ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပါကစ္စတန်နိုင်ငံ အထီးကျန်ဘဝသို့ ရောက်မှု
သောတရှင်များရှင်၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်ဆောင်းပါးရှင် Ranjit Kumar ရေးသားပေးပို့ထားတဲ့ “ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပါကစ္စတန်နိုင်ငံ အထီးကျန်ဘဝသို့ရောက်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ပါကစ္စတန်နိုင်ငံရဲ့ Kashmir ပြဿနာကို အပြည်ပြည်ဆိုင်ရာရေးရာအချက်ဖြစ်ကြောင်း ဆောင်ရွက်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့လက်ခံမှုမရသောကြောင့် နောက်တပြန်မအောင်မြင်ခဲ့ပေ။ တရုတ်နိုင်ငံရဲ့ အမြဲတန်းမိတ်ဆွေဖြစ်သူ ပါကစ္စတန်အတွက် ၎င်းက အဖွဲ့ဝင် (၁၅) နိုင်ငံတို့ရဲ့အရေးပေါ် အစည်းအဝေးတခုကို ဖိတ်ခေါ်ခဲ့ပါတယ်။ အစည်းအဝေးတွင် တရုတ်နိုင်ငံတဦးတည်းကသာ Jammu နဲ့ Kashmir ပြည်နယ်ဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ အပြောင်းအလဲကို ပြောဆိုခဲ့ရာ အခြားသောအဓိကအင်အားကြီးနိုင်ငံများက အဆိုပါအချက်အပေါ် ပါကစ္စတန်နဲ့ အိန္ဒိယ (၂) နိုင်ငံ အပြန်အလှန် ဆွေးနွေးမှုများဖြင့် ပြဿနာဖြေရှင်းရန် ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက အုပ်ချုပ်ပုံ အခြေခံဥပဒေ၏ Jammu နဲ့ Kashmir ပြည်နယ်ဆိုင်ရာ အပိုဒ် ၃၇၀ ရဲ့ ပြဋ္ဌာန်းချက်များကို ရုပ်သိမ်းခဲ့ပြီးနောက် ပါကစ္စတန်က Jammu နဲ့ Kashmir ပြည်နယ်ဆိုင်ရာအချက်အပေါ် ပြောဆိုမှုလျော့နဲဆုံးရှုံးခဲ့ပါတယ်။ Jammu နဲ့ Kashmir ပြည်နယ်နဲ့ စပ်လျဉ်းဆောင်ရွက်မှုများသည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းရေးကိစ္စဖြစ်တယ်လို့ အမေရိကန်က ဖေါ်ပြခဲ့ပါတယ်။ ဒီကိစ္စသည် အိန္ဒိယအုပ်ချုပ်ပုံအခြေခံဥပဒေဘောင်အတွင်းရှိပြီး အိန္ဒိယနဲ့ ပါကစ္စတန် (၂) နိုင်ငံစလုံးကို အပြန်အလှန် နိုင်ငံရေးနဲ့ သံတမန်ရေးရာအရ ပြဿနာဖြေရှင်းသင့်တယ်လို့ ရုရှားနိုင်ငံက ပြောဆိုခဲ့ပါတယ်။ Kashmir ပြဿနာအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တရားဝင်မှတ်ချက်မယူနိုင်ဟု အစည်းအဝေး၌ ပြောဆိုခဲ့ပါတယ်။
အစည်းအဝေးတွင် တရုတ်အထူးသံတမန်၏ ပါကစ္စတန်ကိုယ်စား Kashmir ပြဿနာတောင်းဆိုချက်အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဂရုမစိုက်ခဲ့ပေ။ နောက်ပိုင်းတွင် ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအထူးကိုယ်စားလှယ် Syed Akbaruddin က Kashmir ပြဿနာအပေါ် တရုတ်အထူးကိုယ်စားလှယ်၏ အဖွဲ့ဝင် (၁၅) နိုင်ငံရှေ့မှောက် တင်ပြချက်အပေါ် မေးခွန်းထုတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏အမြင်အားကိုယ်စားပြု ဖေါ်ပြသကဲ့သို့ မိမိ၏တင်ပြချက်ကို ဖေါ်ထုတ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ Jammu နဲ့ Kashmir ပြဿနာအပေါ် အိန္ဒိယနိုင်ငံရဲ့ ကြမ်းတမ်းစွာအရေးယူမှုအပေါ် လုံခြုံရေးကောင်စီက စိုးရိမ်ပြီး အိန္ဒိယနိုင်ငံကို အကြံပေးလိမ့်မယ်လို့ ပါကစ္စတန်က မျှော်လင့်ခဲ့သော်လဲ ပါကစ္စတန်က အထီးကျန်ဘဝသို့ရောက်ခဲ့ပါတယ်။ ပါကစ္စတန်အစိုးရက Kashmir ပြဿနာကို အပြည်ပြည်ဆိုင်ရာအချက်အဖြစ်အောင် ကြိုးစားခဲ့သော်လဲ မအောင်မြင်ခဲ့ပေ။ ၁၉၇၁ ခုနှစ်နောက်ပိုင်း Kashmir ပြဿနာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ပထမဆုံးအကြိမ် ဆွေးနွေးမှု၌ ပါဝင်စေခဲ့သော်လဲ တရားဝင်မဆွေးနွေးခဲ့ပေ။ အဖွဲ့ဝင်များရဲ့ထင်မြင်ချက်များကိုလဲ တရားဝင်လက်မခံခဲ့ရာ ကုလသမဂ္ဂအတွက် ဒီအချက် သိပ်ပြီးအရေးမကြီးဟု အချက်ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင့် ဒီအချက်ကို ပါဝင်စေခဲ့ပါတယ်။ ပါကစ္စတန်အခြေစိုက် Jaish-e-Muhammad အုပ်စုရဲ့ ဥက္ကဌ Masood Azhar အား အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်သမားအဖြစ်မသတ်မှတ်မှုကြောင့် တရုတ်နဲ့ ပါကစ္စတန် (၂) နိုင်ငံစလုံးတို့ အထီးကျန်ဘဝသို့ ရောက်နေပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမတိုင်မှီ နောက်ဆုံးမိနစ်တွင် ပါကစ္စတန်ဝန်ကြီးချုပ် Mr Imran Khan က Kashmir ပြဿနာအပေါ် အမေရိကန်သမ္မတရဲ့အမြင် ပြောင်းလဲစေရန် ပြောဆိုခဲ့သော်လဲ အမေရိကန်သမ္မတက Mr Trump က ဒီပြဿနာကို အိန္ဒိယနဲ့ အပြန်အလှန် ဆွေးနွေးမှုဖြင့် ဖြေရှင်းစေရန် ပြောဆိုခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်တွင် အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတို့ Shimla သဘောတူညီချက်နဲ့ ၁၉၉၉ ခုနှစ်တွင် Lahore ကြေညာချက်အပေါ် လက်မှတ်ရေးထိုးပြီး Kashmir ပြဿနာအပေါ် တတိယနိုင်ငံ၏ ပါဝင်ပတ်သက်မှုမလိုဟု အိန္ဒိယနိုင်ငံက ပြောဆိုပြီး ပါကစ္စတန်နဲ့ အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ဖို့ အသင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ သို့သော် ပါကစ္စတန်က အကြမ်းဖက်မှုကိုအသုံးပြုပြီး မိမိလိုရာ အိန္ဒိယနိုင်ငံ ဆောင်ရွက်စေရန် ဖိအားပေးဖို့ ရပ်တန့်စေလိုပါတယ်။ အကြမ်းဖက်မှုနဲ့ ဆွေးနွေးမှုတပြိုင်နက် အတူတကွ မသွားနိုင်ကြောင်း အိန္ဒိယနိုင်ငံက ပြောဆိုခဲ့ပါတယ်။ ပါကစ္စတန်က အကြမ်းဖက်မှုကို ရပ်တန့်စေပြီး သံတမန်ရေးရာအရ ဆွေးနွေးမှုဖြင့် အိန္ဒိယနိုင်ငံနဲ့ မိမိပြဿနာများကို ဖြေရှင်းသင့်တယ်လို့ ကမ္ဘာ့နိုင်ငံများက ထင်ကြပါတယ်။
Jammu နဲ့ Kashmir အပေါ် အိန္ဒိယနိုင်ငံရဲ့ တဖက်သတ်အရေးယူစေရန် တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ရဲ့ ပြောဆိုခဲ့ရာအပိုဒ် ၃၇၀ ဖျက်သိမ်းမှုဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းကိစ္စဖြစ်တယ်လို့ ကုလသမဂ္ဂသို့ အိန္ဒိယနိုင်ငံရဲ့ အထူးကိုယ်စားလှယ်က ပြောပြီး ဒီအချက်ကို ကုလသမဂ္ဂ၌ မဆွေးနွေးနိုင်ဟု Mr Akbaruddin က ပြောဆိုခဲ့ကြောင်း Kashmir ပြဿနာအပေါ် ပါကစ္စတန်နိုင်ငံရဲ့ တင်သွင်းမှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ လက်ခံသူမရှိဟု ထင်ရှားခဲ့ကြောင်း စသဖြင့် ဆောင်းပါးရှင် Ranjit Kumar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ရှင်။
Comments
Post a Comment