“ICC ၂၀၁၉ ခုနှစ် ကမ္ဘာ့ဖလားစတင်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR သတင်းဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ICC ၂၀၁၉ ခုနှစ် ကမ္ဘာ့ဖလားစတင်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
England နဲ့ Wales နိုင်ငံတို့မှာ ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်နေ့မှစပြီး၊ ဇူလိုင်လ (၁၄) ရက်နေ့အထိ ကျင်းပမဲ့၊ ၁၂ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဂုဏ်သရေဆောင် ပုဂ္ဂိုလ်တို့ရဲ့ ကစားနည်းဖြစ်တဲ့ ခရစ်ကက်ပြိုင်ပွဲကြီးဟာ ဂုဏ်သရေအလုံးစုံတို့နဲ့ တောက်ပြောင်လိမ့်မယ်ဖြစ်ပါတယ်။ တရားဝင်အားဖြင့် International Cricket Council လို့ခေါ်တဲ့ ICC ဟာ ဒီတလခွဲကျော်ရှည်လျားတဲ့ပြိုင်ပွဲကြီးကို ကြီးမှူးကျင်းပနေဒါဖြစ်ပါတယ်။ ဒီတကြိမ်အပါအဝင် ၁၉၇၅ ခု၊ ၁၉၇၉ ခု၊ ၁၉၈၃ နဲ့ ၁၉၉၉ ခုနှစ်တွေမှာ England နဲ့ Wales ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုင်ငံအတွင်း ပဥ္စမအကြိမ် ကျင်းပခြင်းဖြစ်ပါတယ်။
ခရစ်ကက်ကို နိုင်ငံအနည်းငယ်တွေမှာသာ ကစားလေ့ရှိပြီး၊ များသောအားဖြင့် ဒီနိုင်ငံတွေဟာ ဗြိတိသျှကိုလိုနီနိုင်ငံတွေဖြစ်ကြပေမဲ့ ဒီဘက်ရိုက်ကစားနည်း အလွန်လူကြိုက်များကျော်ကြားလှပါတယ်။ ပွဲကြည့်ပရိသတ်တွေကို ခန့်မှန်းမယ်ဆိုရင် ဘော်လုံးနဲ့ တင်းနစ်ပြိုင်ပွဲပြီးရင် အများဆုံးဖြစ်ကြပါတယ်။ ဒီတိုက်ခွဲမှာ ခရစ်ကက်ကစားနည်းဟာ ကိုးကွယ်ရာ ဘာသာတခုပမာဖြစ်ပြီး၊ ခရစ်ကက်သမားတွေဟာ နတ်ဘုရားပမာဖြစ်ကြပါတယ်။ တိုက်ခွဲအတွင်းက အသင်းတွေအကြား အနိုင်မခံ၊ အရှုံးမပေးယှဉ်ပြိုင်မှုက အလွန်မြင့်မားပြီး၊ တခါတလေသူတို့ရဲ့ နယ်စပ်တလျောက်စိတ်မငြိမ်မသက်ဖြစ်မှုတွေ ဖန်တီးတတ်ပါတယ်။ ဒီကစားနည်းဟာ အိန္ဒိယ၊ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတို့အတွက် ဂုဏ်ယူစရာဖြစ်ပြီး၊ ဒီနိုင်ငံတွေအကြား ကမ္ဘာ့ဖလားကို (၄) ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီကမ္ဘာ့အစိတ်အပိုင်းအတွင်း ခရစ်ကက်သမားတွေကို စွဲလမ်းနှစ်ခြိုက်မှုတွေကို ချီးကျူးထိုက်ပြီး၊ သူတို့ရဲ့ အားပေးမှုကြောင့် ခရစ်ကက်အကျော်အမော်တဦးဟာ ဒီတိုက်ခွဲအတွင်းက နိုင်ငံတနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်နေပြီး၊ တခြားခရစ်ကက်သမားများစွာတို့ကလည်း ဝန်ကြီးတွေနဲ့ ဥပဒေပြုသမားတွေအဖြစ် တောင်အာရှဒေသပိုင်းနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ ဝမ်းနည်းစရာကောင်းလှဒါကတော့ ခရစ်ကက်ကစားနည်း မွေးဖွားလာခဲ့တဲ့ England နိုင်ငံဟာ ယခုအချိန်အထိ ကမ္ဘာ့ဖလားကို ရင်ဝယ်သိမ်းပိုက်ဘို့ ကံကြမ္မာကင်းမဲ့နေဒါဘဲဖြစ်ပါတယ်။
ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲဦးထွက်ကို London မြို့မှာရှိတဲ့ The Oval ကစားကွင်းကြီးမှာ ကစားကြမယ်ဖြစ်ပြီး။ ကွင်းဖွင့်ပွဲအဖြစ် England အသင်းက တောင်အာဖရိကအသင်းနဲ့ ယှဉ်ပြိုင်ကစားလိမ့်မယ်ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကြီးရဲ့ ယှဉ်ပြိုင်ကစားရမဲ့ ပုံစံကတော့ အသင်း (၁၀) သင်းစလုံးပါဝင်တဲ့ အုပ်စုတခုတည်းရှိပြီး၊ အသင်းတိုင်းက၊ တခြား (၉) သင်းနဲ့ တပွဲစီ ယှဉ်ပြိုင်ကစားရမယ်ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်အားလုံး ကုန်ဆုံးတဲ့အခါ ထိပ်ဆုံး (၄) သင်းတို့ဟာ ဆီးမီးဖိုင်နယ်ပွဲတွေမှာ ယှဉ်ပြိုင်ကစားကြရလိမ့်မယ်ဖြစ်ပါတယ်။ အသင်း (၁၀) သင်းပါဝင်ယှဉ်ပြိုင်ကစားကြမဲ့ ဒီပြိုင်ပွဲကြီးဟာ တခြားသက်ဆိုင်တဲ့ အသင်းတွေ မပါဝင်ဒါကြောင့် ရှုတ်ချခြင်းခံနေရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ Ireland နဲ့ Afghanistan အသင်းတွေကို Test လက်ရည်စမ်းပွဲအဆင့်သို့ မြင့်တင်ပြီး Test ပွဲကစားတဲ့အသင်းအရေအတွက်ကို ၁၀ သင်းမှ ၁၂ သင်းအထိ တိုးမြင့်ခဲ့ပေမဲ့၊ ဒီတကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ ပထမဦးဆုံးသော Test လက်ရည်စမ်းပွဲကစားကြတဲ့ နိုင်ငံအားလုံး ယှဉ်ပြိုင်ခြင်းမပြုတဲ့ ပြိုင်ပွဲကြီးဖြစ်ပြိး၊ တခြားဆက်နွယ်နေတဲ့ အသင်းအားလုံးတို့ဟာ လက်ရည်စစ်ပွဲမှာ မအောင်မြင်ဖြစ်ခဲ့ကြပါတယ်။ ဒီကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးပွဲကို ခရစ်ကက်ရဲ့ Mecca လို့ခေါ်တဲ့ Lord’s ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြလိမ့်မယ်ဖြစ်ပါတယ်။
အိမ်ရှင် England အသင်းဟာ ပြည်တွင်းမှာ ရေပန်းအစားဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယအသင်းက ပရိသတ်တွေအားလုံး မျှော်မှန်းကြတဲ့ အသင်းတသင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ သက္ကရာဇ် ၁၉၈၃ ခုနဲ့ ၂၀၁၁ ခုနှစ်တွေမှာ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ပါတယ်။ သက္ကရာဇ် ၂၀၀၃ ခုနှစ်မှာ ဒုတိယဆုနဲ့ နှစ်သိမ့်ခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ Australia နိုင်ငံအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်သို့ တက်ခဲ့ပါတယ်။ တခြားမျှော်မှန်နိုင်တဲ့အသင်းတွေကတော့ Australia တောင်အာဖရိက၊ New Zealand နဲ့ West Indies အသင်းတွေဖြစ်ကြပါတယ်။ အမှန်ဆိုရရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်အသင်းကိုမျှ ပေါ့ပေါ့ဆဆယူဆလို့မရပါဘူး။
အိန္ဒိယအသင်းကို ကျော်ကြားထင်ရှားတဲ့ Virat Kohli က ဦးဆောင်ပြီး၊ သူဟာ အသင်းအတွက် အားတက်စရာ ကစားသမားဖြစ်ခါ၊ အလွန်အနိုင်မခံအရှုံးမပေး စိတ်ဓါတ်ရှင်ကစားသမားဖြစ်ပါတယ်။ Wicket Keeper နေရာမှာကစားတဲ့ Mahendra Singh Dhoni ဟာ ဝါရင့်အသင်းသားတဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိန္ဒိယအသင်းရဲ့ ကပ္ပတိန်ဖြစ်ခဲ့ကာ၊ ယခုပြိုင်ပွဲမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ကစားလိမ့်မယ်ဖြစ်ပါတယ်။ ခရစ်ကက်ပရိသတ်တဦးတယောက်ကမျှ ၂၀၁၁ ခုနှစ် Mumbai မြို့ Wankhede အားကစားကွင်းကြီးမှာ ကျင်းပခဲ့တဲ့ သီရိလင်္ကာနိုင်ငံနဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ အနိုင်ရရှိဘို့ ပြေးမှတ် (၆) မှတ်ရိုက်ယူခဲ့ဒါကို ဘယ်သူမှ မေ့နိုင်ကြမယ်မဟုတ်ပါဘူး။ အဲဒီရိုက်ချက်ဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး၊ တောက်ပြောင်နေတဲ့ ဖလားကြီးအား ခရစ်ကက်သမိုင်းမှာ အမြဲတမ်း မဟာကစားသမားအဖြစ် တည်ရှိမဲ့ Sachin Tendulkar လက်ထဲ ပေးအပ်ခဲ့ပါတယ်။
အိန္ဒိယအသင်းဟာ ပွဲဦးထွက်အဖြစ် လာမဲ့ ဇွန်လ (၅) ရက်နေ့မှာ Southampton မြို့၊ Rose Bowl အားကစားကွင်းကြီးမှာ တောင်အာဖရိကအသင်းနဲ့ ယှဉ်ပြိုင်ကစားပါလိမ့်မယ်။ အဲဒီနောက် တခြားအသင်းတွေနဲ့ကစားပြီး ဇွန်လ (၁၆) ရက်နေ့မှာ အဓိကပြိုင်ဘက် ပါကစ္စတန်အသင်းနဲ့ Old Trafford ကွင်းမှာ ယှဉ်ပြိုင်ကစားလိမ့်မယ်ဖြစ်ပါတယ်။ ဒီပွဲအတွက် လက်မှတ်တွေ ကုန်သွားပြီးဖြစ်ပါတယ်။ အိန္ဒိယအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပါကစ္စတန်အသင်းကို တကြိမ်တခါမျှ အရှုံးမပေးခဲ့ပါဘူး။
ပထမဆီးမီးဖိုင်နယ်ကို လာမဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ Manchester မြို့ Old Trafford ကွင်းကြီးမှာ အုပ်စုပထမနဲ့ အုပ်စုစတုတ္ထအသင်းတို့အကြား ယှဉ်ပြိုင်ကစားလိမ့်မယ်ဖြစ်ပါတယ်။ အုပ်စုဒုတိယနဲ့ တတိယအသင်းတို့ဟာ ဇူလိုင်လ (၁၁) ရက်နေ့ ဒုတိယဆီးမီးဖိုင်နယ်အဖြစ် Birmingham မြို့ Edgbaston အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမယ်ဖြစ်ပါတယ်။ နောက်ဆုံးဖိုင်နယ်ပွဲမှာ အနိုင်ရရှိတဲ့ အသင်းကကမ္ဘာ့ဖလားနဲ့ ငွေသားဆု ဒေါ်လာပေါင်း (၄) သန်းကို ဆွတ်ခူးသွားဒါကို မြင်တွေ့ရမယ်ဖြစ်ပါတယ်။ English isles မှ ပရိသတ်တွေပြောဆိုကြသလို ဒီပြိုင်ပွဲကြီးက အင်္ဂလိပ်နွေရာသီကို ထွန်းတောက်စေလိမ့်မယ်လို့ ယုံကြည်နေကြပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment