“အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဦးဆုံး အလည်အပတ်ခရီးစဉ်”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ The Statesman နေ့စဉ်သတင်းစာမှ အထူးကိုယ်စားလှယ် ဆောင်းပါးရှင် Dipankar Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဦးဆုံး အလည်အပတ်ခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း အစီအရင်ခံ တင်ပြပါရစေ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S Jaishankar ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပတ်ခရီးစဉ်ဟာ ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina အား အောက်တိုဘာလ ပထမအပတ်မှာ အိန္ဒိယနိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်ဘို့ ဖိတ်ကြားချက်အား ကမ်းလှမ်းရေးအတွက် ပိုမိုတဲ့ တရားဝင်ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ အိမ်နီးချင်းနှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးတွေကို တိုးမြင့်ဘို့ အရေးကြီးတဲ့ အချိန်အခါမှာ ပေါ်ပေါက်လာဒါဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ အပြုသဘောဆောင်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲက Sheikh Hasina နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ရဲ့ အောက်တိုဘာလ တွေ့ဆုံဆွေးနွေးပွဲအတွက် အခြေခံတွေ ပြင်ဆင်ထားရှိဘို့ ပြုလုပ်ခဲ့ဒါဖြစ်ပါတယ်။

Dr. S Jaishankar ဟာ ဝန်ကြီးချုပ် Mr Modi ရဲ့ဖိတ်စာကို Sheikh Hasina အား သူမရဲ့တရားဝင်အိမ်တော် “Ganobhaban” မှာ ကျင်းပခဲ့တဲ့ တွေ့ဆုံပွဲအတွင်း ပေးကမ်းခဲ့ပါတယ်။ Sheikh Hasina က ယခုလိုဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖေါ်ပြခဲ့ပါတယ်။

အဆိုပါအိန္ဒိယဝန်ကြီးက New Delhi အစိုးရဟာ အောက်တိုဘာလအတွင်း သူမရဲ့ New Delhi သို့ခရီးစဉ်ကို ရှေ့ရှုမျှော်လင့်နေကြောင်း ဖေါ်ပြခဲ့ပါတယ်။ Dr. Jaishankar နဲ့ Sheikh Hasina နှစ်ဦးစလုံးတို့ဟာ နှစ်ဦးနှစ်ဖက်နဲ့သက်ဆိုင်တဲ့ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေါ်ပြခဲ့ပါတယ်။ စောစောပိုင်းက သံတမန်ဟောင်းဖြစ်တဲ့ Dr. Jaishankar ဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးအတွင်းဝန်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ဘူးပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်ကို Dr. Jaishankar က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mr AK Abdul Momen နဲ့ တွေ့ဆုံဆွေးနွေးမှုတခုနဲ့ စတင်ခဲ့ပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးဟာ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုတခုထက် ကျော်လွန်ပါတယ်။ Dr. Jaishankar က ဒီဆက်ဆံမှုမှာ စောစောပိုင်းက နိုင်ငံခြားရေးအတွင်းဝန်အဖြစ်နဲ့ ယခုအခါ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပါဝင်ဆက်နွယ်ခွင့် ရရှိဒါမို့ အထူးဂုဏ်ယူမိကြောင်း ဖေါ်ပြခဲ့ပါတယ်။ Dr. Jaishankar က “ကျွန်ုပ်တို့ဟာ လုံခြုံရေး၊ ရာဇဝတ်မှု၊ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်သမားများအုပ်စုတွေကို ဆန့်ကျင်မှုမှာ တိုးတက်တဲ့ဖက်စပ်လုပ်ကိုင်မှုက နှစ်နိုင်ငံတို့မှ ပြည်သူတို့အတွက် တိုက်ရိုက်အကျိုးပြုစေတယ်လို့ ယုံကြည်လျှက်ရှိပါတယ်” လို့ ဖေါ်ပြခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံခြားရေးဝန်ကြီးက ရှုပ်ထွေးနေတဲ့ Rohingya အရေးကိစ္စကို ဖြေရှင်းရာမှာ နှစ်နိုင်ငံစလုံးတို့ရဲ့ ဆက်လက်တည်ရှိနေတဲ့ စေ့စပ်မှုတွေကို သွယ်ဝိုက်ပြီး ကိုးကားဖေါ်ပြခဲ့ပါတယ်။ စောစောပိုင်းက Bangladesh နိုင်ငံခြားရေးဝန်ကြီး Mr AK Abdul Momen ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ တခြားအရေးကိစ္စတွေအပြင် ဒေသပိုင်းကို ထိခိုက်စေနိုင်တဲ့ Rohingya အရေးကိစ္စကို စောလျင်စွာ ဖြေရှင်းဘို့ လိုအပ်ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်လို့ ဖေါ်ပြခဲ့ပါတယ်။

သတင်းမီဒီယာနဲ့ တွေ့ဆုံပြောကြားတဲ့အခါ Dr. Jaishankar က ၎င်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mr AK Abdul Momen နဲ့ အကျိုးစီးပွားဖြစ်စေတဲ့ အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ Rohingya ပြဿနာနဲ့ပါတ်သက်ပြီး ဖေါ်ပြရာမျာ အဆိုပါဝန်ကြီးက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ Rohingya တွေကို ဘေးကင်းပြီး လျင်မြန်စွာနဲ့ တည်တံ့စွာနဲ့ မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်စေရေးကို သဘောတူခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

Dr. Jaishankar ဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးကို တခြားတောင်အာရှနိုင်ငံတွေ အတုယူဘို့ စံပြနမူနာတခုဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဒီဆက်ဆံရေးဟာ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ် Mr Narendra Modi အာဏာရရှိလာပြီးနောက် ထပ်လောင်းခိုင်မြဲခဲ့ပါတယ်။ သမိုင်းဝင် ဖွံ့ဖြိုးမှုတခုအဖြစ် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇွန်လအတွင်း Mr Modi ရဲ့ Dhaka မြို့ ပထမဦးဆုံး အလည်အပတ်ခရီးစဉ်မှာ Land Boundary Agreement ခေါ် မြေနေရာ နယ်နိမိတ် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ (၄၁) နှစ်မျှ ကျော်သွားပြီးဖြစ်တဲ့ နှစ်နိုင်ငံအကြား နယ်နိမိတ်အရေးကိစ္စကို ဖြေရှင်းခဲ့ပါတယ်။

သက္ကရာဇ် ၂၀၁၇ ခုနှစ် ဧပြီလအတွင်း ဝန်ကြီးချုပ် Sheikh Hasina ဟာ New Delhi ကို လာရောက်လည်ပတ်ခဲ့ပြီး၊ ကာကွယ်ရေး၊ အနုမြူစွမ်းအင်၊ Cyber လုံခြုံရေးနဲ့ မီဒီယာ စတဲ့နယ်ပယ်တွေမှာ သဘောတူစာချုပ် (၂၂) ခုတို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကလည်း အဲဒီအချိန်ကစပြီး Lines of credit (LOCs) ခေါ် ကြေးမငွေ(နှစ်ခု)အဖြစ် အမေရိကန်ဒေါ်လာပေါင်း (၃) ဘီလီယံကို ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာပေါင်း (၄.၅) ဘီလီယံကို ဖွံ့ဖြိုးမှုပရိုဂျက် (၁၇) ခုတို့အတွက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိပ်ကမ်းတွေ အဆင့်မြှင့်တင်ရေးအတွက် ပေးကမ်းခဲ့ပါတယ်။

Sheikh Hasina က ယခုနှစ်မှာ New Delhi ကို လာရောက်ခဲ့တဲ့အခါ သက္ကရာဇ် ၂၀၂၀ ခုနှစ်မှာ အကြိမ် ၁၀၀ မြောက် မွေးနေ့နှစ်ပတ်လည်ဖြစ်လိမ့်မယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဖခင်ကြီး Sheikh Mujibur Rehman ကို အောက်မေ့သတိရစေမဲ့ အခါသမယလည်းဖြစ်ပါလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်ရေးရုန်းကန်မှုမှာ အိန္ဒိယတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍဟာ မှတ်သားလောက်စရာဖြစ်ခဲ့ပါတယ်။ ယခုအခါ နှစ်နိုင်ငံအကြားဆက်ဆံရေးဟာ အကောင်းဆုံးဖြစ်နေပါတယ်။ အိန္ဒိယနိုင်ငံဟာ တောင့်တင်းခိုင်မာပြီး၊ ကြွယ်ဝချမ်းသာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တောင်အာရှဒေသပိုင်းအတွက် တည်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ တည်တံ့ခိုင်မြဲရေးကို ပေးဆောင်နိုင်ပါစေလို့ ဆုတောင်းလျှက်ရှိပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dipankar Chakraborty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”