၁၇ ကြိမ်မြောက် အောက်လွှတ်တော်၏ ပထမဆုံးအကြိမ် အစည်းအဝေး

သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် V. MOHAN RAO ဝေဖန်ရေးသားပေးပို့ထားတဲ့၁၇ ကြိမ်မြောက် အောက်လွှတ်တော်၏ ပထမဆုံးအကြိမ် အစည်းအဝေးအကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ပြီးခဲ့သောလက အိန္ဒိယနိုင်ငံတွင်ဖြစ်ပွားခဲ့သော အထွေထွေရွေးကောက်ပွဲတွင် Mr. Naendra Modi ဦးဆောင်သော NDA အစိုးရ ဒုတိယမြောက် သက်တမ်းအတွက် အာဏာကိုရရှိခဲ့ရာ “Sab ka Saath-Sab ka Vikas-Sab ka Viswas” ဆိုသော ဆောင်ပုဒ်နှင့်အတူ ၁၇ ကြိမ်မြောက် ပါလီမန်လွှတ်တော်၌ ယခုလ ၁၇ ရက်နေ့တွင် ပါလီမန်ရဲ့ ဘတ်ဂျက်ဆိုင်ရာ ဆွေးနွေးပွဲ စတင်သွားမှာဖြစ်ပါတယ်။ ပူပြင်းသော နွေရာသီအတွင်း တနိုင်ငံလုံးသို့ သွားရောက် မဲဆွယ်စည်းရုံးမှုပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ် Mr. Naendra Modi က လူအများအပြားတို့အတွက် ပိုပြီး သက်သာချောင်ချိရေး အစီအစဉ်များကိုစတင်ရန် ကတိပေးခဲ့ပါတယ်။
ပါလီမန်အောက်လွှတ်တော်သစ်သည် ၎င်း၏ သဘာပတိအသစ်ကို ဇွန်လ ၁၉ ရက်နေ့တွင် ရွေးချယ်သွားမှာဖြစ်ပါတယ်။ လက်ရှိသဘာပတိသည် သဘာပတိသစ် ရွေးကောက်တင်မြှောက်မှု ကာလအတွင်း အောက်လွှတ်တော်၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လိမ့်မယ်ဖြစ်ပါတယ်။ ပါလီမန်အောက်လွှတ်တော်သို့ ရွေးကောက်တင်မြှောက်လာသူများ ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီးတွင် နိုင်ငံသမ္မတ Mr. Ram Nath Kovind က Lok Sabha နှင့် Rajya Sabha ခေါ် ပါလီမန် အထက်နှင့် အောက်လွှတ်တော် ခုစလုံး၏ ပူးတွဲအခမ်းအနား၌ မိန့်ခွန်းပြောဆိုလိမ့်မယ် ဖြစ်ပါတယ်။
၂၀၁၉-၂၀ ခုနှစ်ဆိုင်ရာ ဗဟိုဘတ်ဂျက်ကို ပါလီမန် အောက်လွှတ်တော်၌ ဇူလိုင်လ ရက်နေ့တွင် ပြဋ္ဌာန်းလိမ့်မယ်ဖြစ်ပါတယ်။ ထို့နောက် လွှတ်တော် ခုစလုံးတို့ သမ္မတ၏ မိန့်ခွန်းအတွက် ကျေးဇူးတင်လိမ့်မယ်ဖြစ်ပါတယ်။ ပတ်ကြာ ဘတ်ဂျက်ပိုင်း ဆွေးနွေးမှုဟာ ဇူလိုင်လ ၂၆ ရက်နေ့တွင် အဆုံးသတ်လိမ့်မယ်ဖြစ်ပါတယ်။ Mr. Modi က ဆင်းရဲသူများ အကျိုးသက်ရောက်သော ကျန်းမာရေးအာမခံ၊ ဘဏ်စာရင်းများ ဖွင့်လှစ်ခြင်း၊ လယ်သမားများအတွက် ဝင်ငွေထောက်ပံ့မှု၊ ချက်ပြုတ်ဓာတ်ငွေ့နှင့် စွမ်းအားဆက်သွယ်မှု စသော အစီအစဉ်များကြောင့် မဲဆန္ဒနယ် ဖန်တီးရန် ကူညီခဲ့ပါတယ်။ Pulwama နှင့် Balakot ဖြစ်ရပ်နောက်ပိုင်း BJP ပါတီက Mr. Modi အား ခိုင်မာသော အမျိုးသား လုံခြုံရေး အထောက်အထားများနှင့်အတူ ဆုံးဖြတ်သောခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ပါလီမန်၌ အမျိုးသမီးလွှတ်တော်အမတ် အရေအတွက်လည်း မြှင့်တင်ခဲ့ပါတယ်။
နိုင်ငံတော်အဆင့်၌ ရှင်းလင်းစွာအနိုင်ရမှုကြောင့် မဟာမိတ်အစိုးရ မလိုလားတော့ပေ။ မဲဆန္ဒရှင်များက တည်မြဲသောအစိုးရပေးသော ခေါင်းဆောင်ကို လိုလားပြီး မတည်မငြိမ်သော အစိုးရက နိုင်ငံနှင့် စီးပွားရေးကို ထိပါးနိုင်သောအချက်ကို နားလည်ခဲ့ပါတယ်။
ဒေသဆိုင်ရာပါတီများက နိုင်ငံတော်အဆင့်၌ အရေးနိမ့်ပြီး ပြည်နယ်ရွေးကောက်ပွဲတွင်သာ အရေးပါခဲ့ပါတယ်။ အဆင့် ဆင့်နှင့်ပြုလုပ်ခဲ့သော ၅၄၂ အမတ်နေရာအတွက် ရွေးကောက်ပွဲကို BJP ပါတီက ၃၀၃ အမတ်နေရာ အနိုင်ရရှိခဲ့ပြီး ကွန်ဂရက်ပါတီက ၅၂ နေရာ၊ Tamil Nadu ပြည်နယ် အခြေစိုက် Dravida Munnethra Kazhagam (DMK) ပါတီက ၂၃ နေရာ၊ Trinamool Congress နှင့် Yuvajana Sramika Rythu (YSR) ကွန်ဂရက်ပါတီက ၂၃ နေရာတို့တွင် အသီးသီး အနိုင်ရရှိခဲ့ပါတယ်။ BJP နှင့် ၎င်းရဲ့ မဟာမိတ်ပါတီများဖြစ်ကြသော Shiv Sena Janata Dal (United) Lok Jan Shakti ပါတီနှင့် အခြားသောပါတီများ ပူးတွဲပြီး NDA အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
၁၇ ကြိမ်မြောက် ပါလီမန် အောက်လွှတ်တော်၌ အဖွဲ့ဝင်သစ် ၂၆၇ ဦး ပါဝင်ခဲ့ပါတယ်။ ၎င်းတို့အနက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးအမတ် ၄၇ ဦးတို့ဖြစ်ကြပြီး ပါလီမန် အောက်လွှတ်တော်သစ်၌ အမျိုးသမီးအမတ်များ ၇၈ ဦးရှိခဲ့ရာ စံချိန်တစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အိန္ဒိယ ပါလီမန် အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အမျိုးသမီး မဲဆန္ဒရှင်အများဆုံး မဲပေးခဲ့ကြရာ အောက်လွှတ်တော်၏ စုစုပေါင်းမဲဆန္ဒတွေရဲ့ ၁၄.% ရှိကြောင်း ဝန်ကြီးချုပ် Mr. Narendra Modi က မိမိရဲ့ သီရိလင်္ကာနိုင်ငံသို့ မကြာမီက ခရီးစဉ်အတွင်း လူထုအစည်းအဝေး တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ လွှတ်တော်၌ အမျိုးသမီးအမတ်များ၏ အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြု ပါဝင်ခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ Biju Janata Dal ပါတီမှ မစ် Chandrani Murmu သည် လွှတ်တော်သစ်၏ အသက်အငယ်ဆုံး အဖွဲ့ဝင်တစ်ဦး ဖြစ်လိမ့်မည်ဖြစ်ရာ သူမကို Keonjhar (ST) မဲဆန္ဒနယ်မှ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ၁၇ ကြိမ်မြောက် ပါလီမန်အောက်လွှတ်တော်၌ BJP ပါတီမှ အသက် ၂၈ နှစ်အရွယ်ရှိ မစ် Tejasvi Surya သည် Bengaluru တောင်ပိုင်းဒေသမှ ရွေးကောက်တင်မြှောက်လာခဲ့ရာ ပါတီ၏ အငယ်ဆုံး အမတ်တစ်ဦး ဖြစ်လာလိမ့်မယ်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နိုင်ငံခြားရေးအတွင်းဝန်ဖြစ်သူ Mr. S. Jaishankar အား ဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရာ ကမ္ဘာ့နိုင်ငံရေးလောကက အံဩခဲ့ပါတယ်။ ၎င်းရဲ့ ခန့်အပ်မှုကိုကြည့်ခြင်းအားဖြင့် နည်းပညာရှင်များလည်း ဝန်ကြီးများအဆင့်သို့ ခန့်အပ်ခြင်းခံနိုင်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်ခဲ့ပါတယ်။
Rajya Sabha ခေါ် ပါလီမန် အထက်လွှတ်တော်သို့ ရွေးကောက်တင်မြှောက်ခြင်းခံရသူ အဖွဲ့ဝင် ဦးတို့ ပါလီမန်လွှတ်တော်၏ ပူးတွဲအစည်းအဝေးပြုလုပ်ပြီးနောက် ဇွန်လ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိမ့်မယ်ဖြစ်ကြောင်းစသဖြင့် ဆောင်းပါးရှင် V. MOHAN RAO ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”