တင်းမာမှုလျော့ပါးရေး အသစ်တဖန်ကြိုးပမ်းမှုတရပ်အနေဖြင့် Pompeo နှင့် Lavarov တို့ စေ့စပ်ဆွေးနွေးခြင်း
သောတရှင်များခင်ဗျား၊ ဒီနေ့ သတင်းဝေဖန်ချက်အခန်းမှာ၊ တင်းမာမှုလျော့ပါးရေး အသစ်တဖန်ကြိုးပမ်းမှုတရပ်အနေဖြင့် Pompeo နှင့် Lavarov တို့ စေ့စပ်ဆွေးနွေးခြင်း ခေါင်းစဉ်နဲ့ JNU တက္ကသိုလ်၊ အမေရိကန်ရေးရာ လေ့လာရေးဌာနဥက္ကဌ ၊ တက္ကသိုလ်ဒုလက်ထောက် အဓိပတိ Chintamani Mahapatra ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ပထမဆုံးအကြိမ်အဖြစ် Russia နိုင်ငံသို့ မကြာခင်ကသွားရောက်ပြီး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavarov ၊ ရုရှားသမ္မတ Vladimir Putin တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါဟာ Trump အစိုးရအနေနဲ့ ရုရှားနိုင်ငံနဲ့ တင်းမာမှုလျော့ပါးရေး အသစ်တဖန် ကြိုးပမ်းဖို့ မဟာဗျူဟာသစ်တရပ် ချမှတ်လိုက်ခြင်းကို အထင်အရှား သိသာစေပါတယ်။ မကြာသေးခင်နှစ်များအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့အကြား စစ်အေးတိုက်ပွဲလေးတခု ဖြစ်ပွားနေတာကို နိုင်ငံတကာ အသိုက်အဝန်း သတိမပြုဘဲ မနေပါဘူး။ နှစ်နိုင်ငံအကြား ကြုံတွေ့နေရသော ခက်ခဲတဲ့ ဆက်ဆံရေးအခြေအနေကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝါဒ ခွဲခြမ်းစိတ်ဖြာလေ့လာသူများ အသိုက်အဝန်းမှာ စစ်အေးတိုက်ပွဲကလေးတခုအဖြစ် ရှုမြင်ကြသူ သိပ်မရှိပါဘူး။ အကြောင်းကတော့ ဆိုဗီယက်ပြည်ထောင်စုဟောင်းမှာ အကြီးဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သော ရုရှားနိုင်ငံကို အင်အားကြီးနိုင်ငံတခုအဖြစ် နေရာမပေးလိုတာဘဲဖြစ်ပါတယ်။
တကယ်တော့ စစ်အေးတိုက်ပွဲကာလတုံးကဆိုရင်၊ အမေရိကန်ပညာရှင်များ အသိုက်အဝန်းက၊ အမေရိကန်နဲ့ ရုရှား အနုမြူအင်အား ချိန်ခွင်လျှာညီမျှတာကို အသိအမှတ်ပြုခဲ့ပေမဲ့၊ အမေရိကန်အစိုးရအဆက်ဆက်တို့ဟာ ရုရှာနိုင်ငံကို မိမိနဲ့တန်းတူနေရာပေးဘို့ ဝန်လေးခဲ့ကြပါတယ်။ နှစ်နိုင်ငံအင်အားချိန်ခွင်လျှာဟာ စီးပွားရေးပိုမိုတောင့်တင်းပြီး၊ တတ်ကျွမ်းမှုနည်းပညာလည်း သာလွန်တဲ့အမေရိကန်ပြည်ထောင်စုဘက် အလေးသာကြောင်း ပြခဲ့ပါတယ်။ မိမိရဲ့ အနုမြူလက်နက်နဲ့ ဒုံးပျံတွေရဲ့အင်အားနဲ့ အမေရိကန်ပြည်ထောင်စုကို ခ်ြိမ်းချောက်နိုင်တဲ့နိုင်ငံဆိုလို့ တခုတည်းသာဖြစ်သော အဆင့်သို့ ရုရှားနိုင်ငံ ပြည်လည်ရရှိလာခဲ့ပြီဆိုတဲ့အချက်ကို အမေရိကန်ပြည်ထောင်စု အခုအထိ အသိအမှတ်မပြုလိုသေးပါဘူး။
ဒါပေမဲ့ တချိန်ကအင်အားလွန်နိုင်ငံဖြစ်ခဲ့ဘူးတဲ့ ရုရှားနိုင်ငံနဲ့ လက်ရှိအင်အားလွန်နိုင်ငံကြီးဖြစ်သော အမေရိကန်ပြည်ထောင်စုတို့အကြားမှာ စစ်အေးတိုက်ပွဲသစ်ကလေးတခု ဖြစ်ပွားနေတာကို နိုင်ငံတကာအသိုင်းအဝိုင်းက သိပါတယ်။ ရုရှားနိုင်ငံဟာ အီရန်အနုမြူသဘောတူညီချက်ကို ထောက်ခံပြီး၊ ဆီးရီးယားအစိုးရကို အထောက်အကူပြုနေပါတယ်။ နောက်ပြီး Venezuela နိုင်ငံသမ္မတ Maduro အစိုးရကို ရုရှားနိုင်ငံက ထောက်ခံတာကြောင့် အဲဒီနိုင်ငံမှာ Trump အစိုးရအလိုကျ အစိုးရအပြောင်းအလဲလုပ်ရေး မဖြစ်နိုင်ဘူးလို့ မဆိုနိုင်ပေမဲ့၊ အခက်အခဲဖြစ်စေတာကာတော့ သေချာပါတယ်။ ယခင်ကဆိုရင် Ossetia နယ်မြေတောင်ပိုင်း၊ Georgia နိုင်ငံနဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းတို့မှာ ရုရှားနိုင်ငံ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ပြီး၊ Crimea ကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့တာကို ဝါရှင်တန်က လက်ပိုက်ကြည့်နေ့ခဲ့ဘူးပါတယ်။ အမေရိကန်က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအချို့ ပြုလုပ်ခဲ့ပေမဲ့ ရုရှားနိုင်ငံကို မဟန့်တားနိုင်ခဲ့ပါဘူး၊ ယခင်သမ္မတ Barack Obama လိုဘဲ၊ သမ္မတ Trump ဟာလည်း Russia-အမေရိကန်ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လိုပါတယ်။ ဒါပေမဲ့ Vladimir Putin ကို အင်အားတောင့်တင်းသော ခေါင်းဆောင်တဦးအဖြစ် အကြိမ်ကြိမ်ချီးမွန်းခဲ့တဲ့ သမ္မတ Trump ရဲ့ ရုရှားနိုင်ငံနဲ့ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ တက်လှမ်းသောခြေလှမ်းအပေါ် အမေရိကန်ပြည်တွင်းနိုင်ငံရေးက ကန့်သတ်ချုပ်ချယ်နေပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Hillary Clinton အနိုင်ရမဲ့အလားအလာ မှေးမှိန်စေပြီး Donald Trump ပိုပြီး လူကြိုက်များလာအောင် ရုရှားနိုင်ငံနဲ့ အဆက်အသွယ်အချို့ ပြုလုပ်ခဲ့ကြောင်း Trump ရဲ့ မဲဆွယ်မှုအပေါ် စွပ်စွဲမှုတွေရှိပါတယ်။
Mueller ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာက၊ Donald Trump အပြစ်မရှိကြောင်း ဖေါ်ပြလိုက်တယ်ဆိုရင်ဘဲ၊ ပထမခြေလှမ်းအနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားနိုင်ငံနဲ့ ယုံကြည်မှုပြန်လည်တည်ဆောက်ပြီး ဆက်ဆံရေးပြန်လည်ကောင်းမွန်အောင် စတင်ကြိုးပမ်းလာခဲ့ပါတယ်။ Pompeo-Lavarov တွေ့ဆုံဆွေးနွေးပွဲဟာ၊ အမေရိကန်-ရုရှားဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရေး ထင်ရှားသော ကြိုးပမ်းမှုတခုဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ရည်မှန်းချက်မှာ ဘက်အမျိုးမျိုးရှိပုံရပါတယ်။ တခုကတော့ ရုရှားနဲ့တရုတ်နှစ်နိုင်ငံဆက်ဆံရေးရင်နှီးလာမှုကို ကန့်သတ်ဖို့ဖြစ်ပါတယ်။ ဒါက တရုတ်နိုင်ငံနဲ့ ဖြစ်ပွားနေသော ကုန်သွယ်ရေးအပြင်းပွားမှုမှာ ဝါရှင်တန်အတွက် ပိုပြီးတင်းကြပ်တဲ့ တောင်းဆိုမှုတွေပြုလုပ်နိုင်မဲ့ အနေအထားကို ရရှိစေနိုင်ပါလိမ့်မယ်။ တခါ၊ အမေရိကန်-ရုရှား သဟဇာတဖြစ်ပြီး၊ ဆီးရီးယားနိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်အောင်လုပ်ဖို့ အမေရိကန်တို့ မတတ်နိုင်ဘဲဖြစ်နေတာကို ဖုံးကွယ်ထားနိုင်မယ်ဆိုရင်၊ အီရန်နိုင်ငံအပေါ် အမေရိကန်ရဲ့ ဖိအားပေးမှု ပိုပြီးထိရောက်မှုရှိလာမယ်လို့လဲ မျှော်လင့်ပါတယ်။
သို့ပင်ဖြစ်လင့်ကစား၊ ရုရှားနိုင်ငံအပေါ် Trump အစိုးရရဲ့ ချစ်ကြည်တဲ့ သဘောထားပြသမှုကြောင့် မျှော်လင့်တဲ့ အကျိုးရလဒ်တွေ ရချင်မှ ရပါလိမ့်မယ်။ ဥရောပတိုက်နဲ့ လောင်စွာစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရုရှားနိုင်ငံ အကျိုးကျေးဇူးတွေ ရရှိခံစားနေပါပြီ။ နောက်ပြီး NATO စစ်မဟာမိတ်အဖွဲ့အပေါ် Trump ရဲ့ဝေဖန်ပုတ်ခတ်မှုတွေကြောင့်၎င်း၊ အတ္တလန်တိတ်သမုဒ္ဒရာကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှု မိတ်ဖက်ဆက်ဆံရေးအပေါ် Trump ရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုလိုတဲ့ သဘောထားကြောင့်၎င်း တဖက်တချက်က မဟာမိတ်နိုင်ငံတွေအကြား ကွာဟမှု ကြီးထွားလာနေတာကို ဥရောပတိုက်က ဘာမှမပြောဘဲ စောင့်ကြည့်နေပါတယ်။ တရုတ်နိုင်ငံနဲ့ မဟာဗျူဟာအရ၎င်း၊ လောင်စာစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကြောင့်၎င်း၊ ရုရှားနိုင်ငံ အကျိုးကျေးဇူးများစွာ ရရှိနေပါတယ်။ ဒါတင်မကသေးဘဲ၊ အိန္ဒိယနဲ့ တူရကီအပါအဝင် နိုင်ငံများစွာသို့ ရုရှားနိုင်ငံက စစ်လက်နက်ရောင်းချမှုအပေါ် အမေရိကန်ပြည်ထောင်စု၏ ရန်ဖက်များအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေးအက်ဥပဒေနဲ့ ပိတ်ပင်ခြင်းအပါအဝင် ရုရှားဆန့်ကျင်ရေးလုပ်ရပ်တွေ ပြုလုပ်တာကို မော်စကိုက မကြေနပ်ပါဘူး။
ဘာဘဲဖြစ်ဖြစ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံအကြား အပြုသဘောဆောင်ပြီး၊ ပူးပေါင်းဆောင်ရွက်မှုရှိသော ဆက်ဆံရေးထွန်းကားမယ်ဆိုရင် နိုင်ငံတကာတည်ငြိမ်ရေးအတွက် အကျိုးပြုမှာဖြစ်သလို၊ အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားနဲ့လည်း ကိုက်ညီမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံအကြား တင်းမာမှုရဲ့ဒဏ်ကို အိန္ဒိယနိုင်ငံ ခံစားရပါတယ်။ စစ်အေးတိုက်ပွဲကာလမှာ၊ အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ ရုရှား၊ ဘယ်ဘက်မှ မလိုက်ခဲ့ပါဘူး။ ဒီနေ့ကြုံတွေ့နေရသော အမေရိကန်-ရုရှားတင်းမားမှုမှာ ဘက်လိုက်လို့ ဘာမှအကျိုးရှိမှာ မဟုတ်ပါဘူး။ အမေရိကန်က အိန္ဒိယနိုင်ငံသို့ စစ်လက်နက်ရောင်းချမှု တိုးချဲ့လိုပါတယ်။ အိန္ဒိယသို့ စစ်လက်နက်ပစ္စည်းတွေ တိုးပြီးရောင်းချနိုင်ဘို့အတွက်၊ ရုရှားနိုင်ငံထံမှ လက်နက်မဝယ်နိုင်အောင် အိန္ဒိယကို တားဆီးဘို့ မလိုပါဘူး။ ရုရှားနိုင်ငံထံမှ အိန္ဒိယနိုင်ငံက S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံတွေ ဝယ်ယူလို့ အိန္ဒိယအပေါ် ဒဏ်ခတ်မယ်လို့ အမေရိကန်က ခြိမ်းခြောက်ခြင်းဟာ၊ အိန္ဒိယ-အမေရိကန် ဆက်ဆံရေးကို စိန်ခေါ်ရာကျပါတယ်။ Washington-မော်စကို ဆက်ဆံရေးကောင်းရင် အိန္ဒိယနိုင်ငံအတွက်လည်း ကောင်းမှာဖြစ်ကြောင်း ဆောင်းပါးရှင် ပါမောက္ခ Chintamani Mahapatra ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment