“အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဘက်စုံပါဝင်သော ကမ္ဘာလုံးဆိုင်ရာ မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှု”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ AIR မှ သတင်းဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဘက်စုံပါဝင်သော ကမ္ဘာလုံးဆိုင်ရာ မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ရှိပြီး၊ အရှိန်အဟုန်နဲ့ လှုပ်ရှားနေတဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ ခေါင်းဆောင်များဖြစ်ကြတဲ့အလျောက် လွတ်လပ်မှု၊ နိုင်ငံသားတို့အား ညီတူညီမျှဆက်ဆံရေး၊ လူသားများရပိုင်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးတို့ရဲ့ အရေးကြီးပုံကို အသိအမှတ်ပြုလျှက် အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi နဲ့ အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump တို့ဟာ အပြန်အလှန်ယုံကြည်မှု၊ အတွေးအခေါ်များ မျှဝေမှု၊ ချစ်ကြည်ရေးနဲ့ မိမိတို့နိုင်ငံသားတွေရဲ့ အင်အားကြီးမားတဲ့ စေ့စပ်မှုကို အခြေစိုက်ထားတဲ့ အိန္ဒိယ-အမေရိကန်ပြည်ထောင်စု ဘက်စုံပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာမဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအား ခိုင်မာတောင့်တင်းစေဘို့အတွက် သန္နိဋ္ဌာန်ပြုခဲ့ကြပါတယ်။
ဝန်ကြီးချုပ် Mr Modi နဲ့ သမ္မတ Mr Trump တို့ဟာ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဘို့ ခံယူထားကြပြီး၊ အထူးသဖြင့် ပိုမိုကြီးမားတဲ့ ပင်လယ်ရေကြောင်းနဲ့ အာကာသနယ်ပယ်ဆိုင်ရာ သတိပြုချက်တွေနဲ့ သတင်းပြန်ကြားမှုတွေ မျှဝေရေး ပူးတွဲပူးပေါင်းဆောင်ရွက်မှု၊ စစ်ဖက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးအရာရှိတွေ ဖလှယ်မှု၊ တပ်မတော်များနဲ့ အထူးတပ်ဖွဲ့များအကြား ခေတ်မှီတဲ့ လေ့ကျင့်သင်တန်းနဲ့ တိုးချဲ့ထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ၊ ခေတ်မှီကာကွယ်ရေးပစ္စည်းကိရိယာတွေနဲ့ စင်္ကြန်ရဲ့ ပူးပေါင်းဖွံ့ဖြိုးရေးနဲ့ ပူးပေါင်းထုတ်လုပ်ရေးတွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းလုပ်ကိုင်ရေးနဲ့ ကာကွယ်ရေးလုပ်ငန်းနယ်ပယ်တွေအကြား ဖက်စပ်လုပ်ကိုင်ရေးတို့မှတဆင့် ကြိုးပမ်းလုပ်ကိုင်ကြဘို့ ခံယူထားကြပါတယ်။ ခေါင်းဆောင်နှစ်ဦးစလုံးတို့ဟာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တွေ၊ အထူးသဖြင့် Basic Exchange and Cooperation Agreement စသည်တို့ကို စောလျင်စွာ အဆုံးသတ်ရေးကို ရှေ့ရှုလျှက်ရှိကြပါတယ်။
အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ အိန္ဒိယအာကာသသုတေသနအဖွဲ့ကြီး ISRO နဲ့ National Aeronautics and Space Administration (NASA) တို့ရဲ့ လာမဲ့သက္ကရာဇ် ၂၀၂၂ ခုနှစ်မှာ လွင်တင်ဘို့ရာ ပူးတွဲမစ်ရှင်မှာ ကမ္ဘာကြီးရဲ့ ပထမဦးဆုံးသော Dual Frequency Synthetic Aperture Radar Satellite ပူးတွဲထုတ်လုပ်ရေးအတွက် ကြိုးပမ်းမှုတွေအား ကြိုဆိုခဲ့ကြပြီး၊ ကမ္ဘာမြေလေ့လာရေး၊ အင်္ဂါဂြိုလ်နဲ့ ဂြိုလ်များဆိုင်ရာ စူးစမ်းလေ့လာမှု၊ Helio-Physics လူသားများ အာကာသခရီးစဉ်နဲ့ စီးပွားဖြစ် အာကာသပူးပေါင်းဆောင်ရွက်မှု တွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြတာကို ချီးကျူးဂုဏ်ပြခဲ့ကြပါတယ်။၏
အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား နီးကပ်တဲ့ ဖက်စပ်လုပ်ကိုင်မှုတခုဟာ လွတ်လပ်ပြီး ပွင့်လင်းကာ၊ အေးချမ်းသာယာပြီး၊ ကြီးပွားတိုးတက်တဲ့ အင်ဒို-ပစိဖိတ်ဒေသပိုင်းတခုအား ဗဟိုပြုလျှက်ရှိပါတယ်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ASEAN အဖွဲ့ကြီးရဲ့ ဗဟိုအချက်အချာကျစေမှု နိုင်ငံတကာတရားဥပဒေ လိုက်နာမှုနဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး၊ ဘေးရန်ကင်းပြီး၊ လွတ်လပ်စွာ ရေကြောင်းသွားလာမှု၊ ပျံသန်းဖြတ်ကျော်မှုနဲ့ တခြားတရားဥပဒေနဲ့အညီ ပင်လယ်ရေပြင်အား အသုံးပြုရေး၊ အနှောင့်အယှက်ကင်းတဲ့ တရားဥပဒေနဲ့ကိုက်ညီသော ရောင်းဝယ်ဖေါက်ကားမှု ပင်လယ်ရေကြောင်းဆိုင်ရာ အပြင်းပွားမှုတွေကို နိုင်ငံတကာတရားဥပဒေနဲ့အညီ အေးချမ်းစွာ ဖြေရှင်းရေး စသည်တို့အား အသိအမှတ်ပြုခြင်းဖြင့် ရေးဆွဲသတ်မှတ်ခဲ့ဒါဖြစ်ပါတယ်။
အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ညီညွှတ်ရေး၊ စိုးမိုးအုပ်ချုပ်ရေး၊ ဒီမိုကရက်တစ်ဖြစ်ပြီး၊ ဘက်စုံပါဝင်ရေး၊ တည်တံ့ရေးနဲ့ ကြီးပွားတိုးတက်တဲ့ Afghanistan ဖြစ်လာရေးအတွက် စိတ်ဝင်စားမှုတွေအား မျှဝေခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုသမ္မတဟာ Afghanistan နိုင်ငံအတွင်း တည်တံ့ရေးနဲ့ ဆက်နွယ်မှုများ ပေးကမ်းရေးကို အထောက်အကူပြုပြီး၊ ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး အထောက်အကူတွေအား အဆက်မပြတ် ပေးကမ်းရေးကဏ္ဍမှ အိန္ဒိယနိုင်ငံရဲ့ ပါဝင်လုပ်ကိုင်မှုကို ကြိုဆိုခဲ့ပါတယ်။
New Delhi နဲ့ Washington အစိုးရတို့ဟာ အကြမ်းဖက်သမားတွေကို သွယ်ဝိုက်အသုံးပြုမှုကို ရှုတ်ချခဲ့ကြပြီး၊ နယ်ခြားဖြတ်ကျော်အကြမ်းဖက်ဝါဒရဲ့ အသွင်အပြင်အားလုံးတို့ကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြပါတယ်။ နှစ်နိုင်ငံတို့ဟာ ပါကစ္စတန်နိုင်ငံအား ၎င်းတို့ရဲ့အုပ်ချုပ်ရေးအောက်ရှိနေတဲ့ ဘယ်နယ်နိမိတ်ကိုမျှ အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ဘို့ အသုံးမပြုရေးအား အသေအချာဖြစ်စေရန် တိုက်တွန်းခဲ့ကြပြီး၊ 26/11 Mumbai အကြမ်းဖက်တိုက်ခိုက်မှုနဲ့ Pathankot အကြမ်းဖက်တိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြံစည်ကြိုးကိုင်ကြသူတွေအား တရားဥပဒေအရေ အရေးယူအပြစ်ဒါဏ်ခတ်ဘို့ တောင်းဆိုခဲ့ကြပါတယ်။
အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ပွင့်လင်းပြီး၊ ယုံကြည်စိတ်ချရကာ၊ လုံခြုံသော Internet ကို ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေးတို့အတွက် အသုံးပြုဘို့ ပေးကမ်းရန် ခံယူထားကြပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ မိမိတို့ရဲ့ စက်မှုလုပ်ငန်းနဲ့ ပညာရေးနယ်ပယ်တွေမှာ ပွင့်လင်းပြီး၊ လုံခြုံကာ အလိုက်သင့် ပြောင်းလဲနိုင်တဲ့နည်းဗျူဟာကျ ပစ္စည်းကိရိယာတွေ ဖြန့်ချီရေး၊ အရေးပါလှသော အခြေခံလိုအပ်ချက် အဆောက်အအုံတို့မှာ ပူးပေါင်းဆောင်ရွက်မှုတွေအား ပေါက်ပွားကျင့်သုံးစေပြီး၊ ပေါ်ထွန်းနေတဲ့ နည်းပညာရေးရာတွေအား လွတ်လပ်စွာ ကျရောက်နိုင်တဲ့ အန္တရာယ်တွေကို တွက်ချက်ကာ ရယူအသုံးချရေးကို လိုလားကြပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment