ပါကစ္စတန်နိုင်ငံသည် သဘောထားကွဲလွဲသည့် ပြောဆိုဖော်ပြချက်များကို ဖြိုခွင်းလိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပါကစ္စတန်နိုင်ငံရေးရာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Zainab Akhter ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံသည် သဘောထားကွဲလွဲသည့် ပြောဆိုဖော်ပြချက်များကို ဖြိုခွင်းလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ပါကစ္စတန်နိုင်ငံရဲ့ Tehreek-e-Insaaf (PTI) အစိုးရဟာ အစိုးရဆန့်ကျင်ရေး ဖော်ပြချက်တွေအပေါ် တင်းကျပ်မှုတွေပြုလုပ်နေတာကြောင့် ဒီနိုင်ငံဟာ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေ ကျရောက်လျှက်ရှိပါတယ်။ ပါကစ္စတန် ပြည်သူ့ပါတီခေါင်းဆောင် Asif Ali Zardari နှင့် Nawaz ရဲ့ ပါကစ္စတန် မူဆလင်အသင်းပါတီခေါင်းဆောင် Hamza Shahbaz တို့ကို ဖမ်းဆီးပြီး Pashtun Tahafuz လှုပ်ရှားရေး (PTM) အုပ်စုလို အဖွဲ့အစည်းတွေအပေါ် ဖြိုခွင်းလျှက် အတိုက်အခံတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေကနေ Imran Khan ဦးဆောင်တဲ့ အစိုးရဟာ သဘောထား ကွဲလွဲမှု ဖော်ပြသံတွေကို နည်းဗျူဟာအရ နှုတ်ဆိတ်စေလျှက်ရှိပါတယ်။ ပြည်ပရောက်နေတဲ့ ပါကစ္စတန်နိုင်ငံရေးသမားဖြစ်ပြီး Muttahida Qaumi လှုပ်ရှားမှု (MQM) အုပ်စုခေါင်းဆောင် Altaf Hussain ကို ဗြိတိန်နိုင်ငံအစိုးရတွေက ဖမ်းဆီးလိုက်တာဟာ ဒီနောက်ကွယ်မှာ ပါကစ္စတန်အစိုးရ ပါဝင်ပတ်သက်မှု ရှိနေပုံရပါတယ်။ အစ္စလာမာဘတ် အစိုးရဟာ ဘယ်ရှုထောင့်ကမဆို ပေါ်ထွက်လာတဲ့ ဝေဖန်ချက်တွေရပ်တန့်စေဖို့အတွက် ပါကစ္စတန် တပ်မတော်အလိုကျ လုပ်ဆောင်နေဟန်ရှိပေမယ့် အတိုက်အခံတွေနှင့် အမြင်မတူတဲ့ စကားသံတွေကို ဖြေရှင်းပေးရာမှာ ဖိနှိပ်ချုပ်ချယ်ကန့်သတ်ရေး ပေါ်လစီဟာ အကျိုးဆုတ်ယုတ်မှု ရလဒ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။
အယောင်ဆောင်ဖြစ်တဲ့ နိုင်ငံတော် တာဝန်ခံမှုရှိစေရေး ဗျူရို NAB အဖွဲ့အောက်မှာ အဂတိလိုက်စားမှု စွဲချက်တွေအရ အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီးမှုဟာ ပါကစ္စတန်နိုင်ငံ ပါလီမန်လွှတ်တော်ရဲ့ ဘတ်ဂျက်ပြန်တမ်း အစည်းအဝေးကာလအတွင်း အတိုက်အခံတွေကို အာရုံပြောင်းစေဖို့နှင့် ဘတ်ဂျက်ပြန်တမ်း အတည်ပြုနိုင်စေဖို့အတွက် ပရိယာယ် ဆင်ထားတာဖြစ်ပါတယ်။ လေ့လာသုံးသပ်မှုတွေအရ NAB အဖွဲ့ဟာ ယခုအခါမှာတော့ ဝန်ကြီးချုပ်ဟောင်း Shahid Khaqan Abbasi နှင့် ရေနှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ ဝန်ကြီးဟောင်း Khawaja Mohammad Asif တို့ကို စောင့်ကြည့်နေပြီး ၎င်းတို့ ၂ ဦးစလုံးဟာ PML-N ပါတီရဲ့ ဩဇာညောင်းတဲ့ ခေါင်းဆောင်တွေဖြစ်ကြပါတယ်။ PPP ပါတီခေါင်းဆောင် Bilawal Bhutto Zardari နှင့် PML-N ပါတီမှ Maryam Nawaz Sharif တို့ဟာ အခြေအနေတွေကို သုံးသပ်ကြဖို့အတွက် ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၎င်းတို့ဟာ ဘတ်ဂျက်ပြန်တမ်းကို ပြည်သူလူထု အကျိုးပြုမဟုတ်ဘဲ IMF အဖွဲ့ရဲ့ ညွှန်ကြားချက်အရ ဘဏ္ဍာရေးရာ စာတမ်းတစ်ခုအဖြစ် ပူးတွဲဖော်ပြခဲ့ကြပါတယ်။
ဒီဆွေးနွေးမှုတွေဟာ NAB အဖွဲ့က ပါတီ ၂ ခုတို့ရဲ့ အဓိက ခေါင်းဆောင်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေချိန်နှင့် PPP ပါတီ ပူးတွဲဥက္ကဌ Asif Ali Zardari နှင့် ၎င်းရဲ့ညီအစ်မတော်စပ်သူ Faryal Talpur တို့အပြင် Punjab ပြည်နယ်လွှတ်တော်မှာ အတိုက်အခံခေါင်းဆောင်ဖြစ်သူ PML-N ပါတီမှ Hamza Shahbaz တို့ကို ဖမ်းဆီးလိုက်ချိန်မှာ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ PTI အစိုးရဟာ ဒီဆွေးနွေးမှုတွေကို နိုင်ငံရေးရာ အကျိုးရရှိဖို့အတွက် တွေ့ဆုံမှုတွေလို့ ဖော်ပြခဲ့ပေမယ့် အဲဒီပါတီ ၂ ခုတို့ဟာ အတိုက်အခံ ပါတီတွေကို စုရုံးပြီး ဆန္ဒပြသမှုတွေ စတင်လုပ်ဆောင်ခဲ့မယ်ဆိုရင် ဒါဟာ Khan အစိုးရ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးပြဿမာတွေကို တိုးများပေါ်ပေါက်စေမှာဖြစ်ပါတယ်။ ဒီဖမ်းဆီးမှုတွေဟာ နိုင်ငံရေးရာ လုပ်ဆောင်ချက်တွေဖြစ်ပြီး PTM လိုအုပ်စုတွေကို ရန်သူရဲ့ ကိုယ်စားလှယ် အဖွဲ့အစည်းတွေဖြစ်တယ်လို့ဖော်ပြလျှက် Mohsin Dawar နှင့် Ali Wazir တို့လို ၎င်းတို့ရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးနေစဉ် Imran Khan ဟာ အတိုက်အခံတွေ နှုတ်ဆိတ်စေဖို့အတွက် အဂတိုလိုက်စားမှုကို ယိုးမယ်ဖွဲ့ အသုံးပြုနေတယ်လို့ အတိုက်အခံပါတီတွေက ထောက်ပြနေကြပါတယ်။
North Waziristan ပြည်နယ်အတွင်း ဆန္ဒပြသမှု ၁ ခုမှာ စစ်တပ်က PTM ခေါင်းဆောင် ၂ ဦးကို ဖမ်းဆီးပြီး PTM လှုပ်ရှားသူတွေကို သတ်ဖြတ်ခဲ့ပြီးနောက် အဲဒီပြည်နယ်ဟာ ပါကစ္စတန်တပ်မတော်ရဲ့ သိမ်းပိုက်မှုအောက် ကျရောက်လျှက်ရှိပါတယ်။ အဓိကရုဏ်းဖြစ်ပွားစဉ် သေဆုံးခဲ့တဲ့ ဆန္ဒပြသသူတွေအတွက်ရည်စူးထားတဲ့ နစ်နာကြေးပေးအပ်မှုကို တပ်မတော်က ရပ်ဆိုင်းထားတာဖြစ်တယ်လို့ လှုပ်ရှားသူတွေက ဖော်ပြနေကြပြီး PTM အဖွဲ့မှ ဖမ်းဆီးခံ အဖွဲ့ဝင်တွေ သေဆုံးမှုအပါ် တပ်မတော်ကို ပြစ်တင်ဖော်ပြနေကြပါတယ်။
မကြာသေးမီကလည်း Peshawar ဒေသမှ PTM အုပ်စု အမျိုးသမီးခေါင်းဆောင် ၁ ဦးဖြစ်သူ Gulalai Ismail ကိုလည်း နိုင်ငံတော်ဆန့်ကျင်စကားပြောကြားမှုအတွက် ဖမ်းဆီးခဲ့ပါတယ်။ မစ် Gulalai ကို အကြမ်းဖက်ဝါဒ လုပ်ဆောင်ချက်အောက်မှာ ပြစ်မှု ၂ ခုနှင့် အမှုဖွင့်ထားပါတယ်။ ဒါတွေဟာဆိုရင် Pashtun ဒေသ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖုံးကွယ်ဖို့နှင့် နိုင်ငံအတွင်း နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုတွေဖြိုခွင်းဖို့အတွက် ပါကစ္စတန်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြသလျှက်ရှိပါတယ်။
NAB ဗျူရိုအဖွဲ့ဟာ Khaqan Abbasi အပေါ် စုံစမ်းစစ်ဆေးမှုအကြောင်း ဖော်ပြထားပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရတဲ့ PTM အုပ်စုခေါင်းဆောင်တွေကို အစိုးရ ဆန့်ကျင်ရေး လုပ်ဆောင်မှုတွေပြုလုပ်စေဖို့ ပြည်ပအဖွဲ့အစည်းတွေကနေ ငွေကြေးပေးအပ်နေတယ်ဆိုတာကို သက်သေအထောက်အထားရရှိဖို့ လုပ်ဆောင်လျှက် ရှိပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး PTI အစိုးရဟာ Pashtun ဦးဆောင်ဦးရွက်ပြုမှုကို ထုတ်ပယ်ဖို့ ကြိုးပမ်းလျှက်ရှိပါတယ်။ အထူးသဖြင့် အတိုက်အခံပါတီတွေဟာ Imran Khan အစိုးရရဲ့ ပေါ်လစီတွေကို ဆန့်ကျင်ရေးအရှိန်အဟုန်တစ်ခုတည်ဆောက်ဖို့ ကြိုးပမ်းနေကြတာကြောင့် အတိုက်အခံခေါင်းဆောင်တွေဖြစ်ကြတဲ့ Maryam Nawaz Sharif နှင့် Bilawal Bhutto-Zardari တို့ လက်တွဲပေါ်ပေါက်လာတာနှင့် ဒီမိုကရေစီရေး စည်းမျဉ်းဥပဒေလို့ခေါ်ဆိုနေကြတဲ့ စာတမ်းတစ်ခု လက်မှတ်ရေးထိုးလိုက်ခြင်းဟာ ပါကစ္စတန်နိုင်ငံရဲ့ ရေရှည်တည်တံ့မယ့် ပေါ်လစီရေးရာတွေမှာ အရေးပါလှပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Zainab Akhter ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment