ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ


သောတရှင်များရှင် ဒီကနေ့ သတင်းဝေဖန်ချက် ဆောင်းပါးရှင် V. MOHAN RAO ဝေဖန်ရေးသား ပေးပို့ထားတဲ့ “ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြ အစီရခံပါရစေ။

အိန္ဒိယနိုင်ငံအား မြင့်မားသောအခြေအနေသို့ရောက်အောင် မိမိအစိုးရက ကြိုးစားလိမ့်မယ်လို့ အိန္ဒိယဝန်ကြီးချုပ် Mr. Narendra Modi က ပြောဆိုရင်း နိုင်ငံ ၁ နိုင်ငံ၏စိတ်ကူးနှင့်အတူ ရှေ့ဆက်ဖို့ အတိုက်အခံတွေထံမှ ပူးပေါင်းဆောင်ရွက်မှုဆည်းကပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ သမ္မတ Mr. Ram Nath Kovind က ပါလီမန် လွှတ်တော် ၂ ရပ်စလုံးကို ပူးတွဲမိန့်ခွန်းအတွက် ကျေးဇူးတင်ပြီး Mr. Modi က အောက်လွှတ်တော်၌ အဆိုပါအချက်ကို ပြောဆိုခဲ့ပါတယ်။ ထို့အပြင် ပါလီမန် လုပ်ငန်းများ ချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့ကူညီစေရန် ၎င်းက အတိုက်အခံပါတီများအား မေတ္တာရပ်ခံခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ တိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် ကြိုးပမ်းရန် ပြောဆိုခဲ့ပါတယ်။ နိုင်ငံရှိ စိန်ခေါ်ချက်အားလုံးတို့ကို အစိုးရနှင့် အတိုက်အခံပါတီများ စည်းလုံးညီညွတ်စွာ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ ခိုင်ခံ့လုံခြုံသောနိုင်ငံဖြစ်လာအောင် ကြိုးပမ်းရန် ၎င်းက ဆော်ဩခဲ့ပါတယ်။ အဂတိလိုက်စားမှု ပပျောက်ရေး၊ လယ်သမားများ အကျိုးသက်ရောက်မှုနှင့် အလုပ်အကိုင် စသောအချက်များကို ဦးစားပေးရန် ပြောဆိုခဲ့ပါတယ်။ တိုင်းပြည်အတွင်း ရေအကျပ်အတည်း ပြဿနာကိုထောက်ပြရင်း မိမိ၏အစိုးရက အိမ်ထောင်စုတိုင်း ရေရရှိရန် ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာ တိုင်းပြည်အတွက် အရေးပါသည်ဟုပြောဆိုရင်း အိန္ဒိယနိုင်ငံတော်သစ်တည်ဆောင်ရန် ဆောင်ရွက်ဖို့ အမတ်အားလုံးတို့ကို ဆွေးနွေးကြရာမှာ Mr. Modi က ပြောဆိုခဲ့ပါတယ်။ မိမိတို့အစိုးရက နိုင်ငံသားအားလုံးတို့၏ နေထိုင်မှု သက်သာလွယ်ကူစေရေးကို ဦးတည်လုပ်ဆောင်နေကြောင်း ပြောဆိုရင်း နိုင်ငံတော်သစ် တည်ထောင်ရေးအတွက် အားလုံး ကြိုးပမ်းသင့်တယ်လို့ ဆော်ဩခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအား ၅ ထရီလျံဒေါ်လာရှိသော စီးပွားရေးနိုင်ငံဖြစ်လာအောင် စုပေါင်းကြိုးပမ်းအားထုတ်ရန် တောင်းဆိုခဲ့ပါတယ်။

BJP ပါတီရဲ့ နိုင်ငံတော်သစ်တည်ဆောက်ရေး အယူအဆနှင့် တနိုင်ငံလုံး တပြိုက်နက် ရွေးကောက်ပွဲပြုလုပ်ရေး စသောအဆိုပြုချက်များကို အတိုက်အခံပါတီက လက်မခံသောအချက်ကို Mr. Modi က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ပါလီမန် အထက်လွှတ်တော်၌ အတိုက်အခံပါတီခေါင်းဆောင် Mr. Ghulam Nabi Azad က အိန္ဒိယနိုင်ငံဟောင်းကို ပိုမိုနှစ်သက်ကြောင်းပြောဆိုခဲ့ကာ ကတ်ဘိနက် ဆုံးဖြတ်ချက်များ သတင်းစာရှင်းလင်းပွဲ၌ ပျက်ပြားမှုနှင့် ရေတပ်ပိုင်သင်္ဘောများကို ပုဂ္ဂိုလ်ရေး ခရီးစဉ်များအတွက် အသုံးပြုခဲ့ကြသော အိန္ဒိယနိုင်ငံဟောင်းကို ကွန်ဂရက်ပါတီက လိုလားခဲ့တယ်လို့ Mr. Modi က ပြောဆိုခဲ့ပါတယ်။ အီလက်ထရောနစ် မဲပေးစက်အသုံးပြုမှုကို ကာကွယ်ခဲ့၍ ဒီစက်အပေါ် အတိုက်အခံပါတီများရဲ့ သံသရဖြစ်မှုကိုလည်း ဝေဖန်ဖော်ပြခဲ့ပါတယ်။

ပါလီမန်အောက်လွှတ်တော်က ၂၀၁၉ ခုနှစ်ဆိုင်ရာ အထူးစီးပွားရေး ဇုံနယ်မြေများ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို အတည်ပြုခဲ့ပါတယ်။ ဥပဒေရေးရာဝန်ကြီး Mr. Ravi Shankar Prasad က Aadhaar ကဒ်နှင့် ၂၀၁၉ ခုနှစ်ဆိုင်ရာ အခြားဥပဒေ (ပြင်ဆင်ချက်) မူကြမ်းကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဆိုပါ ဥပဒေမူကြမ်းက ဒီနှစ်မတ်လအတွင်း ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းဥပဒေကို အစားထိုးလိမ့်မယ်ဖြစ်ပြီး ဇီယလက္ခဏာ အမှတ်အသားယူရေး အစီအစဉ်မှ အသက် ၁၈ နှစ် မပြည့်သေးသော ကလေးများကို လွတ်ငြိမ်းခွင့်ပေးဖို့ အကြံပေးထားပါတယ်။

ပြည်ထဲရေး ဒုဝန်ကြီး Mr. G Kishan Reddy က ၂၀၁၉ ခုနှစ်ဆိုင်ရာ Jammu နှင့် Kashmir ခွဲတမ်းသတ်မှတ်ရေး (ပြင်ဆင်ချက်) မူကြမ်းကို တင်သွင်းခဲ့၍ ဒီဥပဒေဟာ ၂၀၀၄ ခုနှစ်ဆိုင်ရာ Jammu နှင့် Kashmir ပြည်နယ်ဒေသ ခွဲတမ်းသတ်မှတ်ရေး ဥပဒေကို ပြင်ဆင်လိမ့်မယ်ဖြစ်ပါတယ်။ Jammu ဒေသရှိ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဒေသမှ ၁၀ ကီလိုမီတာအတွင်း နေထိုင်သူများ၊ ပညာရေးဌာနများနှင့် အစိုးရ အလုပ်အကိုင်များတွင် ခွဲဝေသတ်မှတ်ပေးဖို့ အဆိုပါမူကြမ်းက ရည်ရွယ်ခဲ့ပါတယ်။

နယူးဒေလီအစိုးရက နယ်စပ်ဖြတ်ကျော်လာသော အကြမ်းဖက်မှုဆိုင်ရာပြဿနာကို ထပ်ပြန်တလည်း ပြောဆိုမှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီအချက်အပေါ် စိုးရိမ်ပူပန်လာပြီး ပါကစ္စတန် အခြေစိုက် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် ပြောဆိုလာခဲ့တယ်လို့ နိုင်ငံခြားရေး ဒုဝန်ကြီး Mr. V. Muraleedharan က အောက်လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။ အဆိုပါနိုင်ငံများက ပါကစ္စတန်အား မိမိနယ်မြေကို အကြမ်းဖက်လုပ်ငန်းအတွက် ခွင့်မပြုရန် ပြောဆိုခဲ့ပါတယ်။ Pulwama ဒေသအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရှုတ်ချခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အနှံ့အပြားတို့၌ဖြစ်ပွားနေသော ရေအကျပ်အတည်းကြောင့် စိုးရိမ်ခဲ့တယ်လို့ ပါလီမန် အထက်လွှတ်တော် အဖွဲ့ဝင်များက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြေအောက်ရေအဆင့် ထိန်းသိမ်းစောင့်ရှောက်စေရန် ကြိုးပမ်းအားထုတ်လိမ့်မယ်လို့ ရေအရင်းအမြစ်ရေးရာဝန်ကြီး Mr. Gajendra Singh Shekhawat က ဆွေးနွေးမှုအပေါ် စာဖြင့်ရေးသားဖြေကြားစဉ် ပြောဆိုခဲ့ကြောင်း….စသည်ဖြင့်ဆောင်းပါးရှင် V. MOHAN RAO ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”