G-7 ထိပ်သီးညီလာခံကြီး


သောတရှင်များရှင်၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ်ဟောင်း Amb. Asoke Mukerji ရေးသားပေးပို့ထားတဲ့ “G-7 ထိပ်သီးညီလာခံကြီး” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။

ကမ္ဘာလုံးဆိုင်ရာပြဿနာများအပေါ် ဆွေးနွေးမျှုား ပြုလုပ်စေရန် ကမ္ဘာ့အဆင့်မြင့်စီးပွားရေး (၇) နိုင်ငံတို့ ပူးတွဲပြီး ပြင်သစ်နိုင်ငံက ၁၉၇၅ ခုနှစ်တွင် G-7 အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ G-7 နိုင်ငံ အဖွဲ့ဝင်မဟုတ်သောနိုင်ငံများကိုလဲ ဆွေးနွေးမှုများ၌ ပါဝင်စေခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိနိုင်ပါတယ်။ ၁၉၈၉ ခုနှစ် G-7 ထိပ်သီးအစည်းအဝေးကို ပြင်သစ်နိုင်ငံ၌ ပြုလုပ်ခဲ့ရာ FATF ခေါ် ဘဏ္ဍာရေးလှုပ်ရှားရေးတပ်ဖွဲ့တခုကို ဖွဲ့စည်းစေခဲ့၍ ငွေမည်းကို ငွေဖြူဖြစ်အောင် လုပ်ခြင်းနှင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှု စသည်တို့ကို ရပ်တန့်စေရန် ဦးတည်ခဲ့ခြင်းဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ Biarritz မြို့၌ပြုလုပ်လေ့ရှိသော G-7 ထိပ်သီးညီလာခံကြီးသို့ တက်ရောက်စေရန် အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi ကို ပြင်သစ်နိုင်ငံက ဖိတ်ကြားခဲ့ရာ ပြင်သစ်နိုင်ငံက အိန္ဒိယနိုင်ငံအား အဓိကဒီမိုကရက်တစ်နိုင်ငံအဖြစ် သတ်မှတ်လို့တဲ့ဆန္ဒဖြင့် လှုံ့ဆော်ခဲ့သည်။ G-7 မူဘောင်နှင့်ကိုက်ညီသော ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကိစ္စရပ်များ၊ သမုဒ္ဒရာနှင့် Digital အသွင်ပြောင်းရေးစသောအချက်များကို အိန္ဒိယနဲ့ ပြင်သစ်နိုင်ငံများက ဦးစားပေးခဲ့ပါတယ်။ ရာသီဥတုအပြောင်းအလဲနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကိစ္စရပ်များတွင် အိန္ဒိယနိုင်ငံသည် G-7 ၏ မူဘောင်နှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့တွင်ပြုလုပ်မည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှု ထိပ်သီးအစည်းအဝေးမူဘောင်များအရ ထောက်ခံလိမ့်မည်ဟု ပြောဆိုခဲ့ပါတယ်။ Plastic အသုံးပြုမှုရပ်တန့်စေရေး၊ ရေထိန်းသိမ်းစောင့်ရှောက်ရေး၊ နေရောင်ခြည်စွမ်းအင်အသုံးပြုရေးနှင့် သစ်ပင်ပန်းမန်ကာကွယ်ဆောက်ရှောက်ရေး စသည်တို့ကို အိန္ဒိယနိုင်ငံက ကြိုးစားနေတယ်လို့ အစည်းအဝေး၌ မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

G-7 ထိပ်သီးညီလာခံကြီးနောက်ပိုင်း အိန္ဒိယနိုင်ငံသည် ၂၀၁၅ ခုနှစ် UNFCCC အဖွဲ့၏ Paris သဘောတူညီချက်အရ ဘဏ္ဍာရေးစီးဆင်းမှုမှ တဆင့်ရှိ ရည်ရွယ်ချက်များနှင့်အတူ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုလျော့ချမှုဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်လိမ့်မယ်လို့ ပြေဆိုခဲ့ပါတယ်။ HFCs ခေါ် Hydro-Fluoro-Carbons လျော့ချရေးနဲ့ စွမ်းအင်ထိရောက်မှုစံချိန်စံညွှန်းများတိုးတက်လာစေသော စီမံကိန်းများတွင် အိန္ဒိယနိုင်ငံ၏ ပါဝင်ပတ်သက်မှုအကြောင်းကို အစည်းအဝေး၌ ပြောဆိုခဲ့ပါတယ်။

ဒစ်ဂျစ်တယ်နယ်ပယ်တွင် အိန္ဒိယနဲ့ ပြင်သစ်နိုင်ငံတို့က ပွင့်လင်းလုံခြုံပြီး ငြိမ်းချမ်းသော Cyberspace မှတဆင့် စီးပွားရေးနဲ့ လူမှုရေး ဖွင့်ဖြိုးတိုးတက်မှုကို ထောက်ခံကြပါတယ်။ ဒုတိယအချက်အဖြစ် ဒေတာအစုံရွေးချယ်ခြင်းနှင့် ဥာဏ်ပညာဆိုင်ရာ နည်းပညာဖွံ့ဖြိုးရေးအကြောင်း G-7 ထိပ်သီးညီလာခံကြီး၌ ဆွေးနွေးခဲ့ပါတယ်။ ပွင့်လင်းလုံခြုံသော အင်တာနက်ကို အသုံးပြုပြီး အွန်လိုင်း (online) ပလက်ဖေါင်း၌ ပွင့်လင်းမှုကို ဦးစားပေးရန် ညီလာခံကြီး၌ ဆွေးနွေးခဲ့ပါတယ်။ တတိယအချက်အဖြစ် ဒေသအခြေစိုက်နည်းပညာအပေါ် ယုံကြည်မှုနှင့်နည်းပညာကို အသုံးပြုခြင်းအကြောင်း ဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသည် ဒီဂျစ်တယ် ငွေပေးခြင်းကို ပိုမိုအသုံးပြုလာခဲ့သည်ဟု ဝန်ကြီးချုပ် Mr Modi က ပြောဆိုခဲ့သည်။



ဝန်ကြီးချုပ် Mr Modi ၏ Biarritz မြို့၌ G-7 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်း၊ ၎င်း၏ အမေရိကန်သမ္မတ Mr Donald Trump နှင့် အခြားသော ကမ္ဘာ့ခေါင်းဆောင်များနှင့် ပြန်အလှန်အစည်းအဝေးပွဲများဖြင့် အိန္ဒိယနိုင်ငံအတွက် သံတမန်ရေးရာ အရှိန်အဟုန်ကို သိသိသာသာ ဖန်တီးစေခဲ့ပါတယ်။ အဆိုပါအချက်များဖြင့် ၎င်းအပေါ် အပြုသဘောသက်ရောက်မှုရှိပါလိမ့်မယ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှု အခန်းကဏ္ဍ၌ အိန္ဒိယနိုင်ငံက ကြီးထွားလာခဲ့ကြောင်း စသဖြင့် ဆောင်းပါးရှင် Amb. Asoke Mukerji ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ရှင်။

Comments