အိန္ဒိယနိုင်ငံရဲ့ ဥရောပ မြောက်ပိုင်းဒေသသို့ ပေါက်ရောက်မှု

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA ဌာနမှ သုတေသီ ဆောင်းပါးရှင် Rajorshi Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ ဥရောပ မြောက်ပိုင်းဒေသသို့ ပေါက်ရောက်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ဥရောပ မြောက်ပိုင်းနိုင်ငံတွေနှင့် အိန္ဒိယနိုင်ငံရဲ့ ဆက်ဆံရေးတွေမှာ အဓိက သမိုင်းမှတ်တိုင်နှင့် ဒီဒေသနှင့်အတူ အိန္ဒိယ သံတမန်ရေး လုပ်ဆောင်မှုတွေမှာ အမြင့်ဆုံးအဆင့်အဖြစ် ဒုသမ္မတ Mr. M Venkaiah Naidu ဟာ အစ္စတိုးနီးယား၊ လတ်ဗီးယားနှင့် လီသူးနီးယားနိုင်ငံတို့ကို ခရီးစဉ် သွားရောက်ခဲ့ပါတယ်။ အဲဒီနိုင်ငံခေါင်းဆောင် အသီးသီးတို့နှင့် ဆွေးနွေးမှုတွေအပြင် Mr. Naidu ဟာ စီးပွားရေး ဆွေးနွေးပွဲတွေကို ဦးစီးကျင်းပခဲ့ပြီး အိန္ဒိယအနွယ်ဝင် ပျံ့နှံနေထိုင်သူတွေနှင့်အတူ စေ့စပ်လုပ်ဆောင်ခဲ့ကာ စိုက်ပျိုးမွေးမြူရေး၊ စိုက်ဘား လုံခြုံရေး၊ အီလက်ထရောနစ် အုပ်ချုပ်ရေးနှင့် ပညာရေးကဏ္ဍတွေမှာပူးပေါင်းလုပ်ဆောင်ဖို့ နားလည်မှုစာချွန်လွှာများစွာတို့ကို လက်မှတ်ရေးထိုးခဲ့သလို အစ္စတိုးနီးယားနိုင်ငံ အကြီးအကဲများ ညီလာခံမှာလည်း အမှာစကား ပြောကြားခဲ့ပါတယ်။ ဒီလိုအဓိကကျတဲ့ ဆောင်ရွက်ချက်တွေဟာ ဆန်ခရစ်ဘာသာ၊ ယောဂနှင့် အာယုဗေဒ နယ်ပယ်တွေမှာ အိန္ဒိယနိုင်ငံရဲ့ ဒေသပိုင်း လူသားဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ကွင်းဆက်တွေကို ထပ်မံဖော်ပြလိုက်တာဖြစ်ပါတယ်။ အဲဒီကွင်းဆက်တွေဟာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးတွေတည်ဆောက်ရာမှာ သမိုင်းအစဉ်အလာကို ဖော်ပြနေပြီး “ကမ္ဘာကြီးဟာ မိသားစု ၁ ခုဖြစ်တယ်” လို့အဓိပ္ပါယ်ထွက်တဲ့ ဆန်ခရက် ဘာသာအရ ‘ဝိသုဓါရိဝါ ကုတုမ္ဘာကမ်’ ဝေါဟာရရဲ့ အနက်ကို ထင်ဟပ်စေလျှက်ရှိပါတယ်။

ဒုသမ္မတဟာ လီသူးနီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ Kaunas မြို့သို့လည်း သွားရောက်ခဲ့ပါတယ်။ ဒီဒေသဟာ Riga ပင်လယ်ကွေ့ရဲ့ ရာသီမရွေးအသုံးပြုနိုင်တဲ့ ဆိပ်ကမ်းမှာအခြေတည်လျှက် နော်ဒက်၊ ရုရှားနှင့် CIS နိုင်ငံတွေအတွက် ဂိတ်တံကားဖြစ်နေတာကြောင့် ဒီနိုင်ငံရဲ့ ပထဝီမြေမျက်နှာသွင်ပြင် အနေအထားတို့မှာ အရေးပါမှု တည်ရှိနေပါတယ်။ ဥရောပ သမဂ္ဂဝင်နိုင်ငံတွေကလည်း ဒီ ၃ နိုင်ငံတို့နှင့်အတူ စေ့စပ်လုပ်ဆောင်မှုတွေ တိုးမြှင့်နေတာကြောင့် အိန္ဒိယနိုင်ငံကို သမဂ္ဂဒေသအတွင်း ထောက်ခံရေးရရှိဖို့ စည်းရုံးနိုင်စေလျှက်ရှိပါတယ်။ ဒီဒေသဟာ ဥရောပတိုက်အတွင်း စီးပွားရေး အံ့မခန်းတိုးတက်မှုရှိတဲ့ ကျွန်းစုနိုင်ငံတွေအဖြစ် ဆက်လက်ဖြစ်ပေါ်နေပါတယ်။ ပထဝီအနေအထားအရ ပမာဏသေးငယ်ပေမယ့် နောက်ဆုံးပေါ်နည်းပညာ တီထွင်မွမ်းမံရေးနှင့် ဖွံ့ဖြိုးရေးနယ်ပယ်တို့မှာလည်း ဆက်လက်တိုးတက်လျှက်ရှိပါတယ်။

ဒီကနေ့ကမ္ဘာကြီးဟာ ကြိုတင်ခန့်မှန်းမရနိုင်တဲ့အရာတွေနှင့် ပြည့်နက်လျှက် ရှိနေဆဲ ဖြစ်ပါတယ်။ အာဏာကြီးထွားရေး ယှဉ်ပြိုင်မှုတွေ၊ ဩဇာလွှမ်းမိုးရေး ကြိုးပမ်းချက်တွေ၊ ပထဝီ စီးပွားရေးနှင့် ပထဝီ မဟာဗျူဟာ ယှဉ်ပြိုင်မှုဆိုင်ရာ ဖုံးကွယ်နေတဲ့ အဓိပ္ပါယ်တွေ၊ အကြမ်းဖက်ဝါဒ၊ စိုက်ဘားလုံဖြုံရေးနှင့် ရာသီဥတု ပြောင်းလဲလာမှုတို့အပါအဝင် အစဉ်အလာမဟုတ်တဲ့ လုံခြုံရေး အန္တရာယ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာရေး အခြေအနေတွေကို ညစ်ညမ်းစေလျှက် ရှိပါတယ်။ အမျိုးသားရေးဝါဒကလည်း နိုင်ငံတွေအကြား ပိုမိုထားရှိလာဖို့ အလားအလာ တိုးများနေမှုနှင့်အတူ အားကောင်းလျှက်ရှိပြီး ကျွန်ုပ်တို့ဟာ စတုတ္ထမြောက် စက်မှုတော်လှန်ရေး ကာလကို ဝင်ရောက်နေသလို နည်းပညာကိုလည်း မကြာခဏဆိုသလို အလွဲသုံးစား ပြုလုပ်နေကြပါတယ်။ ဒီအခြေအနေတွေဟာ ပူးပေါင်းလုပ်ဆောင်မှုနှင့် ညီညွှတ်မှုတွေအတွက် တောင်းဆိုလာပါတယ်။

ကမ္ဘာ့အခင်းအကျင်းမှာ အိန္ဒိယနိုင်ငံရဲ့ တိုးတက်လာတဲ့ ပတ်သက်ဆက်နွယ်မှုနှင့် ဥရောပသမဂ္ဂနှင့် နေတိုးတပ်ဖွဲ့တို့မှာ အဲဒီဒေသနိုင်ငံတွေ အဖွဲ့ဝင်ဖြစ်နေမှုဟာ အဲဒီလို ကမ္ဘာ့ ဂယက်ရိုက်မှုတွေကို ဖြေရှင်းဖို့အတွက် ခွန်အားတွေ ပေါင်းစပ်ကြရာမှာ အနေအထားတစ်ရပ်မှာ အတူတကွ ထားရှိစေလိုက်ပါတယ်။ အလားတူပဲ အဲဒီဒေသနိုင်ငံတွေဟာ အမျိုးသား တီထွင်ကြံဆရေး ကွင်းဆက်စနစ်ကို တိုးမြှင့်နေပြီး အသိဉာဏ်အခြေခံ စီးပွားရေးဟာ အိန္ဒိယနိုင်ငံနှင့် သီးခြား ပတ်သက်မှုဖြစ်ပါတယ်။

၎င်းတို့ရဲ့ ဒီဂျစ်တယ် နည်းပညာပိုင်း စွမ်းရည်ဟာ နောက်ဆုံးပေါ် ခေတ်အမီဆုံး နည်းပညာ၊ စွမ်းရည် တည်ဆောက်ရေး၊ ထိန်းသိမ်းမှုရှိတဲ့ ဖွံ့ဖြိုးရေးတို့ ပေါင်းစပ်ခြင်းမှတဆင့် အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့အဆင့်မီ နည်းပညာသစ်တွေ ဖန်တီးပြီး အိန္ဒိယနိုင်ငံရဲ့ လူသားနှင့် ဉာဏ်ရည်တုပမှုစွမ်းရည်တွေ တိုးမြှင့်ရေးဆိုတဲ့ ဝန်ကြီးချုပ် Mr. Modi ရဲ့ ဆောင်ပုဒ်နှင့် ကိုက်ညီရင်းနှီးလျှက်ရှိပါတယ်။

စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းလုပ်ဆောင်ရေးတို့ဟာ ၂ နိုင်ငံဆက်ဆံရေးတို့မှာ အရေးပါတဲ့ အစိတ်အပိုင်းတွေအဖြစ် အထင်အရှား ရှိနေပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုပြုရာမှာ အိန္ဒိယနိုင်ငံဟာ တိုးတက်တဲ့ နည်းပညာ အသုံးပြုနိုင်စွမ်းရှိပြီး အဲဒီဒေသမှနိုင်ငံတွေကလည်း ကြီးမားလှတဲ့ အိန္ဒိယဈေးကွက်ကို ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးနေချိန်မျိုးမှာ ထိပ်ဆုံးသို့ ရောက်ရှိစေနိုင်ကြပါတယ်။ အဲဒီဒေသမှာ အိန္ဒိယသံရုံးတွေ မရှိသေးပေမယ့် ၂၀၁၈-၁၉ ခုနှစ်မှာ ၂ နိုင်ငံအကြားကုန်သွယ်ရေဟာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိခဲ့ပါတယ်။ ခရီးသွားလာရေး၊ ဆေးဝါး၊ ပညာရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ဟာ အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဖို့ ကဏ္ဍသစ်တွေအဖြစ် ရှိနေကြပါတယ်။ ဒါပေမယ့်လည်း စိန်ခေါ်ချက်ကတော့ ပြောင်းလဲလတ်ပတ်နေတဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရေးပဲ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Rajorshi Roy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာတွင် အခိုင်အမာ လက်တွဲမည့် အိန္ဒိယ-နယူးဇီလန် ဆက်ဆံရေး

စိတ်နှလုံးမှ ပြောသော စကားများ (အပိုင်း-၉)

“အိန္ဒိယနိုင်ငံရဲ့ တူရကီနိုင်ငံရဲ့ဝင်ရောက်စွက်ဖက်မှုအား ရှုတ်ချခြင်း”