Osaka မြို့တွင် BRICS အဖွဲ့ခေါင်းဆောင်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြခြင်း
သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ၊ အိုဆာကာမြို့တွင် BRICS အဖွဲ့ခေါင်းဆောင်တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးကြခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ AIR သတင်း ခွဲခြမ်းစိတ်ဖြာလေ့လာသူ Padam Singh ရေးသားပေးပို့တဲ့ ဆောင်းပါးကို တင်ပြအစီအရင်ခံပါရစေ။
ဂျပန်နိုင်ငံ အိုဆာကာမြို့မှာကျင်းပတဲ့ G-20 နိုင်ငံ ၂၀ အုပ်စု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဖို့ရောက်နေကြသော အတိုကောက်အားဖြင့် BRICS လို့ခေါ်တဲ့အုပ်စုရဲ့ အုပ်စုဝင်နိုင်ငံတွေဖြစ်ကြသော ဘရာဇီး(လ)၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံများရဲ့ အစိုးရအကြီးအကဲသို့မဟုတ် နိုင်ငံတော်အကြီးအကဲတွေ အလွတ်သဘော တွေ့ဆုံဆွေးခဲ့ကြပါတယ်။ အဲဒီအလွတ်သဘော ဆွေးနွေးပွဲ တက်ရောက်ကြသူများကတော့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၊ ဘရာဇီး(လ) နိုင်ငံသမ္မတ Jair Bolsonaro ၊ ရုရှားနိုင်ငံသမ္မတ Vladimir Putin ၊ တရုတ်နိုင်ငံသမ္မတ Xi Jinping နဲ့ တောင်အာဖရိကနိုင်ငံသမ္မတ Cyril Ramaphosa တို့ဖြစ်ကြပါတယ်။ ဒီခေါင်းဆောင်တွေက၊ G-20 ထိပ်သီးညီလာခံရဲ့ သဘာပတိအဖြစ် တာဝန်ယူသော ဂျပန်နိုင်ငံကို ဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့ ကုန်သွယ်ရေး၊ သိပ္ပံပညာ၊ နည်းပညာ၊ တီထွင်ဆန်းသစ်မှု၊ အခြေခံအဆောက်အဦး၊ ရာသီဥတုဖေါက်ပြန်မှု၊ လူသားအားလုံး အကျုံးဝင်အကျိုးရှိစေတဲ့ ကျန်းမာရေး အစီအစဉ်ချမှတ်ခြင်း၊ အိုမင်းသောလူသားဦးရေ တိုးပွားလာခြင်းနဲပ အရှိန်မပျက် ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ကဏ္ဍများကို ဆွေးနွေးဘို့ ဦးစားပေးရွေးချယ်ခဲ့တဲ့အတွက်လဲ ဂျပန်နိုင်ငံကို ချီးမွန်းကြောင်း ပြောကြားခဲ့ကြပါတယ်။
BRICS ခေါင်းဆောင်တွေက၊ အခုကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းဟာ တည်ငြိမ်ပုံရနေပြီလို့ ယူဆကြပါတယ်။ နောက်ပြီး ဒီနှစ်နှောင်းပိုင်းကစပြီး ၂၀၂၀ ပြည့်နှစ်အထိ ကမ္ဘာ့စီးပွားရေး တိုးတက်မှု အတော်အတန် အရှိန်ရလာနိုင်တယ်လို့လဲ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် နိုင်ငံတကာကုန်သွယ်ရေးနဲ့ ပထဝီနိုင်ငံရေးတွေမှာ တင်းမာမှုကြီးထွားနေခြင်း၊ ကုန်ပစ္စည်းဈေးနှုန်း မတည်ငြိမ်ခြင်း၊ တန်းတူညီမျှမှုမရှိခြင်း၊ အားလုံးအကျုံးဝင်သော ကြီးထွားတိုးတက်မှုချို့တဲ့နေခြင်းနဲ့ ဘဏ္ဍာငွေစိုက်ထုတ်ရာမှာ စည်းမျဉ်းစည်းကမ်းတွေ တင်းကြပ်နေခြင်း အစရှိတဲ့ အကြောင်းတရားတွေကြောင့်၊ ကမ္ဘာ့စီးပွားရေး အားကောင်းကောင်းနဲ့ ကြီးထွားလိမ့်မယ်လို့ အတတ်မပြောနိုင်ပါဘူး။ နိုင်ငံတကာကုန်သွယ်ရေးအရှိန်မပျက် တိုးတက်နိုင်ဘို့အတွက်ဆိုရင်၊ လိုလားဘွယ်ကောင်းသော ကမ္ဘာ့စီးပွားဆက်ဆံရေးအခြေအနေဟာ အရေးကြီးကြောင်း BRICS ခေါင်းဆောင်တွေက လေးနက်စွာ ထောက်ပြကြပါတယ်။
သောတရှင်များခင်ဗျား၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း၊ ကမ္ဘာ့စီးပွားရေး ကြီးထွားအောင် အဓိကအားဖြင့် တွန်းအားပေးတဲ့နိုင်ငံများဟာ BRICS နိုင်ငံများဖြစ်ကြပါတယ်။ အခုလက်ရှိကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းထုတ်လုပ်မှုရဲ့ သုံးပုံတပုံနီးပါးကို BRICS အုပ်စုက ကိုယ်စားပြုပါတယ်။ ၂၀၃၀ ပြည့်နှစ်လောက်ကျရင်၊ ကမ္ဘာ့စီးပွားရေးကြီးထွားတိုးတက်မှုရဲ့ တဝက်ကျော်ကို BRICS အုပ်စုက ပိုင်ဆိုင်မှာဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။ မိမိတို့နိုင်ငံအသီးသီးမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆက်လက်ဆောင်ရွက်ခြင်းအားဖြင့် BRICS အုပ်စုရဲ့ ကြီးပွားတိုးတက်ရေးကို တွန်းအားပေးပါလိမ့်မယ်။ BRICS အုပ်စုဝင်နိုင်ငံတွေအချင်းချင်း ကုန်သွယ်ရေးဟန်ချက်ညီစွာ တိုးချဲ့ခြင်းကလည်း နိုင်ငံတကာကုန်သွယ်ရေးကို ရှေ့ဆက်ခိုင်မာတောင့်တင်းစေပါလိမ့်အုံးမယ်။ ဈေးကွက်များဖွင့်ပေးခြင်း၊ စီးပွားရေးပြန်လည်နာလံထနိုင်စွမ်းရှိခြင်း၊ ဘဏ္ဍာရေးအခြေအနေတည်ငြိမ်မှု စီးပွားရေးမူဝါဒများကို သင့်မြတ်မှန်ကန်စွာ ရေးဆွဲချမှတ်ခြင်းနဲ့ ပြည်သူပိုင်ကဏ္ဍနဲ့ ပုဂ္ဂလိကပိုင်ကဏ္ဍ လက်တွဲကာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ အရေးကြီးတာကို BRICS အုပ်စုခေါင်းဆောင်တွေက၊ အသိအမှတ်ပြုကြပါတယ်။ BRICS အုပ်စုဟာ၊ ပွင့်လင်းမြင်သာမှုရှိသော ခွဲခြားမှုကင်းသောဆက်ဆံရေး၊ ပွင့်လင်းလွတ်လပ်ပြီး အားလုံးအကျုံးဝင်သော နိုင်ငံတကာကုန်သွယ်ရေးစနစ်ကို တည်ဆောက်ဖို့ BRICS အုပ်စုက အခိုင်အမာ ဆုံးဖြတ်ပါတယ်။ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနဲ့ တဖက်သတ်ဆောင်ရွက်တဲ့လုပ်ရပ်မျိုးတို့ဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ရဲ့မူဝါဒနဲ့ စည်းမျဉ်းများကို ဆန့်ကျင်ရာရောက်ပါတယ်။ BRICS အုပ်စုက၊ နိုင်ငံစုံဝါဒနဲ့ နိုင်ငံတကာဥပဒေတို့အပေါ် လိုက်နာဘို့ အခိုင်အမာဆုံးဖြတ်ထားကြောင်း နောက်ပြီး၊ စည်းမျဉ်းစည်းကမ်း ဘောင်အတွင်း ပြုလုပ်သော နိုင်ငံစုံကုန်သွယ်ရေးစနစ်နဲ့ ဒီစနစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ဗဟိုပြုခြင်းကို အပြည့်အဝထောက်ခံကြောင်း ပြောပါတယ်။ဒါပေမဲ့ WTO မှာ ဘယ်လိုပြုပြင်ပြောင်းလဲမှုကိုဘဲလုပ်လုပ်၊ ဒီအဖွဲ့ကြီးရဲ့ အခြေခံမူဝါဒနဲ့ ခံယူချက်တွေကိုတော့ ဆက်ပြီး ထိန်းသိမ်းရမှာဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းရမဲ့ အကြောင်းကိစ္စတွေဟာလဲ ဟန်ချက်ညီမျှရမှာဖြစ်ပြီး၊ ဆွေးနွေးမှုကို ပွင့်လင်းမြင်သာစွာ ပြုလုပ်ရမှာဖြစ်ပါတယ်။
NDB လို့ခေါ်တဲ့ ဖွံ့ဖြိုးရေးဘဏ်သစ်ရဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးအတွက်၎င်း၊ အရှိန်မပျက် တိုးတက်ဖွံ့ဖြိုးရေးအတွက်၎င်း ဘဏ္ဍာငွေထောက်ပံ့တာကို BRICS အုပ်စုက အသိအမှတ်ပြု ချေးမွန်းပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေမှာ၊ အရေးကြီးတဲ့ အခြေခံအဆာက်အဦးစီမံကိန်းတွေအတွက် ရင်းနှီးမြှပ်နှံရာမှာ နှောင့်နှေးကြံ့ကြာနေတာကို ဦးစားပေးဖြေရှင်းဘို့ အရေးကြီးကြောင်း BRICS အုပ်စုခေါင်းဆောင်တွေက ပြောပါတယ်။ ဒေသဆိုင်ရာ ရုံးခွဲများ ဖွင့်လှစ်ခြင်းအားဖြင့် အဲဒီဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ် (NDB) ကို ပိုပြီးတောင့်တင်းစေနိုင်ပါတယ်။ တရုတ်နိုင်ငံကစပြီး၊ အဖွဲ့ဝင်နိုင်ငံအသီးသီးမှာ သက်ဆိုင်ရာနိုင်ငံရဲ့ ငွေစက္ကူနဲ့ အရင်းအနှီးစုဆောင်းမဲ့ NDB ရဲ့ဆုံးဖြတ်ချက်ကို BRICS အုပ်စုက ကြိုဆိုပါတယ်။ နောက်ပြီး တောင်အာဖရိကနဲ့ ရုရှားနိုင်ငံတို့မှာ ငွေစုလက်မှတ်များ ထုတ်ပေးမဲ့အစီအစဉ်ကိုလဲ BRICS အုပ်စုက ကြိုဆိုပါတယ်။
သောတရှင်များခင်ဗျား၊ အသွင်အမျိုးမျိုးဆောင်သော အကြမ်းဖက်တိုက်ခိုက်မှုများကို BRICS အုပ်စုခေါင်းဆောင်များက ပြင်းထန်စွာရှုတ်ချပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဦးဆောင်မှုအောက်မှာ၊ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ ဘက်ပေါင်းစုံကနေ နိုင်ငံတကာဥပဒေဘောင်အတွင်း၊ မနားမနေကြိုးစားအားထုတ်ဖို့ BRICS အုပ်စုခေါင်းဆောင်တွေက တိုက်တွန်းပါတယ်။ မိမိနိုင်ငံအတွင်း အခြေခိုင်ပြီး လှုပ်ရှားသောကွန်ယက်များအတွက်၎င်း အကြမ်းဖက်တိုက်ခိုက်ဖို့ ပြုလုပ်သောလှုပ်ရှားမှုများအတွက်၎င်း ဘဏ္ဍာငွေထောက်ပံ့တာတွေကို တားဆီးကာကွယ်ဖို့ နိုင်ငံအားလုံးမှာ တာဝန်ရှိကြောင်း ဒီခေါင်းဆောင်များက ထပ်လောင်းအတည်ပြုပြောကြားပါတယ်။
ဖန်လုံအိမ်ဓါတ်ငွေ့လွှင့်ထုတ်မှုလျှော့ချပြီး လောင်စာစွမ်းအင်ပိုပြီး၊ အကျိုးရှိစွာအသုံးပြုခြင်း အစရှိတဲ့ အရေးယူဆောင်ရွက်မှုများပြုလုပ်ခြင်းအားဖြင့် သန့်ရှင်းသော လေထု၊ ရေထု ပြန်လည်ရရှိဖို့ ပူးပေါင်းဆောင်ရွက်ရေးဟာ အဓိကကျတာကို BRICS အုပ်စုက အသိအမှတ်ပြုပါတယ်။ နိုင်ငံတိုင်းအတွက် လောင်စာစွမ်းအင်ဖူလုံရေး ရေရှည်စဉ်ဆက်မပြတ် လောင်စာစွမ်းအင်ရရှိရေးနဲ့ ဈေးနှုန်းသက်သာစွာဖြင့် လောင်စာစွမ်းအင်ရရှိနိုင်ရေးတို့အတွက်လည်း အာမခံရမှာဖြစ်ပါတယ်။ ရာသီဥတုဖေါက်ပြန်မှုဖြေရှင်းရေး၊ ပါရီသဘောတူညီချက် အပြည့်အဝ အကောင်အထည်ဖော်ရေးကို ထောက်ခံကြောင်း BRICS အုပ်စုက ပြောပါတယ်။ BRICS အုပ်စုဟာ၊ ဒီနှစ်စက်တင်ဘာလမှာကျင်းပဖို့ရှိသော ကုလသမဂ္ဂ ရာသီဥတုကုစားရေး ထိပ်သီးညီလာခံမှာ၊ အပြုသဘောဆောင်သော အကျိုးရလဒ်များ ထွက်ပေါ်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။
သောတရှင်းများခင်ဗျား၊ ဒီနှစ် နှစ်ပါတ်လည် BRICS အုပ်စုထိပ်သီးညီလာခံကို ဘရာဇီး(လ)နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် Brasilia မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီထိပ်သီးညီလာခံရဲ့ ဆောင်ပုဒ်ကတော့ ‘ဆန်းသစ်သောအနာဂါတ်အတွက် စီးပွားရေးကြီးထွားတိုးတ်ကမှု’ ဘဲဖြစ်ပါတယ်။

ဆန်းသစ်တီထွင်မှုဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော တွန်းအားတခုဖြစ်ကြောင်း BRICS အုပ်စုက သဘောရပါတယ်။ ဒစ်ဂျစ်တယ်ဇတ်သွင်းမှုနဲ့ နောက်ထပ်ထွက်ပေါ်နေတဲ့ နည်းပညာသစ်များမှ အကျိုးရလဒ်အများဆုံးရရှိဘို့ ဆောင်ရွက်ရန် BRICS အုပ်စုအခိုင်အမာဆုံးဖြတ်ထားပါတယ်။ အချုပ်အားဖြင့် အဖွဲ့ဝင်နိုင်ငံတွေအကြား ဆင်းရဲ့နွမ်းပါးမှုပပျောက်ရေး ကြိုးပမ်းမှု အတွေ့အကြုံများ ဖလှယ်ကြဖို့ BRICS အုပ်စု အားပေးပါတယ်။ နောက်ပြီး အဖွဲ့ဝင်နိုင်ငံတွေအကြား သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ စီးပွားရေးလုပ်ငန်းရှင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ဆက်လက်ပြုလုပ်သွားဖို့အရေးကြီးကြောင်း BRICS အုပ်စုခေါင်းဆောင်များ အလေးအနက် သဘောတူညီကြကြောင်းပါခင်ဗျား။
Comments
Post a Comment