အစိုးရသည် ဖွံ့ဖြိုးတိုးမှုအရှိန်မြင့်မားရေးအပေါ် အာရုံပြုလုပ်ဆောင်သွားရန်ရှိနေ


သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ စီးပွားရေးရာ ဝါရင့် ဆောင်းပါးရှင် Aditya Raj Das ဝေဖန်ရေးသားပေးပို့ထားတဲ့ “အစိုးရသည် ဖွံ့ဖြိုးတိုးမှုအရှိန်မြင့်မားရေးအပေါ် အာရုံပြုလုပ်ဆောင်သွားရန်ရှိနေ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ဗဟိုအဆင့်မှာ ဒုတိယမြောက် သက်တမ်းကာလအတွက် အာဏာရရှိဖို့ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် နိုင်ငံတော် ဒီမိုကရက်တစ် မဟာမိတ် NDA အစိုးရဟာ ယခုအခါမှာတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရေးနှင့် ပြည်သူလူထု အများအပြားတို့ရဲ့ လူနေမှုဘဝ မြင့်မားတိုးတက်ရေးဆိုတဲ့ မျှော်မှန်းချက် ၂ ရပ် ဖော်ဆောင်ဖို့အတွက် အိန္ဒိယ စီးပွားရေးကဏ္ဍကို ဖွံ့ဖြိုးမှု ပိုမိုမြင့်မားတဲ့ လမ်းကြောင်းမှာ ထားရှိနိုင်ဖို့အရေး အားမာန်သစ်တွေနှင့်အတူ လုပ်ဆောင်လျှက်ရှိပါတယ်။

အစိုးရဟာ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန် မြင့်မားစေဖို့အတွက် စီးပွားရေး လုပ်ဆောင်မှုကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့်တို့မှာ ပြုပြင်မွမ်းမံမှုတွေပြုလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဝန်ကြီးချုပ် Mr. NarendraModi က ရှင်းလင်းစွာ ဖော်ပြခဲ့ပါတယ်။ စီမံကိန်း ကော်မရှင် NITI Aayog အဖွဲ့က ကျင်းပခဲ့တဲ့ စီးပွားရေးပညာရှင်များနှင့် ပါရဂူများပါရှိတဲ့ အဖွဲ့ ၁ ဖွဲ့နှင့်အတူ အပြန်အလှန် တုံ့လှယ်ဆွေးနွေးပွဲမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ထောက်ပံ့အားပေးမှုရှိစေဖို့အတွက် အိန္ဒိယစီးပွားရေးကဏ္ဍကို ဈေးကွက်ယှဉ်ပြိုင်နိုင်ရေး လုပ်ဆောင်သွားဖို့လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ဇူလိုင်လ ၅ ရက်နေ့မှာတင်သွင်းဖို့စီစဉ်ထားတဲ့ အစိုးရသစ်ရဲ့ ပထမဆုံးသော ဘတ်ဂျက်ပြန်တမ်း အပြည့်အစုံမှာ အလုပ်သမားနှင့် အလုပ်အကိုင်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးနှင့် ပညာရေး စသည်တို့ကို အလေးပေးထားတာကြောင့် အဲဒီကဏ္ဍတွေကနေ ထူးခြားအရေးပါမှုရှိနေတယ်လို့ ယူဆရပါတယ်။

နောက်ပြီး ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသူတွေကလည်း အလုပ်အကိုင်၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေအရင်းအမြစ်၊ ပြည်ပတင်ပို့ရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့နှင့်ပတ်သက်လို့ ကြီးပွားတိုးတက်ရေးနှင့် ကြံဆမွမ်းမံရေး အကြံဉာဏ်တွေပေးနိုင်ဖို့အတွက် အုပ်စု ၅ ခုအဖြစ် ပိုင်းခြားထားတာတွေ့ရပါတယ်။ ဒီနောက်ကွယ်မှ အဓိက မျှော်မှန်းချက်ကတော့ ခိုင်မာအားကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြင့်မားရေးနှင့် အလုပ်အကိုင် ဖန်တီးပေးရေးတို့အတွက် ထိရောက်တဲ့ လမ်းပြမြေပုံတစ်ရပ် ဖော်ထုတ်သွားဖို့ပဲ ဖြစ်ပါတယ်။

Mr. Modi အစိုးရဟာ ၎င်းရဲ့ပထမအကြိမ် သက်တမ်းကာလအတွင်းမှာ စီးပွားရေးရာ ဖွံ့ဖြိုးမှုမြင့်မားရေး လုပ်ငန်းတာဝန်ကြီးတစ်ရပ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါဟာ ဖွံ့ဖြိုးမှုနှုန်း တိုးတက်စေဖို့အတွက် စီမံချက်တွေ ထားရှိပြီး အိန္ဒိယစီးပွားရေးကဏ္ဍကို ကမ္ဘာ့အလျင်မြန်ဆုံး တိုးတက်နေတဲ့ စီးပွားရေးကဏ္ဍအဖြစ်ပေါ်ပေါက်စေဖို့အနေအထားကို ရရှိစေခဲ့ပါတယ်။

ယခုအခါမှာလည်း NDA အစိုးရဟာ ဒုတိယသက်တမ်းကာလကို ထပ်မံ စတင်လိုက်ပြီဖြစ်သလို စီးပွားရေးကဏ္ဍကို တောင့်တင်းခိုင်မာတဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်မှာထားရှိဖို့အတွက် စိန်ခေါ်ချက်တွေကို ရင်ဆိုင်နေရပြီး ဒါတွေဟာ အလုပ်အကိုင်မဲ့နှင့် ဝယ်လိုအားကွင်းဆက် ပြုပြင်ပြောင်းလဲရေး ပြဿနာရပ်တွေအတွက် အဓိက သော့ချက်တွေဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လာလတ္တံ့သော ဘတ်ဂျက်ပြန်တမ်းဟာ လူထုအခြေခံ အဆောက်အအုံကဲ့သို့ ဖွံ့ဖြိုးမှုမြှင့်တင်ရေး ကဏ္ဍတွေမှာ သုံးစွားမှုနှင့် ရင်းနှီးမြှုပ်နှံမှုမြင့်မားဖို့ အစိုးရရဲ့ စီမံကိန်းတွေကို ဖော်ထုတ်သွားလိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။

ဘဏ်တိုက်တွေ တောင့်တင်းခိုင်မာရေးဟာ အစိုးရအတွက် အဓိက အာရုံပြုချက်ဖြစ်ပြီး ယခင်သက်တမ်းကာလကလည်း ဘဏ်လုပ်ငန်း တိုးတက်အားကောင်းစေဖို့အတွက် လုပ်ငန်း ဒေဝါလီခံမှုဆိုင်ရာ ဥပဒေဖော်ဆောင်မှုအပါအဝင် လုပ်ဆောင်ချက် အသီးသီးတို့ကို ဆောင်ရွက်ခဲ့ပြီး ရလဒ်တွေလည်း ပေါ်ထွက်နေပြီဖြစ်ကာ ဘဏ္ဍာရေး ဝန်ကြီးသစ်အနေနှင့် စီးပွားရေး တိုးတက်ဖို့လုပ်ငန်းစဉ်တွေကို ထူထောင်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံရဲ့ စီးပွားရေးဟာ ၇% ဝန်းကျင် တိုးတက်ဖို့နှင့် နိုင်ငံရဲ့အနေအထားကို ကမ္ဘာ့ အလျင်မြန်ဆုံး ဖွံ့ဖြိုးနေတဲ့ အဓိကစီးပွားရေးနိုင်ငံအဖြစ် ဆက်လက်ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပြီး အိန္ဒိယအစိုးရဟာ နှေးကွေးမှုနှင့်ရင်ဆိုင်နေရတဲ့ အဓိကကဏ္ဍပိုင်းတွေအတွင်း ဖွံ့ဖြိုးမှုပြန်လည် အားကောင်းစေဖို့ ဆောင်ရွက်လုပ်ကိုင်သွားမယ်လို့ မျှော်လင့်ရပါတယ်။

အစိုးရဟာ ဒုတိယအကြိမ် စီးပွားရေး ပြုပြင်မွမ်းမံမှုတွေနှင့်အတူ ချီတက်သွားလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဖော်ပြနေကြပြီး ဒါဟာ ဆက်လက်ဖြစ်ပေါ်နေတဲ့ ပုဂ္ဂလိက ကဏ္ဍပိုင်း ရင်းနှီးမြှုပ်နှံမှု မပြုတာတွေ၊ ကုန်စည်နှင့် ဝန်ဆောင်မှု အခွန်စနစ် ပိုမိုရိုးရှင်းစေရေးတွေ၊ စက်မှုလုပ်ငန်းတွေကို ငွေကြေးစီးဆင်းမှု လွယ်ကူစေရေးတွေ၊ ပြည်တွင်းတင်သွင်းမှု စည်းကြပ်ခွန် လျှော့ချမှုတွေနှင့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစက်ပွဲမှပေါ်ပေါက်လာတဲ့ ပြည်ပတင်ပို့ရေး အခွင့်အလမ်း တိုးချဲ့မှုတွေကို ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

အစိုးရဟာ ကမ္ဘာ့စီးပွားရေး ထိပ်တန်း ၅ နိုင်ငံအဆင့်မှာ အိန္ဒိယစီးပွားရေးကဏ္ဍ ပါဝင်ရေး ကြိုးပမ်းလုပ်ဆောင်လိုတယ်ဆိုရင် ကြီးမားတဲ့ ပြုပြုမွမ်းမံမှုတွေ စတင်ဖော်ထုတ်သွားရမှာဖြစ်ပြီး ၁၉၉၁ ခုနှစ်တုန်းက အိန္ဒိယ စီးပွားရေး မွမ်းမံချက်တွေဟာ ထုတ်ကုန်ပစ္စည်းတွေအတွက် ဈေးကွက်တွေမှာ ပုဂ္ဂလိက ကဏ္ဍပိုင်းကို လမ်းဖွင့်ပေးလျှက် ဈေးကွက်ယှဉ်ပြိုင်မှု တိုးတက်ရေးအပေါ် အာရုံပြုခဲ့တာဖြစ်ပါတယ်။

ပြုပြင်မွမ်းမံမှု နောက်အဆင့်တွေမှာဆိုရင် မြေနေရာ၊ လုပ်သားနှင့် ငွေကြေးတို့လို ကုန်ပစ္စည်းထုတ်လုပ်ရေး အချက်အလက်တွေအတွက် ဈေးကွက်တွေအတွင်း လုပ်ဆောင်သွားဖို့ လိုအပ်ပြီး ယခုအခါမှာတော့ အစိုးရဟာ အဲဒီကဏ္ဍတွေမှာ ပြုပြင်မွမ်းမံမှုတွေမရှိဘူးဆိုရင် အိန္ဒိယနိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍတို့ဟာ ကမ္ဘာ့အတိုင်းအတာနှင့် ဈေးကွက်ယှဉ်နိုင်မှု မရှိနိုင်ဘူးဆိုတာကို နားလည်သဘောပေါက်လာပြီဖြစ်ပါတယ်။

မြေဈေးကွက်ကို ကန့်သတ်မထားဘူးဆိုရင် အိန္ဒိယ ကုန်ထုတ်လုပ်သူတွေဟာ ကမ္ဘာ့အဆင့်အထိ တိုးချဲ့လုပ်ဆောင်ဖို့ မစွမ်းနိုင်ဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။ ဒါကြောင့် လုပ်သားဈေးကွက်အတွင်း အလျှော့အတင်းလုပ်နိုင်မှုနှင့်အတူ ဖြည့်ဆည်းသွားရမှာဖြစ်ပြီး ဒါကလည်း အလုပ်သမား အင်အားတိုးချဲ့မှု ကုန်ထုတ်လုပ်ငန်းနှင့် အလုပ်အကိုင်တွေအတွက် လမ်းဖွင့်ပေးသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးဟာ ဈေးကွက်အခြေခံ ပေါ်လစီတစ်ရပ်ချမှတ်နေတဲ့ နောက်ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ စီးပွားရေးရာ ကျယ်ပြန့်တဲ့ကဏ္ဍတွေမှာ ပြုပြင်မွမ်းမံမှု အများအပြားဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု မြင့်မားစေရုံသာမက အလုပ်အကိုင်ဖန်တီးရေးအတွက် ကြီးမားလှတဲ့ အခွင့်အလမ်းတွေအတွက်လည်း ဖမ်းဖွင့်ပေးသွားမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Aditya Raj Das ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”