ပါကစ္စတန်နိုင်ငံသည် ပင်လယ်ကွေ့နိုင်ငံများ၏ ပစ်ပယ်မှု ခံလိုက်ရခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR ရေဒီယိုသတင်းဌာနမှ သီတင်းများ သုတေသီ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံသည် ပင်လယ်ကွေ့နိုင်ငံများ၏ ပစ်ပယ်မှု ခံလိုက်ရခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ပါကစ္စတန်နိုင်ငံဟာ ပင်လယ်ကွေ့ဒေသ အာရပ်နိုင်ငံတွေထံကနေ သူမျှော်လင့်ထားခဲ့တယ် ဘယ်လို ထောက်ပံ့မှုမျိုးကိုမှ မရရှိခဲ့ပါဘူး။ အိန္ဒိယနိုင်ငံဟာ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၃၇၀ ကို ရုပ်သိမ်းလိုက်ပြီး Jammu & Kashmir ပြည်နယ်ဒေသနှင့် Ladakh ဒေသတို့ကို ပြည်ထောင်စုနယ်မြေအဖြစ် ပေးအပ်ထားရှိလိုက်တာကြောင့် အာရပ်နိုင်ငံတွေဟာ အများစုတို့က မလှုပ်မယှက် ဆက်လက်တည်ရှိနေခဲ့ကြပါတယ်။ ဒီလိုနှုတ်ဆိတ်နေတဲ့ တုံ့ပြန်မှုဟာ အိန္ဒိယနိုင်ငံအနေနှင့် တည်ငြိမ်ရင့်ကျက်တဲ့နိုင်ငံ ၁ နိုင်ငံအဖြစ် ပေါ်ပေါက်တည်ရှိနေမှု အခြေအနေကြောင့် ဖြစ်ပါတယ်။ ဒီအပြင် အိန္ဒိယနိုင်ငံဟာ ပင်လယ်ကွေ့ နိုင်ငံအားလုံးနီးပါးတို့နှင့်အတူ ရင်းနှီးတဲ့ မဟာဗျူဟာ ဆက်ဆံရေးတွေရှိနေပြီး နှစ်စဉ် ကုန်သွယ်ရေးကဏ္ဍမှာလည်း အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ကျော် ကုန်သွယ်မှုပြုလုပ်နေတာကြောင့် ဒါဟာ နိုင်ငံကို အာရေးဗီယန် ကျွန်းဆွယ်ဒေသရဲ့ တန်ဖိုးအကြီးဆုံး စီးပွားရေး မိတ်ဖက်နိုင်ငံတွေအနက် ၁ နိုင်ငံ ဖြစ်စေလျှက်ရှိပါတယ်။

ကမ္ဘာ့အင်အားအကြီးဆုံး အစ္စလာမ္မစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံသာလျှင် အိန္ဒိယနိုင်ငံရဲ့ လုပ်ဆောင်မှုအပေါ် ကန့်ကွက်ဖော်ပြထားပါတယ်။ ကူဝိတ်၊ တာကာ၊ ဘာရိန်းနှင့် အိုမန်တို့လို တခြားအရေးပါတဲ့နိုင်ငံတွေဟာ ဒီကိစ္စနှင့်ပတ်သက်ပြီး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ခြင်း မရှိကြပါဘူး။ အာရပ်စော်ဘွားများနိုင်ငံ UAE ကတော့ ဒီဆုံးဖြတ်ချက်ကို “အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စတစ်ရပ်” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ Abu Dhabi အစိုးရဟာ ဒီအရေးကိစ္စကို အဆင့်လျှော့ပေါ့လိုက်တာကြောင့် ဒီကိစ္စဟာ အလွန်အရေးပါနေပါတယ်။ မကြာသေးတဲ့ ကာလအတွင်းက UAE နိုင်ငံဟာ အမေရိကန်ဒေါ်လာ ၃ ဘီလျံရှိတဲ့ “စာနာမှု ဖေးမချေးငွေ” တစ်ရပ် ပေးအပ်ခဲ့ပြီး ပါကစ္စတန်နိုင်ငံကို တင်ပို့တဲ့ရေနံစိမ်းအတွက် ငွေပေးချေမှုတွေကို ရွှေ့ဆိုင်းပေးခဲ့တယ်ဆိုပေမယ့် Kashmir အရေးကိစ္စနှင့်ပတ်သက်လို့ ဒီနိုင်ငံရဲ့ မကွဲပြားတဲ့ သဘောထားကတော့ ၎င်းတို့ဟာ အိန္ဒိယနိုင်ငံနှင့် မဟာဗျူဟာ ဆက်ဆံရေးတွေကို များစွာ ပိုမိုတန်ဖိုးထားရှိနေတယ်ဆိုတာ အစ္စလာမာဘတ်အစိုးရကို ရှင်းလင်းတဲ့ ဖော်ပြချက် ပေးအပ်လိုက်တာဖြစ်ပါတယ်။

UAE နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ရေးနိုင်ငံ ၁ နိုင်ငံဖြစ်ပြီး ကုန်သွယ်မှု ပမာဏကလည်း အိန္ဒိယနိုင်ငံမှ ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၂၈ ဘီလျံနှင့် အိန္ဒိယန်ိုငငံသို့ ပြည်တွင်းတင်သွင်းမှု ၂၂ ဘီလျံဒေါ်လာတို့နှင့်အတူ ဒေါ်လာပေါင်း ၅၀ ဘီလျံဝန်းကျင်တို့ဖြင့် အိန္ဒိယနိုင်ငံကိုUAE တို့ရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်အဖြစ်လည်းကောင်း UAE နိုင်ငံကို တရုတ်နှင့် အမေရိကန်ပြည်ထောင်စုပြီးရင် အိန္ဒိယနိုင်ငံရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်အဖြစ်လည်းကောင်း ဖြစ်တည်စေလျှက်ရှိပါတယ်။

UAE နိုင်ငံအတွင်း အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုတွေဟာ အမေရိကန်ဒေါ်လာ ၅၅ ဘီလျံဝန်းကျင်ရှိပြီး ဒူဘိုင်းအစိုးရရဲ့ အိမ်ခြံမြေဈေးကွက်မှာ အများပြားဆုံး နိုင်ငံခြား မြှုပ်နှံသူတွေ ဖြစ်ကြပါတယ်။ Kashmir ဒေသအတွင်း အပြောင်းအလဲတွေဟာ “လူမှု တရားမျှတရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်း တည်ငြိမ်ရေးတို့ကို တိုးတက်ကောင်းမွန်စေမှာဖြစ်တယ်” လို့ အိန္ဒိယနိုင်ငံဆိုင်ရာ UAE နိုင်ငံ သံအမတ် Ahmed al-Banna က ဖော်ပြခဲ့ကြောင်း သိရပါတယ်။

Kashmir အရေးကိစ္စအပေါ် ဆော်ဒီ အာရေးဗီးယားနိုင်ငံရဲ့ တုံ့ပြန်ချက်ကလည်း နှုတ်ဆိတ်နေခဲ့ပါတယ်။ ဒီနိုင်ငံဟာ အိန္ဒိယ၊ ပါကစ္စတန် ၂ နိုင်ငံစလုံးတို့နှင့်အတူ အနီးကပ် ဆက်ဆံရေးတွေ တည်ရှိပါတယ်။ ဒေသပိုင်း ပထဝီ နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲနေတာကြောင့် Riyadh အစိုးရဟာ အစ္စလာမ္မစ် ကမ္ဘာအတွင်း အာဏာကြီးစိုးရေးအတွက် တူရကီနှင့် အီရန်နိုင်ငံတို့နှင့်အတူ သဘောသဘာဝအားဖြင့် ပြိုင်ဖက်အခြေအနေမှာ တည်ရှိနေပါတယ်။ Kashmir အရေးဖော်ပြချက်ကတော့ ဒီနိုင်ငံဟာ “လက်ရှိအခြေအနေတွေကို စောင့်ကြည့်နေပြီး” “ငြိမ်းချမ်းစွာ ဖြေရှင်းချက်” တစ်ရပ် ပေါ်ပေါက်စေလိုကြောင်း ဖော်ပြထားပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ အိန္ဒိယနိုင်ငံသား ၂.၇ သန်းတို့ တည်ရှိရာနိုင်ငံဖြစ်ပြီး အီရတ်နိုင်ငံပြီးရင် အိန္ဒိယနိုင်ငံရဲ့ ရေနံစိမ်း ဒုတိယအများဆုံး ပံ့ပိုးတဲ့နိုင်ငံဖြစ်ကာ လွန်ခဲ့တဲ့နှစ် ၂ နိုင်ငံ ကုန်သွယ်မှုပြုရာမှာ အိန္ဒိယနိုင်ငံသို့ ရေနံစိမ်းတင်ပို့မှုဟာ အမေရိကန်ဒေါ်လာ ၂၇.၅ ဘီလျံ ရှိခဲ့ပါတယ်။ ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံဟာ နိုင်ငံရဲ့ Reliance ရေနံစိမ်းနှင့် ဓါတုပစ္စည်း စီးပွားရေးလုပ်ငန်းမှာ ဆော်ဒီနိုင်ငံပိုင် Aramco ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ဝယ်ယူလိုက်ခြင်းနှင့်အတူ နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ အများဆုံးမြှုပ်နှံမှုတစ်ရပ်ကို ကြေညာဖော်ပြလိုက်ပါတယ်။ ဆော်ဒီနိုင်ငံ အိမ်ရှေ့မင်းသား Mohammed bin Salman ကလည်း ၂၀၂၁ ခုနှစ်မှာ အိန္ဒိယနိုင်ငံအတွင်း ၎င်းနိုင်ငံရဲ့ မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံရှိဖို့ ကတိပြု ဖော်ပြထားပါတယ်။

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Mr. Imran Khan ဟာ Kashmir ဒေသအတွင်း အိန္ဒိယနိုင်ငံရဲ့ လုပ်ဆောင်ချက်အပေါ် ဆွေးနွေးဖို့အတွက် ဆော်ဒီနှင့် ဘာရိန်းနိုင်ငံတို့မှ ခေါင်းဆောင်တွေဆီကို သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ အဲဒီနိုင်ငံတွေထံကနေ ဘယ်လို ထောက်ခံမှုမျိုးကိုမှ မရရှိခဲ့တဲ့အပြင် ဘာရိန်းနိုင်ငံဟာ တောင်အာရှဒေသမှ နေထိုင်သူတွေဟာ Kashmir အရေးကိစ္စအပေါ် ဆန္ဒပြသမှုတစ်ရပ်ပြုလုပ်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် ဆန္ဒပြသူ အများအပြားတို့ကို ဖမ်းဆီးခဲ့ပါတယ်။ အီရန်နိုင်ငံသမ္မတ Hassan Rouhani နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ကတော့ အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့ တောင်းဆိုလျှက် ချုပ်တည်းမှုရှိတဲ့ ထုတ်ပြန်ချက်တွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီအခြေအနေတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုင်ကြားခဲ့မယ်ဆိုရင် အစ္စလာမာဘတ် အစိုးရကို ဘယ်နိုင်ငံက ထောက်ခံမှာလဲဆိုတဲ့အပေါ် ပါကစ္စတန်နိုင်ငံအတွင်းမှာ အပြင်းအထန် စိုးရိမ်ချက်တွေ ပေါ်ပေါက်စေလျှက်ရှိပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေဟာ Kashmir အရေးကိစ္စနှင့်ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံကို သတိထား ထောက်ခံနေကြပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ရေနံစိမ်းကြွယ်ဝတဲ့ နိုင်ငံတွေထံကနေ ငွေကြေးညှစ်ထုတ်ဖို့ Kashmir ဒေသကို အသုံးပြုနေခဲ့တယ်လို့ ၎င်းတို့က ထင်မြင်ယူဆနေကြပါတယ်။ ဒါပေမယ့် ငွေကြေးတွေဟာ မသမာသူတွေရဲ့လက်ထဲကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီကနေ့ ပင်လယ်ကွေ့ နိုင်ငံတွေဟာ အလုပ်အကိုင်မဲ့မှုနှင့် လူနေမှုစရိတ် မြင့်မားမှုတို့လို ပြည်တွင်းပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ အာရပ်ကမ္ဘာအုံကြွမှု ဆန္ဒပြသချက်ဟာ မဟာဗျူဟာ ဒေသအတွင်း အလွန်ပြင်းထန်တဲ့ ပြည်တွင်း ဦးတည်ချက်ပြောင်းလဲမှုတွေ ပေါ်ပေါက်စေလျှက်ရှိပါတယ်။

ပါကစ္စတန်နိုင်ငံဟာ အလုပ်လက်မဲ့ များပြားလာမှု၊ ကုန်ဈေးနှုန်း မြင့်မားမှုနှင့် တုံ့ဆိုင်းနေတဲ့ နိုင်ငံရဲ့ စီးပွားရေးတို့လို ပြည်တွင်းပြဿနာတွေကို အာရုံပြုတာက ပိုကောင်းမှာဖြစ်ပါတယ်။ Kashmir အရေးကိစ္စအတွက် ညှာတာထောက်ထားမှုပြီး တခြားနိုင်ငံတွေထံကနေ ဘီလျံနှင့်ချီတဲ့ ထောက်ပံ့ကြေးတွေ ရယူနေခြင်းဟာ ပါကစ္စတန်နိုင်ငံကို အသူရာချောက်ထဲကနေ အလွယ်တကူ လွတ်မြောက်နိုင်စေမှာ မဟုတ်ပါဘူး… စသဖြင့် ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”