“FATF ခေါ် ဘဏ္ဍာရေး အရေးယူဆောင်ရွက်မှုတာဝန်ခံအဖွဲ့မှာ ပါကစ္စတန်နိုင်ငံရဲ့ အရှက်တကွဲဖြစ်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ Dr. Ashok Behuria ဝေဖန်ရေးသားပေးပို့ထားတဲ့ “FATF ခေါ် ဘဏ္ဍာရေး အရေးယူဆောင်ရွက်မှုတာဝန်ခံအဖွဲ့မှာ ပါကစ္စတန်နိုင်ငံရဲ့ အရှက်တကွဲဖြစ်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
လွန်ခဲ့တဲ့အပတ်က အမေရိကန်ပြည်ထောင်စု Orlando မြို့မှာ (၆) ရက်ကြာကျင်းပခဲ့တဲ့ FATF ရဲ့ သင်းလုံးကျွတ်အစည်းအဝေးပွဲဟာ ပါကစ္စတန်နိုင်ငံအတွက် လာမဲ့ အောက်တိုဘာလမတိုင်မှီ တကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစောင့်ကြပ်ရေးအဖွဲ့သို့ သူတို့ရဲ့ ခံယူချက်တွေကို အကောင်အထည်ဖေါ်ဘို့နဲ့ အကယ်၍ ပျက်ကွက်ပါက သူတို့ရဲ့အနေအထားကို လက်ရှိ “Grey List” ခေါ် သင်္ကာမကင်းဖြစ်ရသူများစာရင်းမှ နောက်ဆုံး Black List ခေါ် နာမည်ပျက် ပိတ်ပင်ထားသူများစာရင်းထဲ ထည့်သွင်းရလိမ့်မယ်ဆိုတဲ့ ပြင်းထန်တဲ့သတိပေးချက်နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံဟာ FATF နဲ့အတူ လက်တွဲလုပ်ကိုင်ဘို့နဲ့၊ အာရှပိစိဖိတ်အုပ်စု (APG) နဲ့ တရားမဝင်ငွေလွှဲပြောင်းမှုဆန့်ကျင်ရေး AMT နဲ့ အကြမ်းဖက်ဝါဒကို ဘဏ္ဍာရေးထောက်ပံ့မှုဆန့်ကျင်ရေးအုပ်စုမှာ ပါဝင်ပြီး မိမိတို့နိုင်ငံရဲ့ နည်းဗျူဟာကျတဲ့ အကြမ်းဖက်သမားတွေကို ဘဏ္ဍာထောက်ပံ့မှုနဲ့ သက်ဆိုင်တဲ့ ဟာကွက်တွေကို အာရုံပြုအရေးယူဆောင်ရွက်ဘို့ ဂတိပြုခဲ့ဒါတနှစ်ကျော်မျှ ရှိသွားပြီးဖြစ်ပါတယ်။ ဒီအရေးကိစ္စနဲ့ ပါတ်သက်ပြီး အစ္စလာမ်ဘတ်ရဲ့ မှတ်တမ်းတွေက အားရစရာမရှိဖြစ်ခဲ့ပါတယ်။ တချို့သော အပေါ်အရံအတွက်သာဖြစ်တဲ့ ခြေလှမ်းတွေကို လှမ်းခဲ့ခြင်းမှအပ ပါကစ္စတန်နိုင်ငံဟာ ကျော်ကြားထင်ရှားတဲ့ အကြမ်းဖက်ဝါဒီအုပ်စုတွေကို မိမိတို့ရဲ့ မြေနယ်နိမိတ်ပေါ်ကနေ လုပ်ကိုင်လှုပ်ရှားမှုမပြုနိုင်အောင် ထူးကဲတဲ့အရေးယူဆောင်ရွက်မှု ဘာတခုကိုမျှ ပြုလုပ်ခဲ့ခြင်းမရှိပါဘူး။ FATF ဟာ ၎င်းရဲ့ နှစ် (၃၀) ပြည့် နှစ်ပါတ်လည်အထိမ်းအမှတ်ကို ကျင်းပပြီး၊ ၎င်းရဲ့အတိုင်းအတာနဲ့ ဂုဏ်သိက္ခကို တရားမဝင်ငွေလွှဲပြောင်းပေးမှု၊ အကြမ်းဖက်ဝါဒအား ငွေကြေးထောက်ပံ့မှုနဲ့ ပြန့်နှံ့တိုးပွားစေခြင်းတို့အပေါ် ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်အရေးယူတဲ့ ဦးဆောင်အုပ်စုတခုအဖြစ် ပေါ်လွင်အောင်ကြိုးပမ်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက Pulwama တိုက်ခိုက်မှုတွေနောက်ပိုင်း အဲဒီကမ္ဘာလုံးဆိုင်ရာအဖွဲ့ကြီးဟာ အဆိုပါကြမ်းကြုတ်တဲ့တိုက်ခိုက်မှုကို အပြစ်တင်ရှုတ်ချရုံသာမက အဲဒီတိုက်ခိုက်မှုတွေက သတ်ဖြတ်မှုနဲ့ ကြောက်ရွံ့မှုတွေကို ဖန်တီးစေသည်သာမက ဒီအပြုအမူမျိုးဟာ ငွေကြေားထောက်ပံ့မှုမရှိဘဲ မဖြစ်ပေါ်နိုင်သလို အကြမ်းဖက်သမားတွေကို ထောက်ပံ့ကူညီကြသူတွေအကြား ရံပုံငွေတွေ လက်ကူး၊ လက်ပြောင်းရှိနေတဲ့အဓိပ္ပါယ်ပေါ်စေတယ်လို့ ဖေါ်ပြခဲ့ပါတယ်။
သွယ်ဝိုက်သောအားဖြင့် Pakistan နိုင်ငံကို အဲဒီအဖွဲ့ကြီးက အကြမ်းဖက်သမားတွေနဲ့ သူတို့ကို ငွေကြေးထောက်ပံ့ကြသူတွေက ဆက်လက်ပြီး ဟာကွက်ရှာဖွေကြလိမ့်မယ် သို့မဟုတ် ရံပုံငွေကောက်ခံဘို့၊ လွှဲပြောင်းပေးဘို့နဲ့ အသုံးပြုဘို့ရာ နည်းလမ်းသစ်တွေ ရှာဖွေကြလိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ FATF အဖွဲ့ကြီးဟာ အရပ်ဒေသပိုင်းများစွာတို့မှာ တရားဥပဒေအရ ချုပ်ကိုင်ခြင်းဟာ အကြမ်းဖက်ဝါဒဆန့်ကျင်ရေး CTF အုပ်စုတွေရဲ့ ဖွံ့ဖြိုးစဲ အကျိုးသက်ရောက်မှုအပေါ် ပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်စေတယ်ဆိုဒါကို ရှင်းလင်းဖေါ်ပြခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဇွန်လမှာထုတ်ပြန်ခဲ့တဲ့ နောက်ဆုံးပေါ် အစီအရင်ခံချက်မှာ FATF က Islamabad အစိုးရက လွန်ခဲ့တဲ့နှစ်က ၎င်းတို့နဲ့ အရေးယူဆောင်ရွက်ရေး အစီအစဉ်တခု ရေးဆွဲချမှတ်ခဲ့ပေမဲ့ နည်းဗျူဟာကျ AML/CTF မှာ ချို့ယွင်းမှုတွေရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။ FATF က ပါကစ္စတန်နိုင်ငံဟာ AML/CFT အုပ်စုတွေနဲ့ လုပ်ကိုင်ရေးကို တိုးတက်အောင်ပြုလုပ်ရာမှာ ထင်ရှားစွာ သရုပ်ဖေါ်ခြင်းမရှိဘဲ၊ နိုင်ငံတွေအကြား အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှုနဲ့ပတ်သက်ပြီး သင့်လျော်တဲ့ နားလည်မှုကို မဖေါ်နိုင်ခြင်းမရှိဘူးလို့ ဖေါ်ပြထားပါတယ်။
FATF အဖွဲ့ကြီးက ပါကစ္စတန်နိုင်ငံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလနဲ့ မေလအတွင်းက နောက်ဆုံးသတ်မှတ်ထားတဲ့အချိန်ကာလနဲ့အညီ FATF နဲ့ ရေးဆွဲခဲ့တဲ့အချက် (၁၀) ချက်ပါ အရေးယူဆောင်ရွက်ရေးစီမံကိန်းကို အကောင်အထည်ဖေါ်ဘို့ ပျက်ကွက်ခဲ့ဒါကြောင့် စိုးရိမ်မကင်းဖြစ်ရကြောင်း ဖေါ်ပြလိုက်ပါတယ်။
သို့သော်ငြားလည်း ပါကစ္စတန်အစိုးရရဲ့ သတင်းပြန်ကြားမှုက သူတို့ရဲ့ပြည်သူတွေအပြင် တကမ္ဘာလုံးကို လှည့်စားဘို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီသတင်းပြန်ကြားချက်မှာ FATF အဖွဲ့ကြီးက ပါကစ္စတန်နိုင်ငံရဲ့ အရေးယူဆောင်ရွက်မှုကို ချီးကျူးအားပေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပါကစ္စတန်နိုင်ငံဟာ သူတို့ရဲ့ FATF ကို ပေးထားတဲ့ဂတိခံယူချက်တွေကို ပြီးပြည့်စုံစေပြီး၊ ဂုဏ်ပြုခံရမှု၊ စစ်ဆေးခံရမှု၊ နောက်ပြန်ဆုတ်ခြင်းမရှိဘဲ တည်တံ့တဲ့နည်းလမ်းတွေနဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေကို ထောက်ပံ့ကူညီမှုနဲ့သက်ဆိုင်တဲ့ သူတို့ရဲ့ ထိန်းချုပ်မှုအောက် နယ်မြေပေါ်မှ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုတွေကို အာရုံပြုလုပ်ကိုင်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဖေါ်ပြလိုက်ပါတယ်။ လက်ရှိကာလမှာ စီးပွားရေးအကြပ်အတည်းတွေအောက် အလူးအလဲခံနေရတဲ့အလျောက် ပါကစ္စတန်အာဏာပိုင်တွေက FATF အဖွဲ့ဝင်တွေလည်းဖြစ်ကြတဲ့ သူတို့ရဲ့ ရိုးရာမိတ်ဆွေနိုင်ငံတွေဆီက စာနာထောက်ထားမှုတွေရရှိဘို့ ချဉ်းကပ်ပြိး၊ ပါကစ္စတန်နိုင်ငံကို နောက်ထပ် (၃) လမျှ အချိန်ပေးဘို့ ကြိုးပမ်းကောင်း ကြိုးပမ်းခဲ့ကြမယ်ဖြစ်ပါတယ်။ ဒါပေမဲ့ Islamabad မြို့က ဆုံးဖြတ်ချက်ချမှတ်သူတွေမှာ ရွေးချယ်ဘို့ အနည်းငယ်သာရှိတဲ့အလျောက် ယခုအချိန်အထိ တောင်အာရှဒေသပိုင်းကို မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေကြတဲ့ အကြမ်းဖက်ဝါဒီအုပ်စုတွေအား ဘဏ္ဍာငွေထောက်ပံ့ခြင်းနဲ့ တရားမဝင် ငွေအလွှဲအပြောင်းပြုမှုတွေ ပြုလုပ်နေကြဒါတွေကို ဆန့်ကျင်တားဆီးဘို့အတွက် ခိုင်မာတဲ့ခြေလှမ်းတွေလှမ်းဘို့ကလွှဲပြီး တခြားနည်းလမ်းမရှိတော့ပါဘူး စသည်ဖြင့် ဆောင်းပါးရှင် Dr. Ashok Behuria ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment