ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် V. MOHAN RAO ဝေဖန်ရေးသားပေးပို့ထားတဲ့ “ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
သမ္မတ Mr. Ram Nath Kovind ဟာ Bharatiya Janata ပါတီဦးဆောင်တဲ့ နိုင်ငံတော် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDA အစိုးရဟာ ပြည်သူလူထုတို့ရဲ့ မျှော်မှန်းချက် စိတ်ဆန္ဒတို့နှင့်အညီ ဘက်စုံ၊ တောင့်တင်းခိုင်မာပြီး သာယာဝပြောတဲ့ အိန္ဒိယနိုင်ငံတော် တည်ဆောက်ရေးဆီသို့ ချီတက်လျှက်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပါလီမန်လွှတ်တော်ရဲ့ ဗဟိုခန်းမအတွင်း လွှတ်တော် ၂ ရပ်လုံး ပူးတွဲ အစည်းအဝေးပွဲသို့ အမှာစကားပြောကြားစဉ် ပထမ တစ်ရက်နေ့မှစပြီး အစိုးရဟာ အုပ်ချုပ်ရေးမှားယွင်းမှုတွေမှ စိုးရိမ်ပူပန်နေရမှုတွေကိုဖယ်ရှားပြီး ပြည်သူတွေရဲ့ဘဝ တိုးတက်ကောင်းမွန်စေဖို့နှင့် လိုအပ်တဲ့ အရာခတ်သိမ်းပံ့ပိုးသွားဖို့ ကတိပြုကြောင်း ဖော်ပြလိုက်ပါတယ်။
ပထမသက်တမ်းအတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေ တိုးမြှင့်ခဲ့ပြီးနောက် ပြည်သူတို့ဟာ အောက်လွှတ်တော်အတွင်း ဒုတိယသက်တမ်းကာလအတွက် ပြင်းထန်စွာ ထောက်ခံလိုက်ပြီဖြစ်ကြောင်း သမ္မတက ဖော်ပြခဲ့သည်။ အစိုးရရဲ့အာရုံပြုချက်ဟာ အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတက်တက်ရေးဖြစ်ပြီး အမျိုးသမီးများ လုပ်ပိုင်ခွင့် အခွင့်အာဏာ အပ်နှင်းမှုသည် အစိုးရ၏ အမြင့်ဆုံး ဦးစားပေးချက်တစ်ခုဖြစ်ကာ လူ့ဘောင်အဖွဲ့အစည်းနှင့် စီးပွားရေးကဏ္ဍတွင် ၎င်းတို့ ထိရောက်စွာပါဝင်နိုင်မှုသည် ဖွံ့ဖြိုးပြီးနိုင်ငံ ၁ နိုင်ငံ၏ စမ်းသပ်မှုဖြစ်ကြောင်း သမ္မတက ဖော်ပြခဲ့သည်။
သမ္မတဟာ လွှတ်တော် အဖွဲ့ဝင်တွေကို ၁ နိုင်ငံ၊ ရွေးကောက်ပွဲ ၁ ခုစနစ် အဆိုပြုချက်အရေး လုပ်ဆောင်သွားကြဖို့ဖော်ပြခဲ့ပြီး Triple Talaq ခေါ် အိမ်ထောင်ရေး ကွာရှင်းပြတ်စဲမှု အလေ့အကျင့် ပပျောက်ရေးလိုအပ်ချက်ကိုလည်း အလေးပေးဖော်ပြခဲ့ကာ နိုင်ငံအတွင်း သမီးပျို အားလုံးတို့အတွက် တန်းတူညီမျှမှုရှိစေဖို့ ထောက်ပြခဲ့ပါတယ်။ သီတင်းပတ် ၅ ပတ် ကြာမြင့်မည်ဖြစ်တဲ့ အစိုးရရဲ့ ဘတ်ဂျက်ပြန်တမ်း အစည်းအဝေးကာလဟာ ၁၇ ကြိမ်ျမောက် အောက်လွှတ်တော်အတွင်း အဖွဲ့ဝင်အရေအတွက်နှင့်ပတ်သက်လို့ စိုးရိမ်ရန်မလိုအပ်ကြောင်း ဝန်ကြီးချုပ် Mr. Narendra Modi က အတိုက်အခံတို့ကို ဖော်ပြချက်နှင့်အတူ စတင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်၏ အကြီးမားဆုံး အကျိုးစီးပွားများအဖြစ် လူထုစောင့်ရှောက်ရေး ကိစ္စရပ်များကိုလုပ်ဆောင်ရန် ပါတီစွဲမဟုတ်သည့် ချည်းကပ်မှုဖြင့် အစွမ်းကုန် ကြိုးပမ်းသွားသင့်ပြီး ထိရောက်တက်ကြွမှုရှိသည့် အတိုက်အခံအုပ်စုသည် ဒီမိုကရေစီ စနစ်တစ်ခုကို မဖြစ်မနေလိုအပ်ချက်ပင်ဖြစ်တဲ့အပြင် အတိုက်အခံတို့ရဲ့ စားလုံးတိုင်းဟာ တန်ဖိုးရှိတဲ့ စကားတွေဖြစ်တယ်လို့ Mr. Modi က ဖော်ပြခဲ့ပါတယ်။
လွန်ခဲ့တဲ့လ ရွေးကောက်ပွဲတွေရဲ့ ရလဒ်တွေထွက်ပေါ်လာတာနှင့်အတူ လွတ်လပ်ရေးရပြီးကတည်းက မဲပေးပိုင်ခွင့်ကျင့်သုံးခဲ့ကြတဲ့ မဲဆန္ဒရှင် အရေအတွက် အများဆုံးဖြစ်နေခြင်း၊ အမျိုးသမီး မဲဆန္ဒရှင် အရေအတွက်တိုးများလာခြင်းနှင့် ပါလီမန်လွှတ်တော်မှာ အမျိုးသမီး ကိုယ်စားလှယ် ပိုမိုများပြားလာခြင်း စတဲ့ လက္ခဏာသစ် များစွာရှိကြောင်း ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။
အစောပိုင်းက လွှတ်တော်အစည်းအဝေး စလျှင်စခြင်း လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်ခံရသူ Dr. Virendra Kumar ဟာ ရွေးချယ်ထားတဲ့ ပါလီမန်အဖွဲ့ဝင်တွေအတွက် ကျမ်းသစ္စာ သို့မဟုတ် သစ္စာခံချက် တိုင်တည်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Mr. Modi ဟာ ပထမဆုံး ကျမ်းကျိန်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ အောက်လွှတ်တော်ဟာ Rajasthan ပြည်နယ်မှ ဒုတိယအကြိမ်မြောက် BJP ပါတီအမတ်ဖြစ်သူ Mr. Om Birla ကို ၁၇ ကြိမ်မြောက် လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ဟာ Gujarat နှင့် Uttarakhand ပြည်နယ်အတွင်း မြေငလျင် လှုပ်ခတ်ခဲ့စဉ်က Mr. Birla အားထုတ်ခဲ့တဲ့ကြိုးပမ်းထမ်းဆောင်ချက်တွေကို ပြန်ပြောင်းဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပါတီအသီးသီးတို့မှ အဖွဲ့ဝင်တွေဟာ ဥက္ကဌအသစ်ကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ ခေါင်းဆောင်အသီးသီးတို့ရဲ့ ဂုဏ်ပြုချက်အပေါ် တုံ့ပြန်ရာမှာတော့ လွှတ်တော်ဥက္ကဌ Mr. Birla ဟာ ဦးဆောင်ဦးရွက်ပြုသူတစ်ဦးအဖြစ် ၎င်းရဲ့ တာဝန်တွေ ထမ်းဆောင်မှုပေးစေမယ့်လွှတ်တော်ဖြစ်စေဖို့ ဖော်ပြခဲ့ပြီး ၂ ဖက်စလုံးတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှု ပြုလုပ်သွားကြဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်မှာတော့ Mr. Modi ဟာ Mr. Birla ကို လွှတ်တော်ဥက္ကဌရဲ့ စကားပြောစင်သို့ ဆောင်ပို့ပေးခဲ့ပြီး ၎င်းရဲ့ ကတ်ဘိနက် အဖွဲ့ဝင်တွေကိုလည်း လွှတ်တော်သို့ မိတ်ဆက်ပေးခဲ့ပါတယ်… စသဖြင့် ဆောင်းပါးရှင် V. MOHAN RAO ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment