“အိန္ဒိယနဲ့-ရုရှားနိုင်ငံတို့က ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်သစ်များသို့ ရှေ့ရှုလုပ်ကိုင်နေခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ရုရှားနိုင်ငံနှင့် CIS ဆိုင်ရာ နည်းဗျူဟာကျ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Meena Singh Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနဲ့-ရုရှားနိုင်ငံတို့က ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်သစ်များသို့ ရှေ့ရှုလုပ်ကိုင်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ ဒုတိယအကြိမ်အုပ်ချုပ်ရေးသက်တမ်းမှာ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ဟာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးတွေကို ပိုမိုသစ်ဆန်းတဲ့ အမြင့်များဆီ သယ်ဆောင်ဘို့ ပြင်ဆင်ထားကြပါတယ်။ Mr Modi ဟာ လာမဲ့စက်တင်ဘာလ (၄) ရက်မှ (၆) ရက်နေ့အထိ Vladivostok မြို့မှာကျင်းပဖို့ရှိတဲ့ ပဥ္စမမြောက် အရှေ့ပိုင်းစီးပွားရေး Forum ရဲ့ နှစ်ပါတ်လည်အခမ်းအနားမှာ ဂုဏ်ထူးဆောင် အထူးဧည့်သည်တော်အဖြစ် တက်ရောက်ပြီး နှစ်နိုင်ငံတို့အကြား အကြိမ် (၂၀) မြောက် အပြန်အလှန်ထိပ်သီးညီလာခံ နှစ်ပတ်လည်အစည်းအဝေးပွဲကိုလည်း တက်ရောက်လိမ့်မယ်ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အခွင့်လမ်းသစ်တွေ ထည့်သွင်းဘို့ရာ နယ်ပယ်သစ်တွေကိုလည်း စူးစမ်းလေ့လာရှာဖွေလျှက်ရှိပြီး၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့အကြား တည်ရှိနေတဲ့ အထူးနဲ့ ဦးစားပေးထားတဲ့ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုကို ပြန်လည်အားသစ်လောင်းဘို့လည်း ဆွေးနွေးကြမယ်ဖြစ်ပါတယ်။
ရုရှားနိုင်ငံဟာ အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပုဒ်မ (၃၇၀) ကို ဖျက်သိမ်းခြင်းအား ကြိုဆိုခဲ့တဲ့ ပထမဦးဆုံးသောနိုင်ငံတနိုင်ငံဖြစ်ပါတယ်။ Moscow အစိုးရဟာ ဒီအရေးကိစ္စကို အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးအကြောင်းကိစ္စဖြစ်တယ်လို့ ဖေါ်ပြခဲ့ပြီး နိုင်ငံတကာမှာ အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်အဖြာဖြာတို့ကို ထောက်ခံခဲ့တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
ယခုလစောစောပိုင်းမှာ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr Piyush Goyal ဟာ ပြည်နယ်ဝန်ကြီးချုပ် (၄) ဦးတို့ကိုခြံရံပြီး ရုရှားနိုင်ငံ အရှေ့အစွန်အဖျားပြည်နယ်များနဲ့ အိန္ဒိယပြည်နယ်တို့အကြား ဖက်စပ်လုပ်ကိုင်မှု အကြံပြုချက်တွေကို ဆွေးနွေးဘို့ရာ ရုရှားနိုင်ငံလက်ထောက်ဝန်ကြီးချုပ်နဲ့ သမ္မတရဲ့ အရှေ့အစွန်အဖျားခရိုင်များဆိုင်ရာ သံတမန် Mr Yuri Tutnev နဲ့ ဆွေးနွေးဘို့ရာ Vladivostok မြို့ကို သွားရောက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ရုရှားနိုင်ငံရဲ့ အရှေ့အစွန်အဖျားအရပ်ဒေသကို ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုအတွက် ဦးစားပေးရာဒေသအဖြစ် ယူဆပါတယ်။ New Delhi အစိုးရဟာ ရုရှားနိုင်ငံရဲ့ အရှေ့အစွန်အဖျားဒေသတွေအပေါ် အာရုံပြုလျှက် ကာလရှည်တည်တံ့နေတဲ့ အပြန်အလှန်ဆက်ဆံရေးမှာ အဓိကကွဲပြားခြားနားမှုတွေကို ရှာဖွေလျှက်ရှိနေပါတယ်။ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ဟာ ကာကွယ်ရေး၊ အာကာသ၊ စွမ်းအင်နဲ့ အနုမြူ စတဲ့အပြန်အလှန်ဆက်ဆံရေးမှာ အဓိကတိုင်းလုံးကြီးတွေဖြစ်ကြတဲ့ နယ်ပယ်တွေမှာ သမရိုးကျ ပူးပေါင်းဆောင်ရွက်မှုထက်ကျော်လွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဘို့ ရှေ့ရှုနေကြပြီး၊ ဒေသပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ နယ်ပယ်သစ်တွေ ပေါင်းစပ်ဘို့ ကြိုးပမ်းလျှက်ရှိကြပါတယ်။ ရုရှားနိုင်ငံရဲ့ အရှေ့အစွန်အဖျားဒေသဟာ အိန္ဒိယနိုင်ငံအတွက် ဆက်လက်ပြီး အလွန်ထူးကဲတဲ့ဒေသအဖြစ် ရှိနေပါတယ်။ New Delhi အစိုးရရဲ့ ဒီဒေသပိုင်းအတွင်း ကုန်သွယ်ရေးပမာဏတိုးမြှင့်နေဒါက ၂၀၁၈ ခုနှစ်မှာ ၃% တိုးပြီး အမေရိကန်ဒေါ်လာပေါင်း (၇၉၀) သန်းအထိ ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရုရှားနိုင်ငံနဲ့ စုစုပေါင်းကုန်သွယ်ရေးဟာ ဒေါ်လာပေါင်း (၁၀) ဘီလီယံခန့်သာရှိပါတယ်။ နှစ်နိုင်ငံစလုံးတို့ဟာ အပြန်အလှန်ကုန်သွယ်ရေးကို ၂၀၂၅ ခုနှစ်အရောက် ဒေါ်လာပေါင်း (၃၀) ဘီလီယံအထိရောက်ရှိစေလိုကြပါတယ်။
အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ Mr Ajit Doval ကလည်း Moscow မြို့ကိုသွားရောက်ခဲ့ပြီး ရုရှားနိုင်ငံလုံခြုံရေး အကြံပေးအရာရှိ Mr Nikolai Patrushev နဲ့ တွေ့ဆုံကာ အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရာ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရေးကို ပြန်လည်အတည်ပြုစေရေးကို ဆွေးနွေးခဲ့ကာ၊ ကိုယ်ပိုင်စိုးစံရေးရဲ့ မူဝါဒတွေ၊ နယ်မြေဆိုင်ရာ ပေါင်းစည်းမှုနဲ့ တတိယနိုင်ငံတခုခုဝင်ရောက်စွက်ဖက်ခြင်းမပြုရေးတို့မှာ အပြည့်အဝထောက်ခံမှုရရှိစေဒါကို မှတ်ချက်ချဖေါ်ပြခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ရဲ့ အလည်အပတ်ခရီးစဉ်ကို ဒီအပတ်မှာ စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ Dr. Jaishankar ရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီးနောက် ရုရှားနိုင်ငံသို့ ပထမဦးဆုံးသော ခရီးစဉ်ဖြစ်ပါတယ်။ Dr. Jaishankar ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Mr Sergey Lavrov နှင့်တွေ့ဆုံပြီး လာမဲ့အိန္ဒိယဝန်ကြီးချုပ်ရဲ့ Vladivostok မြို့သို့ ခရီးစဉ်အတွက် ပြင်ဆင်မှုတွေကို လေ့လာသုံးသပ်ခဲ့ပါတယ်။ Dr. Jaishankar ဟာ ရုရှားလက်ထောက်ဝန်ကြီးချုပ် Mr Yury Borisov နှင့်တွေ့ဆုံခဲ့ပြီး၊ နှစ်ဦးစလုံးတို့က အိန္ဒိယ-ရုရှားအစိုးရအချင်းချင်း ကော်မရှင်နဲ့ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးပွဲကို ပူးတွဲကြီးမှူးကျင်းပခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံမှ ဒီအဆင့်မြင့်အလည်အပတ်ခရီးစဉ်တွေကို ပထဝီရေးရာ နိုင်ငံခြားရေးသစ်နဲ့ ပထဝီရေးရာစီးပွားရေးပြောင်းလဲမှုရှုထောင့်မှ လေ့လာရမယ်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ၎င်းရဲ့ကာလရှည်ယုံကြည်စိတ်ချရတဲ့ ဖက်စပ်လုပ်ကိုင်သူ ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု အမြောက်အများကို တည်ထောင်ဘို့ အာရုံပြုလျှက်ရှိပါတယ်။ ဒီခရီးစဉ်တွေအား အပြန်အလှန်စေ့စပ်မှု တိုးမြှင့်ခြင်းရဲ့ အစအဦးပိုင်းသစ်အဖြစ် မျှော်လင့်လျှက်ရှိပြီး၊ အာရုံပြုမှုတွေက စိုက်ပျိုးရေး၊ စိန်အချောသပ် ဖြတ်ထုတ်မှု၊ စီန်များတောက်ပအောင်ပြုလုပ်သောဌာနများ တည်ဆောက်မှု၊ သစ်နှင့် သစ်သီးအမွှာများ၊ ခရီးလှည့်လည်သွားလာမှုကဏ္ဍကို တွန်းအားပေးမှု၊ ငါးဖမ်းလုပ်ငန်းနဲ့ မိုင်းတူးဖော်ရေးစတဲ့နယ်ပယ်တွေမှာ ဒေသပိုင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် လမ်းကြောင်းသစ်ရေးဆွဲချမှတ်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အတိတ်ကာလက အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ ပူးတွဲအသိအမှတ်ပြုခဲ့ကြတဲ့ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် (၄) ခုတို့ဟာဆိုရင် စွမ်းအင်၊ Digital စီးပွားရေး၊ Start-ups ခေါ် လုပ်ငန်းစတင်ဖွင့်လှစ်လုပ်ကိုင်မှုနဲ့ အခြေခံလိုအပ်ချက် အဆောက်အအုံတို့ဖြစ်ခဲ့ကြပါတယ်။ Mr Narendra Modi ရဲ့ ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးစဉ်မှာ နှစ်နိုင်ငံစလုံးတို့က ဆက်ဆံမှုတွေကို အဆင့်မြင့်သစ်များဆီသို့ သယ်ဆောင်ဘို့ ပြင်ဆင်နေကြတဲ့အလျောက် Dr. S. Jaishankar နဲ့ Mr Sergey Lavrov တို့ရဲ့ အပြန်အလှန်ဆွေးနွေးမှုတွေမှာ အိန္ဒိယဝန်ကြီးချုပ်နဲ့ သမ္မတ Mr Putin တို့က ယခုဆက်ဆံမှုအား နည်းဗျူဟာအရရော၊ စီးပွားရေးအရပါ ပိုမိုအဓိပ္ပါယ်ပြည့်စုံတဲ့ ပူးပေါင်းဆောင်ရွက်ရာ နယ်ပယ်သစ်တွေအဖြစ် အတည်ပြုကြမဲ့ နယ်ပယ်တွေကို အောင်မြင်စွာ ရှာဖွေတွေ့ရှိနိုင်ခဲ့ကြပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Meena Singh Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment