ကြီးထွားလာနေတဲ့ အိန္ဒိယ-တရုတ် ရွှင်ပြဖော်ရွေမှု

သောတရှင်များခင်ဗျာ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အရှေ့အာရှနှင့် Eurasian အရေးကိစ္စများ ခွဲခြမ်းစိတ်ဖြာ လေ့လာသူ ဆောင်းပါးရှင် Sana Hashmi ဝေဖန်ရေးသား ပေးပို့ထားတဲ့ “ကြီးထွားလာနေတဲ့ အိန္ဒိယ-တရုတ် ရွှင်ပြဖော်ရွေမှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြ အစီရင်ခံပါရစေ။

ဝန်ကြီးချုပ် Mr. Narendra Modi ရဲ့ ဝန်ကြီးချုပ်ရုံးတော်သို့ ဒုတိယအကြိမ် ရွေးချယ်တင်မြှောက် ခံလိုက်ရခြင်းနှင့်အတူ အိန္ဒိယနိုင်ငံရဲ့ တရုတ်နိုင်ငံဆိုင်ရာပေါ်လစီဟာ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ပါဝင်ပတ်သက်နေတဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးတွေမှာ အတက်အကျတွေ ပေါ်ပေါက်နေချိန်မှာ ဆက်လက်တည်တံ့နေမယ့်ပုံ ရပါတယ်။ ၂၀၁၇ ခုနှစ်က Doklam တင်းမာမှု ဖြစ်ပေါ်ပြီးတဲ့နောက် ၂ နိုင်ငံစလုံတို့ဟာ မိမိတို့ရဲ့ သဘောထား ကွဲလွဲမှုတွေကို ထိန်းချုပ်ဖို့အတွက် အရင်းအမြစ်တွေကို မြှုပ်နှံခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်၊ Wuhan အလွတ်သဘော ထိပ်သီးညီလာခံဟာ ယခုလိုချည်းကပ်မှုရဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်ပါတယ်။

အိန္ဒိယ-တရုတ်ဆက်ဆံရေးမှာ အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးမှုတွေရှိပါတယ်။ အတိတ်ကာလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံး အတားအဆီးတွေ ပြုလုပ်ခဲ့ပေမယ့် ယခုတကြိမ်မှာ တရုတ်နိုင်ငံဟာ Jaish-e-Mohammed (JeM) အုပ်စုခေါင်းဆောင် Masood Azhar ကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ်သတ်မှတ်ဖို့ သဘောတူခဲ့တဲ့အပြင် ဆက်ဆံရေးတွေဟာ Wuhan စိတ်ဓာတ်နှင့် ရှေ့သို့ချီတက်လျှက်ရှိပါတယ်။ တခါ ပြန်အာဏာရရှိလာပြီးနောက် ဝန်ကြီးချုပ် Mr. Modi ဟာ တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping နှင့် သူတို့ရဲ့ ပထမဦးဆုံးသော အပြန်အလှန် တွေ့ဆုံပွဲကို Bishkek မြို့၊ Shanghai Cooperation Organization (SOC) ထိပ်သီးညီလာခံမှာ ပြုလုပ်ခဲ့ပါတယ်။ ခေါင်းဆောင် ၂ ဦးတို့ဟာ လာမယ့် ဇွန်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင့်ပလိမ့်မယ့် G-20 အိုစာကာ ထိပ်သီးညီလာခံမှာ တခါ ပြန်တွေ့ဆုံကြလိမ့်မယ် ဖြစ်ပါတယ်။ ခေါင်းဆောင် ၂ ဦးတို့ဟာ ဘရာဇီးနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ပါဝင်တဲ့ BRICS ထိပ်သီးညီလာခံနှင့် ယခုနှစ်နှောင်းပိုင်း ထိုင်းနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ၁၄ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံမှာလည်း တွေ့ဆုံနိုင်ကြပါတယ်။

လက်ရှိအချိန်ကို လက်ကိုင်ထားပြီး ခေါင်းဆောင် ၂ ဦးတို့ဟာ တခါပြန်ပြီး အလွတ်သဘော တွေ့ဆုံပွဲတခု ပြုလုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒုတိယအကြိမ်မြောက် အလွတ်သဘော တွေ့ဆုံပွဲကို အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့မှာ ယခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ကျင်းပလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထူးကဲတဲ့ တိုးတက်မှုတွေ ရှိနေပါတယ်။ ဝန်ကြီးချုပ် Mr. Modi နဲ့ သမ္မတ Mr. Xi တို့ နှစ်ဦးစလုံးဟာ သူတို့ရဲ့ ဖက်စပ်လုပ်ကိုင်မှုကို တိုးမြှင့်ဖို့ ရှေ့ရှုလုပ်ကိုင်နေကြပြီး ဒီလိုဖြစ်ရချင်းအတွက် ကိုယ်ရေးကိုယ်တာ ဆက်ဆံမှုတွေကို ကျေးဇူးတင်ရမယ်ဖြစ်ပါတယ်။ ဒါပေမယ့် ဆက်ဆံရေးတွေမှာ တိုးတက်မှုရှိလာတာဟာ သဘောထားကွဲလွဲမှုတွေကို ရပ်ဆိုင်ဖယ်ရှားလိုက်တယ်လို့ အဓိပ္ပါယ် မဆောင်ပါဘူး။ အိန္ဒိယနိုင်ငံဟာ ဒုတိယအကြိမ် ၂၀၁၉ ခုနှစ်၊ SCO ခေါင်းဆောင်တွေရဲ့ ပူးတွဲထောက်ခံမှုဖြစ်တဲ့ The Belt & Road Initiative (BRI) ကို ထောက်ခံဖို့ ရှောင်ရှားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ပါကစ္စတန်နိုင်ငံကို ထောက်ပံ့မှုနှင့် China-Pakistan Economic Corridor (CPEC) တို့ဟာ အဓိက အဟန့်အတားတွေဖြစ်ကြပါတယ်။ အထူးကိုယ်စားလှယ်အဆင့် ဆွေးနွေးပွဲတွေနှင့် အကြိမ်ပေါင်းများစွာ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် နက်စပ်ပြဿနာဟာ ယခုတိုင် တည်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အနုမြူ ဖြန့်ဖြူးသူများအုပ်စုဝင် ဖြစ်လာရေးကိုလည်း တရုတ်နိုင်ငံရဲ့ ဆန့်ကျင်တင်းခံမှုက ဆက်လက်တည်ရှိနေပါတယ်။ ဒါပေမယ့် မှတ်သားရမယ့်အချက်ကတော့ နှစ်ဖက်စလုံးတို့ဟာ မူအားဖြင့် သဘောထားကွဲလွဲမှုတွေက အငြင်းအခုန် ဖြစ်စရာတွေ ဖြစ်ဖို့မလိုဘူးဆိုတာကို သဘောတူကြတာပဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ တရုတ်နိုင်ငံသို့ ရှေ့ရှုချည်းကပ်မှုဟာ အပြုသဘောဆောင်ပါတယ်။ ဒါပေမယ့် နယူးဒေလီ အစိုးရဟာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ အဓိက အရေးကိစ္စတွေနှင့်ပတ်သက်ပြီး မိမိတို့ကိုယ်ပိုင် မူဝါဒကို လက်ကိုင်ကျင့်သုံးနေပါတယ်။ ဒါပေမယ့် အဆင့်အမြင့်ဆုံး ပုံမှန်ဆက်သွယ်ပြောဆိုမှုတွေက သဘောထားကွဲလွဲမှုတွေကို အဓိက စိတ်ကြွလှုပ်ရှားဖွယ်ရာတွေမဖြစ်အောင် တားဆီးနေပါတယ်။ ၂ နိုင်ငံစလုံးတို့ဟာ အပြန်အလှန် အကျိုးဖြစ်ထွန်းရေးအပေါ် အာရုံပြုနေကြပြီး အကျယ်အားဖြင့် ပူးပေါင်းဆောင်ရွက်မှုတွေက သူတို့ရဲ့ အကျိုးဖြစ်ထွန်းရေးစိတ်ဓာတ်မှ ကင်းကွာစေလျှက်ရှိပါတယ်။ တရုတ်နိုင်ငံအတွက် ၎င်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ချည်းကပ်မှုတွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ အကြောင်းအချက်က လွှမ်းမိုးလျှက်ရှိနေပါတယ်။

ယခုနှစ်နှောင်းပိုင်း Varanasi မြို့မှာ ဝန်ကြီးချုပ် Mr Modi နဲ့ သမ္မတ Mr Xi တို့တွေဆုံကြတဲ့အခါ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးက တိုးတက်ထွန်းကားရေးဟာ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုလမ်းကြောင်းပေါ် ရောက်ရှိလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ အိန္ဒိယ-တရုတ်နယ်စပ် အငြင်းအခုံတွေမှာ တိုးတက်မှုတွေရှိလာနေတဲ့အလျောက် ခေါင်းဆောင်နှစ်ဦးတို့အနေနဲ့ ရှေ့သို့ချီဘို့အတွက် မိမိတို့ရဲ့ စွမ်းဆောင်မှုတွေကို တန်ဘိုးထားသင့်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်းက တရုတ်နိုင်ငံနဲ့ အလွန်ကြီးမားတဲ့ ကုန်သွယ်ရေးကွာဟချက်ဟာ ဒေါ်လာပေါင်း (၅၃.၃၇) ဘီလီယံခန့်ရှိနေဒါက တရုတ်နိုင်ငံဘက်ကို အကြီးအကျယ် ယိမ်းယိုင်နေပါတယ်။ တရုတ်နိုင်ငံရဲ့ Gwadar ဆိပ်ကမ်းမှာ ဆက်နွယ်ရေးနဲ့ အခြေခံလိုအပ်ချက် အဆောက်အအုံတွေမှာ ထောက်ပံ့ကူညီမှုက အိန္ဒိယနိုင်ငံအတွက် အဓိကစိုးရိမ်ကြောင့်ကြမှုအဖြစ် ဆက်လက်တည်ရှိနေပြီး၊ ဆွေးနွေးပွဲရဲ့ တစိတ်တပိုင်းဖြစ်နိုင်ပါတယ်။ တခြားအရေးကိစ္စတွေထဲမှာ BRI ၊ တရုတ်-အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးသဘောထားကွာခြားချက်နဲ့ ဒေသပိုင်းဆိုင်ရာ အရေးကိစ္စတွေဖြစ်နိုင်ပါတယ်။

အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ဟာ လာမဲ့သက္ကရာဇ် ၂၀၂၀ ခုနှစ်မှာ သံတမန်ဆက်ဆံရေး နှစ်ပေါင်း (၇၀) ပြည့်စုံသွားစေကြလိမ့်မယ်ဖြစ်ပါတယ်။ အာရှနိုင်ငံကြီးနှစ်နိုင်ငံတို့မှ ခေါင်းဆောင်နှစ်ဦးတို့ရဲ့ ကိုယ်ရေးကိုယ်တာ အစဉ်အလာက သူတို့ရဲ့နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးကို လမ်းညွှန်လိမ့်မယ့်ဟန်ရှိပါတယ်။ ဒီအချက်ဟာ နှစ်နိုင်ငံစလုံးတို့ကို ကျန်ရှိနေတဲ့ အရေးကိစ္စတွေအား ဖြေရှင်းဘို့နဲ့ ဆက်ဆံရေးကို ရှေ့သို့ချီဘို့ရာမှာ အထောက်အကူဖြစ်စေပါလိမ့်မယ် စသည်ဖြင့်ဆောင်းပါးရှင် Sana Hashmi ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”