သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ၊ အောက်လွှတ်တော်သုတေသီ ဆောင်းပါးရှင် ပါမောက္ခ Rajaram Panda ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ဗီယက်နမ်ဆက်ဆံရေးများ တိုးမြှင့်လာနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အိန္ဒိယဒုသမ္မတ Mr M. Venkaiah Naidu ရဲ့ ဗီယက်နမ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံရဲ့ ဘက်စုံနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုတွေ တိုးမြှင့်ရေးကို ရည်မှန်းထားတဲ့ (၄) ရက်ကြာ အလည်အပါတ်ခရီးစဉ်နဲ့ ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ ဖက်စပ်လုပ်ကိုင်မှုဟာ စမ်းသပ်ခံနေတဲ့အဆင့်မှာရှိနေဒါကို အများအသိဘဲဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံက ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင် Mr Naidu ဟာ အခမ်းအနားတခုမှာ အိန္ဒိယလူမျိုးနွယ် အသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံအမှာစကားပြောကြားဘို့ အချိန်ယူခဲ့ပြီး၊ နှစ်နိုင်ငံအကြားဆက်ဆံရေးကို ချီးကျူးဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယ ဒုသမ္မတဟာ ဗီယက်နမ်ဒုသမ္မတ Mr Dang Thi Ngoc Thinh ၊ ဗီယက်နမ်ဝန်ကြီးချုပ် Mr Nguyen Xuan Phuc နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ Ms Nguyen Thi Kim Ngan တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ Mr Naidu ဟာ ဗီယက်နမ်နိုင်ငံ Ha Nam ပြည်နယ်နယ်မှာရှိတဲ့ Tam Chuc စေတီမှာကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် Vesak ရဲ့ ကုလသမဂ္ဂနေ့ အထိမ်းအမှတ် အခန်းအနားများကို တက်ရောက်ပြီး သော့ချက်ကျ အဓိကမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အဆိုပါအခန်းကို “Buddhist Approach to Global Leadership and Shared Responsibilities for Sustainable Societies” လို့ ခေါင်းစဉ်တပ်ထားခဲ့ပါတယ်။
နှစ်နိုင်ငံတို့ရဲ့ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပုံမှန်အလည်အပါတ်ခရီးစဉ်တွေ ဖလှယ်ခြင်းက လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ ဗီယက်နမ်နိုင်ငံသို့ အလည်အပါတ်ခရီးစဉ်မှာ အပြန်အလှန်ဆက်ဆံရေးကို ဘက်စုံနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်ရေးသို့ အဆင့်မြင့်တင်ခဲ့ပါတယ်။ ဒုသမ္မတ Mr Naidu ရဲ့ခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းနဲ့ ၂၀၁၈ ခုနှစ် မတ်လအတွင်းက ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ သမ္မတတို့ရဲ့ အိန္ဒိယနိုင်ငံသို့ အလည်အပါတ်ခရီးစဉ်အပါအဝင် အဆင့်မြင့် အပြန်အလှန်အလည်အပါတ်ခရီးစဉ်တွေနောက် ပေါ်ပေါက်ခဲ့ဒါဖြစ်ပါတယ်။ အဲဒီဖလှယ်မှုတွေက နယ်ပယ်များစွာတို့မှာ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးဆက်ဆံမှုများ တိုးချဲ့ခြင်း၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆက်နွယ်မှုသစ်တွေနဲ့ ပြည်သူတို့အချင်းချင်း ဆက်နွယ်မှုနက်ရှိုင်းစေရေးတို့ ပေါ်ပေါက်စေခဲ့ပါတယ်။ နှစ်ဖက်စလုံးတို့မှာ အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ကြီးပွားတိုးတက်ရေးအတွက် ဘုံဆန္ဒများ ရှိနေကြပါတယ်။ နှစ်နိုင်ငံအကြားဆက်ဆံရေးတွေဟာ အပြန်အလှန်ယုံကြည်အားထားမှု၊ နားလည်မှု၊ ဒေသပိုင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေနဲ့ပါတ်သက်ပြီး အမြင်ချင်းသုံးသပ်ဖလှယ်မှုတွေအပေါ် တည်ရှိနေပါတယ်။
ဗီယက်နမ်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးပြုလုပ်ကိုင်ရေးပေါ်လစီနဲ့ ASEAN အဖွဲ့ကြီးမှာ သော့ချက်ကျ ပူးတွဲပါဝင်ရေးမှာ နည်းဗျူဟာကျ တိုင်းလုံးတခုပမာ တည်ရှိဒါကတော့ အမှန်တကယ်ဘဲဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးတို့ဟာ တောင်တရုတ်ပင်လယ်ဒေသမှာ သက်ဆိုင်ရာနိုင်ငံတွေ သဘောတူလက်ခံတဲ့ လိုက်နာရမဲ့ စည်းမျဉ်းကန့်သတ်ချက်တခု ချမှတ်လိုတဲ့ဆန္ဒရှိကြပါတယ်။ အင်ဒို-ပစိဖိတ်အရပ်ဒေသဟာ ဇီဝ ပထဝီရေးရာဒေသတခုဖြစ်ပြီး၊ တောင်တရုတ်ပင်လယ်အပါအဝင် အိန္ဒိယသမုဒ္ဒရာနဲ့ ဗဟိုပစိဖိတ်သမုဒ္ဒရာတို့ ပေါင်းစည်းနေတဲ့ အရပ်ဒေသဖြစ်ပါတယ်။ အငြင်းအခုံဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်အရပ်ဒေသမှာ အမေရိကန်ပြည်ထောင်စုက လွတ်လပ်စွာရေကြောင်းသွားလာမှု လေ့ကျင့်ခန်းတစီတတန်း ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ဒီအရပ်ဒေသတခုလုံးကို ပိုင်ဆိုင်တယ်လို့ ကြေငြာနေချိန်မှာ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တိုင်ဝမ်နိုင်ငံတွေကလည်း အဲဒီအရပ်ဒေသဟာ သူတို့ရဲ့ Exclusive Economic Zones (EEZs) ခေါ် အထူးစီးပွားရေးဇုံ နယ်နိမိတ်ထဲ ကျရောက်လျှက်ရှိတယ်လို့ ဖေါ်ပြနေကြပါတယ်။ ဒါကြောင့် တောင်တရုတ်ပင်လယ်ဒေသဟာ မီးတောက်လောင်နိုင်တဲ့ ဒေသအဖြစ် ပေါ်ပေါက်နေပါတယ်။
အပြန်အလှန်ဆက်ဆံရေးအဆင့်မှာ အင်ဒို-ဗီယက်နမ် ဆက်ဆံရေးတွေက နယ်ပယ်များစွာတို့မှာ ခိုင်မာမှုကို ဖေါ်ဆောင်နေပြီး၊ မိမိတို့ရဲ့ဆက်ဆံရေးကို ဘက်စုံပါဝင်စေလျှက်ရှိပါတယ်။ နှစ်နိုင်ငံစလုံးတို့ဟာ ကာကွယ်ရေးနဲ့ လုံခြုံရေး အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး၊ အာကာသ၊ သိပ္ပံနဲ့နည်းပညာ၊ ရေနံနဲ့ဓာတ်ငွေ့၊ ပြန်လည်သစ်ဆန်းစေနိုင်တဲ့စွမ်းအင်၊ အခြေခံလိုအပ်ချက်အဆောက်အဦးဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနဲ့ ဆန်းသစ်တီထွင်မှု အခြေခံနယ်ပယ်တို့မှာ ပူးပေါင်းဆောင်ရွက်မှုတွေကို အားဖြည့်တောင့်တင်းစေလျှက်ရှိကြပါတယ်။
အပြန်အလှန်ကုန်သွယ်ရေးဟာ လက်ရှိကာလမှာ ဒေါ်လာပေါင်း (၁၄) ဘီလီယံခန့်ရှိပါတယ်။ ဒီပမာဏဟာ လွန်ခဲ့တဲ့သုံးနှစ်ကျော်က ဒေါ်လာပေါင်း (၇.၈) ဘီလီယံရဲ့ နှစ်ဆနီးပါးဖြစ်ပါတယ်။ New Delhi နဲ့ Hanoi အစိုးရနှစ်ခုစလုံးတို့က အပြန်အလှန်ကုန်သွယ်ရေးကို သက္ကရာဇ် ၂၀၂၀ အရောက် ဒေါ်လာပေါင်း (၁၅) ဘီလီယံခန့် ရှိလာဘို့ ရည်စူးထားကြပါတယ်။ အတိတ်ကဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် ဒီပန်းတိုင်ကို ရောက်ရှိနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။
အချိန်ကာလအတော်ကြာကတည်းက ဆက်နွယ်ရေးဟာ အရေးကိစ္စတခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ယခုလောလောဆယ်အချိန်မှာ New Delhi နဲ့ Hanoi မြို့တို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်မရှိသေးပါဘူး။ စောစောပိုင်းက စီးပွားရေးအရ အကျိုးမဖြစ်ထွန်းနိုင်ဘူးလို့ တွက်ချက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အိန္ဒိယလေကြောင်းဌာနတွေက မြို့တော်နှစ်ခုတို့အကြား တိုက်ရိုက်ပျံသန်းတဲ့ခရီးစဉ်ကို ၂၀၁၉ ခုနှစ်အတွင်း စတင်ဘို့ ဆုံးဖြတ်နေကြဒါမို့ ဖြစ်နိုင်စရာတွေ ပေါ်ပေါက်နေပါတယ်။ ဒီအရေးကိစ္စကို အပြီးအပြတ်ညှိနှိုင်းဆုံးဖြတ်လိုက်ကြတဲ့အချိန်မှာ နှစ်နိုင်ငံစလုံးတို့ဟာ တဦးတယောက်ရဲ့နယ်နိမိတ်ကို ဖြတ်ကျော်နိုင်ကြမှာမို့ ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှုဖလှယ်ရေးတို့ကို အားသစ်လောင်းပေးလိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် ပါမောက္ခ Rajaram Panda ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”