“G-7 ထိပ်သီးညီလာခံ၌ ဝန်ကြီးချုပ် Mr Modi နဲ့ သမ္မတ Mr Trump တို့၏ တွေ့ဆုံဆွေးနွေးပွဲ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အမေရိကန်အရေးကိစ္စများ နည်းဗျူဟာကျ ဆန်းစစ်လေ့လာသူ Dr. Stuti Banerjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “G-7 ထိပ်သီးညီလာခံ၌ ဝန်ကြီးချုပ် Mr Modi နဲ့ သမ္မတ Mr Trump တို့၏ တွေ့ဆုံဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိန္ဒိယနဲ့ ပြင်သစ်နိုင်ငံတို့မှာ အီရန်အနုမြူသဘောတူစာချုပ်အား ထိန်းသိမ်းထားရေးနဲ့ ရာသီဥတုပြောင်းလဲမှု ဆန့်ကျင်တိုက်ဖျက်ရေး စတဲ့အရေးကိစ္စအများအပြားတို့မှာ ဘုံခံစားချက်တွေရှိနေတဲ့အလျောက် ပြင်သစ်နိုင်ငံသမ္မတ Mr Emmanuel Macron ဟာ ဝန်ကြီးချုပ် Mr Modi ကို ပြင်သစ်နိုင်ငံ Biarritz မြို့မှာကျင်းပခဲ့တဲ့ G-7 ထိပ်သီးညီလာခံသို့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီညီလာခံကြီးရဲ့ ကြားကာလမှာ အိန္ဒိယဝန်ကြီးချုပ်နဲ့ အမေရိကန်ပြည်ထောင်စုသမ္မတတို့ တဦးကိုတဦး တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ခေါင်းဆောင်နှစ်ဦးတို့ဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေးအကြောင်းကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုသမ္မတက New Delhi အစိုးရဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ကပေးကမ်းထားတဲ့ ဖွံ့ဖြိုးစဲနိုင်ငံအဖြစ် သတ်မှတ်ထားခြင်းကို အခွင့်အရေးယူနေပြီး၊ အိန္ဒိယနိုင်ငံက အမေရိကန်ပြည်ထောင်စုမှ ကုန်ပစ္စည်းတွေအပေါ် မြင့်မားတဲ့ အခွန်နှုန်းတွေ ချမှတ်နေတယ်လို့ ဖေါ်ပြနေချိန်မှာ ပေါ်ပေါက်လာတဲ့အတွက် အထူးအရေးကြီးလှပါတယ်။ ယခုလိုမျက်နှာလိုက်မှုကို ဆန့်ကျင်ရင်ဆိုင်ဘို့ရာ အမေရိကန်ပြည်ထောင်စုက အိန္ဒိယနိုင်ငံမှတင်သွင်းတဲ့ သံမဏိတွေအပေါ် အခွန်တွေချမှတ်လိုက်ပြီး၊ အိန္ဒိယကုန်ပစ္စည်းတွေအတွက် အထူးသီးခြားဝင်ရောက်မှုပေးထားဒါကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

တုန့်ပြန်အရေးယူတဲ့အနေနဲ့ အိန္ဒိယနိုင်ငံကလည်း လွန်ခဲ့တဲ့ ဇွန်လအတွင်းမှာ အမေရိကန်ပြည်ထောင်စုမှ အိန္ဒိယနိုင်ငံသို့တင်သွင်းတဲ့ ပစ္စည်း (၂၈) မျိုးအပေါ် အခွန်နှုန်းတွေ မြင့်တင်လိုက်ပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ နည်းဗျူဟာကျ ဆက်ဆံရေးကို တိုးချဲ့ဘို့အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။ ကုန်သွယ်ရေးဟာ အပြန်အလှန်နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှု တိုးတက်စေရေးအတွက် အရေးပါတဲ့အပိုင်းတခုဖြစ်သော်ငြားလည်း ဈေးကွက်ထဲဝင်ရောက်ခွင့်နဲ့ အခွန်နှုန်းများနဲ့ပတ်သက်ပြီး များမကြာမှီသောကာလများအတွင်း သဘောထားကွဲလွှဲမှုတွေ မြင့်မားလာခဲ့ပြီး၊ အငြင်းအခုံတွေအဖြစ် ပြောင်းလဲလာမဲ့ စိုးရိမ်မှုတွေကို ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲအပြီးမှာ ဝန်ကြီးချုပ် Mr Modi က အိန္ဒိယနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုမှ မှာယူတင်သွင်းမှုကို ထပ်လောင်းတိုးမြင့်ဘို့ အစီအစဉ်ရှိနေတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

စွမ်းအင်ကို ပိုမိုပူးပေါင်းဆောင်ရွက်ရေးအတွက် နယ်ပယ်တခုအဖြစ် တွေ့ရှိခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Mr Modi ဟာ အိန္ဒိယလူမျိုးတွေနဲ့ တွေ့ဆုံပြောကြားဘို့အတွက် Houston မြို့ကိုလည်း သွားရောက်ပြီး၊ စွမ်းအင်နယ်ပယ်မှ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ဘို့ရှိခဲ့ပါတယ်။ ရည်မှန်းချက်က နှစ်ပိုင်းဖြစ်ပါတယ်။ ပထမတခုက အိန္ဒိယနိုင်ငံဟာ နောက်ထပ်စွမ်းအင် (ရေနံ) ကို အမေရိကန်ပြည်ထောင်စုထံမှ ဘယ်ပုံဘယ်နည်းနဲ့ သွင်းယူနိုင်မလဲဆိုဒါဖြစ်ပြီး၊ နောက်တခုက အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ စွမ်းအင်နယ်ပယ်မှာ ဘယ်လိုရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်နိုင်မယ်ဆိုဒါဘဲဖြစ်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ဟာ သမ္မတ Mr Trump နဲ့ အပြန်အလှန်အစည်းအဝေးပွဲတွေ ပြုလုပ်ဘို့ Washington DC ကိုလည်း သွားလိမ့်မယ်ဖြစ်ပါတယ်။ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်သူနှစ်ဦးတို့ဟာ နှစ်ဦးနှစ်ဖက်နဲ့သက်ဆိုင်တဲ့ အရေးကိစ္စတွေကို ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Biarritz တွေ့ဆုံဆွေးနွေးပွဲဟာ ဝန်ကြီးချုပ် Mr Modi က ဒုတိယအကြိမ်ရွေးချယ်တင်မြောက်ခံရပြီးတဲ့နောက် ခေါင်းဆောင်နှစ်ဦးတို့ရဲ့ ပထမဦးဆုံး တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။ နောက်ပြီး အဲဒီအစည်းအဝေးပွဲဟာ အိန္ဒိယနိုင်ငံရဲ့ Jammu နဲ့ Kashmir ပြည်နယ်အတွင်း အထူးအခွင့်အရေးတွေ ရုပ်သိမ်းပြီးတဲ့နောက် ကျင်းပခဲ့ဒါလည်းဖြစ်ပါတယ်။ ဒီအရေးကိစ္စနဲ့ပတ်သက်နေတဲ့ နိုင်ငံရေးအခြေအနေတွေဟာ ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တင်သွင်းဖေါ်ပြဒါကြောင့် မြင့်မားလာခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံဟာ ပုဒ်မ (၃၇၀) ကို ဖျက်သိမ်းခြင်းဟာ ပြည်တွင်းအရေးကိစ္စတခုဖြစ်တယ်ဆိုဒါကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တံခါးပိတ်ဆွေးနွေးပွဲမှာ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုသမ္မတက အကယ်၍သာ ယခင်ကာလရှည်ကတည်းက ပြုလုပ်နေကြဖြစ်သလို အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့က တွေ့ဆုံဆွေးနွေးကြဆိုရင်၊ မိမိဖာသာ ဒီပြဿနာကို ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ Kashmir အရေးကိစ္စဟာ နှစ်နိုင်ငံအပြန်အလှန်အရေးကိစ္စတခုဖြစ်တယ်ဆိုဒါကို ထပ်လောင်းအတည်ပြုလျှက် ဝန်ကြီးချုပ် Mr Narendra Modi က ဒီပြဿနာမှာ ဘယ်တတိယနိုင်ငံရဲ့ ပါဝင်ပတ်သက်ခြင်းမျှမလိုအပ်ဒါကို ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့ပြီး၊ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့က ဆွေးနွေးပြီး ပြဿနာအားလုံးတို့ကို ဖြေရှင်းနိုင်တယ်လို့ ဖေါ်ပြခဲ့ကာ၊ ကျွန်ုပ်တို့ဟာ ဘယ်တတိယနိုင်ငံကိုမျှ ဒုက္ခမပေးလိုကြဘူးလို့ ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော်က အိန္ဒိယဝန်ကြီးချုပ်နဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား တွေ့ဆုံဆွေးနွေးပွဲက အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့အကြား တင်းမာမှုတွေ လျော့နည်းစေရေးမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ ဖေါ်ပြလိုက်ပါတယ်။ ဒီအချက်ဟာ မကြာသေးမှီလေးကပြီးဆုံးခဲ့တဲ့ G-7 ထိပ်သီးညီလာခံမှ ကြီးမားတဲ့ အကြောင်းကိစ္စတခုဖြစ်ပါတယ်။ အိမ်ဖြူတော်ရဲ့ ထုတ်ဖေါ်ချက်တခုမှာ သမ္မတ Mr Trump က တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ဘို့ လိုအပ်ဒါကို ထပ်လောင်းဂတိပြုခဲ့ပြီး၊ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား ကြီးမားတဲ့ စီးပွားရေးဆက်ဆံမှုတွေ တည်ဆောက်ဘို့လည်း အတည်ပြုခဲ့တယ်လို့ ဖေါ်ပြထားပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Stuti Banerjee ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”