“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”

သောတရှင်များရှင်၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အိန္ဒိယသိပ္ပံပညာဆိုင်ရာ ဆောင်းပါးရှင် N. Bhadran Nair ရေးသားပေးပို့ထားတဲ့ “ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း” ဆိုသော ခေါင်းစဉ်ဖြင့် ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။

အသက် (၁၆) နှစ်အရွယ်ရှိ Sweden နိုင်ငံမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်လှုပ်ရှားသူ Ms Greta Thunberg ရဲ့ New York မြို့၌ပြုလုပ်သော ကုလသမဂ္ဂအစည်းအဝေး၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအပေါ် ပြောဆိုချက်ကြောင့် ကမ္ဘာ့ခေါင်းဆောင်များက တုန်လှုပ်ခဲ့ပါတယ်။ ကျွန်ုပ်တို့ အနာဂတ်မျိုးဆက်တို့ဟာ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုအပေါ်မူတည်ပြီး အကယ်၍ ကျွန်ုပ်တို့မအောင်မြင်ခဲ့လျင် ၎င်းတို့ခွင့်ပြုလိမ့်မည်မဟုတ်ဟု သူမက ကမ္ဘာ့ခေါင်းဆောင်များအား ပြောဆိုခဲ့ပါတယ်။

လတ်တလော လူသားအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီးဟာ ရာသီဥတုအပြောင်းအလဲဆိုင်ရာ အချက်ဖြစ်ပြီး တကမ္ဘာလုံးပျက်စီးမှုရဲ့ အကြောင်းရင်းတခုဖြစ်လာနိုင်ပါတယ်။

ရာသီဥတုအပြောင်းအလဲကို ထိန်းသိမ်းစေရန် ကမ္ဘာလုံးရှိ လူသားအားလုံးတို့၏ လှုပ်ရှားမှုကို လိုအပ်ခဲ့သည်ဟု အိန္ဒိယဝန်ကြီးချုပ် Mr Modi က ကမ္ဘာ့ခေါင်းဆောင်များအား ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက ဒီခြိမ်းခြောက်မှုအကြောင်း ပြောဆိုမဲ့အစား ဒီပြဿနာဖြေရှင်းဖို့ နည်းလမ်းရှာဖွေပြီး ၎င်းအပေါ် အကောင်အထည်ဖော်ဖို့လိုကြောင်း Mr Modi က ပြောဆိုခဲ့ပါတယ်။ ဒီရာစုကုန်ဆုံးချိန်အထိ အာရှတိုက်ဒေသ၌ အပူချိန် ၆ ဒီဂရီ ဆဲလ်စီးရပ် ပိုပြီး မြင့်မားလာလိမ့်မယ်လို့ ဂျာမဏီနိုင်ငံရှိ ရာသီဥတုအပြောင်းအလဲဆိုင်ရာ သုတေသနဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအပူချိန်တိုးမြင့်ခြင်းဖြင့် ရာသီဥတုစနစ်၊ လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်လုပ်ငန်းကဏ္ဍ၊ ကုန်တွင်းပိုင်းနဲ့၊ အဏ္ဏဝါရေပြင် ဇီဝပြောင်းလဲဖြစ်တည်မှု၊ ပြည်တွင်းနှင့် ဒေသတွင်း လုံခြုံရေး၊ ကုန်သွယ်ရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ နိုင်ငံပြောင်းလဲမှုနဲ့ ကျန်းမာရေး စသောအချက်များကို ထိပါးစေနိုင်လိမ့်မယ်ဖြစ်ပါတယ်။ အဆိုပါအချက်ဖြင့် တချို့နိုင်ငံများ ခြိမ်းခြောက်သောအခြေအနေဖြစ်ရုံမက ဖွံ့ဖြိုးတိုးတက်မှုကိုလဲ ထိခိုက်စေလိမ့်မယ်ဖြစ်ပါတယ်။

၎င်းသည် စစ်မှန်သော ခြိမ်းခြောက်မှုတခုဖြစ်တယ်လို့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များက သတိပေးခဲ့သော်လဲ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီပြဿနာဖြေရှင်းစေရန် လူသားအားလုံးတို့ ဒီပြဿနာကို နားလည်ပြီး မိမိတို့ဘဝနေထိုင်မှုကို ပြောင်းလဲပြီး ရာသီဥတုအပြောင်းအလဲကို ထိန်းသိမ်းနိုင်တယ်လို့ ဝန်ကြီးချုပ် Mr Modi က ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက ဒီပြဿနာဖြေရှင်းစေရန် ပြန်လည်အသုံးပြုသောစွမ်းအင်၊ စက်မှုကဏ္ဍ၌ နည်းပညာအသုံးပြုပြီး Carbon ထုတ်လုပ်မှု လျော့နည်းစေခြင်း၊ Plastic အသုံးပြုမှုပိတ်ပင်ခြင်း၊ သန့်ရှင်းသော Petrol နဲ့ Diesel အသုံးပြုမှု စသောအချက်များကို ဆောင်ရွက်လျက်ရှိတယ်လို့ ဝန်ကြီးချုပ် Mr Modi က ရှင်းပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၌ မိုးရွာမှုအခြေအနေ ပြောင်းလဲလာပြီး ရေလျှံမှုနဲ့ မိုးနဲသောအခြေအနေ ဖြစ်ပွားလျက်ရှိပါတယ်။ ကမ္ဘာပေါ်တွင် မြို့ပေါင်း (၂၀) တို့၌ ရေလျှံသောအခြေအနေ အများဆုံးဖြစ်နိုင်တယ်လို့ ရာသီဥတုသုတေသနဌာနက ထုတ်ဖေါ်ခဲ့ရာ ၎င်းတို့မှာ အိန္ဒိယနိုင်ငံမှ Mumbai ၊ Chennai ၊ Surat နဲ့ Kolkata (၄) မြို့များပါဝင်ခဲ့ပါတယ်။

ရာသီဥတုအပြောင်းအလဲများဖြင့် စားနပ်ရိက္ခာထုတ်လုပ်မှုကို ပိုမိုခက်ခဲစေပြီး ဈေးမြင့်မားစေနိုင်ပါတယ်။ စားနပ်ရိက္ခာရှားပါးမှုကြောင့် တောင်အာရှဒေသ၌ အဟာရချို့တဲ့သော ကလေး (၇) သန်းနီးပါး ရှိလာခဲ့ပါတယ်။

လေထုညစ်ညမ်းမှုဒဏ်ကြောင့် နှစ်စဉ်လူ ၃.၃ သန်းနီးပါး အသက်ဆုံးရှုံးခဲ့ရာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ (၄) နိုင်ငံများမှ သေဆုံးမှုဦးရေ အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါတယ်။

အိန္ဒိယနိုင်ငံက ပြင်သစ်နိုင်ငံရဲ့ အကူအညီဖြင့် အပြည်ပြည်ဆိုင်ရာ နေရောင်ခြည်မဟာမိတ်အဖွဲ့ တည်ထောင်ရန်ကြိုးစားခဲ့ပြီး လုံခြုံ အဆင်ပြေပြီး တူညီမျှတစွာနဲ့ ရေရှည်တည်တံ့သော နေရောင်ခြည်စွမ်းအင် အသုံးပြုမှု တိုးပွားလာစေရန် ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ခုနှစ်ထိ အိန္ဒိယနိုင်ငံက ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာမဟုတ်သော လောင်စာကို တိုးမြှင့်စေရန် စီစဉ်လျက်ရှိပြီး ပြန်လည်အသုံးပြုနိုင်သော လောင်စာ ၁၇၅ ဂျီဂါဝပ် ကျော်အထိ တိုးမြှင့်ရန် စီစဉ်ထားပြီး၊ နောက်ပိုင်းတွင် ၄၅၀ ဂျီဂါဝပ်အထိ တိုးမြှင့်စေရန် စီစဉ်ထားပါတယ်။ အိန္ဒိယနိုင်ငံသည် သဘာဝနှင့်အညီ အသက်ရှင်နေထိုင်သော အစဉ်အလာရှိတယ်လို့ ဝန်ကြီးချုပ် Mr Modi က ပြောဆိုခဲ့ကြောင်း စသဖြင့် ဆောင်းပါးရှင် N. Bhadran Nair ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments