“ဝန်ကြီးချုပ်က ဖွံ့ဖြိုးရေးအေဂျင်ဒါအား ပြန်လည်လေးနက်စေလိုက်ခြင်း”


သောတရှင်များခင်ဗျား ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Shankar Kumar ဝေဖန်ရေးသားထားတဲ့ “ဝန်ကြီးချုပ်က ဖွံ့ဖြိုးရေးအေဂျင်ဒါအား ပြန်လည်လေးနက်စေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ဒုတိယအကြိမ်မြောက် အုပ်ချုပ်ရေးအာဏာရရှိလာပြီးနောက် ဝန်ကြီးချုပ် Mr Narendra Modi ဟာ တကမ္ဘာလုံးအား၊ ဆင်းရဲသူများပြုစုစောင့်ရှောက်ရေးနဲ့ ဖွံ့ဖြိုးစဲ ခေတ်မှီအခြေခံလိုအပ်ချက်အဆောက်အအုံများမှာ သူ့ရဲ့အစိုးရရဲ့ အမွှာအေဂျင်ဒါဖြစ်ကြောင်း ဖေါ်ပြခဲ့ပါတယ်။ သမ္မတရဲ့ အမှာစကားကို ကျေးဇူတင်ရှိကြောင်း တင်ပြတဲ့ပါလီမန်လွှတ်တော် လွှတ်တော်နှစ်ရပ်စလုံးရဲ့ ပူးတွဲအစည်းအဝေးပွဲမှာ ဝန်ကြီးချုပ်က ဖြေကြားခဲ့တဲ့အခါ Mr Modi ဟာ နိုင်ငံအတွက်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားအတွက် မည်သည့်အရာတို့က ဆီလျော်သင့်တော်ဒါကို အကျယ်တဝင့် တင်ပြပြောဆိုခဲ့ပါတယ်။

ဗဟိုအစိုးရရဲ့ ရှုမြင်ချက်ကို မီးမောင်းထိုးတင်ပြရာမှာ ဝန်ကြီးချုပ်က အစိုးရဟာ ပြည်သူတို့ရဲ့ အကျိုးစီးပွားနဲ့ ခေတ်မှီအခြေခံလိုအပ်ချက်အဆောက်အအုံများအပေါ် ယုံကြည်ကြောင်း ဖေါ်ပြခဲ့ပါတယ်။ Mr Modi က အစိုးရဟာ ဘယ်သောအခါမျှ ဖွံ့ဖြိုးရေးလမ်းကြောင်းမှ သွေဖီသွားခြင်းမရှိခဲ့သလို ဖွံ့ဖြိုးရေးအေဂျင်ဒါကိုလည်း အားနည်းသွားအောင် မပြုလုပ်ခဲ့ကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဆက်လက်ပြီး ဝန်ကြီးချုပ်ဟာ “နိုင်ငံတိုးတက်ရေးက အရေးကြီးပြီး၊ အိန္ဒိယနိုင်ငံသားတိုင်းမှာ အခွင့်အာဏာရှိကာ၊ ကျွန်ုပ်တို့ရဲ့နိုင်ငံမှာ ခေတ်မှီလူနေမှုအခြေခံလိုအပ်ချက် အဆောက်အအုံတွေရှိနေတယ်” လို့ ဖြည့်စွက် ဖေါ်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၅) နှစ်မျှသော ကာလအတွင်း အစိုးရဟာ အသိအမှတ်မပြုသေးတဲ့နယ်ပယ်တွေမှာ လုပ်ကိုင်နေကြတဲ့ လယ်သမားတွေနဲ့ ပြည်သူတို့အတွက်အပါအဝင် စီမံကိန်းအမြောက်အများကို စတင်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဟာ အိန္ဒိယနိုင်ငံကို ခေတ်မှီစေရေးလမ်းကြောင်းပေါ်လည်း ရောက်ရှိစေခဲ့ပါတယ်။ ထိပ်တန်းအကျဆုံး All India Institute of Medical Sciences ခေါ် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆေးသိပ္ပံတွေကို လာမဲ့ (၅) နှစ်အတွင်း လက်ရှိ (၆) ခုမှ (၂၀) အထိ တိုးမြှင့်လာဘို့ လုပ်ကိုင်နေပြီး၊ ခရိုင်ဆေးရုံပေါင်း (၁၅၀) ခန့်ကို ဆေးပညာကောလိပ်နဲ့ ဆေးရုံတွေအဖြစ် အဆင့်အတန်းမြှင့်တင်ဘို့ စီမံကိန်းတွေ ရေးဆွဲထားပြီဖြစ်ပါတယ်။ အလားတူဘဲ IIT စက်မှုတက္ကသိုလ်သစ် (၇) ခု၊ IIIT (၁၄) ခု၊ NIT တခုနဲ့ NID (၄) ခုတို့ကို နိုင်ငံတဝှမ်း ဆောက်လုပ်နေပြီး IIMs အိန္ဒိယဆေးတက္ကသိုလ်သစ် (၇) ခုတို့ကိုလည်း ဖွင့်လှစ်လျှက်ရှိပါတယ်။ ခေတ်မှီရေးအတွက် အရေးယူဆောင်ရွက်ခြင်းမရှိတဲ့နယ်ပယ်မရှိသလောက်ဘဲ ဖြစ်ပါတယ်။ Tsunami မုန်တိုင်း ကြိုတင်သတင်းပေးရေးနယ်ပယ်မှာ ကမ္ဘာပေါ် အိန္ဒိယနိုင်ငံက စတုတ္ထအဆင့်မှာရှိပြီး၊ မိုးလေဝသ ကြိုတင်ခန့်မှန်းရေးမှာ ဦးဆောင်နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ အာကာသနယ်ပယ်မှာ အိန္ဒိယနိုင်ငံဟာ လာမဲ့သက္ကရာဇ် ၂၀၂၂ ခုနှစ်လောက်မှာ လူလိုက်ပါသွားတဲ့ အာကာသယာဉ် စေလွှတ်ဘို့ ကြိုးပမ်းနေပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ရုရှားနဲ့ တရုတ်နိုင်ငံပြီးနောက် အိန္ဒိယနိုင်ငံဟာ အာကာသထဲ လူစေလွှတ်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါလိမ့်မယ်။ ထင်ရှားစွာဘဲ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းအာကာသအေဂျင်စီ ISRO ဟာ ရေရှည်ကာလမှာ ကိုယ်ပိုင်အာကာသစခန်းထားရှိဘို့ စီမံနေပါတယ်။ သမ္မတရဲ့ အမှာစကားကို ကျေးဇူးတင်ရှိကြောင်းနဲ့ပါတ်သက်ပြီး ဖြေကြားတဲ့အခါ ဝန်ကြီးချုပ်ဟာ တိုးတက်နေတဲ့ အိန္ဒိယနိုင်ငံအတွက် အဝေးပြေးလမ်းမကြီးတွေ၊ ရေကြောင်းခရီးတွေ၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊ မြို့ပြလေကြောင်း အစပျိုးလုပ်ကိုင်မှုတွေနဲ့ ဆန်းသစ်တီထွင်တွေ လိုအပ်ဒါကို မတွန့်မဆုတ် ဖေါ်ပြခဲ့ပါတယ်။ ယနေ့ခေတ်ကာလမှာ အခြေခံလိုအပ်ချက်တခုအဖြစ် ခေတ်မှီပြီး၊ လျင်မြန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်လိုအပ်တာကို နားလည်ရမယ်ဖြစ်ပါတယ်။ အချိန်နဲ့အလိုက် လိုအပ်ချက်တွေကို ငြင်းဆိုခဲ့တဲ့နိုင်ငံတွေဟာ စီးပွားရေးအရ ကျဆုံခြင်း သို့မဟုတ် အသုံးမကျဘဲ ဆုတ်ယုတ်နေတဲ့နိုင်ငံအဖြစ် ကြေငြာခံရမဲ့ လမ်းကြောင်းပေါ် ရှိနေကြပါတယ်။

ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံအား လာမဲ့ သက္ကရာဇ် ၂၀၂၄ ခုနှစ်အရောက် (၅) Trillion စီးပွားရေးဖြစ်စေဘို့ တိုက်တွန်းချက်ကို အာရုံပြုရမယ်ဖြစ်ပါတယ်။ လက်ရှိအချိန်ကာလမှာ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ် ဆဋ္ဌမမြောက် အင်အားအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဒေါ်လာပေါင်း (၂.၈) Trillion စီးပွားရေးဟာ အလျင်မြန်ဆုံး ကြီးထွားလာမှုတခုလည်းဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အရောက် ဒေါ်လာပေါင်း (၅) Trillion စီးပွားရေးကို အောင်မြင်ဘို့အတွက် အိန္ဒိယနိုင်ငံဟာ ကြီးထွားမှုကို လက်ရှိ ၆.၇% မှ ၂၀၂၄ ခုနှစ်မတိုင်မှီ လာမဲ့ (၅) နှစ်မျှသောကာလအတွင်း ၁၀% မှ ၁၁% အထိ ရရှိအောင် အရှိန်မြင့်တင်လုပ်ကိုင်ရမယ်ဖြစ်ပါတယ်။ ဒီအချက်ဟာ ပန်းတိုင်ရောက်ရှိဘို့အတွက် စိန်ခေါ်မှုဖြစ်ပေမဲ့ အိန္ဒိယနိုင်ငံက ရည်မှန်းချက်တွေ ပြည့်စုံစေမယ်ဖြစ်ပါတယ်။

Mahatma Gandhi ကြီးရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့နှစ်ပါတ်လည်အခမ်းအနားနဲ့ အိန္ဒိယနိုင်ငံရဲ့ (၇၅) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို အိန္ဒိယနိုင်ငံရဲ့သမိုင်းမှာ မှတ်ကျောက်တင်ရမယ့် အခမ်းအနားတွေဖြစ်ကြတယ်လို့ ဖေါ်ပြလျှက် ဝန်ကြီးချုပ်ဟာ လူတိုင်းလူတိုင်းအား အဲဒီအခမ်းအနားတွေကို အားမာန်ပြည့်ဝစွာနဲ့ ကျင်းပကြပါရန် တိုက်တွန်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံသားတွေအနေနဲ့ ကျွန်ုပ်တို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်သူတွေရဲ့ အိမ်မက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံတည်ဆောက်ဘို့ရာ စိတ်ဓာတ်ပြင်းပြစွာ နေထိုင်ကြရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က ဗဟိုအစိုးရဟာ အာဏာရရှိလို့ တပါတ်ကြာအတွင်းမှာဘဲ၊ ပြည်သူတို့အား အကျိုးပြုမဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြောင်း ဖေါ်ပြခဲ့ပါတယ်။ Mr Modi က အဆိုပါဆုံးဖြတ်ချက်တွေဟာ တောင်သူလယ်သမားတွေ၊ ကုန်သည်တွေ၊ လူငယ်တွေနဲ့ လူမျိုးအသိုင်းအဝိုင်းအဖြာဖြာတို့အတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဆက်လက်ပြီး၊ အစိုးရက နိုင်ငံတော်ကို ပေးကမ်းခဲ့တဲ့ ဂတိသစ္စာကို ပြီးပြည့်စေအောင် စတင်လုပ်ကိုင်နေပြီးဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် Mr Modi က နိုင်ငံတော်ဟာ ကြီးမားတဲ့ ရေရှားပါးမှုပြဿနာတွေကို ရင်ဆိုင်နေရတဲ့အလျောက် ပြည်သူတို့အား ရေချွေတာသုံးစွဲမှုကို အလေးပေးကြပါရန် တောင်းဆိုခဲ့ပါတယ်။ Jai Shakti ဝန်ကြီးဌာနအား တည်ထောင်ခြင်းက အစိုးရရဲ့ အိမ်တိုင်းရေရရှိရေး ခံယူချက်ကို သရုပ်ဖော်လိုက်ပါတယ်။ လွှတ်တော်နှစ်ရပ်စလုံးမှာ ဝန်ကြီးချုပ်ရဲ့ဖြေကြားချက်ရဲ့ အရင်းအမြစ်ကတော့ နိုင်ငံရေးပါတီအားလုံးတို့အနေနဲ့ ၂၀၂၂ ခုနှစ်အရောက် အိန္ဒိယနိုင်ငံသစ်တည်ထောင်ရေး အိမ်မက်ကို အကောင်အထည်ဖေါ်ဘို့အတွက် လက်တွဲပါဝင်ကြရေးသာဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Shankar Kumar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”