုင်ငံ Jammu နှင့် Kashmir ပြည်နယ်အပေါ် မိမိ၏ ခေါင်းမာသော အခြေအနေထားမှုကြောင့် ပါကစ္စတန်နိုင်ငံသည် ဆူညံယောက်ယှက်ခတ်သောအဆင့်၌ ရှိနေပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများက အိန္ဒိယအုပ်ချုပ်ပုံအခြေခံဥပဒေ အပိုဒ် ၃၇၀ ရုပ်သိမ်းမှုဟာ ၎င်းရဲ့ ပြည်တွင်းကိစ္စဖြစ်တယ်လို့ ပြောဆိုခဲ့ရာ ပါကစ္စတန်ရဲ့ Jammu နဲ့ Kashmir ပြည်နယ်ဆိုင်ရာ ပြောဆိုမှုကို ၎င်းတို့က အရေးမစိုက်ခဲ့ပေ။ ပါကစ္စတန်က ကမ္ဘာ့နိုင်ငံများရဲ့ ထောက်ခံမှုရရှိစေရန် ကြိုးစားနေသော်လဲ မအောင်မြင်ခဲ့ပေ။

Islamabad အစိုးရသည် အိန္ဒိယဆန့်ကျင်နေတဲ့ သမာရိုးကျစစ်ပွဲတွင် အနိုင်မရနိုင်ဟု ပါကစ္စတန်ဝန်ကြီးချုပ် Mr Imran Khan က မကြာမှီက ပုဂ္ဂလိက ရုပ်မြင်သံကြားမှတဆင့် ဝန်ခံပြောဆိုခဲ့ပါတယ်။ ၎င်းက အနုမြူခြိမ်းခြောက်မှုနဲ့ ကက်ရှမီးယားအပေါ် ကမ္ဘာ့အာရုံစူးစိုက်မှုအတွက် ထပ်လောင်းပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အနုမြူလက်နက်ကြောင့် ဖြစ်ပေါ်လာမဲ့ အခြေအနေအတွက် ကမ္ဘာကြီးကို သတိပေးခဲ့ပါတယ်။ ပါကစ္စတန်သည် စစ်မလိုလားသော်လဲ ၎င်းရဲ့ လုံခြုံရေးနဲ့ ရိုးသားဖြောင့်မတ်ခြင်းဆိုင်ရာ စိန်ခေါ်မှုတော့ မေ့မေ့လျော့လျော့ မထားဟု ဆက်လက်ပြောဆိုခဲ့ပါတယ်။

လာမည့်လအတွင်း FATF ခေါ်အကြမ်းဖက်အဖွဲ့အား ဘဏ္ဍာရေးထောက်ပံ့မှုအား အရေးယူသည့် အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့သည် ပါကစ္စတန်၏ အကြမ်းဖက်မှုထောက်ပံ့ရေးဆိုင်ရာ အချက်ကြောင့် ၎င်းအား အမည်ပျက်စာရင်းထဲ ပါသင့်မပါသင့်ဆိုသောအချက်အပေါ် ဆုံးဖြတ်ချက်ချမှတ်လိမ့်မည်ဖြစ်ရာ ပါကစ္စတန်က အလွန်ခက်ခဲသောအချိန်ကို ကြုံတွေ့ရလိမ့်မယ်လို့ Mr Khan က ပြောဆိုခဲ့ပါတယ်။ ကမ္ဘာက ပါကစ္စတန်ရဲ့ စီးပွားရေးပျက်ပြားစေရန် ကြိုးစားနေတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ ၎င်းက အိန္ဒိယနဲ့ ဆွေးနွေးပွဲပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုခဲ့သော်လဲ ဒီအချက် မမှန်ကန်ခဲ့ပေ။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် Pathankot လေတပ်အခြေစိုက်စခန်းအပေါ် တိုက်ခိုက်မှုနောက်ပိုင်း “အကြမ်းဖက်မှုနှင့် ဆွေးနွေးမှု တပြိုင်နက်တည်းမဖြစ်” ဟု အိန္ဒိယနိုင်ငံက ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဆွေးနွေးမှုဖြင့် ပြဿာနာဖြေရှင်းရန် ထပ်ခါတလဲလဲ ကမ်းလှမ်းခဲ့သော်လဲ ပါကစ္စတန်က လက်မခံခဲ့ရာ ယခုအထီးကျန်ဘဝသို့ ရောက်ခဲ့ရပါတယ်။

Kashmir အပေါ် မိမိထားရှိသောအမြင်ကြောင့် ယခု Islamabad အစိုးရက အထီးကျန်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Jammu နဲ့ Kashmir ပြည်နယ်အပေါ် တိုက်ခိုက်မှုပြုလုပ်စေရန် ပြီးခဲ့သောနှစ်ပေါင်း (၃၀) ကတည်းက ပါကစ္စတန်နိုင်ငံက အကြမ်းဖက်အုပ်စုအများအပြား တို့အား ထောက်ပံ့ခဲ့ပြီး သင်တန်းပေးလေ့ရှိပါတယ်။ ပါကစ္စတန်ဖက်မှ နယ်စပ်မျဉ်းကျော်လာသော အကြမ်းဖက်မှုကြောင့် အပြစ်မဲ့ အိန္ဒိယလူမျိုး ထောင်ပေါင်းများစွာတို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ယခု ပါကစ္စတန်သည် မိမိ၏ ရှုံးနိမ့်မဲ့ ကြိုးစားမှုအပေါ် ဝမ်းနည်းမှုမလုပ်နိုင်ပါ။

ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ အဆိုပါပြောဆိုမှုနောက် တရုတ်နိုင်ငံ Xinjiang ခရိုင်နေ Uyghur မူစလင်အသိုင်းအဝိုင်းထံမှ မေးခွန်းများကို ရင်ဆိုင်ခဲ့ရပါတယ်။ တရုတ်နိုင်ငံနေ Uyghur မူစလင် လူနည်းစုများ ဖိစီးနှိပ်စက်မှုခံနေမှုအပေါ် Islamabad အစိုးရရဲ့ တိတ်ဆိတ်နေခဲ့မှုကို ကမ္ဘာ့ Uyghur Congress က ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ကို ရှုံ့ချခဲ့ပါတယ်။

လွန်ခဲ့သောလအနည်းငယ်က Uyghur ပြဿနာအပေါ် နိုင်ငံတကာသတင်းထောက်များက ပါကစ္စတန်ဝန်ကြီးချုပ် Mr Imran Khan ကို မေးမြန်းသောအခါ ၎င်းက ဒီအချက်မသိဟု ပြောဆိုခဲ့ပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်က ဒီအချက်ကို သိထားသော်လဲ စကားမပြောချင်ဟု ဒီအဖွဲ့ဥက္ကဌ Dolkun Isa က ဂျင်နီဗာမြို့၌ ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံသည် လူအခွင့်အရေး အကြီးမားဆုံး ချိုးဖေါက်သူတဦးဖြစ်ပြီး တရုတ်နိုင်ငံက ဒီအဖြစ်မှန်ကို နိုင်ငံတကာထံမှ အမြဲကွယ်ဝှက်ပေးထားလျက်ရှိသည်ဟု Mr Isa က ထပ်မံပြောဆိုခဲ့ပါတယ်။

Kashmir ပြဿနာအပေါ် ပါကစ္စတန်ဝန်ကြီးချုပ်က အမြဲပြောဆိုနေသော်လဲ Uyghur ပြဿနာအပေါ် မိမိမျက်စိပိတ်ပြီး တရုတ်နိုင်ငံကို ထောက်ခံလျက်ရှိတယ်လို့ Mr Isa ပြောဆိုခဲ့ပါတယ်။

Mr Imran Khan က Kashmiri လူမျိုးစုများရဲ့ မိတ်ဆွေတဦးကဲ့သို့ မိမိဖေါ်ကျူးဖို့ ကြိုးစားနေရာ အခြားတဖက်မှာ Balochistan ပြည်နယ်တွင် Mr Imran Khan အစိုးရရဲ့ Baloch လူမျိုးစုအပေါ် နှိပ်စက်မှုများကို Baloch ခေါင်းဆောင်များက ဂျင်နီဗာမြို့၌ ပြီးခဲ့သောအပတ်က ဖြစ်ပွားခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေး၌ ပြောဆိုခဲ့ကြောင်း စသဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”