မကြံတတ်အောင် အကျပ်ရိုက်နေသော ပါကစ္စတန်နိုင်ငံ
သောတရှင်များခင်ဗျား၊ ဒီနေ့တသင်းဝေဖန်ချက်အခန်းမှာ “မကြံတတ်အောင် အကျပ်ရိုက်နေသော ပါကစ္စတန်နိုင်ငံ” ဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် J.L. Koul Jalali ရေးသားပေးပို့တဲ့ ဆောင်းပါးကို တင်ပြအစီအရင်ခံပါရစေ။
အိန္ဒိယပိုင် Jammu နဲ့ Kashmir ပြည်နယ်နဲ့ပတ်သက်လို့ ပါကစ္စတန်နိုင်ငံဟာ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ချောင်ပိတ်မိသွားပါတယ်။ အဲဒီပြည်နယ်ကိုအထူးအခွင့်အရေးအပ်နှင်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၀ ကို အိန္ဒိယနိုင်ငံဖျက်သိမ်းလိုက်တဲ့အချိန်ကစပြီး ပါကစ္စတန်ဟာ ဒီအရေးကိစ္စကို နိုင်ငံတကာအရေး ကိစ္စတခုအပြစ်ပုံကြီးချဲ့ဘို့ ကြိုးစားလာခဲ့ပါတယ်။ Islamabad ဘယ်လောက်ယမ်းပုံမီးကျဖြစ်သွားသလဲဆိုရင်၊ စစ်တိုက်မယ်လို့တောင် ခြိမ်းချောက်လာပါတယ်။ ဒါပေမဲ့ပါကစ္စတန်ဟာ နိုင်ငံတကာအသိုက်အဝန်းကို သူ့ဘက်ပါအောင် စွဲအောင်လို့မရပါဘူး၊ အရှေ့အလယ်ပိုင်းနဲ့အနောက်အာရှက သူ့ရဲ့အင်အားကြီးသော မဟာမိတ်နိုင်ငံတွေတောင် ပါကစ္စတန်ကို မထောက်ခံကြပါဘူး။ Kashmir အရေးနဲ့ပတ်သက်လို့ အစ္စလာမ်ဘာသာဝင်နိုင်ငံတွေရဲ့ အသိုက်အဝန်း ပထမဆုံးအကြိမ်အဖြစ် အဓိပ္ပါယ်ပါပါနှုတ်ဆိတ်နေကြပါတယ်။ ဩဇာကြီးမားတဲ့ မွတ်စလင်နိုင်ငံတချို့ဆိုရင်၊ အိန္ဒိယအစိုးရရဲ့ အရေးယူဆောင်ရွက်မှုဟာ၊ New Delhi ရဲ့ ပြည်တွင်းရေးသက်သက်ဖြစ်တယ်လို့တောင် ပြောကြပါတယ်။ ပါကစ္စတန်ရဲ့ ငိုကြွေးတိုင်တန်းမှုကို နားထောင်သူဆိုလို့ တူရကီနဲ့ မလေးရှား နှစ်နိုင်ငံသာရှိပါတယ်။ အိန္ဒိယက တိမ်းရှောင်လာသူ တရားခံပြေး Zakir Naik က မလေးရှားလူ့အဖွဲ့အစည်းအပေါ် ဝေဖန်ပုတ်ခတ်မှုကြောင့် ပြည်သူလူထုရဲ့ အပြစ်တင်ဝေဖန်တာခံနေရသော မလေးရှားအစိုးရဟာ၊ အခု အဲဒီတရားခံပြေးကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။ ဒါတင်မက၊ Jammu နဲ့ Kashmir ပြည်နယ် အရေးအပေါ် တစုံတရာ ဝေဖန်ခြင်းလဲ မပြုပါဘူး။
ဒီပြည်နယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပါကစ္စတန်ဟာ နောက်တကြိမ်ထပ်ပြီး၊ အရေးနိမ့်သွားပါတယ်။ လုံခြုံရေးကောင်စီက၊ ပါကစ္စတန်နဲ့တရုတ်နိုင်ငံတို့ရဲ့ တောင်းဆိုချက်အပေါ်လည်း သဘောမတူပါဘူး။ အခုပါကစ္စတန်အစိုးရဟာ၊ မိမိနိုင်ငံရဲ့ပြည်သူတွေကို သို့လောသို့လောဖြစ်အောင် မဟုတ်မဟတ်ဝါဒဖြန့်နေပါတယ်။ ဒီသီတင်းပတ်အတွင်းမှာဘဲ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်က သမရိုးကျ စစ်ပွဲဖြစ်ပွားနိုင်တယ်လို့ ခြိမ်းချောက်ပါတယ်။ ပါကစ္စတန်ပြည်သူတွေဟာ Kashmir ဘက်က ရပ်တည်တယ်လို့ Imran Khan က ပြောပါတယ်။ သို့သော် ဘယ် Kashmir ကို ဆိုလိုသလဲဆိုတာတော့ သူရှင်းအောင် မပြောပါဘူး။ ပါကစ္စတန်ဝန်ကြီးချုပ်က၊ Jihad ခေါ် ဘာသာရေးစစ်ပွဲဆင်နွှဲဘို့တောင် နှိုးဆော်လိုက်ပါသေးတယ်။ ပါကစ္စတန်ရဲ့ မီးရထားဝန်ကြီး၊ Sheikh Rashid က၊ အောက်တိုဘာလမှာ အိန္ဒိယ-ပါကစ္စတန်စစ်ဖြစ်မယ်လို့တောင် ဟောကိန်းထုတ်ပါတယ်။ တခါ ဝန်ကြီးချုပ် Imran Khan နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bajwa တို့ရဲ့လက်ထက်မှာဘဲ Kashmir ပြဿနာကို ဖြေရှင်းမယ်လို့ သူကပြောပြန်ပါသေးတယ်။ ဒီလိုအဆီအငေါမတည့် တဲ့စကားမျိုးတွေ ပြောနေကြတာကိုထောက်ရင်၊ ပါကစ္စတန်ရဲ့အာဏာပိုင် အကြီးအကဲတွေတောင် တကယ့်ကို စိတ်ကူးယဉ်အိမ်မက်ကမ္ဘာထဲ ရောက်နေကြမှန်း သိသာပါတယ်။
ဒီစကားမျိုးတွေက ပါကစ္စတန်ခေါင်းဆောင်ပိုင်းရဲ့ စိတ်သဘောထားကို ထင်ဟပ်ပြနေပါတယ်။ အိန္ဒိယနိုင်ငံ တသမတ်တည်းထားရှိလာခဲ့တဲ့ သဘောထားရပ်တည်ချက်ကို ပြောရမယ်ဆိုရင်၊ ၁၉၄၇ ခုနှစ် Jammu နဲ့ Kashmir ပြည်နယ်၊ အိန္ဒိယပြည်ထောင်စုသို့ ဝင်ရောက်ပူးပေါင်းလာခဲ့တဲ့အချိန်ကစပြီး၊ ဒီပြည်နယ်ဟာ အိန္ဒိယပြည်ထောင်စုရဲ့ တသွေးတသားတည်းဖြစ်ကာ ခွဲထုတ်၍ မရနိုင်သော အစိတ်အပိုင်းတခုဖြစ်တယ်ဆိုတာပါဘဲ။ ပါကစ္စတန်ဟာ အိန္ဒိယနိုင်ငံပိုင် Jammu နဲ့ Kashmir ပြည်နယ်ရဲ့ ဧရိယာစတုရန်းကီလိုမီတာ ၁၃၀၀၀ ကို တရားမဝင် ကျူးကျော်သိမ်းပိုက်ထားပါတယ်။ ဒါ့အပြင် အဲဒီလိုတရားမဝင်သိမ်းပိုက်ထားတဲ့ နယ်မြေရဲ့အစိတ်အပိုင်းတခုကို တရုတ်သို့ ဖဲ့ပေးလိုက်ပါသေးတယ်။ ဒီလိုမတရားသိမ်းပိုက်ထားတဲ့နယ်မြေ၊ အိန္ဒိယထံ ပါကစ္စတန်ပြန်လည်ပေးအပ်ဖို့ လိုပါတယ်။ ပါကစ္စတန်သိမ်းပိုက်ခံ Kashmir နယ်မြေအစိတ်အပိုင်းနဲ့ပတ်သက်လို့ ဆွေးနွေးရမှာကလွဲလို့ Kashmir ပြည်နယ် အရေး၊ ပါကစ္စတန်နဲ့ ဆွေးနွေးစရာမရှိပါဘူး။ ဒါကို အိန္ဒိယက တိကျပြတ်သားစွာ ပြောထားပြီးပါပြီ၊ ပါကစ္စတန်နဲ့ တခြားဘယ်ကိစ္စကိုမှ ဆွေးနွေးစရာမရှိဘူးလို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က ပြောပါတယ်။ သို့ပေမဲ့ ပါကစ္စတန်နဲ့ ဒီလိုဆွေးနွေးပွဲပြုလုပ်ရမယ်ဆိုရင်၊ ပထမကြိုတင်စည်းကမ်းချက်အနေနဲ့ ပါကစ္စတန်က၊ အကြမ်းဖက်ဝါဒကို နိုင်ငံခြားရေးဝါဒရဲ့ လက်နက်တခုအဖြစ် အသုံးချနေတာကို စွန့်လွှတ်ဖို့လိုမှာဖြစ်ပါတယ်။
ပါကစ္စတန်ဘက်က ထွက်ပေါ်လာနေတဲ့ ပြောကြားချက်တွေဟာ တာဝန်မဲ့စွာ ရန်စလှုံ့ဆော်တဲ့ စကားသံတွေဖြစ်ကြောင်း အိန္ဒိယ သမုတ်ပါတယ်။ ပါကစ္စတန်ရဲ့ပြောကြားချက်တွေဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ရာကျတယ်လို့လဲ နယူးဒေလီက ပြောပါတယ်။ ပါကစ္စတန်ထိပ်တန်းခေါင်းဆောင်တွေရဲ့ ဒီပြောကြားချက်တွေကို အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ပြင်းထန်စွာဝေဖန်ရှုတ်ချပါတယ်။ အိန္ဒိယက ပါကစ္စတန်ကို နိုင်ငံတကာအကြမ်းဖက်ဝါဒီဂိုဏ်းတွေနဲ့ အဆက်အသွယ်ဖြတ်ဖို့နဲ့ အကြမ်းဖက်မှု ကျူးလွန်ကြောင်း စွဲဆိုခံထားရသူများကို အရေးယူဘို့ တောင်းဆိုပါတယ်။
မျက်မှောက်ပါကစ္စတန်နိုင်ငံမှာ ပြဿနာပေါင်းစုံ ရှုပ်ထွေးနေတာကို လူတိုင်းသိပါတယ်။ စီးပွားရေးအခြေအနေဘယ်လောက်ဆိုးဝါးနေသလဲဆိုရင်၊ ပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီးချုပ်ရုံးတောင်မှဘဲ လျှပ်စစ်မီတာခ အကြွေး ရူပီးငွေ (၄၁) သိန်းတင်နေရတဲ့အထိပါဘဲ။ အခု Islamabad လျှပ်စစ်ဓာတ်အားဖြန့်ချိရေးကုမ္ပဏီက နိုင်ငံတော်ဝန်ကြီးချုပ်ရုံးသို့သွယ်ပေးထားသော ဓာတ်အားလိုင်းကို ဖြတ်ပစ်မယ်လို့တောင် ခြိမ်းချောက်လာပါတယ်။ ဒါမျိုးဖြစ်တာ ပါကစ္စတန်တနိုင်ငံတည်းရှိပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ သာမန်ပြည်သူတွေ အစစအရာရာကုန်ဈေးနှုန်းခေါင်ခိုက်မြင့်နေတာနဲ့ ကြုံနေရပါတယ်။ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့က ပါကစ္စတန်သို့ စီးပွားရေးအကြပ်အတည်းကနေ ကယ်တင်တဲ့အနေနဲ့ ဘဏ္ဍာငွေထုတ်ချေးရာမှာ၊ တင်းကြပ်တဲ့ ကန့်သတ်မှုတွေ ချမှတ်ထားပါတယ်။ မြွေပူရာကင်းမှောင့်ဆိုသလို၊ တချိန်တည်းမှာ FATF ခေါ် အကြမ်းဖက်ဝါဒ ဘဏ္ဍာငွေထောက်ပံ့မှုစောင့်ကြည့်အရေးယူရေးအဖွဲ့၊ အာရှ-ပစိဖိတ်အုပ်စုက ထုတ်ပြန်သောနောက်ဆုံးအစီရင်ခံစာမှာ၊ ပါကစ္စတန်ဟာ၊ ချမှတ်ပေးထားသော အရေးယူဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်ပေါင်း ၄၀ အနက် ၃၂ ခုကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာတွေ့ရှိရကြောင်း ဖေါ်ပြထားပါတယ်။
Islamabad ကို အခုကိုပဲ FATF ရဲ့ မီးခိုးရောင်စာရင်းမှာ သွင်းထားတာဖြစ်ပါတယ်။ လာမဲ့လအတွင်း ပါကစ္စတန်ဟာ အမဲရောင်စာရင်း အသွင်းခံရမဲ့ကိန်းဆိုက်နိုင်ပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုရင်၊ ပါကစ္စတန်နိုင်ငံအဖို့ မိမိရဲ့ကျဆင်းနေတဲ့စီးပွားရေးကြောင့် နိုင်ငံခြားမှ ငွေချေးရာမှာ အင်မတန်အခက်အခဲတွေ့မှာဖြစ်ပါတယ်။
ပါကစ္စတန်အစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ပြည်တွင်းရေးကို စွက်ဖက်မဲ့အစား ဆင်ခြင်တုံတရားနဲ့အညီ ဆောင်ရွက်လုပ်ကိုင်ပြီး ပြည်သူလူထုတွေရဲ့ဘဝကို သာယာဝပြောအောင် မြှင့်တင်ရာမှာ မိမိရဲ့အစွမ်းအစတွေကို အသုံးချသင့်ပါကြောင်း ဆောင်းပါးရှင် J.L. Koul Jalali ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီအရင် ခံလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment