“ပါကစ္စတန်နိုင်ငံအတွင်း လူနည်းစုများအပေါ် ညှင်းပန်းနှိပ်စက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA ၏ တောင်အာရှ ဗဟိုဌာနမှ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Dr. Zainab Akhter ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံအတွင်း လူနည်းစုများအပေါ် ညှင်းပန်းနှိပ်စက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ပါကစ္စတန်နိုင်ငံအတွင်းမှာရှိနေကြတဲ့ လူနည်းစုတွေဟာ အဲဒီနိုင်ငံအစိုးရရဲ့ ခွဲခြားဆက်ဆံရေးမူဝါဒရဲ့ အမျက်ဒေါသတွေကို တွေ့ကြုံခံစားနေကြရတဲ့အပြင် ပြည်သူတို့ရဲ့လက်ချက် အထူးသဖြင့် လင်္ကျာယိမ်း အစွန်းရောက်ဝါဒီတွေရဲ့ အစွဲအလမ်းနဲ့ ဓါးစာခံအဖြစ် ဖန်တီးမှုကို ခံနေကြရပါတယ်။ ပါကစ္စတန်နိုင်ငံမှာ စုစုပေါင်း လူဦးရေ (၃) သန်းမျှရှိတဲ့ ဟင်ဒူ၊ ခရစ်ယာန်နဲ့ Sikh ဘာသာဝင်တွေအတွက် တခါတလေသူတို့ယုံကြည်တဲ့ ဘာသာကို ရှစ်ခိုးဝတ်ပြုမှုကတောင် ကြီးမားတဲ့ အန္တရာယ်တခုဖြစ်နိုင်ပါတယ်။ ခွဲခြားဆက်ဆံဘို့အတွက် အသုံးပြုတဲ့ကိရိယာတခုကတော့ အလွန်အန္တရာယ်ကြီးမားတဲ့ မူစလင်ဘာသာအား စော်ကားမှုအက်ဥပဒေဖြစ်ပြီး၊ လူနည်းစုတို့ဟာ အစ္စလာမ်ဘာသာရဲ့ ဆုံးမချက်တွေကို မထီမဲ့မြင်စော်ကားမှုနဲ့ အရေးယူခံကြရဒါဘဲဖြစ်ပါတယ်။
နောက်ဆုံးပေါ်ပေါက်ခဲ့တဲ့ အမှုတခုကတော့ Sindh ပြည်နယ်က လူနည်းစုအမျိုးအနွယ်ဝင် ဆရာဝန်တဦးကို ကျမ်းစာပါအချက်အလက်တွေကို ယုတ်ညံ့အောင် ပြုလုပ်သရုပ်ဖေါ်ခဲ့မှုနဲ့ အရေးယူခဲ့ဒါဘဲဖြစ်ပါတယ်။ ဒီထက်အရင်ရက်သတ္တပါတ်အနည်းငယ်ကျော်က Punjab ပြည်နယ်မှာ လူနည်းစုဘာသာရေးအနွယ်ဝင် ဇနီးမောင်နှံနှစ်ဦးတို့ကို လူတဦးထံ မသင့်လျော်တဲ့ အကြောင်းကိစ္စတွေ ပေးပို့မှုနဲ့ ဘာသာရေးစော်ကားမှုဥပဒေအရ အရေးယူပြီး ဖမ်းချုပ်ခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်းက လူနည်းစုတို့ရဲ့ လက်ရှိကြောက်မက်ဖွယ်ရာတွေမှာ ပေါင်းစည်လာတဲ့ အချက်တခုကတော့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အခင်းဖြစ်ပွားမှုတခုဖြစ်တဲ့ Lahore မြို့ Narowalin မှာရှိတဲ့ Sikh ဘာသာဝင်တွေရဲ့ ရှစ်ခိုးဝတ်ပြုဘို့ လူအများလာရောက်ဖူးမျှော်လေ့ရှိတဲ့ “Guru Nanak Palace” ကို ဖြိုချဖျက်ဆီးလိုက်တာဘဲဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေဟာ တခါတရံဖြစ်ပွားတဲ့ အရေးခင်းတွေမဟုတ်ဘဲ လူနည်းစုတို့ရဲ့ ရပိုင်ခွင့်တွေကို အဆက်မပြတ် ချိုးဖောက်နေဒါဘဲဖြစ်ပါတယ်။ လူနည်းစုအနွယ်ဝင် အများအပြားတွေကို Islam ဘာသာကို နိမ့်ချစော်ကားမှုနဲ့ အရေးယူခဲ့ကြပြီးဖြစ်ပါတယ်။ Aasia Bibi ရဲ့အမှုက အလွန်ထင်ရှားကျော်ကြားတဲ့အမှုဖြစ်ပြီး၊ ပါကစ္စတန်နိုင်ငံအတွင်း လူနည်းစုတွေရဲ့ ရပိုင်ခွင့်နဲပါတ်သက်ပြီး အခြေအတင် ပြောဆိုငြင်းခုံမှုတွေကို ဖန်တီးခဲ့ပါတယ်။ ယခုလိုမြောက်မြားစွာသော ရှုတ်ချမှုတွေပေါ်ပေါက်နေတဲ့တိုင် ပါကစ္စတန်နိုင်ငံဟာ ဒီရက်စက်ကြမ်းကြုတ်တဲ့ ဥပဒေကို လူနည်းစုအသိုင်းအဝိုင်းတို့အား ဖမ်းဆီးအရေးယူဘို့အတွက် ဆက်လက်အသုံးပြုနေဆဲဘဲဖြစ်ပါတယ်။
ဒေသခံဗလီကျောင်းတခုက ဘာသာရေးခေါင်းဆောင်တဦးရဲ့ တိုင်တန်းချက်ကြောင့် အဆိုပါဆရာဝန်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ဒါဖြစ်ပါတယ်။ ဒီဆရာဝန်အပေါ် ကျမ်းစာပါအကြောင်းအချက်တွေကို ဂုဏ်သရေပျက်ပြားအောင် ပြုလုပ်နေတယ်လို့ စွတ်စွဲအရေးယူခဲ့ဒါကြောင့် ပါကစ္စတန်နိုင်ငံရဲ့ ဘာသာရေးစော်ကားမှုအက်ဥပဒေအရ အပြစ်ဒါဏ်ပေးခံရမယ်ဖြစ်ပါတယ်။ ဒီဥပဒေမှာ ဖုံးကွယ်နေတဲ့ စည်းမျဉ်းတွေကတော့ ပါကစ္စတန်နိုင်ငံသားတွေရဲ့ စိတ်ဓါတ်ကို ထိုးစွပေးပြီး၊ လူအများစုဆောင်းစေကာ၊ တခါတရံ ဝိုင်းရံသတ်ဖြတ်တဲ့ လူစုတွေဖြစ်လာရေးဘဲဖြစ်ပါတယ်။ Sindh ပြည်နယ်မှာ ဖန်းဆီးခံခဲ့ရတဲ့ ဆရာဝန်ရဲ့ လူမျိုးနွယ်တွေပိုင်ဆိုင်တဲ့ ဈေးဆိုင်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြဒါက အဲဒီအတွေးအခေါ် အယူအဆရဲ့ ရလဒ်ဘဲဖြစ်ပါတယ်။ မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာရန်ငြိုးတွေကို ကလဲ့စားချေဘို့အတွက် အပြစ်မဲ့တဲ့ လူနည်းစုအသိုင်းအဝိုင်းတွေအပေါ် မဟုတ်မမှန်အမှုတွေဖွင့်ပြီး နှိပ်စက်ခဲ့ကြဒါတွေက ဒုနဲ့ဒေးဘဲဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံက လူနည်းစုအသိုင်းအဝိုင်းတွေအတွက် ရှစ်ခိုးဝတ်ပြုရာနေရာမှာတောင် လုံခြုံရေး အကာအကွယ်ပေးဆောင်ခြင်းမရှိပါဘူး။ အဲဒီသမိုင်းဝင်ဖြစ်ပြီး၊ အရေးပါလှတဲ့ ယဉ်ကျေးမှုဆိုင်ရာ နေရာဒေသတွေဟာ အချိန်အတော်ကြာကတည်းက လင်္ကျာယိမ်း အစွန်းရောက်ဝါဒီတွေရဲ့ ပစ်မှတ်ဖြစ်လျှက်ရှိနေပါတယ်။
Narowal အရပ်ဒေသက Guru Nanak Palace ကို ဖြိုခွဲဖျက်ဆီးခဲ့ကြဒါက ရှည်လျားတဲ့ စာရင်းတွေမှာ နောက်ထပ်ဖြည့်ဆည်းလိုက်တဲ့ အခင်းဖြစ်ပွားမှုတခုဖြစ်ပါတယ်။
ဒီတကြိမ်ဖြိုချဖျက်ဆီးမှုကို လင်္ကျာယိမ်းအစွန်းရောက်ဝါဒီတွေနဲ့ အဆက်အသွယ်ရှိတဲ့ ဒေသခံဩဇာအာဏာရှိပုဂ္ဂိုလ်တွေ ပြုလုပ်ခဲ့ဒါက အမှန်တကယ်ဘဲဖြစ်ဒါမို့ လူနည်းစုတွေရဲ့ ဝမ်းနည်းဖွယ်ရာ အခြေအနေကို ပေါ်လွင်စေပါတယ်။ ယခုလိုရက်စက်တဲ့အပြုအမူတွေအပေါ် ဘယ်သူကမှ စောဒကမတက်ခဲ့ကြပါဘူး။ သတင်းတွေအရ (၁၅) ရာစုနှစ်မှာ တည်ဆောက်ခဲ့တဲ့ အဲဒီ Gurudwara ရဲ့ သမိုင်းဝင် တံခါးတွေ၊ ပြုတင်းပေါက်တွေနဲ့ တခြားအဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားပြီး၊ ဈေးထဲမှာတချို့သောငွေပမာဏအတွက် ရောင်းချခဲ့ကြတယ်လို့ သိရှိရပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကို မေးမြန်းတဲ့အခါ ဒီကိစ္စနဲ့ပါတ်သက်ပြီး၊ လုံးဝနှုတ်ပိတ်နေခဲ့ကြပါတယ်။ ယခုဖြစ်ပွားခဲ့တဲ့ အရေးအခင်းဟာ Sikh လူမျိုးတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေပြီး အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေအကြား Kartarpur စင်္ကြန် အစပျိုးမှုတွေအတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှုတခုဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ မူစလင်ဘာသာဝင်မဟုတ်တဲ့သူတဦးကို Kafir သို့မဟုတ် ယုံကြည်မှုမရှိတဲ့ လူလို့ခေါ်ကြပြီး၊ ပြဿနာကတော့ ပါကစ္စတန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ တခြားနိုင်ငံတော်စည်းမျဉ်းတွေက ဒီအယူအဆကို ထောက်ခံကြဒါဘဲဖြစ်ပါတယ်။ ပါလီမန်လွှတ်တော်မှာ လူနည်းစုတွေအတွက် အမတ်နေရာ ၅% ကို သီးသန့်အရံထားရှိပေမဲ့ လူနည်းစုအသိုင်းအဝိုင်းကို သင့်လျော်စွာ ကိုယ်စားပြုမှု ကင်းမဲ့နေပါတယ်။ ဘုရားကျောင်းတွေ၊ Gurudwara နဲ့ ဘုရားရှစ်ခိုးကျောင်းတွေအတွက် လုံခြုံရေးအစီအစဉ်တွေလည်း မရှိပါဘူး။ ပါကစ္စတန်နိုင်ငံမှာ လူနည်းစုအမျိုးအနွယ်တွေကို မတရားဘာသာရေးစော်ကားမှုနဲ့ အရေးယူဒါဏ်ခတ်ကြတဲ့ မသမာသူတွေ သို့မဟုတ် သူတို့ရဲ့ ဝတ်ပြုရာဒေသတွေကို ဖျက်ဆီးကြသူတွေအား အရေးယူဘို့ တရားဥပဒေလည်းမရှိပါဘူး။ ဒီအကြောင်းအချက်တွေဟာ ပါကစ္စတန်နိုင်ငံမှာ Shia-Hazaras နဲ့ Ahmadis တို့အပါအဝင် လူနည်းစုတွေအပေါ် ရက်စက်ကြမ်းကြုတ်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်ဘို့ အားပေးအားမြောက်ပြုလျှက်ရှိနေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Zainab Akhter ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment