“အိန္ဒိယနိုင်ငံက အမေရိကန်ပြည်ထောင်စုရဲ့ ဘာသာရေးလွတ်လပ်မှုအပေါ် အစီအရင်ခံချက်အား ပယ်ချလိုက်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ လူမှုရေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ဆောင်းပါးရှင် Dr. Ash Narain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက အမေရိကန်ပြည်ထောင်စုရဲ့ ဘာသာရေးလွတ်လပ်မှုအပေါ် အစီအရင်ခံချက်အား ပယ်ချလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အမေရိကန်ပြည်ထောင်စုဟာ တခါပြန်ပြီး၊ အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်မှုမှတ်တမ်းနဲ့ ပတ်သက်ကာ၊ သူတော်ကောင်း ဟန်ဆောင်မှုကို အလေးအနက်ဇောက်ချလျှက် မေးခွန်းထုတ်နိုင်တဲ့ကိုယ်ကျင့်တရားစောင့်ထိန်းမှု အခွင့်အာဏာကို ဖေါ်ပြလိုက်ပါတယ်။ အမေရိကန်အစိုးရရဲ့ နှစ်ပါတ်လည်နိုင်ငံတကာဘာသာရေးလွတ်လပ်မှု အစီအရင်ခံချက်မှာ တခါပြန်ပြီး၊ တခြားနိုင်ငံတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့် အရည်အသွေးနဲ့ပါတ်သက်ပြီး၊ ၎င်းရဲ့ကိုယ်ကျင့်တရားစောင့်ရှောက်ရေး ဆုံးဖြတ်ချက်ပေါ်လစီကို ဖေါ်ပြထားပါတယ်။ အဆိုပါ အစီအရင်ခံချက်မှာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ပါတ်လုံး လူနည်းစုအသိုင်းအဝိုင်းတွေအပေါ် ကြမ်းတမ်းတဲ့ အစွန်းရောက်ဝါဒီအုပ်စုတွေရဲ့ လူအုပ်ဖွဲ့ တိုက်ခိုက်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ အိန္ဒိယအစိုးရဟာ အဲဒီအစီအရင်ခံချက်ကို ပြင်းထန်စွာ ပယ်ချခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုမှာ မိမိတို့ရဲ့နိုင်ငံသားတွေရဲ့ အခြေအနေအပေါ် အာဏာပြဘို့ အခွင့်အရေးမရှိဘူးလို့ ဖေါ်ပြလိုက်ပါတယ်။ ဆက်လက်ပြီး အိန္ဒိယအစိုးရက အိန္ဒိယနိုင်ငံဟာ ၎င်းရဲ့လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့် အရည်အသွေးတွေအပေါ် ဂုဏ်ယူမိပြီး၊ ၎င်းရဲ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ကြောင်းနဲ့၊ နှစ်ရှည်လပေါင်းများစွာကတည်းက တည်ရှိနေတဲ့ သည်းခံမှုနဲ့ ပါဝင်ပေါင်းစပ်မှုအတွက် ခံယူထားတဲ့ ယုံကြည်ကိုးကွယ်မှု အများအပြားရှိတဲ့ လူမှုအသိုင်းအဝိုင်း အဆင့်အတန်းကို သိမ်းပိုက်ထားကြောင်း ဖေါ်ပြခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းလှဒါကတော့ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မစ်ရှင်ဥက္ကဌ Mr Tenzin Dorjee ကွဲလွှဲတဲ့ ရှုမြင်သုံးသပ်ချက်တခုကို ထုတ်ဖေါ်ခဲ့ပြီး “အိန္ဒိယနိုင်ငံဟာ ပွင့်လင်းတဲ့ လူမှုအသိုင်းအဝိုင်းတခုဖြစ်ပြီး၊ ခိုင်မာတဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေရေးရာစနစ်ရှိတဲ့နိုင်ငံဖြစ်တယ်” လို့ ဖေါ်ပြလိုက်ပါတယ်။ အဲဒီကော်မရှင်ဟာ အစဉ်အမြဲ ဘာသာရေးလွတ်လပ်မှုကို ပြင်းထန်စွာ ချိုးဖေါက်နှိပ်ကွပ်ကြတဲ့ နိုင်ငံတွေကို ဖေါ်ထုတ်ပြသတဲ့ အစီအရင်ခံချက်တွေ ထုတ်ပြန်လေ့ရှိပါတယ်။ Trump အုပ်ချုပ်ရေးရဲ့ အထူးအာဏာပေးထားတဲ့အလျောက် အဲဒီအစီအရင်ခံချက်ဟာ သူ့ရဲ့ပြည်တွင်းထောက်ခံမှုအခြေအမြစ်ကို ရည်စူးထားဟန်ရှိပါတယ်။ ဒီအချက်က လွန်ခဲ့တဲ့နှစ်အတွင်း အမေရိကန်ပြည်ထောင်စု ဒုသမ္မတ Mr Mike Pence ဟာ သူရဲ့ Washington မြို့မှာကျင်းပခဲ့တဲ့ ပထမအကြိမ် “Ministerial to Advance Religious Freedoms” အစည်းအဝေးပွဲ အမှာစကားမှာ “ဘာသာရေးလွတ်လပ်မှုက Trump အုပ်ချုပ်ရေးရဲ့ ထိပ်တန်းဦးစားပေးမှုတခုဖြစ်တယ်” လို့ ဖေါ်ပြခဲ့ဒါက အဓိပ္ပါယ်ရှင်းလင်းစေလျှက်ရှိပါတယ်။
လူ့အခွင့်အရေးများဖြစ်စေ၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်မှုဖြစ်စေ၊ အမေရိကန်ပြည်ထောင်စုဟာ ဆိုးဝါးသူတွေကို ဖေါ်ထုတ်ခြင်းအတွက် အများအသိဖြစ်ပြီး၊ သူ့ရဲ့လိုလားသူတွေကို ခြွင်းချက်မရှိ ခွင့်ပြုထားဒါကိုလည်း သိရှိနားလည်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဒီအရေးကိစ္စနဲ့ပါတ်သက်ပြီး လှောင်ပြောင်မှုတွေပြုလုပ်နေဒါကို မနှစ်သက်တဲ့နိုင်ငံတွေအား ရှုတ်ချနေချိန်မှာ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့မဟာမိတ်တွေက ရာဇဝတ်မှုတွေ ကျူးလွန်ကြတဲ့အခါ နုတ်မဖွင့် တိတ်ဆိတ်နေခြင်းက ဖေါ်ပြလျှက်ရှိပါတယ်။
စိတ်ဝင်စားစရာကောင်းလှဒါကတော့ တခြားနိုင်ငံတွေရဲ့ Democratic နဲ့ လူ့အခွင့်အရေးများမှတ်တမ်းအပေါ် ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ Trump အုပ်ချုပ်ရေးဟာ ယခုအခါ The Freedom House ရဲ့ အစီအရင်ခံချက်မှာ ထိုးနှက်ခံနေရဒါဘဲဖြစ်ပါတယ်။ အဲဒီအစီအရင်ခံချက်မှာ အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရေစီက အရှိန်မြင့်မားစွာ ကမ္ဘာ့စံချိန်အတိုင်း ရှိနေပေမယ့်၊ သမ္မတ Mr Trump ရဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ တရားဥပဒေအပေါ် ထိုးနှက်ခြင်း၊ အကြောင်းရင်းပေါ်အခြေခံတဲ့ သတင်းဂျာနယ်နဲ့ တခြားဒီမိုကရေစီရဲ့ မူဝါဒနဲ့ ကျင့်ထုံးတွေအား ခြိမ်းခြောက်ခံနေရကြောင်း ဖေါ်ပြထားပါတယ်။ Freedom House က အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီဌာနတွေရဲ့ ပြန်ကန်တတ်တဲ့ ဂုဏ်သိက္ခာတွေကို အကြွင်းမဲ့လက်ခံလို့မရနိုင်ကြောင်း သတိပေးထားပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်ဟာ အိန္ဒိယနိုင်ငံကို လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကစပြီး စောင့်ကြည့်ရေးစာရင်းမှာ ထည့်သွင်းထားပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီမှတ်တမ်းအားလုံးကို ပယ်ချထားပြီး။ ၂၀၁၅ ခုနဲ့ ၂၀၁၆ ခုနှစ်တွေက စွတ်စွဲချက်တွေကိုလည်း ပယ်ချခဲ့ပါတယ်။ သမ္မတ Mr Obama ကိုယ်တိုင်ကလည်း အိန္ဒိယနိုင်ငံကို လာရောက်လည်ပါတ်တဲ့အခါ အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးသီခံမှုနဲ့ပါတ်သက်ပြီး စိန်ခေါ်ခဲ့ပါတယ်။
အားလုံးတို့ဟာ အိန္ဒိယနိုင်ငံအတွင်းက ဘာသာရေးလွတ်လပ်ခွင့်ကို အမေရိကန်ပြည်ထောင်စုမှာ မကြာခဏ မှားယွင်းစွာ သိရှိနားလည်ကြတယ်လို့ ဖေါ်ပြကြပါတယ်။ အဲဒီလိုမလိုအပ်တဲ့ အစီအရင်ခံချက်တွေဟာ အထောက်အကူ မပြုနိုင်သလို၊ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းအရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ပုံ ရပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ဂိုဏ်းဂဏမဲ့ဝါဒဟာ စမ်းသပ်မှုအမျိုးမျိုးကိုခံခဲ့ရပြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းက လူနည်းစုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အာမခံချက်တွေရရှိပြီး၊ ဒီအချက်က ဖွဲ့စည်းပုံဥပဒေအရ ကာကွယ်စောင့်ရှောက်မှုတွေ ရရှိကြပါတယ်။ နိုင်ငံအတော်များများဟာ သူတို့ရဲ့နိုင်ငံသားတွေကို အိန္ဒိယနိုင်ငံကို ရပိုင်ခွင့်တွေ မပေးကမ်းကြပါဘူး။ တချိန်က ဝန်ကြီးချုပ်ဟောင်း Mr Atal Behari Vajpayee ဟာ “ဘယ်သူကမှ အိန္ဒိယနိုင်ငံရဲ့ ဂိုဏ်းဂဏကင်းမဲ့ရေးဝါဒကို ယှဉ်ပြိုင်လို့မရဘူး” လို့ ပြောကြားခဲ့ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Ash Narain Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment