“ဝန်ကြီးချုပ်ရဲ့ UAE နဲ့ ဘာရိန်းနိုင်ငံသို့ခရီးစဉ်ဟာ အပြန်အလှန်ဆက်ဆံမှုများကို အားသစ်လောင်းပေးခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အနောက်အာရှဆိုင်ရာ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Mohd Muddassir Quamar ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဝန်ကြီးချုပ်ရဲ့ UAE နဲ့ ဘာရိန်းနိုင်ငံသို့ခရီးစဉ်ဟာ အပြန်အလှန်ဆက်ဆံမှုများကို အားသစ်လောင်းပေးခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ဝန်ကြီးချုပ် Mr Narendra Modi ဟာ လွန်ခဲ့တဲ့အပတ်အကုန်မှာ UAE နဲ့ ဘာရိန်းနိုင်ငံသို့ အလည်အပတ်ခရီးစဉ်တခုကို စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ တတိယအကြိမ်ခရီးစဉ်ဖြစ်ပြီး၊ အိန္ဒိယဝန်ကြီးချုပ်တဦးရဲ့ ဘာရိန်းနိုင်ငံသို့ ပထမဦးဆုံးသောခရီးစဉ်ဖြစ်ပါတယ်။ ဒီအလည်အပတ်ခရီးစဉ်တွေဟာ အိန္ဒိယနိုင်ငံရဲ့ အာရေးဗီးယားပင်လယ်ကွေ့နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးမှု တိုးများလာနေဒါကို ထောက်ပြလျှက်ရှိပါတယ်။ UAE ခေါ် အာရပ်စော်ဘွားများနိုင်ငံမှာ ဝန်ကြီးချုပ်ဟာ Abu Dhabi ရဲ့ အိမ်ရှေ့မင်းသား Mohammed bin Zayed al-Nahyan နဲ့ တွေ့ဆုံခဲ့ပြီး အရေးပါလှတဲ့ အပြန်အလှန်ဆက်ဆံမှု၊ နှစ်ဦးနှစ်ဖက်တို့အတွက် အကျိုးသက်ရောက်စေတဲ့ ဒေသပိုင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Mr Modi ဟာ UAE နိုင်ငံရဲ့ အမြင့်ဆုံးအရပ်သားဆုဖြစ်တဲ့ ‘Ordef of Zayed’ ကို Mr Modi ရဲ့ အိန္ဒိယနဲ့ UAE နိုင်ငံတို့အကြား အပြန်အလှန်ဆက်ဆံရေးတွေ ခိုင်မာစေရေးအတွက် ကြိုးပမ်းခဲ့မှုနဲ့ ထင်ရှားတဲ့ခေါင်းဆောင်မှုအတွက် လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလမှာ ချီးမြှင့်ခဲ့တဲ့ဆုကို လက်ခံရရှိခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်ဟာ UAE နိုင်ငံမှာ RuPay ကဒ်ပြားကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ UAE နိုင်ငံဟာ အနောက်အာရှမှာ ပထမဦးဆုံး သုံးနိုင်ငံဖြစ်ပြီး၊ စင်္ကာပူနဲ့ Bhutan တို့ပြီးနောက် တတိယမြောက်နိုင်ငံဖြစ်ပါတယ်။ RuPay ကဒ်ပြားကို လက်ခံတဲ့ MoU နားလည်မှု စာချွန်လွှာတခုကို The National Payments Corporation of India (NPCI) နဲ့ Mercury Payments Services of the UAE တို့အကြား နှစ်နိုင်ငံတို့အတွင်းမှာ ပေးကမ်းမှုစင်္ကြန်တို့အကြား နည်းပညာဆိုင်ရာဆက်နွယ်မှုတခု တည်ဆောက်ဘို့ဖြစ်ပြီး၊ အဆိုပါနားလည်မှုစာချွန်လွှာအား ဝန်ကြီးချုပ် Mr Modi က ဘာရိန်းနိုင်ငံမှာရှိတဲ့ Shreenathji ဘုရားကျောင်းမှာ စည်းကပ်ပူဇော်မှု Prasad ဝယ်ယူခြင်းနဲ့ စတင်ခြင်းဖြင့် လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြပါတယ်။
ဘာရိန်းနိုင်ငံမှာ အိန္ဒိယဝန်ကြီးချုပ်ဟာ နွေးထွေးတဲ့ကြိုဆိုမှုကို ခံယူခဲ့ပြီး၊ ဘာရိန်းနိုင်ငံရဲ့ အမြင့်ဆုံးအရပ်သားဆုဖြစ်တဲ့ “Hamad Order of the Renaissance” နဲ့ ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။ ဆုရရှိပြီးနောက် အမှာစကားပြောကြားတဲ့အခါ ဝန်ကြီးချုပ် Mr Modi ဟာ အဆိုပါဆုကြီးကို နှစ်ပေါင်းထောင်ပေါင်းများစွာသော အိန္ဒိယနဲ့ ဘာရိန်းနိုင်ငံတို့ရဲ့ နီးကပ်စွာ ချစ်ကြည်ရင်းနှီးမှုကို အသိအမှတ်ပြုတဲ့ ဆုတံဆိပ်ဖြစ်တယ်လို့ မှတ်ချက်ချ ဖေါ်ပြခဲ့ပါတယ်။ ဘုရင် Hamad bin Isa al-Khalifa ဟာ Mr Modi အား ဂုဏ်ပြုညစာနဲ့ တည်ခင်းကြိုဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ဘာရိန်းနိုင်ငံဝန်ကြီးချုပ် Mr Khalifa bin Salman al-Khalifa နဲ့ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံမှုတခုလုံး၊ ဒေသပိုင်းနဲ့ နိုင်ငံတကာအရေးကိစ္စအဖြာဖြာတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးချုပ် Mr Modi ဟာ ဘာရိန်းနိုင်ငံ လက်ထောက်ဘုရင်နဲ့ အိမ်ရှေ့မင်းသား Salman bin Hamad bin Isa al-Khalifa နဲ့ တွေ့ဆုံခဲ့ပြီး အပြန်အလှန်ဆက်ဆံရေးတွေ ခိုင်မာတောင့်တင်းစေဘို့ ရှေ့သို့ချီရမဲ့လမ်းခရီးနဲ့ပတ်သက်ပြီး၊ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ စောစောပိုင်းက ဝန်ကြီးချုပ် Mr Modi ဟာ ဘာရိန်းအမျိုးသားအားကစားကွင်းမှာ အိန္ဒိယအမျိုးအနွယ် ၁၅,၀၀၀ ခန့်အား အမှာစကားပြောကြားခဲ့ပြီး၊ အဲဒီမင်းနိုင်ငံရဲ့ ဖွံ့ဖြိုးမှုမှာသူတို့ရဲ့ ထည့်ဝင်လုပ်ကိုင်မှုတွေနဲ့ အိန္ဒိယနဲ့ ဘာရိန်းနိုင်ငံတို့အကြား အပြန်အလှန်ဆက်ဆံရေးတွေ တိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ကိုင်မှုတွေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဘာရိန်းနိုင်ငံမှာ အိန္ဒိယအမျိုးအနွယ်ပေါင်း ၃၅၀,၀၀၀ ခန့် နေထိုင်လျှက်ရှိကြပြီး၊ ဒီပမာဏဟာ ဘာရိန်းနိုင်ငံမှာ နိုင်ငံခြားမှ လာရောက်လုပ်ကိုင်နေကြသူဦးရေ အများဆုံးဖြစ်ပါတယ်။ အိန္ဒိယလူမျိုး အသိုင်းအဝိုင်းကို ၎င်းတို့ရဲ့ ကြိုးပမ်းလုပ်ကိုင်မှုနဲ့ စီးပွားရေးမှာ ထည့်ဝင်လုပ်ကိုင်မှုအတွက် ရိုသေလေးစားခြင်းခံရပါတယ်။ Bahrain က နိုင်ငံရဲ့မြို့တော် Manama မှာ ဝန်ကြီးချုပ် Mr Modi နှစ်ပေါင်း (၂၀၀) ကျော်သွားပြီးဖြစ်တဲ့ Shreenathji သို့မဟုတ် Shree Krishna ဘုရားကျောင်းကို သွားရောက်ပြီး၊ ပူဇော်ပသခဲ့ပါတယ်။ နောက်ပြီး ဒီဘုရားကျောင်းကြီးကို မွမ်းမံပြင်ဆင်ရေးပရိုဂျက်တခုကို အမေရိကန်ဒေါ်လာပေါင်း ၄.၂ သန်းနဲ့ အပြီးပြုလုပ်ဘို့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီဘုရားကျောင်းဟာ ဘာရိန်းနိုင်ငံရဲ့ အမျိုးမျိုးအဖြာဖြာဖြစ်ပြီး၊ လက်ခံလေးစားသော ယဉ်ကျေးမှုရဲ့ သင်္ကေတတခုဖြစ်ပြီး၊ ဒီဘုရားကျောင်းအား ဝန်ကြီးချုပ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်ရဲ့ (၃) ရက်ကြာ ပင်လယ်ကွေ့အရပ်ဒေသသို့ အလည်အပတ်ခရီးစဉ်ဟာ ထူးကဲလှပါတယ်။ ဘာကြောင့်လည်းဆိုရရင် အိန္ဒိယနိုင်ငံရဲ့ ဒေသပိုင်းအတွင်းက ပထဝီရေးရာ နိုင်ငံရေးအခြေအနေတွေကို အထူးအလေးပေးနေဒါကြောင့်ဘဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒေသပိုင်းအတွင်းက အငြင်းအခုံတွေအားလုံးကို စေ့စပ်ညှိနှိုင်းရေးမှ ဖြေရှင်းချက်တခုကို အလေးပေးလျှက်ရှိပြီး၊ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတို့အကြား ကြီးမားလာနေတဲ့ တင်းမာမှုနဲ့ ပင်လယ်ကွေ့ရေကြောင်းမှာ သင်္ဘောတွေ သွားလာမှုနဲ့ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့အဓိကအနှောက်အယှက်တွေဟာ ပင်လယ်ကွေ့အရပ်ဒေသမှာ ပေါ်ပေါက်နေဒါကို အိန္ဒိယနိုင်ငံက နီးကပ်စွာစောင့်ကြည့်လေ့လာလျှက်ရှိပါတယ်။ ပင်လယ်ကွေ့ဒေသက အနှောင့်အယှက်တွေဟာ အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်ဖူလုံရေးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်စေမယ့်အပြင် သန်းပေါင်းများစွာသော အိန္ဒိယပြည်ပနေလူမှုအသိုင်းအဝိုင်းတို့ကိုလည်း နစ်နာစေမယ်ဖြစ်ပါတယ်။ ဒါ့ကြောင့် အိန္ဒိယနိုင်ငံဟာ ဘက်ပေါင်းစုံတို့ကို သီးခံထိန်းသိမ်းဘို့ တိုက်တွန်းလျှက်ရှိပါတယ်။
ဒါ့အပြင်ဒီအလည်အပတ်ခရီးစဉ်မှာ အရေးပါမှုတွေရှိခဲ့ပါတယ်။ ဘာကြောင့်ဆိုသော် တောင်အာရှအတွင်း မကြာသေးမှီက ဖွံ့ဖြိုးမှုတွေ New Delhi အစိုးရရဲ့ Jammu နဲ့ Kashmir ပြည်နယ်အတွက် အထူးအခွင့်အရေးကို ဖျက်သိမ်းခြင်းနဲ့ ၎င်းရဲ့အုပ်ချုပ်ရေးကို ပြောင်းလဲပြီး ပြည်ထောင်စုနယ်မြေ (၂) ခုဖြစ်တဲ့ Jammu နဲ့ Kashmir နဲ့ Ladakh အဖြစ် ဖန်တီးခြင်းကို Islamabad အစိုးရက ပုတ်ခတ်ရှုတ်ချနေပေမဲ့ ဒီအရေးကိစ္စဟာ အိန္ဒိယပြည်တွင်းရေးကိစ္စတခုဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံဟာ UAE ၊ ဘာရိန်းနဲ့ Saudi Arabia အပါအဝင် ပင်လယ်ကွေ့အာရပ်နိုင်ငံတွေဆီက ထောက်ခံမှုတွေ ရရှိနေပါတယ်။
ဝန်ကြီးချုပ် Mr Modi ရဲ့ အလည်အပတ်ခရီးစဉ်ဟာ အိန္ဒိယနဲ့ ပင်လယ်ကွေ့နိုင်ငံတွေအကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆက်ဆံမှုတွေအား ထပ်လောင်းအားဖြည့်ရာမှာ အတွန့်ရှည်လိမ့်မယ်ဖြစ်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ (၅) နှစ်မျှသောကာလမှာ New Delhi ရဲ့ အနောက်အာရှမှ အရေးပါဆုံးဖက်စပ်လုပ်ကိုင်သူဖြစ်လာတဲ့ UAE နိုင်ငံနဲ့ ဆက်ဆံရေးတိုးတက်ခိုင်မာစေမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Mohd. Muddassir Quamar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment