အိုက်စလန်၊ ဆွတ်ဇာလန်နှင့် ဆလိုဗီးနီးယားနိုင်ငံများသို့ သမ္မတ Mr. Kovind ရဲ့ ခရီးစဉ်

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ Jawaharlal Nehru တက္ကသိုလ်မှ ဆောင်းပါးရှင် ပါမောက္ခ Ummu Salma Bava ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိုက်စလန်၊ ဆွတ်ဇာလန်နှင့် ဆလိုဗီးနီးယားနိုင်ငံများသို့ သမ္မတ Mr. Kovind ရဲ့ ခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

သမ္မတ Mr. Ram Nath Kovind ဟာ အပြန်အလှန် နိုင်ငံရေးနှင့် စီးပွားရေးရာ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့အတွက် အိုက်စလန်၊ ဆွတ်ဇာလန်နှင့် ဆလိုဗီးနီးယားနိုင်ငံများသို့ ၉ ရက်ကြာခရီးစဉ်နှင့် သွားရောက်ခဲ့ပါတယ်။ အိန္ဒိယနှင့် အိုက်စလန်နိုင်ငံတို့ဟာ ငါးလုပ်ငန်း တွဲဖက်ဆောင်ရွက်ရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ အရာရှိတွေအတွက် ဗီဇာ အဆင်ပြေချောမွေ့ရေးနှင့် အိုက်စလန်တက္ကသိုလ်မှာ ဟိန္ဒီဘာသာဌာန ထားရှိရေးတို့နှင့်ပတ်သက်ပြီး သဘောတူညီချက်တွေနှင့် နားလည်မှုစာခွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အိုက်စလန်နိုင်ငံဟာ နော်ဒစ် နိုင်ငံများအုပ်စုဝင်ဖြစ်ပြီး Reykjavik အစိုးရ အနေနှင့် ငါးလုပ်ငန်း၊ ပင်လယ်ရေကြောင်း စီးပွားရေး၊ သင်္ဘောဖြင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ စွမ်းအင်၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေမှာ ပါဝင်လုပ်ဆောင်နိုင်တယ်ဆိုတာကို အိန္ဒိယနိုင်ငံသမ္မတက အသိအမှတ်ပြုခဲ့ပါတယ်။

အိုက်စလန်နိုင်ငံဟာ အာတိတ်စက်ဝိုင်းဒေသအတွင်း ဖွံ့ဖြိုးရေးနှင့် သဘာဝဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးတို့အပေါ် အာရုံပြုနေတဲ့ အာတိတ် ကောင်စီခေါ် အစိုးရချင်း ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရဲ့ ဥက္ကဌနိုင်ငံဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ UNSC မှာ အိန္ဒိယနိုင်ငံ ပါဝင်နိုင်ရေးအတွက် ထောက်ခံထားပါတယ်။ သမ္မတ Mr. Kovind ဟာ ကမ္ဘာမြေ စိမ်းလန်းစိုပြေရေးအတွက် အိန္ဒိယ-အိုက်စလန် ဆိုတဲ့ နောက်ခံဆောင်ပုဒ်နှင့် အိုက်စလန် တက္ကသိုလ်မှာ ကျောင်းသူ/သားတွေကို အမှာစကားပြောကြားခဲ့ပြီး အိုက်စလန်နိုင်ငံကို နိုင်ငံတကာ နေရောင်ခြည်စွမ်းအင် မဟာမိတ်အဖွဲ့မှာပါဝင်ဖို့ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ Mr. Kovind ဟာ အိန္ဒိယ-အိုက်စလန် စီးပွားရေး ဆွေးနွေးပွဲကိုလည်း အမှာစကား ပြောကြားခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ရရှိနိုင်တဲ့ ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းတွေကို တင်ပြခဲ့ပါတယ်။ နောက်ပြီး အိုက်စလန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Mr T. Armstrong Changsan လက်ခံကျင်းပခဲ့တဲ့ အိန္ဒိယအနွယ်ဝင် အသိုင်းအဝိုင်းနှင့် အိန္ဒိယနိုင်ငံရဲ့ မိတ်ဆွေများ ဧည့်ခံပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

Mr. Kovind ဟာ ခရီးစဉ် ဒုတိယအဖြစ် ဆွတ်ဇာလန်နိုင်ငံကို သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ Berne တက္ကသိုလ်မှာ အမှာစကား ပြောကြားခဲ့ပါတယ်။ သဘာဝ ဝန်းကျင်၊ အဏ္ဏဝါရင်းမြစ်တွေ ထိန်းသိမ်းအသုံးပြုရေး၊ ရာသီဥတု ပြောင်းလဲလာမှု၊ ဉာဏ်ရည်တုပမှု၊ ဆန်းသစ်တီထွင်ရေးနှင့် ကောင်းမွန်တဲ့ ဖြေရှင်းချက်ဆိုင်ရာနယ်ပယ်တွေကိုဖော်ထုတ်ပြီး ကဏ္ဍသစ်တွေနှင့် အင်အားသစ်တွေက တိုးများဖွင့်ဆိုသွားမှာဖြစ်တဲ့ အင်ဒို-ဆွတ် အနာဂတ်ရေးရာ စေ့စပ်ညှိနှိုင်းရေးအတွက် သမ္မတက ဆွဲဆောင်ဖော်ပြခဲ့ပါတယ်။ သမိုင်းဝင် ကာလများနှင့် ကွင်းဆက်မိနေကြတဲ့ ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ဒီမိုကရေစီနိုင်ငံနှင့် ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံတို့ကို ကမ္ဘာကြီးက အားကျကြောင်း ၎င်းကဖြည့်စွက် ဖော်ပြခဲ့ပါတယ်။ ၁၈၉၆ ခုနှစ်က Swami Vivekananda ဟာ အရှေ့တိုင်းနှင့် အနောက်တိုင်း ကွင်းဆက်မိစေဖို့ အချက်ပြတစ်ရပ်နှင့်အတူ အဲဒီနိုင်ငံကို သွားရေက်ြခဲ့ပါတယ်။၁၉၃၁ ခုနှစ်မှာလည်း နိုဗယ်ဆုရှင်ကြီး Romain Rolland ရဲ့ ဖိတ်ကြားချက်နှင့်အတူ ဂန္ဒီကြီးဟာ ဆွတ်ဇာလန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

အိန္ဒိယ-ဆွတ်ဇာလန် ဆက်ဆံရေးတွေကိုတော့ တောင့်တင်းခိုက်မာတဲ့ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုတွေက ထောက်တိုင်ပြုထားတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာ ဆွတ်ဇာလန်နိုင်ငံမှ ကုမ္ပဏီ ၂၅၀ ကျော်တို့ လုပ်ငန်းလည်ပတ်နေကြပြီး ဆွတ်ဇာလန်နိုင်ငံရဲ့ အကူအညီနှင့်တည်ဆောက်ခဲ့တဲ့ ချန်နိုင်းမြို့မှ မီးရထား စက်ခေါင်းစက်ရုံဟာ ၂၀၁၅ ခုနှစ်မှာ စိန်ရတုသဘင် ကျင်းပခဲ့ပါတယ်။ သမ္မတဟာ အိန္ဒိယ-ဆွတ်ဇာလန် စီးပွားရေး ဆွေးနွေးပွဲကို အမှာစကားပြေကြားခဲ့ပြီး အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်ရေး၊ စံပြမြို့တော် တည်ဆောက်ရေး၊ ဒီဂျစ်တယ် အိန္ဒိယ၊ အိန္ဒိယနိုင်ငံ စွမ်းရည်မြင့်မာရေး စတဲ့ အစပျိုးလုပ်ဆောင်ချက်တွေမှာ ဆွတ်ဇာလန်နိုင်ငံ ပါဝင်ရေး ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရ လွယ်ကူမှုစာရင်းမှာ အိန္ဒိယနိုင်ငံ အဆင့်မြင့်တက်မှုတို့ကို ဆွဲဆောင်ဖော်ပြခဲ့ပါတယ်။ ၂ နိုင်ငံ ဆက်ဆံရေး တောင့်တင်းခိုင်မာမှုတို့ဟာ ၁၉၄၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ အိန္ဒိယ-ဆွတ်ဇာလန် ချစ်ကြည်ရေး သဘောတူစာချုပ် နှစ်ပေါင်း ၇၀ ပြည့် နှစ်ပတ်လည်ကာလနှင့်အတူ တည်တံ့ကောင်းမွန်လျှက်ရှိပါတယ်။

ခရီးစဉ်ရဲ့ နောက်ဆုံးအဖြစ်နဲ့တော့ သမ္မတ Mr. Kovind ဟာ ဆလိုဗီးနီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး ဒါဟာ အိန္ဒိယနိုင်ငံ သမ္မတတစ်ဦးရဲ့ ၎င်းနိုင်ငံသို့ ပထမဆုံးသော ခရီးစဉ် ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဆလိုဗီးနီးယားနိုင်ငံရဲ့ အဆင့်မြင့်နည်းပညာ၊ စီးပွားရေးရာ တောင့်တင်းခိုက်မာမှု၊ သုတေသန၊ သုတနှင့် တီထွင်ကြံဆမှုစွမ်းရည်တွေကို မိမိတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ပံပိုးတိုးချဲ့သွားလိုကြောင်း သမ္မတ Kovind က ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနှင့် ဆလိုဗီးနီးယားနိုင်ငံတို့ဟာ ရင်းနှီးမြှုပ်နှံရေး၊ အားကစား၊ (ဂင်္ဂါမြစ် သန့်ရှင်းစင်ကြယ်ရေး လုပ်ဆောင်ချက်ဖြစ်တဲ့) မြစ်ကြောင်း ပြန်လည်ဖော်ထုတ်ရေး၊ သိပ္ပံ၊ နည်းပညာနှင့် စံချိန်စံညွှန်း စတဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေနှင့် နားလည်မှုစာချွန်လွှာ ၇ ခုတို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဆလိုဗီးနီးယားနိုင်ငံဟာ လုံခြုံရေးကောင်စီမှာ အိန္ဒိယနိုင်ငံ အမြဲတမ်း အဖွဲ့ဝင်ဖြစ်ရေးအတွက် ၎င်းတို့ရဲ့ ထောက်ခံချက်ကို ဆက်လက်ထားရှိလျှက်ရှိပါတယ်။ ယခုလ နှောင်းပိုင်းမှာ ဒီနိုင်ငံအစိုးရဟာ မဟတ္တမ ဂန္ဒီကြီးရဲ့ ဘဝသက်တမ်းကို အထိမ်းအမှတ်ပြုဖို့ တံဆိပ်ခေါင်းတစ်ခု ထုတ်ပြန်သွားမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Ummu Salma Bava ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”