အိန္ဒိယနိုင်ငံသည် ဖင်လန်နိုင်ငံအတွက် အကြမ်းဖက်ဝါဒနှင့်ပတ်သက်၍ နိုင်ငံ၏ရပ်တည်ချက်ကို ဖော်ပြလိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ ဥရောပဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် ဖင်လန်နိုင်ငံအတွက် အကြမ်းဖက်ဝါဒနှင့်ပတ်သက်၍ နိုင်ငံ၏ရပ်တည်ချက်ကို ဖော်ပြလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ ဖင်လန်နိုင်ငံကို ၃ ရက်ကြာခရီးစဉ်တစ်ရပ် သွားရောက်ခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ် ကာလတွေကလည်းက အစဉ်အလာအားဖြင့် ခိုင်မာတည်မြဲတဲ့ ဆက်ဆံရေးတွေနှင့် အပြန်အလှန် အဆင့်မြင့်ခရီးစဉ်တွေ ဘုံထားရှိခဲ့ကြပေမယ့် ဒီခရီးစဉ်ဟာ ရုံးတော်တာဝန် ထမ်းဆောင်ခဲ့ပြီးတဲ့နောက် Nordic ဒေသမှနိုင်ငံသို့ နိုင်ငံခြားရေး ဝန်ကြီးရဲ့ ပထမဆုံး ခရီးဖြစ်ပါတယ်။ နွေးထွေးပျူငှာတဲ့ အပြန်အလှန် ဆက်ဆံရေးတွေအပေါ် အာရုံပြုမှုထက် ဒီခရီးစဉ်ဟာ ဖင်လန်နိုင်ငံအနေနှင့် အီးယူ ဥရောပသမဂ္ဂရဲ့ လက်ရှိဥက္ကဌနိုင်ငံ ဖြစ်နေပြီး အိန္ဒိယနိုင်ငံကလည်း အိမ်နီးချင်းနိုင်ငံအတွင်း တိုးများတည်ရှိလာနေတဲ့ အကြမ်းဖက်ဝါဒကို ရှုတ်ချရာမှာ နိုင်ငံတကာထောက်ခံချက်ရရှိဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ အချက်ကြောင့် ထူးခြားအရေးပါမှု ရှိနေပါတယ်။
Dr. Jaishankar ဟာ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒနှင့်ပတ်သက်ပြီး ဖင်လန်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေနှင့်အတူ အသေးစိတ် ဆွေးနွေးခဲ့ပြီး အိန္ဒိယနိုင်ငံက Jammu နှင့် Kashmir ပြည်နယ်ဆိုင်ရာ ပုဒ်မ ၃၇၀ ဖျက်သိမ်းလိုက်ပြီးတဲ့နောက် Kashmir ဒေသအပေါ် လုပ်ကြံဇာတ်လမ်းထွင်ဖို့ ပါကစ္စတန်နိုင်ငံ ကြိုးပမ်းအားထုတ်နေချိန်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျယ်ပြန့်လှတဲ့ ၂ နိုင်ငံ ဆက်ဆံရေးတွေအပေါ် Helsinki မြို့မှာ ဖန်လန်နိုင်ငံဝန်ကြီးချုပ် Antti Rinne နှင့် နိုင်ငံခြားရေးဝန်ကြီး Pekka Haavisto တို့နှင့်လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့အလျောက် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး နည်းပညာတွေနှင့် ပတ်သက်ပြီး အထူးအာရုံပြုချက်နှင့်အတူ ၂ နိုင်ငံဆက်ဆံရေးတွေကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ဒေသပိုင်း အရေးကိစ္စတွေအပေါ်လည်း အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။
အိန္ဒိယနှင့် ကမ္ဘာဂြိုဟ်ဆိုင်ရာ နိုင်ငံတကာရေးရာ ဖင်လန်နိုင်ငံဌာန FIIA မှာ အမှာစကား ပြောကြားစဉ် Dr. Jaishankar ဟာ ဒီကနေ့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒတွေက ဖွံ့ဖြိုးရေး အာရုံပြုချက်တွေ များစွာရှိနေပြီး ဒါဟာ ဆက်ဆံရေးတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်အလမ်းတွေ အတူတကွ ဖော်ထုတ် ထားရှိနိုင်တဲ့ လက္ခဏာတွေကို ဖင်လန်နိုင်ငံက စူးစမ်းလေ့လာသွားနိုင်မယ်လို့ ဖော်ပြခဲ့ပါတယ်။
Jammu နှင့် Kashmir ပြည်နယ်ဒေသရဲ့ အခွင့်ထူးပေးအပ်မှု အခြေအနေ ပြန်လည်ရုပ်သိမ်းဖို့ အိန္ဒိယနိုင်ငံရဲ့ လတ်တလောဆုံးဖြတ်ချက်ကို အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးရေး လိုအပ်ချက်တွေကြောင့် ပြုလုပ်ခဲ့ပြီး အမျိုးသား လုံခြုံရေး ဂယက်ရိုက်မှုရှိတယ်လို့ ၎င်းကဖော်ပြခဲ့ပါတယ်။ အမျိုးသားလုံခြုံရေး ပြဿနာတွေနှင့်ပတ်သက်ပြီး ဖော်ပြရာမှာတော့ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒဟာ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း အိန္ဒိယနိုင်ငံသား ၄ သောင်းကျော်တို့ အသက် ဆုံးရှုံးခဲ့ရတဲ့ စိန်ခေါ်ချက်တစ်ရပ်ဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါနှင့်ပတ်သက်လို့တော့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ ကျန်ဒေသတွေမှာလိုပဲ အကြမ်းဖက်သမား တိုက်ခိုက်မှုတွေကနေ ကာလကြာ ခံစားတွေ့ကြုံခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ပုံစံလက္ခဏာ အလုံးစုံတို့ဖြင့် အကြမ်းဖက်ဝါဒအပေါ် နိုင်ငံတကာတို့ရဲ့ အပြင်းအထန် ရှုတ်ချသွားဖို့လိုအပ်ချက်ဟာ အလွန် အရေးကြီးလှပါတယ်။
အင်အားကြီးနိုင်ငံတွေနှင့် အိန္ဒိယနိုင်ငံရဲ့ ဆက်ဆံရေးအပေါ်ကိုလည်း အိန္ဒိယနိုင်ငံက လုပ်ဆောင်နေတာဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံအားလုံးတို့နှင့် ဆက်ဆံရေးကောင်းမွန်ဖို့ ဖြစ်ကြောင်း Dr. Jaishankar က ဖော်ပြခဲ့ပါတယ်။ ဒေသပိုင်းနှင့် နိုင်ငံတကာရေးရာ နိုင်ငံရေးတွေမှာ အဓိကကျတဲ့ ပါဝင်သူအဖြစ် အိန္ဒိယနိုင်ငံဟာ ပြည့်ဝစုံလင်မှုနှင့် မတူကွဲပြားမှုတွေကို အားပေးပံ့ပိုးပြီး လူထုအခြေခံ ဖွံ့ဖြိုးရေး ချည်းကပ်လုပ်ဆောင်မှု ထားရှိနေပါတယ်။
Dr. Jaishankar ဟာ ဖင်လန်နိုင်ငံရဲ့ လွှတ်တော် ဒု-ဥက္ကဌ Tuula Haatainen နှင့် ဖင်လန်နိုင်ငံ ပါလီမန်လွှတ်တော်ရဲ့ နိုင်ငံခြားရေး ကော်မတီအဖွဲ့နှင့်အတူ အကျိုးဖြစ်ထွန်းတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဖင်လန်နိုင်ငံ သမ္မတ Sauli Niinisto ကိုလည်း တွေ့ဆုံခဲ့ပြီး မဟတ္တမ ဂန္ဒီကြီးရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပြုဖို့ ယဉ်ကျေးမှု ဆက်ဆံရေးဆိုင်ရာ အိန္ဒိယကောင်စီ အဖွဲ့က ဖင်လန်နိုင်ငံသို့ လက်ဆောင်အဖြစ် ဂန္ဒီကြီးရဲ့ ရုပ်တုကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။
Kashmir အရေးကိစ္စဟာ ပြည်တွင်းရေးဖြစ်တာကြောင့် အိန္ဒိယနိုင်ငံဟာ ဒီအရေးကိစ္စအပေါ် နိုင်ငံတကာ ထောက်ခံမှု ရရှိခဲ့ပြီးဖြစ်ပေမယ့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန် နှင့် ရုရှားနိုင်ငံတို့လို ကမ္ဘာတဝှမ်းမှ ထောက်ခံချက်တွေရရှိခဲ့တဲ့ နိုင်ငံခေါင်းဆောင်တွေနှင့်လည်း ဆွေးနွေးလျှက် ရှိပါတယ်။ FIIA ဌာနမှာ Dr. Jaishankar ရဲ့ အမှာစကားပြောကြားချက်ဟာ Kashmir ကိစ္စအပေါ် အိန္ဒိယအစိုးရရဲ့ ရပ်တည်ချက်ကို ရှင်းလင်းလိုက်တာဖြစ်ပြီး အကြမ်းဖက်ဝါဒ ခိုလှုံ့နေထိုင်ခွင့် ပြုထားမှုအတွက် ပါကစ္စတန်နိုင်ငံကို စုပေါင်းရှုတ်ချသွားဖို့ လိုအပ်ချက်ကို ပြသလျှက်ရှိပါတယ်။ ဥရောပ သမဂ္ဂဟာ Kashmir အခြေအနေတွေကို အနီးကပ် စောင့်ကြည့်လာခဲ့တာကြောင့် ဒီခရီးစဉ်ဟာ ၂ နိုင်ငံ စွမ်းရည်အလားအလာတွေ စူးစမ်းလေ့လာရေး တိုးတက်စေဖို့အပြင် ဥရောပ သမဂ္ဂရဲ့ လက်ရှိဥက္ကဌအဖြစ် ဖင်လန်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေး ဂယက်ရိုက်မှုတွေအပေါ် ထပ်မံသေချာစေဖို့ဖြစ်တာကြောင့် အရေးပါလှပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Sanghamitra Sarma ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment