“Modi ရဲ့ 2.0 သက်တမ်းမှာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီ အစပျိုးမှုများ”


သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် ဆောင်းပါးရှင် သံအမတ် Asoke Kumar Mukerji ဝေဖန်ရေးသားပေးပို့ထားတဲ့ “Modi ရဲ့ 2.0 သက်တမ်းမှာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီ အစပျိုးမှုများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

သန်းပေါင်း (၉၀၀) ကျော်ရှိတဲ့ ဒီမိုကရေစီ မဲဆန္ဒရှင်တွေရဲ့ ထပ်လောင်းထောက်ခံအားပေးမှုတွေဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ အိန္ဒိယနိုင်ငံအား အသွင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ လာမဲ့ (၅) နှစ်မျှသောအချိန်ကာလအတွက် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီ အစပျိုးလုပ်ငန်းတွေအတွက် အခွင့်အရေးများစွာ ပေးဆောင်လျှက်ရှိပါတယ်။ ဝန်ကြီးချုပ်ဟာ Sabka Saath, Sabka Vikas, Sabka Vishwas လို့ခေါ်တဲ့ “အားလုံးနဲ့အတူ၊ အားလုံးတိုးတက်ရေး၊ အားလုံးတို့ရဲ့ ယုံကြည်ချက်” ဆိုတဲ့ ဆောင်ပုဒ်အရ အုပ်ချုပ်ရေးဟာ သူ့ရဲ့အစိုးရရဲ့ ပေါ်လစီမူဝါဒဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီ အာရုံဟာ အိန္ဒိယနိုင်ငံရဲ့ အသွင်ပြောင်းလဲရေးအတွက် ဘက်စုံပါဝင်တဲ့အုပ်ချုပ်ရေးမှာ လိုအပ်တဲ့အထောက်အကူတွေ ပေးနိုင်ဘို့ရာ နိုင်ငံတကာ စေ့စပ်ပါဝင်မှုတွေအား အများဆုံးတိုးချဲ့ဘို့ ရည်စူးလျှက်ရှိပါတယ်။ အထူးသဖြင့် ကမ္ဘာ့စွမ်းအားရှင်နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့နဲ့ ဆက်ဆံရေးကို ယခုလို နိုင်ငံတကာ အနှောင့်အယှက်တွေ တိုးများလာနေချိန်မှာ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရေးဟာ အိန္ဒိယနိုင်ငံခြားရေးပေါ်လစီမှ အဓိကရည်မှန်းချက်ဖြစ်ပါလိမ့်မယ်။ အဲဒီဆက်ဆံရေးတခုစီဖြစ်တဲ့ ရင်းနှီးမြှပ်နှံမှု၊ ပစ္စည်းကိရိယာနဲ့ နည်းပညာရေးရာ စီးဝင်မှုတို့ဟာ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေး၊ အာဏာတည်ရှိရေးနဲ့ အသွင်ပြောင်းလဲရေးတို့အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လျှက်ရှိနေပါတယ်။ ဒီနိုင်ငံတွေဟာ အိန္ဒိယနိုင်ငံရဲ့ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ အာဆီယံနဲ့ ရုရှားနိုင်ငံတို့အပါအဝင် ကမ္ဘာ့အဓိက စီးပွားရေးနိုင်ငံတွေနဲ့ ဆက်ဆံမှုတိုးမြှင့်ရေးအတွက် အလွန်အရေးပါလှပါတယ်။

အာရှတိုက်မှာ လာမဲ့ (၅) နှစ်မျှသောကာလဟာ အိန္ဒိယနိုင်ငံအတွက် အင်ဒို-ပစိဖိတ် Africa ကမ်းခြေအရပ်ဒေသတွေမှ အမေရိကားအထိ အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားအတွက် နည်းဗျူဟာကျလုပ်ငန်းဘောင်တွေ ရေးဆွဲချမှတ်ဘို့ အခွင့်အလမ်းတွေ ပေးဆောင်နေပါတယ်။ ဒီအကြောင်းကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် မတ်လအတွင်း “Security and Growth for All in the Region” (SAGAR) နဲ့ ၂၀၁၈ ခုနှစ် ဇွန်လက စင်္ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ Shangri-La Dialogue စည်းဝေးပွဲကြီးမှာ ထုတ်ပြန်ခဲ့တဲ့ ကြေငြာစာတမ်းတွေမှာ ဖေါ်ပြထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ အထူးဦးစားပေးရမဲ့ အရေးကိစ္စကတော့ အိန္ဒိယသမုဒ္ဒရာအတွင်း “Blue Economy” ခေါ် ပင်လယ်ရေကြောင်းကူးသန်းရောင်းဝယ်ရေးရဲ့ တည်တံ့ခိုင်မြဲရေးနဲ့ လုံခြုံရေးအတွက် ဖွံ့ဖြိုးရေးလမ်းပြမြေပုံ ရေးဆွဲချမှတ်ရေးဘဲဖြစ်ပါတယ်။

အင်ဒို-ပစိဖိတ်အနောက်ပိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီကို လွန်ခဲ့တဲ့ (၅) နှစ်ကျော်ကာလက သမိုင်းဝင်အစပျိုးလုပ်ကိုင်မှုတွေအပေါ် အခြေခံတည်ဆောက်လိမ့်မယ်လို့ မျှော်လင့်နိုင်ပြီး၊ ဒီအရပ်ဒေသတွေမှာ အိန္ဒိယနိုင်ငံသား (၈) သန်းကျော် အလုပ်လုပ်နေထိုင်ကြတဲ့ ပင်လယ်ကွေ့နဲ့ အနောက်အာရှနိုင်ငံတွေ ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးနဲ့ စွမ်းအင်တို့အတွက် Aden ပင်လယ်ကွေ့နဲ့ Hormuz ရေလက်ကြားမှတဆင့် အရေးကြီးလှတဲ့ ပင်လယ်ရေကြောင်း ဆက်သွယ်ရေးဖန်တီးနိုင်ဘို့ရာ အင်အားခိုင်မာတဲ့ သံတမန်ရေးရာ ဆက်နွယ်မှုတွေ လိုအပ်ပါတယ်။

New Delhi အစိုးရရဲ့ နည်းဗျူဟာရေးရာလိုအပ်ချက်ဟာ Chabahar လို့ ကုန်းမြေဝိုင်းရံထားတဲ့ Afghanistan နဲ့ ဗဟိုအာရှနိုင်ငံတွေကို ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှပ်နှံမှုနဲ့ ဈေးကွက်တွေထဲ ဝင်ရောက်နိုင်ဘို့ လမ်းဖွင့်ပေးတဲ့ ဆက်သွယ်ရေးပရိုဂျက်တွေ ပြီးပြည့်စုံစေဘို့ ဦးစားပေးလုပ်ကိုင်ဘို့ လိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးပေါ်လစီဟာ အိန္ဒိယ-ပစိဖိတ်ကျွန်းများ ပူးပေါင်းဆောင်ရွက်ရေး Forum ဖြစ်တဲ့ အိန္ဒိယ-အာဖရိက Forum ထိပ်သီးညီလာခံမှာပြုလုပ်ခဲ့တဲ့ ကမ်းလှမ်းချက်တွေကို အကောင်အထည်ဖေါ်ဘို့နဲ့ လွန်ခဲ့တဲ့ (၅) နှစ်ကျော်ကာလအတွင်းက Latin America နဲ့ Caribbean နိုင်ငံတွေမှာနေထိုင်ကြတဲ့ အိန္ဒိယလူမျိုးစုတွေရဲ့ အစည်းအဝေးပွဲတွေမှ ဆုံးဖြတ်ချက်တွေအား အောင်မြင်အောင်ပြုလုပ်ဘို့ရာ အာရုံပြုရမယ်ဖြစ်ပါတယ်။

စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီအတွက် (၂၁) ရာစုကမ္ဘာကြီးအား ပုံသွင်းရန် အခွင့်အရေးတခုပေးဆောင်နေပါတယ်။

လာမဲ့သက္ကရာဇ် ၂၀၂၀ ခုနှစ် ဇွန်လမှာ အိန္ဒိယနိုင်ငံအား လာမဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုအထိ နှစ်နှစ်မျှသောကာလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းမဟုတ်တဲ့ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်အပ်ကြလိမ့်မယ်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးလိမ့်မယ်ဖြစ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးများကောင်စီမှာ ပြန်လည်အရွေးချယ်ခံရဖွယ်ရှိပါတယ်။ သက္ကရာဇ် ၂၀၂၂ ခုနှစ်မှာ အိန္ဒိယနိုင်ငံဟာ G-20 အုပ်စုရဲ့ သဘာပတိဖြစ်လာပါလိမ့်မယ်။ အဲဒီထင်ရှားတဲ့ နိုင်ငံပေါင်းစုံဦးဆောင်ရေးအခန်းကဏ္ဍတွေဟာ အိန္ဒိယနိုင်ငံအတွက် နိုင်ငံတကာဆက်ဆံရေးတွေမှာ အိန္ဒိယနိုင်ငံ အသွင်ပြောင်းလဲရေးအတွက် အရေးပါလှတဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးမူဝါဒတွေ လက်ကိုင်ကျင့်သုံးတဲ့ အနေအထားမှာ ရပ်တည်နိုင်ဘို့ရာ အခွင့်လမ်းတခု ပေးဆောင်လျှက်ရှိပါတယ် စသည်ဖြင့် ဆောင်းပါးရှင် သံအမတ် Asoke Kumar Mukerji ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာတွင် အခိုင်အမာ လက်တွဲမည့် အိန္ဒိယ-နယူးဇီလန် ဆက်ဆံရေး

စိတ်နှလုံးမှ ပြောသော စကားများ (အပိုင်း-၉)

“အိန္ဒိယနိုင်ငံရဲ့ တူရကီနိုင်ငံရဲ့ဝင်ရောက်စွက်ဖက်မှုအား ရှုတ်ချခြင်း”